Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Single Life မှာ ကြာကြာနေတဲ့အခါ ဘာဖြစ်နိုင်လဲ ? 🤯
Single လို့ပြောလိုက်တာနဲ့ လူအများက အထီးကျန်နေတဲ့သူတွေ၊ အဖော်မဲ့နေတဲ့သူတွေ၊ ဝမ်းနည်းနေတဲ့သူတွေ၊ ကျရှုံးနေတဲ့သူတွေလို့ ထင်မြင်လေ့ရှိပါတယ်။ တကယ်က တခြားစီပါပဲ။ Single ဘဝမှာ အချိန်ကြာကြာနေပြီး ပျော်ရွှင်အောင်မြင်နေတဲ့သူတွေ ဒီကမ္ဘာမှာ အများကြီးရှိပါတယ်။ တစ်ချို့ဆိုရင် ချစ်ရမယ့်သူတွေ ဝိုင်းဝိုင်းလည်နေသည့်တိုင် Single ဘဝကို တမင် ရွေးချယ်ပြီးတောင် နေထိုင်ကြပါတယ်။
_______________________________________
Single တွေက အထီးကျန်ကြတယ်။
မှားပါတယ်။ ချစ်သူမရှိတာနဲ့ အထီးကျန်တယ်လို့ မထင်ပါနဲ့။ Single ဘဝနဲ့ နေထိုင်နေပေမယ့် ကိုယ့်အနားမှာ ချစ်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းကောင်းတွေရှိနေမယ်ဆိုရင် အထီးကျန်စရာ မရှိပါဘူး။ ပိုကောင်းတာက မိသားစုဝင်နဲ့ သူငယ်ချင်းကောင်းတွေဆိုတာ ကိုယ့်အပေါ် မပြောင်းလဲတဲ့ မေတ္တာနဲ့ အေးချမ်းမှုတွေပဲ ပေးပါတယ်။
_______________________________________
Single တွေက မပျော်ရွှင်ကြဘူး။
မှားပါတယ်။ Single တစ်ယောက်ဟာ ချစ်သူရှိတဲ့သူထက်တောင် ပိုပြီးပျော်ရွှင်နိုင်ပါတယ်။ အချစ်ရဲ့နောက်မှာ ပူလောင်မှု၊ နာကျင်မှုတွေ အမြဲရှိပါတယ်။ မတူညီတဲ့ လူနှစ်ယောက်ရဲ့ ပေါင်းစပ်မှုဆိုတာ အနည်းနဲ့အများ အထေ့အငေါ့လေးတွေ၊ နာကျင်ဝမ်းနည်းစရာလေးတွေ ရှိတာပါပဲ။ တစ်ယောက်တည်းနေတဲ့သူမှာတော့ ဒါမျိုးတွေ မရှိပါဘူ။
_______________________________________
Single တွေက အောင်မြင်ဖို့ ခက်ခဲကြတယ်။
မှားပါတယ်။ တစ်ချို့တွေက ပြောတယ်။ ဘဝမှာ အေးအတူပူအမျှ နေထိုင်ပေးမယ့် ချစ်သူရှိရင် ပိုပြီးအောင်မြင်ကြတယ်တဲ့။ ဒီစကားက မှန်ပေမယ့် ကိုယ်နဲ့ အေးအတူပူအမျှ နေပေးမယ့်ချစ်သူဆိုတာ ရှားပါတယ်။ Right Person ဆိုတာ လွယ်လွယ်နဲ့ ကိုယ့်ဘဝထဲ မရောက်လာပါဘူး။ အခန့်မသင့်ရင် ကိုယ့်ကို မြှင့်တင်ပေးမယ့် ချစ်သူမျိုးနဲ့ မတွေ့ရဘဲ ဆွဲချမယ့် ချစ်သူမျိုးနဲ့ တွေ့နိုင်ပါတယ်။
Single တွေကတော့ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ပုံဖော်နိုင်ပါတယ်။ ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို ပိုမိုအာရုံစိုက်နိုင်ပါတယ်။ အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပါတယ်။ ဒါကြောင့် Single တွေဟာ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုတွေ ပိုပြီးရရှိနိုင်ပါတယ်။
_______________________________________
Single တွေက စိတ်ကျန်းမာရေး ထိခိုက်တယ်။
မှားပါတယ်။ တကယ်က ချစ်သူရှိတဲ့သူတွေက စိတ်ကျန်းမာရေးမှာ ပိုပြီး ထိခိုက်ကြပါတယ်။ ချစ်သူအပေါ် သဝန်တိုမှု၊ စိတ်မချမှု၊ အတွေးလွန်မှုတွေ ဖြစ်တတ်ပါတယ်။ ချစ်သူနဲ့ ရန်ဖြစ်ရတဲ့အခါ စိတ်ရော ကိုယ်ပါ ပင်ပန်းပါတယ်။ အသည်းလည်း ကွဲနိုင်ပါတယ်။ Single တွေကတော့ အဲ့လိုကိစ္စတွေ မရှိတဲ့အတွက် စိတ်ကျန်းမာရေးလည်း ပိုပြီးကောင်းမွန်ကြပါတယ်။
_______________________________________
Single တွေက အချစ်ရေးမှာ မကျွမ်းကျင်ဘူး။
မှားပါတယ်။ တကယ်က တစ်ယောက်တည်းနေတာကြာလေလေ အချစ်ရေးမှာ ပိုပြီး ကျွမ်းကျင်လေလေ ဖြစ်ပါတယ်။ တစ်ယောက်တည်း နေသားကျနေပြီးသားဖြစ်လို့ တော်ရုံလူကို ဘဝထဲ အဝင်မခံပါဘူး။ ပြီးတော့ တစ်ယောက်တည်းနေတာ ကြာလာရင် Right Person နဲ့ ဆုံဆည်းရဖို့ ပိုပြီး အခွင့်အရေးများလာပါတယ်။
