39 ပတ် - ဘာသာပြန်ပါ။

ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ဂျူဗင်တပ်စ် ငြင်းပယ်

ဒီဇင်ဘာ ၂၉

ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပယ်လ်ဇန်အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်ပြီးကတည်းက ယူနိုက်တက်အသင်း လူစာရင်းမှာ ပါဝင်ခွင့် မရရှိတော့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း လူစာရင်းမှာ ပါဝင်ခွင့် မရတော့တာကြောင့် စိန်ခေါ်မှု အသစ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး ပါဝင်ခွင့်မရခဲ့သလို အသင်းကလည်း ဒီပွဲတွေမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့တာပါ။

The Sun က လာမယ့် ဇန်နဝါရီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လုပ်ဆောင်နေတဲ့ ဂျူဗင်တပ်စ်အသင်း ဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခြင်း ခံထားရတယ်လို့ ဖော်ပြထားတာပါ။

ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ ရက်ရှ်ဖို့ဒ်ထက် သူ့ရဲ့ ယူနိုက်တက်အသင်းဖော် ဇက်ခ်ဇီကို ခေါ်ယူဖို့ ပိုပြီး စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုလော့ဂ်နာအသင်းကနေ ပေါင် ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။

ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းအတွက် ၂၆ ပွဲ ပါဝင်ကစားထားမှာ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထား ပေမယ့် သူ့ကိုခေါ်ယူခဲ့တဲ့အပေါ် ပရိသတ်အများအပြားက မေးခွန်းတွေ ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ သီယာဂိုမော့တာဟာ ဇက်ခ်ဇီနဲ့ ဘိုလော့ဂ်နာအသင်းမှာ အတူလက်တွဲခဲ့တာကြောင့် ဇက်ခ်ဇီရဲ့ အကောင်းဆုံးပုံစံတွေကို သူရယူနိုင်မယ်လို့ ယုံကြည်နေတာပါ။

ယူနိုက်တက်အသင်းကတော့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ရောင်းချဖို့ စီစဉ်နေပြီး ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းလာ မယ့် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အသင့်ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၂၄ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Dailymail

ပုံ - ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
39 ပတ် - ဘာသာပြန်ပါ။

ဒီဇင်ဘာ ၂၉ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၂၉ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
39 ပတ် - ဘာသာပြန်ပါ။

Sojuက မမူးဘူး၊ချိုချဥ်နံ့လေးနဲ့ဆိုသော
သူငယ်ဂျင်းစကားယုံမိပြီးနောက်...

image
39 ပတ် - ဘာသာပြန်ပါ။

မြင်မြင်ချင်းကို ခုနစ်ဘဝ ဖူးစာရှင်မှန်း တန်းသိလိုက်တယ် ..
အိုင်လိုက်ခ်ယူ ပါ မောင်ရေ 🤭🥱

image
39 ပတ် - ဘာသာပြန်ပါ။

အမေမှ နှစ်၆၀စီမံကိန်းနဲ့ ဟင်းတစ်မျိုးတည်းချက်ကျွေးနေသောအခါ 🥹

image
39 ပတ် - ဘာသာပြန်ပါ။

Tulips 🌷

image
39 ပတ် - ဘာသာပြန်ပါ။

Tulips 🌷

image
39 ပတ် - ဘာသာပြန်ပါ။

Tulips 🌷

image
39 ပတ် - ဘာသာပြန်ပါ။

Tulips 🌷

image