1 နှစ် - ဘာသာပြန်ပါ။

~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
“နင် ငါ့ကို စိတ်ကောက်ပြန်ပြီ မဟုတ်လား ထမင်းရော စားပြီးပြီလား”
ကျွန်မ မဖြေပါ။
“ကဲ … ထ ထ၊ မောင် အလကားစတာ ပြန်ပို့မှာပါ။ သွားရအောင်လေ ဒီအချိန်ဆို မြင်းလှည်းရသေးတယ်။”
ကျွန်မ၏ ပခုံးအောက်မှ လက်တစ်ဘက် ၊ ဒူးကောက်ခွက်အောက်မှ လက်တစ်ဘက် လျှိုသွင်း၍ မောင်က ပွေ့ချီဖို့ ဟန်ပြင်၏။
“အို … ဖယ်ပါ ၊ ထမလို့”
“ဒီမှာ ကျေးဇူး ပြုပြီး ဒေါ်စုစုထွေး ငြိမ်ငြိမ်လေးနေပါ။ ကျွန်တော် ခင်ဗျားကိုယ်ထက် နှစ်ဆတောင် ပွေ့ချီနိုင်ပါတယ် ”
မောင်က ပြောပြောဆိုဆို ကျွန်မကို အိမ်ရှေ့ထိ ပွေ့ချီလာသောကြောင့် ကျွန်မ အလန့်တကြား အော်မိသည်။
“ဟော .. ဘယ်လိုလုပ်တာလဲ ၊ အစောကြီး ရှိသေးတယ် ၊ အိမ်ရှေ့လမ်းပေါ်မှာ လူမပြတ်သေးဘဲနဲ့”
“ဘာဖြစ်လဲ ၊ ကိုယ့်မိန်းမ ကိုယ်ပွေ့တာပဲ ၊ ဟေ့ မရုန်းနဲ့ ၊ ငါ လွှတ်ချလိုက်မယ် ၊ ပြော ငါ့ကို ချစ်လား”
မောင့် မျက်နှာမှာ ကျွန်မကို ချစ်ခင်ယုယသည့် အရိပ်အရောင်များဖြင့် ရွှန်းလက်ဆဲပါတည်း ။ ဘုရားရေ ၊ ကျွန်မ ဘယ်လို နားလည်ရပါ့မလဲ။ မောင်ကပဲ ဟန်ဆောင်ကောင်းလွန်းတာလား ။ ကျွန်မပဲ လူကဲခတ် ညံ့တာလား ။ ထိုညကဖြင့် မောင့် အပေါ်ထားခဲ့သည့် သံသယ များအားလုံး မောင့်အပြုံးဖြင့် ပျောက်လွင့်ခဲ့တော့သည်။
သို့သော် နောက်တစ်နေ့ညနေမှာတော့ မောင်ကိုယ်တိုင်၏ စကားမဟုတ်ဘဲ မည်သူ့စကားမျှ မယုံကြည်ခဲ့သော ကျွန်မအဖို့ အိပ်မက်မှ ဖြုန်းခနဲ လန့်နိုးသွားရ၏။ နောက်တစ်နေ့ ညနေ မှာ ကျွန်မ မောင်ရှိရာ ကလေးဆေးရုံသို့ သွား၏ ။ ကျွန်မတို့ မြို့သို့ ပစ္စည်းနှင့်စာ လူကြုံပေးရန် ကားဂိတ်သို့ သွားရန် မောင့်ကို လာခေါ်ခြင်းဖြစ်သည်။ ကလေးဆေးရုံရောက်တော့ မောင့်သူငယ်ချင်းများကိုသာ တွေ့ရ၏။
ဒေါ်မာမာစိန် စာသင်နေသော အခန်းပေါက်၀မှပင် ကျွန်မ ချောင်းကြည့်ခဲ့သည်။ မောင့်ကို မတွေ့ရ၍ ပြန်ထွက်မည် စိတ်ကူးစဉ် ကံအားလျော်စွာ ဆရာမ စာသင်ပြီးစီး သွားသဖြင့် မောင့်သူငယ်ချင်းက အပြေးအလွှားရောက်လာသည်။ မောင် မနက်ကတည်းက ဝါ့ဒ်ထဲ မလာကြောင်း ပြောပြသည်။ အရေးကြီးလျှင် လိုက်ရှာပေးမည်တဲ့ ။ ဟင့်အင်း ၊ နေပါစေ ၊ အရေးမကြီးးပါဘူး ဟု ပြောခဲ့ပြီး ဘုရားသုံးဆူ ရှေ့သို့ “အောင်သူ” ဟီးနိုး ကားဂိတ်သို့ တစ်ယောက်တည်း ရောက်သွားပြီး ကားဂိတ်မှာ ပစ္စည်းနှင့် စာပေးလိုက်၏။
အဲသည်နေ့က မောင်ရော ကျွန်မ ရော နှစ်ဦးလုံး ကံဆိုးကြ၏။
ကျွန်မက ထုံးစံအတိုင်း ထီးဆောင်းတတ်သူ မဟုတ်သော ကြောင့် အဲ့သည်နေ့ ညနေအပြန်မှာ မိုးဖွဲဖွဲရွာသောအခါ
