1 နှစ် - ဘာသာပြန်ပါ။

My Boo (2024)

ဂျိုးဆိုတဲ့ gamer ကောင်လေးတစ်ယောက်ဟာ ဘဝကို ရေသာခိုအချောင်လိုက် ပေါ့ပေါ့နေပေါ့ပေါ့စားရှင်သန်လာရင်းနဲ့
သူဌေးဖြစ်သူ သူ့အဘိုးဆုံးသွားတော့ အမွေထုပ်ကြီးကြီးရဖို မျှော်လင့်နေပေမဲ့
ကံဆိုးချင်တော့ သေတမ်းစာက သူ့နာမည်အရောက်မှာ အဆုံးသတ်သွားသတဲ့။
ဒီတော့ အစ်ကိုဖြစ်သူက ဂျိုးကိုသနားတာနဲ့ပဲ သူ့အမွေထဲက ပါထုန်ထာနီကအိမ်ကြီးကို ညီဖြစ်သူဂျိုးကို ခွဲပေးလိုက်တော့တာပေါ့။
ဘာအလုပ်မှလုပ်မစားတဲ့ဂျိုးလည်း အမွေရပြီဆိုတာနဲ့ အမွေရထားတဲ့အိမ်ကြီးကို ရောင်းစားဖိုဆိုပြီး
ပွဲစားခေါ်ပြီး ချက်ချင်းလာအကြည့်မှာ အိမ်ထဲက သရဲတွေနဲ့ ပက်ပင်းတိုးပါတော့တယ်။

တကယ်တော့ ဒီအိမ်ကြီးမှာ လွန်ခဲ့တဲ့နှစ်တွေက ဓားပြတိုက်တုန်းက
အိမ်ကြီးရှင်သခင်မလေးအနုန်နဲ့အတူ အစေခံနှစ်ယောက်ပါ လူမသိသူမသိအသတ်ခံလိုက်ရပြီး
သရဲအဖြစ် မကျွတ်မလွတ်ဖြစ်နေကြတာပါ။

ဒီတော့ အိမ်ကိုရောင်းချင်တဲ့ဂျိုးနဲ့ ဘဝမကူးနိုင်ရင် အိမ်ကဖယ်မှာမဟုတ်တဲ့ သရဲ ၃ ကောင်
ဘယ်လိုအလွဲ‌တွေနဲ့ရှေ့ဆက်ကြမလဲဆိုတာ ......

#crd

image
1 နှစ် - ဘာသာပြန်ပါ။

လှသောလေး

image
1 နှစ် - ဘာသာပြန်ပါ။

လှသောလေး

image
1 နှစ် - ဘာသာပြန်ပါ။

လှသောလေး

image
1 နှစ် - ဘာသာပြန်ပါ။

လှသောလေး

image
1 နှစ် - ဘာသာပြန်ပါ။

လှသောလေး

image
image
image
image

ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ် ရယူနိုင်ဖို့ ဆာလက် မျှော်လင့်

ဒီဇင်ဘာ ၂၇

အီဂျစ်တောင်ပံကစားသမား ဆာလက်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်း ရယူနိုင်ဖို့ မျှော်လင့်တယ်လို့ လက်စတာအသင်းကို အနိုင်ရရှိခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

ဆာလက်က “အရေးကြီးဆုံးအရာက အသင်းအနိုင်ရရှိဖို့ဖြစ်ပြီး ကျနော်တို့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက အလွန်ကောင်းမွန်မှာ ဖြစ်ပေမယ့် ကျနော်တို့ ပွဲတိုင်းကို အာရုံစိုက်ပြီး ဒီအတိုင်း ဆက်သွား နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနှစ်က ကွဲပြားမှုတွေရှိတယ်လို့ ခံစားရပေမယ့် အရေးကြီးဆုံးအရာက ကျနော်တို့ နှိမ့်ချ နေဖို့ လိုပါတယ်။ ကလပ်အသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးဖို့က ကျနော် အိပ်မက်မက်တဲ့ အရာ ပါ”လို့ Amazon Prime ကိုပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ လက်စတာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းထက် ၁ ပွဲ လျော့ကစားကာ ရမှတ် ၇ မှတ်အသာနဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဆာလက်ဟာ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ၁ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၆ ဂိုး ရှိသွားပြီဖြစ်သလို လီဗာပူးလ်အသင်း ကစားသမားဘဝ အိမ်ကွင်းသွင်းဂိုး ၁၀၀ ပြည့်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် နည်းပြ အာနီဆလော့က မန်စီးတီးအသင်း ဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာယူဖို့ ပြောခဲ့ပါတယ်။

