Khine Su Zin shared a post  
1 y

1 y

ယနေ့ခေတ်မှာဆို အလုပ်တစ်ခုလျောက်တော့မယ် သို့မဟုတ် လုပ်ငန်းခွင် ရာထူးတိုးမယ်ဖြစ်ဖြစ်ဆို အလုပ်ရှင်တွေက Hard Skills နှင် Soft Skills နှစ်ခုချိန်ထိုးလေ့ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Soft skills တွေကို အပြည့်အဝ အခမဲ့ လေ့လာချင်တယ်ဆို ဒီ Courses တွေကို တက်ကြည့်လိုက်ပါ။ Free certificate လည်းရမှာဖြစ်ပါတယ်။
ဘဝကို အဓိပ္ပါယ်ရှိရှိ နှင့် အောင်အောင်မြင်မြင် ဖြတ်သန်းချင်တယ်ဆို PD ကအရေးကြီးပါတယ်။ ဒါကြောင့် အလုပ်အတွက်လည်းအ‌ရေးကြီးသလို၊ လှုမှုဆက်ဆံရေး၊ ပညာပိုင်းတွေမှာလည်း အရေးကြီးပါတယ်။
အောက်ပါထက်ပိုသော Free Courses တွေကို တက်နိုင်ပါတယ်။
Preparing and Delivering Presentations
Interviewing Skills
Writing Grant Proposals
Group Communication
Professional Writing
General Knowledge for Teachers – Language Skills
And More Free Courses with Free Certificates
Link: https://learn.saylor.org/cours....e/index.php?category

#crd

image

ယနေ့ခေတ်မှာဆို အလုပ်တစ်ခုလျောက်တော့မယ် သို့မဟုတ် လုပ်ငန်းခွင် ရာထူးတိုးမယ်ဖြစ်ဖြစ်ဆို အလုပ်ရှင်တွေက Hard Skills နှင် Soft Skills နှစ်ခုချိန်ထိုးလေ့ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Soft skills တွေကို အပြည့်အဝ အခမဲ့ လေ့လာချင်တယ်ဆို ဒီ Courses တွေကို တက်ကြည့်လိုက်ပါ။ Free certificate လည်းရမှာဖြစ်ပါတယ်။
ဘဝကို အဓိပ္ပါယ်ရှိရှိ နှင့် အောင်အောင်မြင်မြင် ဖြတ်သန်းချင်တယ်ဆို PD ကအရေးကြီးပါတယ်။ ဒါကြောင့် အလုပ်အတွက်လည်းအ‌ရေးကြီးသလို၊ လှုမှုဆက်ဆံရေး၊ ပညာပိုင်းတွေမှာလည်း အရေးကြီးပါတယ်။
အောက်ပါထက်ပိုသော Free Courses တွေကို တက်နိုင်ပါတယ်။
Preparing and Delivering Presentations
Interviewing Skills
Writing Grant Proposals
Group Communication
Professional Writing
General Knowledge for Teachers – Language Skills
And More Free Courses with Free Certificates
Link: https://learn.saylor.org/cours....e/index.php?category