_______________________________________
ဒါကြောင့် Single ဘဝမှာ အချိန်အကြာကြီးရင် ဘာဖြစ်သလဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ သေချာတာက Single life ဟာ RS life ထက် ပိုပြီးကောင်းမွန်ပါတယ်။ ပိုပြီးပျော်ရွှင်နိုင်ပါတယ်။
AD
#crd

Best Tea to Drink in the Morning and After Evening Meals: Garlic, Turmeric, Onions, Ginger, Cinnamon, and Guava Leaf
1. Supports Digestion: Stimulate digestion and prevent bloating.
2. Boosts Immune Function: Wonders for strengthening your immune system.
3. Reduces Inflammation: Reduce inflammation in the body, especially joint pain, muscle soreness, or inflammatory conditions.
4. Detoxifies the Body: Flush out toxins from your system.
5. Supports Heart Health: Regulate blood pressure, reduce bad cholesterol, and improve circulation
အဖေဆိုတာ ဖုန်းခေါ်လာရင်အမြန်ကိုင်ပါ
လူတချို့ကမိဘဖုန်းဆိုရင် မကုိင်ချင်တာရှိတယ်
အလေးထားပါ ကိုယ်အပေါ်ဆိုတာ ဖခင်ကောင်းဆိုတာ မမေ့ပါနဲ့နော်
တခြားသူနဲ့ပဲ အချိန်ပေးစကားမပြောပါနဲ့ အဖေဆို
တာ ကိုယ်အပေါ်ကောင်းတာ ပြုစုတာလဲသူပဲ
တခြားသူက ကိုယ်ဒုခရောက်ရင်လာကူမှာမဟုဘူး
ဒါကြောင့်မလို ဖခင်ကိုချစ်ပါ ကိုယ်ငယ်ငယ်တုန်းက
ချစ်တာပြုစုလုပ်ကြွေး ချွေးကြတာအဖေပဲ အဖေ ရှိတုန်းပြုစုလုပ်ကျွေးကြပါ
ညီကိုမိတ်ဆွေအားလုံး😘😘😘
#သေမှနောင်တာမရနဲ့?
ဘူးသီးနဲ့ကြက်ခြေထောက် ကြက်ရိုးဟင်းချိုပါ
ကြက်ခြေထောက်/အရိုးတွေကို၁၀မိနှစ်လောက်ပြုတ်ပြီး
ရေအေးနဲ့သေချာပြန်ဆေးပြီးမှ အရသာမှုန့်ရယ်
ဂျင်းကြက်သွန်ဖြူညက်ညက်ထောင်းပြီး နူးအိအောင်တစ်ခါထပ်ပြီးပြုတ်ပါတယ် ပြီးမှ ဘူးသီးမထူမပါးလှီးထားတာတွေ ထည့်ပါတယ်
အရေနဲ့ အရသာ ကတော့ ကိုယ့်စိတ်ကြိုက်ထပ်ထည့်သွားပါ
ဆီလုံးဝမထည့်ပါဘူး
ကြာဇံထည့်လိုက
ဘူးသီးနဲ့အတူ ရောထည့်ပါ
ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)မှာ မန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ဘုန်းမောက်ကို (၀-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်မှာ စပါးအသင်းကို (၃-၄)ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် (၂)ပွဲဆက်အဖြစ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ မန်ယူနိုက်တက်တိုက်စစ်က ဘုန်းမောက်ခံစစ်နဲ့ ဂိုးသမားကို လုံး၀မကျော်နိုင်ခဲ့ဘဲ ဂိုးမရခဲ့သလို၊ ခံစစ်ကလည်း အမှားများခဲ့တာကြောင့် (၃)ဂိုးအထိပေးကာ ရှုံးနိမ့်ခဲ့ရတာပါ။
မန်ယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့တစ်နှစ်ဖြစ်တဲ့ ၂၀၂၃ ဒီဇင်ဘာ(၉)ရက်နေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း အခုလိုပဲ ဘုန်းမောက်အသင်းကို (၀-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ဖူးပါတယ်။
ဒါကြောင့် အမ်မိုရင်လက်ထက်မန်ယူနိုက်တက်အသင်းအနေနဲ့ အရင်နည်းပြတန်ဟတ်လက်ထက်တုန်းက ပုံစံအတိုင်းထပ်တူထပ်မျှ ဘုန်းမောက်အသင်းကို ရှုံးခဲ့ရတာဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ နည်းပြသစ်အာမိုရင်ရဲ့လက်ထဲမှာ (၂)ပွဲစီနိုင်လိုက် (၂)ပွဲစီရှုံးလိုက်နဲ့ ရလဒ်တွေက ရိုလာကိုစတာစီးနေသလို အနိမ့်အမြင့်ဖြစ်နေတာကို တွေ့ရပါတယ်။
