41 w - Translate

Crochet 🧶

image
41 w - Translate

Crochet 🧶

image
41 w - Translate

Crochet 🧶

image
41 w - Translate

Crochet 🧶

image
41 w - Translate

Crochet 🧶

image
41 w - Translate

Crochet 🧶

image
41 w - Translate

Crochet 🧶

imageimage
+5

#ငါးနီတူအချိုကြော်

(1) ငါးနီတူကိုရေဆေးပြီး ရေစစ်ထားပါ။ ( ယင်မနားစေရန် ပိုးသတ်ဆေးများသုံးတတ်၍ရေဆေးခိုင်းခြင်းဖြစ်ပါသည် )

(2) ကြက်သွန်အဖြူအနီပါးပါးလှီးထားပေးပါ။

(3) ပါးပါးလှီးထားသောကြက်သွန်ကို ဆနွင်းအနည်းငယ်ထည့်ထားသော ဆီပူပူမှာ ရဲရုံသာကြော်ပြီးဆယ်ကာဆီစစ်ထားပေးပါ။

(4) ပါးပါးလှီးထားသောကြက်သွန်ဖြူကိုလည်းအပေါ်မှနည်းအတိုင်းဆီစစ်ယူထားပေးပါ။

(5) နောက်ဆုံးမှ ငါးနီတူခြောက်ကိုကြွပ်နေအောင်ကြော်ပြီးဆီစစ်ထားပေးပါ။

(6) ထို့နောက် သူတို့ ၃မျိုးကိုရောပြီး မီးအေးအေးဖြင့် အိုးထဲထည့်ပြီးနောက် ဆားအနည်းငယ် သကြားအနည်းငယ် အချိုမှုန့်အနည်းငယ်ထည့်ကာ ၅မိနစ်ခန့်မွှေပေးပါ။ ဒါတွေအကုန်လုပ်ပြီးရင် ငါးနီတူအချိုကြော်ရပါပြီ။

image
41 w - Translate

ခြံအမှတ် (၅၄) နေအိမ်ကို လေလံစျေး သုံးဘီလျံ လျှော့ချရောင်းမည်

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမွေဆိုင်အငြင်းပွါးမှုရှိနေသည့် ခြံအမှတ် (၅၄) နေအိမ်ကို လေလံစျေး သုံးဘီလျံ လျှော့ချကာ (၂၉၇) ဘီလျံဖြင့် ရောင်းချရန် တရားရုံးက အမိန့်ချလိုက်သည်။

ယင်းနေအိမ်ကို စျေးလျှော့၍ ထပ်မံလေလံတင်ရန် ဦးအောင်ဆန်းဦးဘက်က တရားရုံးကို ထပ်မံ တင်ပြထားခြင်း ဖြစ်ကာ မူလကြမ်းခင်းစျေး ငွေကျပ် (၃၀၀) ဘီလျံမှ (၁၀) ဘီလျံ လျှော့ချပြီး ဘီလျံ (၂၉၀) သတ်မှတ်ပေးရန် ဦးအောင်ဆန်းဦးဘက်က တင်ပြထားခြင်း ဖြစ်သည်။

သို့သော် ယင်းသို့တင်ပြချက်ကို တရားရုံးကပယ်ချပြီး (၃) ဘီလျံ လျှော့ချသတ်မှတ်လိုက်ကာ (၂၉၇) ဘီလျံဖြင့် ရောင်းချသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ခြံအမှတ် (၅၄) ဟု ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံဖြင့်တစ်ကြိမ်၊ (၃၀၀) ဘီလီယံဖြင့် တစ်ကြိမ် လေလံတင် ရောင်းချခဲ့ရန် ကမာရွတ်မြို့နယ် တရားရုံးက ယခုနှစ် ဇန်န ဝါရီ (၂၅)ရက်က အမိန့်ချမှတ်ထားခြင်းဖြစ်ကာ လက်ရှိအ ချိန်ထိ လေလံဆွဲ ဝယ်ယူသူ မရှိသေးခြင်း ဖြစ်သည်။

ခြံအမှတ် (၅၄)၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃) ဧက ကျယ်ဝန်းကြောင်းသိရကာ စတုရန်းပေ (၈၃၇၆၅.၈၈) ပေ ရှိကြောင်းလည်း သိရသည်။

image
41 w - Translate

ရန်ကုန်တိုင်း ယူ-၂၁ အသင်းကို Professional Club အသင်းအဖြစ် ဖွဲ့စည်းပေးသွားမည်

ရန်ကုန်တိုင်း ယူ ၂၁ အသင်းကို Professional Club အသင်းအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

အဆိုပါ ရန်ကုန်တိုင်း ယူ-၂၁ အသင်းသည် ကျင်းပပြီးစီးခဲ့သည့် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့် တိုင်းအမျိုးသားယူ-၂၁ ဘောလုံးပြိုင်ပွဲ တတိယဆုရရှိထားသော အသင်းတစ်သင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပနေသည့် ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး၊ ပထမဆုံးခြေလှမ်းအဖြစ် ရန်ကုန်တိုင်းယူ-၂၁ အသင်းအား ကလပ်အသင်းတစ်သင်းအဖြစ် စတင်ဖွဲ့စည်းပေးသွားခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။

ထို့ပြင် ကစားသမားများ၏ ရပိုင်ခွင့်ဖြစ်သည့် လစာနှင့် Facilities (အသုံးအဆောင်)များကိုလည်း အပြည့်အဝ ပံ့ပိုးပေးသွားမည်ဖြစ်သည့်အပြင် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအား အထောက်အပံ့ပေးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

လက်ရှိ အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲဝင် ရန်ကုန်တိုင်းအသင်းကို ကစားသမား (၁၈) ဦးဖြင့် ဖွဲ့စည်းထားကာ အဆိုပါအသင်းကို အခြေခံပြီး အရည်အချင်းပြည့်မီသည့် ကစားသမားများကိုလည်း ထပ်မံရှာဖွေသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီး၏ ဘောလုံးအားကစားတိုးတက်မြင့်မားစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပြီး လူငယ်ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။

image