#crd

image
1 y - Translate

🥹

image
1 y - Translate

မုန့်ကျွဲသည်း

ပါဝင်ပစ္စည်း
ဆန်မှုန့် - ၂ခွက် (1Cup = 250ml )
Tapioca powder ပလောပီနံမှုန့် - ၃ ဇွန်း စားပွဲတင်ဇွန်း
ထန်းလျက် ရည် - ၄ခွက် (=တလီတာ)
ရေ - ၂ခွက်
ထုံးရည် ကြည် - ၂ခွက်
အုန်းသီး - တွဲဖက်စားရန်
ပြုလုပ်နည်း
(၁)ဦးစွာထုံးရည်ကြည်ပြုလုပ်ထားပါ။ ထုံးလ္ဘက်ဇွန်းတဝက်ကိုရေ၂ခွက်ဖြင့်ဖျော်ပြီးအနယ်ထိုင်ထားပါ။အပေါ်ရေကြည်၂ခွက်ကိုယူထား ပါ။
(၂)ထန်းလျက်၃၀၀ဂရမ်(၂၀ကျပ်သား)ခန်ု့ကိုရေ၄ခွက်ဖြင့့်ကျိုပြီးအမှိုက်စစ်ထားပါ။
(၃)ဆန်မှုန့်နှင့်Tapiocaမှုန့်ကိုရောပြီးရေ၂ခွက်ဖြင့်ဖျော်ပါ။
(၄)ဆန်မှုန့်ဖျော်ထားသည့်ထဲသို့ထန်းလျက်ရည်ထည်ပြီးကျိုပါ။ အလုံးများမဖြစ်စေရန်ပုံမှန်မီးဖြင့်အဆက်မပျက်မွေပေးပါ။
(၅)ကျိုနေသည့်ဆန်မှုန့်စတင်ပျစ်လာပါကထုံးရည်ကြည်ထည့်ပြီးအဆက်မပျက်မွေပေးပါ။ကြွက်မြီးတန်းအနေထားထပ်ပိုပျစ်လာသောအနေထားတွင်ချပြီးအအေးခံမည့်ခွက်ထည်းလောင်းကာအအေးခံပြီးအေးသွားလျှင်လိုအပ်သလိုလှီးဖြတ်ပြီးအုန်းသီးဆံဖြင့်တွဲဖက်သုံးဆောင် နိုင်ပါပြီ ။

image
1 y - Translate

စုတ်ပြတ်သတ်နေတဲ့မန်ယူ

မန်ယူအနေနဲ့မနေ့ညကဘုန်းမောက်ကိုအိမ်ကွင်းမှာဧည့်ခံကစားခဲ့တယ်၊ ဒါပေမယ့်မထင်မှတ်ဘဲရှုံးပွဲတွေ့ခဲ့တယ်။ မန်ယူအနေနဲ့ 3-4-2-1ကစားကွက်နဲ့အတူ မက်ဂွိုင်းယား၊ ဒါလော့ပ်နဲ့မာလာစီယာတို့ကိုပွဲထွက်ကစားစေခဲ့ပြီး ဇက်ဇီကိုအထောင်ကစားခိုင်းခဲ့တယ်။
မနေ့ညကမန်ယူအနေနဲ့အနိုင်ရဖို့ကြိုးစားခဲ့ပြီးထိုးဖောက်တိုက်စစ်ဆင်မှုတွေတောက်လျှောက်ပြုလုပ်ခဲ့ပေမယ့် တစ်ဂိုးမှမရခဲ့ဘူး၊ ပွဲအစပိုင်းမှာ အာမက်ရဲ့ကန်ချက်ဂိုးသမားကာကွယ်နိုင်ခဲ့တာကနစ်နာစရာဖြစ်ခဲ့တယ်။ ပွဲချိန်29မိနစ်မှာ ဘုန်မောက်ကရတဲ့အခွင့်အရေးကနေခေါင်တိုက်ဂိုသွင်းယူခဲ့တယ်။ ဒီဂိုးပြီးတော့မန်ယူကတောက်လျောက်တိုက်စစ်ဆင်ကစားခဲ့ပြီးဘရူနိုရဲ့ကန်ချက်နှစ်ကြိမ်လွဲခဲ့တာကမန်ယူအတွက်နစ်နာမှုတွေပဲ၊ ပထမပိုင်းမှာ ဒီရလဒ်အတိုင်းပြီးဆုံးသွားခဲ့တယ်။
ဒုတိယပိုင်းမှာလည်းမန်ယူကပဲတိုက်စစ်ဆင်ကစားခဲ့ပြီး ဒီနေ့ပွဲမှာ မိုင်နူးနဲ့အာမက်ခြေစွမ်းပြခဲ့တယ်၊ ဇက်ဇီပါမှန်းတောက်မသိရဘူး၊ ဘရူနိုရဲ့ကန်ချက်တွေကလည်းအလုပ်မဖြစ်ခဲ့ဘူး။ မန်ယူအနေနဲ့ဒုတိယပိုက်းမှာ ရိုယို၊ ဝှိုက်လန်း၊ ဂါနာချိုတို့ကိုထည့်သွင်းခဲ့ပေမယ့် ဘုန်းမောက်ကပဲ 61မိနသ်မှာပင်နယ်တီကနေတစ်ဂိုး၊ 63မိနစ်မှာ တစ်ဂိုးထပ်မံသွင်းယူခဲ့ပြီးသုံးဂိုးပြတ်ခဲ့တယ်။ လက်ကျန်ပွဲချိန်တွေမှာဘုန်းမောက်ကပဲအနိုက်ရလဒ်ကိုထိန်းကစားခဲ့ပြီး မန်ယူကဘာမှလုပ်မပြနိုင်ခဲါဘူး၊ မန်ယူအနေနဲ့ဒီနေ့ပွဲမှာ ကန်သွင်းခွင့် 27ကြိမ်ရှိခဲ့ပေမယ့် တစ်ဂိုးမှမရခဲ့ဘူး၊ ဘုန်းမောက်က 5ကြိမ်မှာ 3ဂိုးအထိရရှိခဲ့တယ်။

