ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမေရိကန်တွင် အကြီးမားဆုံး နျူကလီယာစွမ်းအင်ထုတ်လုပ်သူဖြစ်တဲ့ Constellation Energy Corporation က အမေရိကန်နိုင်ငံ Washington, D.C. မှာရှိတဲ့ အိမ်များအတွက် ၁၀၀% သန့်ရှင်းသော နျူကလီယာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားပေးမယ့် စမ်းသပ်မှုအစီအစဉ်တစ်ခု ကိုမိတ်ဆက်ခဲ့သည်။ ယခုပရိုဂရမ်က လျှပ်စစ်ဓာတ်အား (kilowatt-hour) တစ်ယူနှစ်ကို ၁၁.၉၉ စင့် စျေးနှုန်းဖြင့် ကမ်းလှမ်းထားပြီး၊ ဒေသတွင်းရှိ လျှပ်စစ်ဈေးနှုန်းထက် ပိုနဲတယ်လို့ဆိုပါတယ်။
ယခုအစီအစဉ်တွင် Constellation ၏ နျူကလီယာစွမ်းအင်စက်ရုံများမှ ထုတ်လုပ်သော Emission Free Energy Certificates (EFECs) ကိုအသုံးပြုထားပါတယ်။ သို့မှသာ မိမိတို့၏ လက်ရှိ utility ဝန်ဆောင်မှုများကို မပြောင်းလဲဘဲ carbon-free စွမ်းအင်ကို ပံ့ပိုးနိုင်မယ်လို့ဆိုပါတယ်။
Constellation Energy Corporation က လက်ရှိ သူတို့၏ စက်ရုံများက ၉၀% carbon-free စွမ်းအင်ကို ထုတ်လုပ်ပြီး ၁၆ သန်းခန့်သော အိမ်ထောင်စုများကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနိုင်သလို၊ နိုင်ငံတစ်ခုလုံး၏ သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှု၏ ၁၀% ကိုလည်း ထောက်ပံ့ပေးနိုင်သည်ဟု ဆိုသည်။
#crd
ရန်ကုန်မန်းလေး ခရီးလောက်ကို လမ်းမှာအားသွင်းဖို့မလို၊ ဒရိုင်ဘာမလိုတဲ့ လျှပ်စစ်ကားတွေစီးရဖို့ နီးလာပါပြီ။
တရုတ်လုပ် လျှပ်စစ်ကားတွေနဲ့ အမေရိကန်လုပ် တက်စလာ Tesla ကားကို ယှဉ်ပြိုင်ဖို့ ဂျပန်ရဲ့ ဟွန်ဒါ နဲ့ နစ်ဆန်း ကားကုမ္ပဏီ တို့ တရားဝင် ပူးပေါင်းကြပါတယ်။ မစ်ဆူဘိရှိကုမ္ပဏီလည်းပါဝင်မယ်လို့ဆိုတယ်။
ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ နာမည်ကျော်ကားကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ ဟွန်ဒါ Honda နဲ့ နစ်ဆန်း Nissan ကားကုမ္ပဏီနှစ်ခုပူးပေါင်းမယ်လို့ သတင်းထွက်နေတာ တစ်လနီးပါးရှိပါပြီ။ အခုမှ တရားဝင် သတင်းထုတ်ပြန်ကြတာဖြစ်တယ်။ လျှပ်စစ်ကားဈေးကွက်အတွက် ပိုမိုကောင်းမွန်ပြီး ခရီးရှည်မောင်းနိုင်၊ ဈေးလည်းသက်သာတဲ့ ဘက်ထရီအမျိုးအစားအသစ်ထုတ်နိုင်ရေးကို ဦးစားပေးလုပ်ကိုင်ကြမယ်။ သမရိုးကျဓာတ်ဆီအင်ဂျင်ကားတွေထုတ်လုပ်မှုလျှော့ချမယ်လို့ သိရတယ်။ နစ်ဆန်းကုမ္ပဏီ နဲ့အတူ ပူးပေါင်းထားပြီးဖြစ်တဲ့ မစ်ဆူဘီရှီ Mitsubishi ကုမ္ပဏီကလည်း ပါဝင်ပူးပေါင်းမှာဖြစ်လို့ လို့ ပူးပေါင်းမှုပြီးဆုံးတဲ့အခါ ကမ္ဘာ့တတိယမြောက်အများဆုံး ကားရောင်းချတဲ့ ကုမ္ပဏီအသစ်ဖြစ်လာမယ်။