ကျွန်မ မိုးခိုရန် လိုအပ်လာ၏။ ချက်ချင်း သဲမဲပြီး ချက်ချင်း စဲသွားမည့် မိုးမျိုးဟု လည်း ထင်မှတ်သောကြောင့် နီးစပ်ရာ တစ်နေရာရာသို့ ၀င်ထိုင်ဖို့ လိုအပ်နေဆဲ မှာပင် အဏ္ဏဝါ အအေးဆိုင်ရှေ့ ရောက်လာ၏။ အအေး သောက်ချင်လွန်း၍ မဟုတ်သော်လည်း ဖြုန်းခနဲ ဆုံးဖြတ်ချက်ဖြင့် အအေးဆိုင်ထဲ ခပ်သွက်သွက် ၀င်လိုက်မိသည်။ တည်းတည်းကလေး ကျန်ရစ်သော မျှော်လင့်ချက် ကြိုးမျှင် ကလေးတစ်ခု ထောက်ခနဲ ပြတ်သွားပြီး အေးစိမ့်သော ပတ်၀န်းကျင်နှင့် ဘာမျှ မဆိုင်စွာပင် ကျွန်မ ရင်ထဲမှာ မီးတောက်တစ်ခု အရှိန် ပြင်းစွာ ဟပ်လိုက်သလို ပူပြင်းနာကျင် သွားရသည်။ မယုံကြည်နိုင်စရာ မြင်ကွင်းလည်း မဟုတ် ၊ တစ်စ တစ်မျှင် ခြင်းဖြင့် ရုပ်လုံးတစ်ခု ပေါ်လုနီးပါး ရိပ်မိသိရှိပြီးသော အဖြစ်အပျက် ဆိုပေမယ့် တကယ်တမ်း ရင်ဆိုင်လိုက်ရသောအခါ ကိုယ်ခန္ဓာမှ အားအင်များ ရုတ်ခြည်း လျော့ကျ ဆုတ်ယုတ်သွားသည်။
ကျွန်မက အလျင်စတင် မြင်လိုက်ရသူမို့ ရုတ်တရက် ချောက်ချား အံ့သြမှုကို ချက်ချင်း ပြင်ဆင် ထိန်းသိမ်းရန် အချိန် လုံလောက်စွာ ရခဲ့၏။ ကျွန်မ ရပ်တည်နိုင်စွမ်း ပြန်လည်ရသည့် အချိန်တွင်မှ မောင် က ကျွန်မကို မြင်သွား၏။ မောင့်မျက်နှာ၏ ထိခိုက်ချောက်ချားမှုကို ကျွန်မ တစ်သက်နှင့် တစ်ကိုယ် သည်တစ်ခါပဲ မြင်ဖူးပါသည်။
မောင်သည် လေးငါးစက္ကန့်လောက်အထိ ကျွန်မကို တုန်လှုပ်သော ဟန်အမှုအရာဖြင့် ငေးနေ၏။ ကျွန်မ ဟန်ဆောင် မြန်သူပီပီ လက်မြှောက်ပြကာ “နေပါ ၊ နေပါ” ဟူသော ပုံစံဖြင့် ခပ်လှမ်းလှမ်းက စားပွဲရှိရာသို့ တစ်ဦးတည်း သွား၍ ထိုင်ခဲ့ပါသည်။
ကျွန်မ အနည်းငယ် ညစ်စွာ မောင်နှင့် မျက်နှာချင်းဆိုင်ဖြစ်မည့် ကုလားထိုင်၌ ရွေး၍ ထိုင်သည်။
မောင့် မိန်းမငယ်လေးသည် ကျွန်မကို ကျောပေးလျက်ရှိသည်။ ကျွန်မ နှလုံးသားကို အတင်းဆွဲထုတ်သွားမည့် ပြိုင်ဘက်မိန်းမတစ်ဦးအဖြစ် မနာကြည်းနိုင်လောက်အောင်ပင် ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦးပါ တကား ။ ကြည်ပြာရောင် အထက်အောက် ဆင်တူဖြင့် လန်းဆန်း နူးညံ့စွာ လှပတင့်တယ် သူ တစ်ဦးဖြစ်သည်။ စောစောက ဘေးစောင်း မြင်ခဲ့ရသော ပါးမို့ကလေးများမှာ ပန်းသွေးရောင် ရဲနေသည်။ ဘယ်လောက် ချစ်စရာ နူးညံ့လိုက်တဲ့ မိန်းကလေးပါလိမ့်။
“ဘာသောက်မလဲ” ကျွန်မအနားသို့ လာရပ်သော အင်္ကျီ အဖြူ ၊ လုံချည်ပြာနှင့် ဆိုင်၀န်ထမ်း မိန်းကလေး၏ အသံသည် လိုအပ်သည်ထက် ကျယ်လောင်စွာ နားထဲ ဆောင့်၀င်သွားသည်။

