Part_2
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
‘ငါတို့ ချီတက်ပွဲ’နဲ့ ‘အတ္တလန္တိတ် သမုဒ္ဒရာ” ကဗျာနှစ်ပုဒ်ကို ဘာသာပြန်ပြီး တင်ပြခဲ့တယ်။ စာမျက်နှာ များများမပေးနိုင်လေတော့ တခြားကဗျာကောင်းတွေ မပါနိုင်ခဲ့ဘူး။
‘အိုက်ဖယ်မျှော်စင်နဲ့ စကားပြောခြင်း၊ ပါရီမြို့ သူ၊ ပုသျှကင် ဂျူဗလီ၊ ကျုပ်ရဲ့ ဆိုဗီယက် နိုင်ငံကူးလက်မှတ်၊ ရဲဘော်နက်သို့၊ ကူးဇနက်ပြည်သူများ၊ ဘရွတ်ကလင်း တံတား၊ ကဗျာဆရာ ဆာဂျီယံဆဲနင်၊ အမြတ်ခွန်ဝန်ထောက်နှင့် ကဗျာအကြောင်း ဆွေးနွေးခြင်း၊ လီနင်၊ ဘောင်းဘီဝတ်မိုးတိမ်’စတဲ့ ကဗျာတွေဟာ မာယာကော့ဖ် စကီးရဲ့ စာပေကိုလေ့လာရင် မဖတ်မဖြစ်တဲ့ ကဗျာတွေလို့ ဆိုချင်ပါတယ်။
ဒီကဗျာတွေအနက်က ဘာသာပြန်ဆရာသမားများရဲ့ ကောင်းမှုကြောင့် တချို့မြန်မာစာပေလောကထဲ ဝင်ရောက်လို့လာပါပြီ။
“အမြတ်ခွန်ဝန်ထောက်နှင့် ကဗျာအကြောင်းဆွေးနွေးခြင်း' (မောင်သာနိုး ဘာသာပြန်၊ ရှုဒေါင့်ဂျာနယ်)
“ဘောင်းဘီဝတ်မိုးတိမ်” (မောင်သာနိုး ဘာသာပြန်၊ ရုပ်ရှင်တေးကဗျာ၊ ဩဂုတ်၊ ၁၉၉ဝ)
‘ဘရွတ်ကလင်း တံတား” (မောင်သစ်တည် ဘာသာပြန်၊ ရနံ့သစ်၊ ဇူလိုင်၊ ၁၉၈၈)
မောင်သစ်တည်က အင်္ဂလိပ်ဘာသာမှတစ်ဆင့် ပြန်တယ်။ ရိုးတယ်၊ ရှင်း တယ်။ သာမန် စာဖတ်ပရိသတ် နားလည်လွယ်တယ်။ စကားပြေဆန်တယ်။ မောင်သာနိုးက ရုရှားမှ တိုက်ရိုက်ပြန်တယ်။ ခက်တယ်၊ လှတယ်၊ ပညာရှင် ဆန်တယ်။ မူရင်း ကဗျာပုံသဏ္ဌာန်၊ စာလုံးအရေအတွက်၊ ရစ်သမ်၊ ကာရန်မိအောင် လက်စွမ်းကုန်လုပ်တယ်။
ဒီဆရာသမားနှစ်ဦးစလုံးဟာ မြန်မာစာဖတ်ပရိသတ်တွေ မာယာကော့ဖ်စကီး ကို ဖတ်နိုင်ဖို့ စေတနာထားရာမှာတော့ အင်မတန် ထက်သန်ကြတယ်။
မောင်သာနိုးရဲ့ “ဘောင်းဘီဝတ် မိုးတိမ်” ဘာသာပြန်ဟာ ပထမအကြိမ်၊ ဆေး ၂ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တယ်။ ဒုတိယအကြိမ် (၁၉၈၁) သူ့ရဲ့ စာပေသင်တန်း သားများအတွက် သီးသန့် ရိုက်နှိပ်ခဲ့တယ်။
တတိယအကြိမ်ကတော့ ၁၉၉၀၊ သြဂုတ်လထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း မှာပါပဲ။
ဒါ ‘ဘောင်းဘီဝတ် မိုးတိမ်’ရဲ့ ပုံနှိပ်သမိုင်း အကျဉ်းချုပ်ဖြစ်ပါတယ်။

#ဆက်ရန်ရှိ

ဘဝမှာ....
ဘယ်တော့မှ ပြန်မတွေ့ချင်တဲ့ လူတစ်ချို့နဲ့
ဘယ်ဆေးလိမ်းလိမ်း
မပျောက်တော့မယ့် ဒဏ်ရာတွေရှိတယ်
သတိရရင် တိမ်တွေကိုကြည့်ပါ
နာကြည်းတဲ့အခါ မြေပြင်ကိုကြည့်ပေါ့
စိတ်ရှိလက်ရှိ ငေးခွင့်ရှိသလို
စိတ်ပျက်လက်ပျက် နင်းခွင့်လည်းရှိတယ် ။

#စာရယ်ကဗျာရယ်

2 နှစ်များ - ဘာသာပြန်ပါ။

၁၉၃၀ ပြည့်နှစ်ဝန်းကျင်က ပန်းဆိုးတန်း (ဖဲယား) လမ်းရှိ ရန်ကုန်မီးရထားဘူတာဟောင်း
The old Rangoon railway station at Phayre Street c. 1930
Photo Credit
#oldburma
#ရှေးရှေးတုန်းကဗမာပြည်

image
2 နှစ်များ - ဘာသာပြန်ပါ။

Smile often

image
2 နှစ်များ - ဘာသာပြန်ပါ။

Smile often

image
2 နှစ်များ - ဘာသာပြန်ပါ။

Smile often

image
2 နှစ်များ - ဘာသာပြန်ပါ။

Smile often

image
2 နှစ်များ - ဘာသာပြန်ပါ။

Smile often

image
2 နှစ်များ - ဘာသာပြန်ပါ။

Smile often

image
2 နှစ်များ - ဘာသာပြန်ပါ။

Smile often

image