ကမ္ဘာမှာ ကားအများဆုံး ရောင်းချနိုင်တဲ့ကုမ္ပဏီက ဂျပန်ရဲ့ နာမည်ကျော်တိုယိုတာ Toyota ကုမ္ပဏီဖြစ်ပြီး ဒုတိယ ကားကုမ္ပဏီကတော့ ဂျာမဏီက ဘောဗ်ဝက်ဂွန် Volkswagen ကုမ္ပဏီဖြစ်တယ်။
ကားထုတ်လုပ်ကြတဲ့ကုမ္ပဏီတွေ ပူးပေါင်းကြတာ အထူးအဆန်းတော့မဟုတ်ပါဘူး။ မာဆေးဒိ (မာစီဒီး) Mercedes ကားတွေထုတ်လုပ်တဲ့ ဂျာမန်က ဒိုင်မာ ဘန့်စ် Diamler-Benz နဲ့ ဂျိ (ဂျစ်) ကားထုတ်တဲ့ အမေရိကားက ခရိုင်စလာ Chrysler တို့ ပူးပေါင်းဖူးကြတယ်။ ဂျပန်တိုယိုတာ နဲ့ အမေရိကန် ဂျနယ်ရယ်မော်တာ General Motors ပူးပေါင်းဖူးကြတယ်။ နစ်ဆန်း ဆိုရင်လည်း ပြင်သစ်က ရနော့ (ရေနိုး) Renault ကားကုမ္ပဏီကြီးနဲ့ ပူးပေါင်းဖူးတယ်။ အဆင်မပြေကြတဲ့အခါ ကွဲကြတာပဲ။ ဒါကြောင့် ကားကုမ္ပဏီနာမည်တွေကတော့ အရင်အတိုင်းဆက်တည်ရှိနေမှာဖြစ်တယ်။
ဒါပေမဲ့ ဒီတစ်ခါပူးပေါင်းမှုက ထူးပါတယ်။ ခေတ်စားလာတဲ့ လျှပ်စစ်ကားဈေးကွက်ကို တရုတ်လွှမ်းမိုးမှုလျှော့ချရေး၊ အမေရိကားရဲ့ တက်စလာနဲ့ ယှဉ်ပြိုင်ရေးဖြစ်တယ်။ ဒါကြောင့်
ဈေးသက်သာပြီး ခရီးရှည်မောင်းနိုင်တဲ့ ဘက်ထရီအသစ်ထုတ်လုပ်နိုင်ဖို့ ပူးပေါင်းတီထွင်ကြံဆကြမှာဖြစ်တယ်။ တိုယိုတာကလည်း မာဇဒါ Mazda ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဘက်ထရီအသစ်ထုတ်လုပ်ဖို့ ရှိနေတယ်လို့ဆိုကြတယ်။
အမေရိကားရဲ့ နာမည်ကျော်လျှပ်စစ်ကားကုမ္ပဏီဖြစ်တဲ့ တက်စလာကုမ္ပဏီကလည်း ခရီးရှည်မောင်းနိုင်မဲ့ ဘက်ထရီအသစ်ကို မကြာခင် မိတ်ဆက်မယ်လို့ ဆိုထားသလို ဈေးသက်သာမဲ့အပြင် အလိုအလျောက်မောင်းနှင်ပေးမဲ့ တက္ကစီလျှပ်စစ်ကားသစ်တွေ မကြာမီထုတ်လုပ်မယ်လို့ ကြော်ငြာထားတယ်။
ဆန်ဖရန်စစ္စကိုမြို့လို့ လမ်းကျဉ်းပြီး အတက်အဆင်းများ၊ ကားတွေလူတွေရှုပ်ထွေးတဲ့လမ်းတွေပေါ်မှာ လူမပါပဲ အလိုအလျောက်မောင်းနှင်နေတဲ့ ဂူဂဲလ် Google ပိုင် ဝေမို Waymo တက္ကစီကားတွေအများကြီးတွေ့နေရပါပြီ။ ခရီးသည်တွေကိုလည်း လက်ခံပို့ဆောင်ပေးနေပြီ။ ဒါကြောင့် မောင်းသူမဲ့ driverless နည်းပညာဆော့ဝဲလ် software က အဆင်သင့်ရှိနေပြီ။ ဘက်ထရီအားအပြည့်နဲ့ မိုင်သုံးရာလောက်ပဲ အခုအခါမှာ သွားနိုင်သေးပေမဲ့ မကြာခင်မှာ ခရီးမိုင်ရှည်မောင်းနိုင်မဲ့ ဘက်ထရီတွေပေါ်လာတော့မယ်။
အမေရိကား နဲ့ ဂျပန်ကားကုမ္ပဏီကြီးတွေရဲ့ အပြိုင်အဆိုင်ကြိုးစားမှုကြောင့် မကြာမီမှာ စျေးသက်သာပြီး ခရီးဝေးသုံးနိုင်တဲ့လျှပ်စစ်ကားတွေကို တွေ့လာရဖွယ်ရှိလာပါပြီ။ ပစ္စည်းအရည်အသွေးအာမခံချက်မသေချာလှသလို မိမိအတွက်လုံခြုံစိတ်ချရမှု privacy လည်း မသေချာတဲ့ တရုတ်လျှပ်စစ်ကားဈေးကွက်ကို ကျော်တက်သွားမှာ သေချာပါတယ်။
လျှပ်စစ်ကားအသစ်တွေ စီးပြီး ရန်ကုန်ကနေ မန်းလေးလောက်ခရီးကို ဇိမ်နဲ့သွားကြဖို့သာ ပြင်ထားကြပေတော့ မိတ်ဆွေတို့ရေ။ မောင်းသူမဲ့ ကားလေးစီးရင်း ဖုန်းလေးပွတ်ကြတာပေါ့။ မကြာတော့မဲ့ အနာဂတ်မှာ။