image
1 y - Translate

ဒီရုပ်ရှင်က ထွက်ထားတာတော့ကြာပါပြီ လူသိ
နည်းလောက်တယ်ထင်လို ညွှန်းပေးလိုက်ပါတယ်။

ဒီကားရဲ့ဇာတ်လမ်းတည်ဆောက်ထားတဲ့ပုံစံနဲ့
ရိုက်ကူးတင်ဆက်ပုံတွေက တော်တော်လေး
ကျောချမ်းစရာ ကောင်းတယ်လို ပြောလိုရပါတယ်။

ပိုစတာမှာ မျက်လုံးနေရာကို အဖြူလိုင်းနဲ့
အုပ်ထားရတာကိုသာ ကြည့်ပါ အဲ့မျက်လုံး
တွေက ကြည့်ရတာ တစ်မျိုးကြီးပါပဲ။
ရုပ်ရှင်ထဲမှာ တွေ့ရပါလိမ့်မယ်။

ဇာတ်လမ်းက အောက်လမ်းပညာတတ်တဲ့ မိန်းမကြီးရဲ့အိမ်ကို ရောက်ရှိသွားတဲ့ မိသားစုတစ်စုအကြောင်းကို
ရိုက်ကူးထားတာပါ အဓိက ဒီရုပ်ရှင်တစ်ခုလုံးမှာ
Marquis ဆိုတဲ့လူက အောက်လမ်းပညာသည်
အိမ်ကနေ သူ့မိသားစုကို ကယ်ဖိုနဲ့ သူကိုယ်တိုင်ပါ ရှင်သန်လွတ်မြောက်ဖိုကြိုးစားရတာကို ကြည့်ရှုရမှာပါ။

အောက်လမ်းပညာ စုန်းအတတ်ပညာတွေအကြောင်း
စိတ်ဝင်စားရင် ကြည့်ကြည့်ပါလို ညွှန်းပါတယ်နော်။

#moviereview

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၃-၁၂-၂၀၂၄)

တည်ငြိမ်နေဆဲ စက်သုံးဆီဈေးနှုန်းများ


#fuel
#ဆီစျေး

image
1 y - Translate

ပင်လယ်နီတွင် အမေရိကန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး အမေရိကန် တိုက်လေယာဉ်ကိုလည်း ပစ်ချခဲ့ကြောင်း ဟူသီများပြောကြား

ယီမင်နိုင်ငံ Ansar Allah လှုပ်ရှားမှုမှ ဟူသီများသည် ပင်လယ်နီတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး F/A-18 တိုက်လေယာဉ်တစ်စင်းကိုလည်း ပစ်ချခဲ့ကြောင်း ယင်းလှုပ်ရှားမှု၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မနေ့ညနေပိုင်းတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘော နှင့် အခြားသော ဖျက်သင်္ဘောများကို တိုက်ခိုက်ခြင်းဖြင့် ကျွန်ုပ်တို့နိုင်ငံကို အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုမှ တားဆီးနိုင်ခဲ့သည်" Yahya Sarea က ဟူသီထိန်းချုပ်ထားသော Al Masirah ရုပ်မြင်သံကြားလိုင်းသို့ ပြောကြားခဲ့သည်။

သူ၏ ပြောကြားချက်အရ အမေရိကန်စစ်သင်္ဘောများကို တိုက်ခိုက်ရာတွင် ခရုဇ်ဒုံးကျည် ၈ စင်းနှင့် ဒရုန်း ၁၇ စင်းတို့ကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟူသီတိုက်ခိုက်မှုအတွင်း အနောက်နိုင်ငံများမှ စစ်လေယာဉ်အများစုသည် ပင်လယ်နီ၏ နိုင်ငံတကာရေပိုင်နက်တွင်ရောက်ရှိနေသည့် လေယာဉ်တင်သင်္ဘောကို ခုခံကာကွယ်ရန် ယီမင်လေပိုင်နက်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

စနေနေ့ညနေပိုင်းတွင် ဟူသီများထိန်းချုပ်ထားသော ယီမင်နိုင်ငံမြို့တော် Sana တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း Al Masirah နှင့် Saba သတင်းဌာနတို့ထံမှ သိရသည်။ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်(CENTCOM) ၏ အဆိုအရ အမေရိကန် စစ်တပ်သည် ဟူသီ ကွပ်ကဲမှု စခန်းများနှင့် မြို့တွင်းရှိ ဒုံးကျည် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဟူသီဒရုန်းအများအပြားနှင့် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များကိုလည်း ပစ်ချခဲ့သည်။

USS Harry S. Truman လေယာဉ်တင်သင်္ဘော ပါဝင်သည့် ရေယာဉ်အုပ်စုမှ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘော USS Gettysburg သည် မှားယွင်းပစ်ခတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး USS Harry S. Truman လေယာဉ်တင်သင်္ဘောပေါ်မှ ပျံသန်းလာသော F/A-18 တိုက်လေယာဉ်ကို ထိမှန်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်(CENCOM)မှ ပြောကြားခဲ့သည်။ . လေယာဉ်ပျက်ကျခဲ့သော်လည်း လေယာဉ်မှူးနှစ်ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။

image
1 y - Translate

နယ်စပ်တွင် ကာလဝမ်းရောဂါဖြစ်ပွားနေ၍ ထိုင်းက သတိပေးချက်ထုတ်

မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့တွင် ကာလဝမ်းရောဂါပျံ့နှံ့ဖြစ်ပွားနေသဖြင့် ရောဂါတားဆီးထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ကုသရေးစင်တာတစ်ခု(EOC) ဖွင့်လှစ်လိုက်သည်။ လက်ရှိတွင် တာ့ခ်ပြည်နယ်၌ အဆိုပါရောဂါဖြစ်ပွားသူ နှစ်ဦး တွေ့ထားသည်ဟု ဆိုသည်။

EOC သည် နယ်စပ် ရပ်ကွက်ကျေးရွာများ၊ စက်ရုံများနှင့် ဒုက္ခသည်စခန်းများတွင် ကာလဝမ်းရောဂါဖြစ်နိုင်ခြေကို စောင့်ကြည့်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ Opas Karnkawwinpong က ပြောဆိုသည်။

ထို့အပြင် အဆိုပါစင်တာအနေဖြင့် သောက်သုံးရေအရည်အသွေးကို စောင့်ကြည့်စစ်ဆေးခြင်း၊ အများပြည်သူများ၊ ရွှေ့ပြောင်းဝင်ရောက်သူများကို တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ပတ်သက်၍ အကြံပေးခြင်း၊ အစားအသောက်ရောင်းချသူများ၊ လမ်းဘေးဈေးသည်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် စမ်းသပ်ကိရိယာများအပါအဝင် ဆေးပစ္စည်းများထောက်ပံ့ရေး ပြင်ဆင်ခြင်းများကိုလည်း လုပ်ဆောင်မည်ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