#ဆက်ရန်ရှိ

image

❝ဆက်လက်ရပ်တည်ရန် အခက်အခဲများကြောင့် ပိတ်သိမ်းတော့မည်ဟု အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကြေညာ❞

ဒီဇင်ဘာ ၁၈

အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းကို လက်ရှိနိုင်ငံ၏ အကြပ်အတည်း၊ ကိုဗစ်နောက်ပိုင်းအဆင်မပြေမှုများစွာကြောင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများဖြစ်ျပါ်လာခဲ့သဖြင့် ယခုနှစ်ကုန်ပိုင်းဖြစ်သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကစတင်ကာ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းက အသိပေးထားသည်။

အဆိုပါ အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းသည် (၁၅)နှစ်ကြာ ရပ်တည်ခဲ့သည့် ဖောင်ဒေးရှင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ မတွေ့ရတော့သည့် မြန်မာ့မျိုးရင်း ဗမာကြောင်ကို မြန်မာနိုင်ငံတွင် အများလေ့လာသိရှိစေရန်ရည်ရွယ်ကာ ပြန်လည်ခေါ်ဆောင်လာခြင်းမှ စတင်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ပြင် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် အင်းလေးဒေသလူနေမှုပုံစံများ သိရှိစေရန် ခြေတံရှည်အိမ်များကို တိုးချဲ့ဆောက်လုပ်ခဲ့သည့်အပြင် အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းမှ ဟိုတယ်သက်မွေးမှု သင်တန်းကျောင်း ထပ်မံဖွင့်လှစ်ခဲ့ပြီး ဒေသခံ လူငယ် (၃၆၆)ဦးအထိ သင်ကြားပေးနိုင်ခဲ့သည်ဟုဆိုသည်။

အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကို ကိုယ်ပိုင် ရင်းနှီးငွေများနှင့် စတင်ခဲ့ပြီး အကျိုးအမြတ်ထက် လူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာ အဝန်းအဝိုင်းပိုမို တိုးတက်လာစေရေး၊ သဘာဝပတ်ဝန်းကျင် နှင့် လူမျိုးစုနှင့် ဒေသတွင်း ထုံးတမ်း အစဉ်အလာများကို မပျောက်ပျက်အောင်ထိန်းသိမ်းရေး စသည့် လုပ်ငန်းများ လုပ်ကိုင်နိင်ရန်အတွက် အခြားလုပ်ငန်းများမှ ရရှိလာသော အကျိုးအမြတ်များကို ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့် စတင်ခဲ့သော လုပ်ငန်းဖြစ်သည်ဟုလည်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
1 နှစ် - ဘာသာပြန်ပါ။

အခြေခံလုပ်သားအစား ကျွမ်းကျင်လုပ်သားများသာ စေလွှတ်ရန် စီစဉ်နေ

ဒီဇင်ဘာ ၁၈

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ လုပ်သားများ စေလွှတ်ရာတွင် အခြေခံလုပ်သားများ (General Worker) အစား ကျွမ်းကျင်လုပ်သားများ (Skill Worker) ကိုသာ စေလွှတ်ရန် စီစဉ်နေမှုကို နှုတ်အားဖြင့် ပြောဆို ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့က ပြောသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့(NSSA) ၏ အသိအမှတ်ပြုလက်မှတ် ရထားပြီးသူများ ကိုသာ ကျွမ်းကျင်လုပ်သားဟု သတ်မှတ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် ထိုလက်မှတ် ရထားသူများကိုသာ စေလွှတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

နစကအနေဖြင့် ပြည်တွင်း၌ အလုပ်သမား လိုအပ်ချက်များကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သည့် လုပ်ငန်း အပေါ် ပိုမို တင်းကြပ်လာနိုင်ဖွယ်ရှိပြီး ရေရှည်တွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင် ဖွယ်ရှိကြောင်း အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “အဲဒါကလည်း နှုတ်နဲ့ပြောထားတာပဲ ရှိသေးတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ ဘာမှ ညွှန်ကြား ချက် မထွက်သေးဘူး။ အဲဒီဟာက General Worker က တဖြေးဖြေးနဲ့ skill worker အဖြစ် ပြောင်းဖို့အတွက်ပါ။ နေရာတိုင်း skill worker မှ မသုံးတာ။ သင်တန်းပေးရမယ့်သဘောပဲ။ အုတ်စီရင် အုတ်စီတဲ့ သင်တန်းရှိလိမ့်မယ်။ ပန်းရံသမားဆို ပန်းရံသင်တန်းရှိမယ်။ ဒါမျိုးသင်တန်းတွေ ဖွင့်ဖို့အတွက် အားပေးတာ။ အကုန်လုံးက skill worker မဖြစ်ဘူးလေ။ သွားတဲ့ကလေးတွေထဲ စက်ရုံကြ ဘယ်လိုသွားလုပ်လို့ရမလဲ။ ဘယ်လို training သွားပေးမလဲ။ အဲဒီဟာက General Worker က သူ့ဘာသာသူ အဲဒီဟာက General Worker ရှိလိမ့်မယ်။ အဲဒီ skill worker ဖြစ်ဖို့အတွက် အလုပ်သမားမရှိဘူးလေ။ ဘယ်သင်တန်းကျောင်း ဘယ်သူ လာတက်လည်းပဲ နံပါတ်တစ် ကြည့်ဦး။ အခုခေါ်စာတစ်စောင်တောင်မှ အချိန် ဒီလောက်အကြာကြီး လူစုရတယ်။ သိပ်ပြီး အောင်မြင်ဖို့တော့ မမျှော်လင့် ဘူး။ ဖြစ်တော့ဖြစ်လာလိမ့်မယ် နောက်တော့မှ တဖြေးဖြေးချင်း။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ အုပ်ချုပ်နေ တဲ့ အစိုးရသည် ပြည်တွင်း အလုပ်သမားဈေးကွက်မှာ လိုအပ်ချက်တွေ များလာတယ်။ အဲဒီအတွက် နိုင်ငံခြားပို့တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နေ့မဟုတ် တစ်နေ့မှာ ရပ်ဆိုင်းမှာပဲ။ အဲဒါကြောင့် အခုတစ်ခုပြီးတစ်ခု ဆင့်ကဲဆင့်ကဲ စည်းကမ်းတွေ ထွက်ထွက်လာတာ” ဟု ပြောသည်။

