ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာ့အသက်အကြီးဆုံး ကြင်စဦးဇနီးမောင်နှံအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အမေရိကန်စုံတွဲ
ဒီဇင်ဘာ ၁၈
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် Philadelphia မြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ဆုံခဲ့ကြသော အသက်(၁၀ဝ)နှစ်အရွယ် အမျိုးသားနှင့် (၁၀၂) နှစ်အရွယ်အမျိုးသမီးတို့သည် ချစ် ကြိုက်ခဲ့ကာ လက်ထပ်ခဲ့ကြပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံး ကြင်စဦးဇနီးမောင်နှံအဖြစ် ဂင်းနစ်စံ ချိန်ရရှိခဲ့ကြောင်း သိရသည်။
ဘာနေးလစ်မန်းနှင့် မာဂျိုရီဖီတာမန်းတို့သည် ပြီးခဲ့သည့်မေလ(၁၉)ရက်တွင် ၎င်းတို့နေထိုင်သည့် ဘိုးဘွားရိပ်သာအတွင်းလက်ထပ်ခဲ့ကြပြီးနောက် အသက်အကြီးဆုံး ကြင်စဦးဇနီးမောင်နှံအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့က ပြောကြားခဲ့သည်။
ဘာနေးလစ်မန်း နှင့် မာဂျိုရီဖီတာမန်းတို့သည် ဘိုးဘွားရိပ်သာရှိ ပါတီတစ်ခုတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်တွင် တစ်ချိန်တည်းမှာပင် ကျောင်းတက်ခဲ့ကြသူများဖြစ်ကြောင်း နောက် ပိုင်းတွင်သိရှိခဲ့ရသည်။
သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် ကျောင်းတက်စဉ် ကာလအတွင်း ချစ်ကြိုက်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ ဘာနေးလစ်မန်းနှင့် မာဂျိုရီဖီတာ မန်းတို့သည် ၎င်း တို့၏ပထမအိမ်ထောင်ဖက်များနှင့် နှစ်ပေါင်း(၆၀)ကျော်ကြာ ပေါင်းသင်းခဲ့ကြပြီးနောက် အသက်(၁၀ဝ) နှစ်ကျော်တွင် ယခုလို လက်ထပ်ထိမ်းမြားမှုကို ထပ်မံလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ဘာနေးလစ်မန်း နှင့် မာဂျိုရီဖီတာမန်းတို့သည် ရင်းနှီးသောသူငယ်ချင်းများအဖြစ်ပင်မဟုတ်ဘဲ ခင်ပွန်းနှင့် ဇနီးသည်တို့အဖြစ် မှန်ကန်သောခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အခမ်းအနားမှူးဖြစ်သူ ရာဘီအဒမ်ဝိုး ဘာ့ချ်က ပြောကြားခဲ့သည်။
ဘာနေးလစ် မန်း၏ မြေးဖြစ်သူ ဆာရာဆီချာမန်းက “သူတို့ နှစ်ယောက်စလုံးဟာ တစ်ယောက်အကြောင်းကို တစ်ယောCredif က်မြတ်နိုးကြပါတယ်။ သူတို့နှစ်ယောက် တူတူရှိနေတာက သူတို့ကို အသက်ရှည်ရှည်နေနိုင်စေမယ့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး
နေပြည်တော်တွင် အမျိုးသားတစ်ဦး အရက်အမူးလွန်၍ လမ်းလယ်ကျွန်းပေါ်သို့ ဆိုင်ကယ်တိမ်းမှောက်ရာ အခင်းနေရာ၌ သေဆုံး
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ Sinma Living mall မီးပွိုင့်အနီးတွင် အမျိုးသားတစ်ဦး အရက်အမူးလွန်၍ လမ်းလယ်ကျွန်းပေါ်သို့ ဆိုင်ကယ်တိမ်းမှောက်ရာမှ အခင်းနေရာ၌ သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက် နံနက်ခင်းအချိန်တွင် ဆိုင်ကယ်တိမ်းမှောက်ရာ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။
“အရက်အမူးလွန်ပြီး လမ်းပလက်ဖောင်းပေါ်ကို ဆိုင်ကယ်ရောက်ပြီးမှောက်တာ။ မောင်းတဲ့သူကတော့ သေသွားတယ်” လို့ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုမော်တော်ဆိုင်ကယ်မှောက်၍ သေဆုံးသည့် အမျိုးသား၏ ရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo - Credit
#centralnewsnaypyitaw
စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ရက်ရှ်ဖိုဒ့်ပြော
ဒီဇင်ဘာ ၁၈
ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖိုဒ့်က စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပြီး အသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ အရိပ်အမြွက်ကို ချပြခဲ့ပါတယ်။
ရက်ရှ်ဖိုဒ့်က “အခြေအနေက ဆိုးနေပြီဆိုတာကို သိရင် ပိုပြီးဆိုးတော့မှာမဟုတ်ပါဘူး။ ကျနော်ထွက်ခွာခဲ့ရင် ကြေညာချက်ထုတ်မှာဖြစ်ပြီး ဒါကလည်း ကျနော်ဆီကနေပဲ ထွက်လာမှာပါ။ ကျနော်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်ပေးမှာမဟုတ်ပါဘူး။ ကျနော်ဟာ စိန်ခေါ်မှု အသစ်တွေနဲ့ နောက်ထပ်ခြေလှမ်းတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ထင်ကြောင်း”ပြောခဲ့တာပါ။
ရက်ရှ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းက မန်စီးတီးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂါနာချိုနဲ့အတူ အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင် က ရက်ရှ်ဖိုဒ့်ကို ချန်လှပ်ခဲ့တာဟာ စည်းကမ်းပိုင်းဆိုင်ရာကြောင့်မဟုတ်ဘူးလို့ အတည်ပြုခဲ့ပေမယ့် သူ့ကို ကွင်း အတွင်းရော ကွင်းပြင်ပမှာပါ ပိုပြီးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ရက်ရှိဖိုဒ့်ဟာ နည်းပြဟောင်း အဲရစ်တန် ဟတ် လက်ထက်တုန်းက စည်းကမ်းပိုင်းဆိုင်ရာကြောင့် ယူနိုက်တက်အသင်းလူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရဖူး ပါတယ်။
ဗြိတိန်မီဒီယာတွေက ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ရက်ရှ်ဖိုဒ့်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အရောင်းစာရင်းတင်သွင်းထားတယ်လို့ ဖော်ပြထားတာပါ။
အဲဒါကြောင့်လည်း ရက်ရှ်ဖိုဒ့်ဟာ ယူနိုက်တက် အသင်း ကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီနဲ့ ဒီရာသီမှာ သူ့ရဲ့ကောင်းမွန်မှုမရှိတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုအများအပြားကို ခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းကြီးအတွက် ၂၀၁၅-၁၆ ရာသီမှာ စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ အကယ်ဒမီထွက် ရက်ရှ်ဖိုဒ့်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၄၂၆ ပွဲပါဝင်ကစားထားပြီး ၁၃၈ ဂိုးသွင်းယူကာ FA ဖလားနဲ့ ကာရာဘောင်းဖလား ၂ ကြိမ်စီ၊ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်စီရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:BBC
#သတင်းဟင်းလေးအိုးကြီး
တောင်ဒဂုံမြို့ရှိ လ-ဝ-က ရုံးဝန်းအတွင်း၌ ရုံးစာရေးအမျိုးသမီးကို ချစ်သူကောင်လေးမှ ဝက်အူလှည့်ဖြင့်ထိုး
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်၊ GEC မှတ်တိုင်အနီးရှိ လ-ဝ-က ရုံးဝန်းအတွင်း ရုံးစာရေးအမျိုးသမီးကို ချစ်သူကောင်လေးမှ ဝက်အူလှည့်ဖြင့်ထိုးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၃၀ အချိန်တွင် ထိုရုံးဝန်းအတွင်းသို့ ဝင်ရောက်ကာ လ-ဝ-က ရုံးစာရေးအမျိုးသမီးကို ၎င်း၏ချစ်သူကောင်လေးမှ ဝက်အူလှည့်ဖြင့် လည်ပင်းနှင့် ဦးခေါင်းကို ထိုးခဲ့ကြောင်း သိရသည်။
“လ-ဝ-က ရုံးဝန်းထဲမှာ ဖြစ်တာ။ သူတို့က သမီးရည်းစားနှစ်ဦး။ ကောင်လေးက ကောင်မလေးရဲ့ လည်ပင်းနဲ့ ခေါင်းကို ဝက်အူလှည့်နဲ့ ထိုးလိုက်တာ။ အဲ့ဝက်အူလှည့်နဲ့ အထိုးခံရတဲ့ ကောင်မလေးက ရုံးစာရေး၊ ကောင်လေးကိုလည်း ဖမ်းမိတယ်” လို့ မျက်မြင်သူတစ်ဦးမှ ပြောသည်။