ချစ်တဲ့
မောင်လူပေ
အိုဆီမန်ကို ခေါ်ယူဖို့ ယူနိုက်တက်စိတ်ဝင်စား
ဒီဇင်ဘာ ၂၇
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အခြေအနေကြောင့် ဂါလာတာစာရေးအသင်းမှာ အငှားကစားနေတဲ့ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင် စားနေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ယူနိုက်တက်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်း ခံရပြီးနောက် စိန်ခေါ်မှုအသစ် အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောထားခဲ့တာပါ။
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Sky Sports သတင်းတွေမှာ ယူနိုက်တက်အသင်းဟာ အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရက်ရှ်ဖို့ဒ်ရဲ့ အလားအလာရှိတဲ့ ထွက်ခွာမှုက အိုဆီမန် ရောက်ရှိလာဖို့အတွက် တံခါးဖွင့်ပေးတာ ဖြစ်နိုင်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိုဆီမန်ဟာ ပြီးခဲ့တဲ့နွေရာသီက နာပိုလီအသင်းကနေ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက ဂါလာတာစာရေး အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားအပြီးမှာ ၁၂ ဂိုးအထိ သွင်းယူထားတာပါ။
ယူနိုက်တက်အသင်းဟာ အိုဆီမန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ်ရှိနေပြီး သူတို့ရဲ့ နောက်ထပ်အဆင့်က ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အိုဆီမန်ကို ခေါ်ယူဖို့ နာပိုလီအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ခက်ခဲနိုင်ပြီး သူတို့ဟာ အိုဆီမန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း သတ်မှတ်ထားတာပါ။
အိုဆီမန်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းအပြင် ဥရောပထိပ်သီး အချို့ကလည်း စိတ်ဝင်စားနေပေမယ့် နာပိုလီ အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေတာ ဖြစ်ပါတယ်။
ဂါလာတာစာရေး အသင်းကလည်း ခြေစွမ်းပြသနေတဲ့ အိုဆီမန်ကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေတာပါ။
အိုဆီမန်နဲ့ နာပိုလီအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Goal
ပုံ - အိုဆီမန်ကို တွေ့ရစဉ်
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဒီဇင်ဘာ ၂၇
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၂၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၂၆၀၀၀၀ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၃၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၇၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၃၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၁၅ ကျပ်