ပြည်ပနိုင်ငံများသို့ လုပ်သားများ စေလွှတ်နေရာတွင် ကျွမ်းကျင်လုပ်သားများကို ဂျပန်၊ တောင်ကိုရီးယားနှင့် အခြား နိုင်ငံများသို့ စေလွှတ်နေကြခြင်းဖြစ်ပြီး အခြေခံလုပ်သားများမှာမူ အိမ်နီးချင်းနိုင်ငံများသို့ အဓိက အများဆုံး သွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများမှလည်း လုပ်သားများ ခေါ်ယူရာတွင် ကျွမ်းကျင်လုပ်သားနှင့် အလုပ်သင် လုပ်သားဟူ၍ ခွဲခြား ခေါ်ယူသည့် နိုင်ငံမျိုးရှိသလို သတ်မှတ်ချက်မရှိဘဲ အခြေခံလုပ်သားများသာ ခေါ်ယူသည့် နိုင်ငံများလည်း ရှိသည်။

ထိုသို့ ခွဲခြားသတ်မှတ်ပြီး လုပ်ဆောင်မည်ဆိုပါက အများအားဖြင့် အဆင်ပြေနိုင်မှာ မဟုတ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောသည်။

၎င်းက “အလုပ်သမားတွေကို လက်ခံတဲ့နိုင်ငံလည်း ပြန်ကြည့်ရမှာပေါ့။ လက်ခံတဲ့ နိုင်ငံတွေကရော ကျွမ်းကျင်တဲ့ လုပ်သားတွေကိုပဲ ခေါ်မှာလား။ General Worker ပဲပြောပြော ကျွမ်းကျင်လုပ်သားပဲပြောပြော သူတို့ သတ်မှတ် ထားတဲ့ စံနှုန်းလိုတယ်။ ထိုင်းနိုင်ငံဆိုရင် ကျွမ်းကျင်တဲ့ လုပ်သားတွေကို တကယ်ရော ခေါ်ပါ့မလား။ ဒီမှာအများစု ကတော့ ထိုင်းနိုင်ငံမှာလာတဲ့ ရွှေ့ပြောင်း အများစုကတော့ အန္တရာယ်ရှိတဲ့အလုပ်၊ ကြမ်းတမ်းတဲ့ အလုပ်၊ ညစ်ပတ် တဲ့ အလုပ်တွေကိုပဲ အဓိက လုပ်နေရတဲ့ဟာဖြစ်တယ်။ ဒါကြောင့်မို့လို့ General Worker ပဲ ပြောပြော၊ ကျွမ်းကျင် လုပ်သားလို့ပဲပြောပြော တခါတလေတော့ လက်ခံတဲ့နိုင်ငံက ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ အများစုက ပြန်ကြည့်ရင် တော့ ၉၉ ရာခိုင်နှုန်း အဆင်မပြေနိုင်ဘူးပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တရားဝင် အလုပ်သမား စေလွှတ်နိုင်သည့် လိုင်စင်ရအေဂျင်စီ ၅၀၀ ကျော်ရှိပြီး အများစု သည် လုပ်သားများအား ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယားနှင့် ဂျပန်တို့ကို စေလွှတ်လျက်ရှိသည်။

လက်ရှိတွင် ဌာနဆိုင်ရာမှ ကန့်သတ်ထားသည့် အချက်များကြောင့် လုပ်သားစေလွှတ်ရေးမှာ များစွာသော အခက်အခဲများဖြင့် အေဂျင်စီများသာမက လုပ်သားများပါ ရင်ဆိုင်ကြုံတွေ့နေရသည်။