ဝက်အူလှည့်ဖြင့် အထိုးခံရသည့် အမျိုးသမီးကို မြောက်ဥက္ကလာပဆေးရုံသို့ ရှင်သန်ခွင့် လူမှုကူညီရေးယာဉ် ဖြင့်ပို့ဆောင်ကူညီခဲ့ပါသည်။
Photo - Credit
#centralnewsnaypyitaw
ဗန်းမော်မြို့ကို နစကတပ်က ပြန်ထိန်းချုပ်ထား
ဒီဇင်ဘာ ၁၈
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတာမှာ လက်ရှိမှာတော့ နစကတပ်ဘက်က မြို့ကို ပြန်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မြို့တွင်းအထိ ဝင်ရောက်နိုင်ခဲ့ပေမယ့် နစကဘက်က လေကြောင်းအားပြုပြီး ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲကာလ ကိုးရက်လောက်အကြာမှာ မြို့ကို ပြန်ထိန်းထားနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ သိသလောက်ကတော့ ပထမပိုင်းမှာတော့ အနားမှာရှိတဲ့ နစကတပ်တွေကို KIA က ပတ်ပတ်လည်ကနေ ဝိုင်းတိုက်နေတာ။ နောက်ပိုင်း နစကတပ်ဘက်က အင်အားသုံး ပြန်တိုက်တဲ့အခါမှာတော့ သူတို့ တော်တော်အထိနာပြီး အဲဒီနောက်ပိုင်းတော့ သိပ်မတိုက်တော့ဘူး။ ငြိမ်သွားတယ်။ လတ်တလောမှာတော့ ပစ်ခတ်မှုက အနည်းအကျဉ်းတော့ ရှိသေးတယ်။ ဒါပေမယ့် အရင်လောက်တော့ မဆိုးတော့ဘူး။ အခု အခြေအနေထိကို ပြောတာနော်။ နောက် အခြေအနေကတော့ ဘယ်လိုလာဦးမလဲ ကျွန်တော်တို့လည်း မသိသေးပါဘူး” လို့ ဗန်းမော်မြို့၊ ပင်စင်ကုန်းရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
တိုက်ပွဲ စတင် ဖြစ်ပွားချိန်ကစလို့ မြို့တွင်းရှိ ဒေသခံတွေဟာ နီးစပ်ရာမြို့တွေကို တိမ်းရှောင်သွားကြပြီ ဖြစ်တဲ့အတွက် မြို့ခံလူဦးရေရဲ့ ရာခိုင်နှုန်း အနည်းစုလောက်သာ မြို့တွင်းမှာ ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။
“အများစုကတော့ မန္တလေးရောက်ကုန်ကြပြီ။ အရင်ဆုံး ကိုယ့်အိမ်မှာကိုယ် မနေရဲကြလို့ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ စစ်ရှောင်ကြတယ်။ အဲဒီကနေမှ ကယ်ဆယ်ရေး လုပ်တဲ့သူတွေကနေတဆင့် မန္တလေး ရောက်တဲ့သူကရောက်၊ တခြားမြို့တွေ ရောက်တဲ့သူက ရောက်ပေါ့။ တချို့ ရွာတွေ၊ ရပ်ကွက်တွေမှာဆို လူတယောက်လောက်ပဲ ကျန်ခဲ့တော့တာရှိတယ်။ ကျန်ခဲ့တဲ့သူတွေကတော့ စားရေးသောက်ရေးအတွက် ကြုံသလိုဖြေရှင်းနေရတာပဲ။ ကျန်နေတဲ့ တချို့ ဒေသခံတွေလည်း ဗန်းမော်ကထွက်ဖို့ ကြိုးစားနေကြတယ်။ ပစ်ခတ်မှုတွေဖြစ်တော့ ဒီကြားထဲ လူသေဆုံးတာ၊ ဒဏ်ရာ ရတာတွေလည်း ရှိတယ်။ အခုက တိုက်ပွဲက မြို့တွင်းမှာတော့ မရှိတော့ဘူး။ မြို့ပတ်ပတ်လည်မှာတော့ ဖြစ်နေသေးတယ်” လို့ ရိုးကြီးရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေကြောင့် ပါရာဒိုက်ဟိုတယ်၊ ချယ်ရီတန် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ခွန်သာရပ်ကွက်နဲ့ စာတိုက်ရုံး အနီးတဝိုက်တို့မှာ နေအိမ် မီးလောင်ပျက်စီးမှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့ဟာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ - ၂၃၆၊ ၄၇ နဲ့ အမြောက်တပ်တွေဖြစ်တဲ့ အမတ - ၃၃၆ ၊ ၃၀၄ ၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်တွေအပြင် လက်ရုံးတပ်ရင်း ငါးရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။
အခု ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်ခဲ့တဲ့ ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နဲ့ ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့တွေနဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး