1 y - Translate

- Everything is temporary ❤

image
1 y - Translate

ပန်းတွေနားမှာ နိုးထခွင့်ရတာဟာ တနေ့တာရဲ့ ကံကောင်းခြင်းတမျိုးပဲ 🌼🌼🌼

image

ကရင်၊ ရွှေကုက္ကိုမှာ ဝမ်းပျက်ဝမ်းလျှောကြောင့် ၂ ဦး သေဆုံးပြီး လူ ၃၀၀ ကျော်ဆေးကုသမှုခံယူနေရ

ဒီဇင်ဘာ ၂၂

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေကုက္ကိုမြို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူရာနဲ့ချီရှိနေပြီး ၂ ဦးသေဆုံးထားတယ်လို့ ဒေသခံတွေက ပြောသလို ထိုင်းသတင်းတွေကလည်း ဖော်ပြပါတယ်။

ရွှေက္ကိုမြို့ခံ သတင်းရင်းမြစ်တချို့ ကတော့ လူ ၃၀၀ ကျော် ဆေးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့ ၃ ရက်လောက်က စဖြစ်တာ။ ဆိုင်ကြီးတွေကလွဲလို့ လမ်းဘေးမှာရောင်းတဲ့ စျေးဆိုင်တွေ၊ ညစျေးတန်းတွေ အကုန်ပိတ်ထားရတယ်။ နယ်ခြားစောင့်တပ်ရုံးတွေကနေ လော်စပီကာနဲ့အော်တယ်။ ဆိုင်တွေကိုတော့ စည်ပင် က လိုက်ပိတ်ခိုင်းတာ" လို့ ရွှေကုက္ကိုမြို့ခံ တစ်ဦးက ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေကို ရွှေက္ကိုမြို့ သီတဂူချစ်သူဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ပြောပါတယ်။

ရွှေကုက္ကိုမြို့ကို ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGFကနေ နာမည်ပြောင်းထားတဲ့ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် (KNA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်ပြီး လူ ၅၀ ကျော် ဆေးရုံ တင်ထားရတယ်လို့ မဲဆောက်အခြေစိုက် မီဒီယာတွေက ရေးသားကြပါတယ်။

ရွှေကုက္ကိုမြို့မှာ ဝမ်းရောဂါဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး သတိပေးချက် တွေထုတ်ပြန်ထားတယ်လို့ ထိုင်းနိုင်ငံ တာခ့် ခရိုင်ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဝမ်းရောဂါကို ထိန်းချုပ်နိုင်ဖို့ ထိုင်းဘက်ကနေ ရွှေကုက္ကိုကို ဆေးဝါးတွေထောက်ပံပေးနေတယ် လို့လည်း တာခ်ခရိုင် မဲရမတ်ဆေးရုံတာဝန်ခံကထိုင်းသတင်းတွေမှာ ပြောကြားထားပါတယ်။

အခုဖြစ်နေတဲ့ ဝမ်းလျှောရောဂါဟာ ကာလဝမ်းရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပြီး ‌ဆေးကုသမှု မခံယူရင် သေစေနိုင်တဲ့ ဘက်တီးရီးယာရောဂါဖြစ်တယ်လို့လည်း ထိုင်းကျန်းမာရေးဆရာဝန်တွေက ပြောထားပါတယ်။

ပုံစာ - ရွှေကုက္ကိုလ်မြို့သစ်မြင်ကွင်း
Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

Room Decor Inspo 🫶🖤

image
1 y - Translate

Room Decor Inspo 🫶🖤

image
1 y - Translate

Room Decor Inspo 🫶🖤

image
1 y - Translate

Room Decor Inspo 🫶🖤

image
1 y - Translate

Room Decor Inspo 🫶🖤

image
1 y - Translate

Room Decor Inspo 🫶🖤

image
1 y - Translate

Room Decor Inspo 🫶🖤

imageimage
+4