ပုံ - ပြည်ပထွက် အလုပ်လုပ်ကြမည့်သူများကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘာ့ အကြီးဆုံး Jurassic Worldကို Bangkok မြို့ Asiatique တည်ရှိတဲ့ နေရာမှာ မကြာခင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်
Jurassic World , The Exprience Bangkokမှာ လက်ရှိ ကမ္ဘာပေါ်က ဆောက်ခဲ့သမျှမှာ အကြီးဆုံးဖြစ်လာမှာဖြစ်ပြီး 2025 နှစ်လည်လောက်မှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်
#jurassicworld
#asiatique
#worldlargest
#bangkok
#ktnnews
#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘာ့ အကြီးဆုံး Jurassic Worldကို Bangkok မြို့ Asiatique တည်ရှိတဲ့ နေရာမှာ မကြာခင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်
Jurassic World , The Exprience Bangkokမှာ လက်ရှိ ကမ္ဘာပေါ်က ဆောက်ခဲ့သမျှမှာ အကြီးဆုံးဖြစ်လာမှာဖြစ်ပြီး 2025 နှစ်လည်လောက်မှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်
#jurassicworld
#asiatique
#worldlargest
#bangkok
#ktnnews
#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘာ့ အကြီးဆုံး Jurassic Worldကို Bangkok မြို့ Asiatique တည်ရှိတဲ့ နေရာမှာ မကြာခင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်
Jurassic World , The Exprience Bangkokမှာ လက်ရှိ ကမ္ဘာပေါ်က ဆောက်ခဲ့သမျှမှာ အကြီးဆုံးဖြစ်လာမှာဖြစ်ပြီး 2025 နှစ်လည်လောက်မှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်
#jurassicworld
#asiatique
#worldlargest
#bangkok
#ktnnews
#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘာ့ အကြီးဆုံး Jurassic Worldကို Bangkok မြို့ Asiatique တည်ရှိတဲ့ နေရာမှာ မကြာခင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်
Jurassic World , The Exprience Bangkokမှာ လက်ရှိ ကမ္ဘာပေါ်က ဆောက်ခဲ့သမျှမှာ အကြီးဆုံးဖြစ်လာမှာဖြစ်ပြီး 2025 နှစ်လည်လောက်မှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်
#jurassicworld
#asiatique
#worldlargest
#bangkok
#ktnnews
#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘာ့ အကြီးဆုံး Jurassic Worldကို Bangkok မြို့ Asiatique တည်ရှိတဲ့ နေရာမှာ မကြာခင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်
Jurassic World , The Exprience Bangkokမှာ လက်ရှိ ကမ္ဘာပေါ်က ဆောက်ခဲ့သမျှမှာ အကြီးဆုံးဖြစ်လာမှာဖြစ်ပြီး 2025 နှစ်လည်လောက်မှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်
#jurassicworld
#asiatique
#worldlargest
#bangkok
#ktnnews
#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘာ့ အကြီးဆုံး Jurassic Worldကို Bangkok မြို့ Asiatique တည်ရှိတဲ့ နေရာမှာ မကြာခင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်
Jurassic World , The Exprience Bangkokမှာ လက်ရှိ ကမ္ဘာပေါ်က ဆောက်ခဲ့သမျှမှာ အကြီးဆုံးဖြစ်လာမှာဖြစ်ပြီး 2025 နှစ်လည်လောက်မှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်
#jurassicworld
#asiatique
#worldlargest
#bangkok
#ktnnews
#crd_photo

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

Elbit ကုမ္ပဏီက အစ္စရေးတပ်မတော်အတွက် ခေတ်မီဆက်သွယ်ရေးစက်တွေ ထုတ်လုပ်ပေးမည်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) အတွက် ခေတ်မီဆက်သွယ်ရေးစနစ်မျိုးစုံထောက်ပံ့ဖို့အတွက် Elbit Systems ကုမ္ပဏီဟာ ဒေါ်လာ သန်း ၁၃၀ တန် ကန်ထရိုက်စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

အခုသဘောတူညီချက်အရ Elbit Systems က အစ္စရေးတပ်မတော်အတွက် ဆော့ဖဲဝဲလ်အသုံးပြု ရေဒီယို ဆက်သွယ်ရေးစက်မျိုးစုံ၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေနဲ့ အလိုအလျောက်အသုံးပြုရမယ့်ပစ္စည်း တွေအတွက် ဒေတာလင့်တွေ ကို ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