တာ့ခ်ပြည်နယ်၏ မဲရာမတ်နှင့် မဲဆောက်ခရိုင်များသည် ရွှေကုက္ကိုလ်နှင့် မျက်နှာချင်းဆိုင်ဒေသများဖြစ်နေခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများ၊၊ စက်ရုံအလုပ်ရုံများရှိနေခြင်းကြောင့် အန္တရာယ်မြင့်မားသည့် အခြေအနေတွင်ရှိကြောင်းနှင့် နှစ်သစ်ကူးအားလပ်ရက်များတွင် လူများစွာသည် ပျော်ပွဲရွှင်ပွဲများကျင်းပကာ အစားအသောက်များကို အတူစားသောက်ကြလိမ့်မည်ဟု ဒေါက်တာ Opas က ပြောဆိုသည်။

ကျန်းမာရေး အမြဲတမ်းအတွင်းဝန်၏ အဆိုအရ ရွှေကုက္ကိုလ်တွင် ကာလဝမ်းရောဂါလူနာ ၂၀၀ ခန့် တွေ့ရှိထားကာ နှစ်ဦး‌ေ-သဆုံးထားကြောင်းနှင့် မဲဆောက်ခရိုင်တွင် ရောဂါလူနာ နှစ်ဦးတွေ့ရှိထားကြောင်း သိရသည်။

အဆိုပါ လူနာနှစ်ဦးသည် မဲဆောက်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည်ဟု သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသား ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ထိုင်းဘက်ခြမ်းတွင် ဝမ်းရောဂါစတင်ဖြစ်ပွားစေခဲ့သည်ဟု တာဝန်ရှိသူများက ယူဆထားပြီး သူ့ထံအလည်သွားခဲ့သော တာ့ခ်ပြည်နယ်မှ မြန်မာဆွေမျိုးသားချင်းတစ်ဦးသည်လည်း ရောဂါကူးစက်ခံခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ထိုင်းစစ်သားများသည် မဲရမတ်နှင့် မဲဆောက်ခရိုင်နယ်စပ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို တားဆီးရန်အတွက် အထူးကြပ်မတ်ကင်းလှည့်ဆောင်ရွက်မှုလုပ်နေသည်။ ရောဂါထိန်းချုပ်ရေးနိုင်ရေးဆိုင်ရာ တောင်းဆိုချက်အရ တာ့ခ်ပြည်နယ်အာဏာပိုင်များက ရွှေကုက္ကိုလ်ရှိ တာဝန်ရှိသူများထံ ဆေးဝါးထောက်ပံ့မှုများ ပေးအပ်ခဲ့သည်ဟု သိရသည်။

image
1 y - Translate

ရှမ်းပြည်မှာပွင့်တဲ့ ချယ်ရီပန်း🌸

ချယ်ရီတွေ ဝေတဲ့ဆောင်း🌸
သူတို့ရာသီ သူတို့အလှ🌸

ရှမ်းပြည်တောင်ပိုင်း ၊ဟိုပုံးမြို့နယ် ဟိုပုံးထမ်စမ်းသဘာဝ လှိုဏ်ဂူအနီး ကျောက်တန်း စံပြကျေးရွာက ချယ်ရီပန်း🌸

မကြာခင် ကျောက်တန်းကျေးရွာမှာချယ်ရီပန်းတွေဝေဆာစွာဖူးပွင့်ကြပါတော့မည် အခုတော့အပွင့်တွေအနည်းငယ်စတင်လို့ဖူးပွင့်နေကြပြီ🌸

ချယ်ရီပန်းလှလှပပဖူးပွင့်တဲ့အချိန်ကျရင် ရှမ်းပြည်ကိုအလည်လာခဲ့ပါ🌸

image