အာနီဆလော့က “လွန်ခဲ့တဲ့ ၂ လက ကျနော်တို့ဟာ မန်စီးတီးအသင်းနဲ့ ၁ မှတ်အကွာမှာရှိခဲ့ပေမယ့် အခုဘာတွေ ဖြစ်သွားလဲဆိုတာ ကြည့်လိုက်ပါ။ ဒီလိုမျိုးက ဘယ်အသင်း မဆိုဖြစ်လာနိုင်တာကြောင့် အောင်ပွဲခံဖို့က စောလွန်း ပါသေးတယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ နောက်ဆုံး ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဆာလက်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
Apu Lay မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

Certificate လည်းရ၊ Graphic Design ၊ Interior Design များကို အခြေခံကျကျလေ့လာလို့ချင်တယ်ဆို ဒီFree Courses တွေကို တက်ကြည့်ပါ။ သင်တန်းတက်ပြီး သင်ခန်းစာတွေကို တစ်ကယ်ရမရကို စစ်ဆေးဖို့လည်း Quiz လေးတွေလည်းဖြေဆိုရမှာဖြစ်ပါတယ်။ Self-Pace Learning စတိုင်ဖြစ်ပါတယ်။
Design, Video editing, Photoshop စသောနေရာတွေမှာ အရေးကြီးတဲ့ Color Theory တွေကိုလည်းလေ့လာခွင့်ရမှာဖြစ်ပါတယ်။
(၁) Interior Design Basics & Principles အတွက်ဆို Free Lesson ပေါင်း ၁၅၀ခု ရှိပါတယ်။
Link: https://study.com/.../interior....-design-basics-princ
(၂) Fundamentals of Graphic Design အတွက်ဆို Free Lesson ပေါင်း 84ခု ရှိပါတယ်။
Link: https://study.com/.../fundamen....tals-of-graphic-desi

#crd

image
1 နှစ် - ဘာသာပြန်ပါ။

သူငယ်ချင်းအချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာက ဓါးခုတ်မှုဖြစ်လို့ တစ်ယောက်သေဆုံး

ဒီဇင်ဘာ ၂၇

တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက် မြင်သာ (၃) လမ်းမှာ သူငယ်ချင်းအချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာက ဓါးခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး‌ ‌သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)မှ သိရပါတယ်။

အဲဒီဖြစ်စဥ်ဟာ ယမန်နေ့ ဒီဇင်ဘာ (၂၆) ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပြီး လက်ရှိမှာတော့ ဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ယမန်နေ့ (ဒီဇင်ဘာလ ၂၆ ရက်) ည ၉ နာရီအချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊ ၂၆ ရပ်ကွက်၊ အမှတ် ၂ လမ်းမ၊ တံတားဖြူ ကားမှတ်တိုင်အနီးမှာ အမည်မသိအမျိုးသားတစ်ဦး သွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့သေးတယ်လို့ ရန်ကုန်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရပါတယ်။

#centralnewsnaypyitaw

image
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

Certificate လည်းရ၊ Graphic Design ၊ Interior Design များကို အခြေခံကျကျလေ့လာလို့ချင်တယ်ဆို ဒီFree Courses တွေကို တက်ကြည့်ပါ။ သင်တန်းတက်ပြီး သင်ခန်းစာတွေကို တစ်ကယ်ရမရကို စစ်ဆေးဖို့လည်း Quiz လေးတွေလည်းဖြေဆိုရမှာဖြစ်ပါတယ်။ Self-Pace Learning စတိုင်ဖြစ်ပါတယ်။
Design, Video editing, Photoshop စသောနေရာတွေမှာ အရေးကြီးတဲ့ Color Theory တွေကိုလည်းလေ့လာခွင့်ရမှာဖြစ်ပါတယ်။
(၁) Interior Design Basics & Principles အတွက်ဆို Free Lesson ပေါင်း ၁၅၀ခု ရှိပါတယ်။
Link: https://study.com/.../interior....-design-basics-princ
(၂) Fundamentals of Graphic Design အတွက်ဆို Free Lesson ပေါင်း 84ခု ရှိပါတယ်။
Link: https://study.com/.../fundamen....tals-of-graphic-desi

#crd

image