တိုက်ခိုက်ရေးအဖွဲ့တွေအတွက် ဒေသတွင်း ၂၄ နာရီ ပြုပြင်ထိန်းသိမ်းရေးစင်တာ (24/7 regional maintenance centers) တွေ ဖွင့်လှစ်ပေးဖို့လည်း အစ္စရေးတပ်မတော်က Elbit Systems ကို တောင်းဆို ထားပါတယ်။

အခုကန်ထရိုက်စာချုပ်ဟာ ဒေသတွင်းထုတ်လုပ်မှုလိုင်းမှာ ထုတ်လုပ်မှုလွတ်လပ်ရေးနဲ့ တိုးတက်မှုကို ထိန်းသိမ်းရင်း အစ္စရေးတပ်မတော်ရဲ့ လက်ရှိကာလနဲ့ အနာဂတ်ကာလ လိုအပ်မှုတွေကို ထောက်ပံ့ဖို့အတွက် အစ္စရေးအစိုးရရဲ့ ကျယ် ပြန့်တဲ့ ကျယ်ပြန့်တဲ့ရည်ရွယ်ချက်ကို ပံ့ပိုးသွားမှာဖြစ်ပါတယ်။

“အစ္စရေးတပ်မတော်ရဲ့ ဒစ်ဂျစ်တယ်လ်လုပ်ငန်းကြိုးပမ်းမှုမှာ အဓိကမိတ်ဖက်အဖွဲ့အစည်းတစ်ရပ်အနေနဲ့ စစ်မြေပြင်က တပ်ဖွဲ့တွေကို ခေတ်အမီဆုံးနဲ့ လုံခြုံစိတ်ချရဆုံး နည်းဗျူဟာဆက်သွယ်ရေးစနစ်တွေ ထောက်ပံ့ပေးရတဲ့အတွက် ကျွန် တော်တို့ ဂုဏ်ယူပါတယ်။” လို့ Elbit Systems C4I & Cyber General Manager ဟိုင်းမ်ဒယ်လ်မာက ပြောပါတယ်။

“ဒီဆက်သွယ်ရေးစနစ်တွေဟာ နယ်ပယ်စုံဆက်သွယ်ရေးနဲ့ စစ်ဆင်ရေးသာလွန်မှုအတွက် အင်အားကောင်းပြီး စွမ်းရည် ပြည့်ဝတဲ့ ကွန်ရက်တစ်ခုကို အသုံးပြရင်း ဒစ်ဂျစ်တယ်လ်တပ်မတော်ရဲ့ အခြေခံအုတ်မြစ်အဖြစ် တာဝန်ထမ်းဆောင်သွား မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

Elbit Systems ကုမ္ပဏီဟာ ဧပြီလအတွင်းကလည်း ဥရောပနိုင်ငံတစ်နိုင်ငံရဲ့ အမြောက်တပ်ရင်းတွေအတွက် ဆက် သွယ်ရေးစနစ်တွေထုတ်လုပ်ပေးဖို့ အလားတူ ကန်ထရိုက်စာချုပ်တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

Elbit Systems ၂၀၂၃ ခုနှစ်တုန်းက E-Lynx ဆက်သွယ်ရေးစက်တွေ ထုတ်လုပ်ပေးဖို့အတွက် စပိန်နိုင်ငံ၊ ဥရောပနိုင်ငံ တစ်နိုင်ငံတို့နဲ့ စာချုပ်ချုုပ်ဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း ဖင်လန်တပ်မတော်အတွက် ခေတ်မီဆက်သွယ်ရေးစနစ်တွေ ထောက်ပံ့ပေးဖို့ Elbit Systems ကုမ္ပဏီဟာ ကန်ထရိုက်စာချုပ်တစ်ခု လက်ခံရရှိခဲ့ပါတယ်။

Ref: Israel Defense Forces to Receive ‘Thousands’ of Elbit Communication Systems

#centralnewznaypyitaw

image