အာမိုရင်ရဲ့ပွဲဦးထွက်မှာ မန်ယူနိုက်တက်အသင်းဟာ အစ်ဝစ်ချ်အသင်းနဲ့ သရေကျခဲ့ပေမယ့် နောက်(၂)ပွဲမှာ Bod၀/Glimt အသင်းနဲ့ အဲဗာတန်အသင်းတို့ကို (၂)ပွဲဆက်တိုက်အနိုင်ကစားခဲ့ပါတယ်။
အဲဒီနောက် အာဆင်နယ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကို (၂)ပွဲဆက်တိုက်ရှုံးခဲ့ပြီး ပါတီဇန်ဘဲဂရိတ်နဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးတို့ကို (၂)ပွဲဆက်တိုက်ပြန်အနိုင်ရခဲ့ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ပွဲစဉ်မှာ စပါးကိုလိဂ်ဖလားမှာ ရှုံးခဲ့သလို၊ ဒီတစ်ပတ်မှာ ဘုန်းမောက်ကို (၂)ပွဲဆက်အဖြစ် ရှုံးနိမ့်ခဲ့တာပါ။
ဒါကြောင့် (၂)ပွဲနိုင်လိုက် (၂)ပွဲရှုံးလိုက်နဲ့ သံသရာလည်နေတဲ့ မန်ယူနိုက်တက်အသင်းကို အာမိုရင် ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။
သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ GDP ပမာဏတိုးတက်လာစေမည်
သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧက စုစုပေါင်း (၃၃)သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာဖူလုံမှုရှိစေရေး၊ ပြည်ပကိုတိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုးပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ပန်းတိုင်ရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်၍ ဒေသအလိုက်ပန်းတိုင်ပြည့်မှီရေး စနစ်တကျသုံးသပ်ဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့ကြောင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည် နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု ပြောသည်။
" အဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ စိုက်ပျိုးရေးပညာရှင်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို စိုက်ပျိုးရေးလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ တခြားဆက်စပ်ကဏ္ဍတွေက ပညာရှင်တွေနဲ့ချိတ်ဆက်လုပ်ဆောင်မှုကလည်း အရေးကြီးပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထိုသို့ ချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများ အဆင်ပြေအောင်မြင်စေရန် ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် စတင်တည်ထောင်စဉ်ကပင် “သင်ကြားရေးနှင့်သုတေသန” လုပ်ငန်းနယ်ပယ် (၂)ရပ်ကို ဦးစားပေးခဲ့ပြီး ယခုအချိန်၌ “သင်ကြားရေး၊ သုတေသနနှင့် နည်းပညာပြန့်ပွားရေး”လုပ်ငန်းစဉ်ကြီး(၃)ရပ်အဖြစ် တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင်လည်း ကျေးလက်နေပြည်သူများ၏ အကျိုးစီးပွားကို ပံ့ပိုးပေးနိုင်ရေး ဦးစားပေးရန်နှင့် လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးရေး ပညာများကို ကျေးလက်နေစိုက်ပျိုးရေးပြည်သူများဆီ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိအသုံးချနိုင်ရန် လိုအပ်သည်ဟု ပြောသည်။
ထို့ကြောင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ပညာရှင်များသာမက အလယ်အလတ်တန်း စိုက်ပျိုးရေးပညာရှင်များနှင့် အခြေခံအဆင့် စိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ များစွာ မွေးထုတ်ပေးရန်လည်း လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။