ဝယ်ဈေး - ၃၂၅၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၅၅ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၁ ကျပ်
ဝယ်ဈေး - ၉၈၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၆၀၁ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၄၂ ကျပ်
ဝယ်ဈေး - ၂၇.၈၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၄၈ ကျပ်
ဝယ်ဈေး - ၅၁.၄၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၆ ကျပ်
ဝယ်ဈေး - ၃.၀၀ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၁၀ ကျပ်
ဝယ်ဈေး - ၅၅၀၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၉၅ ကျပ်
ဝယ်ဈေး - ၂၇၄၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၁၅ ကျပ်
ဝယ်ဈေး - ၃၀၅၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
Part-4
ဒီမိုကရေစီ ဟူသည် (၂)
ရှေးဂရိဒီမိုကရေစီ
အထက်က ဆိုခဲ့တာတွေသည် ဒီမိုကရေစီ စံချိန်ပြည့် အနေအထားမှာ မည်သို့ ရှိလိမ့်မည် ဟူသည်ကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့် “အားလုံး” “တန်းတူညီမျှ’ စသဖြင့် ဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် တကယ်လက်တွေ့ ကျင့်သုံးကြသည့်အခါ အဲသည်လောက် စံချိန်ပြည့် ဖြစ်လေ့မရှိ။
ဒီမိုကရေစီ အစပြုရာဟု ဆိုကြသည့် ဂရိဒေသ ဘီစီ ၄ ရာစု ၅ ရာစုခေတ်က အက်သင်း(စ)မြို့နိုင်ငံ (city-state) နှင့် ၎င်းအနီးဝန်းကျင်ရှိ အခြား ဒီမိုကရေစီ မြို့နိုင်ငံများ၌ ကျင့်သုံးခဲ့သည့် စနစ်မှာပင် တန်းတူညီမျှမှုနှင့် စပ်လျဉ်း၍ အားနည်းချက် ရှိခဲ့သည်။
အဲဒါက ဒီမို-ကရေစီ (လူထု-အုပ်စိုးမှု)ဟု ၎င်းတို့ ဆိုသော်လည်း၊ ၎င်းတို့ သတ်မှတ်သည့် လူထု သို့မဟုတ် အုပ်စိုးသူ လူထုထဲတွင် ယောက်ျားများချည်းသာ ပါဝင်ခြင်း ဖြစ်သည်။
မိန်းမများမပါ။ မိန်းမများကို မြို့နိုင်ငံအရေး စဉ်းစားဆုံးဖြတ်ရာတွင် ပါဝင်သင့် သူများဟု မယူဆ။
ထို့ပြင် ယောက်ျားဖြစ်သော်လည်း ပါဝင်ခွင့်မရသူတွေ ရှိသေးသည်။ အရေအတွက် အရ အများအပြားပင် ရှိသည်။ အဲဒါက ကျွန်တွေ။ ကိုယ့်ကိုယ်ကိုယ်ပင် မပိုင်သော ထိုသူတွေကို တိုင်းပြည်အရေး ဆွေးနွေးရာ၌ ထည့်သွင်းဖို့ လိုသည်ဟု မယူဆ။
ထို့ကြောင့် လွတ်လပ်သော နိုင်ငံသား ယောက်ျားများချည်းသာ တိုင်းပြည်ရေးရာ များကို စုပေါင်း ဆုံးဖြတ်ကြ စီမံခန့်ခွဲကြ၍ ၎င်းတို့ အချင်းချင်းကြား၌ကား အထက်တွင် ဖော်ပြခဲ့သည့် ဒီမိုကရေစီ အခြေခံများကို အပြည့်အဝ ကျင့်သုံးကြသည်။
ဥပမာ၊ စစ်တိုက်ခြင်း၊ စစ်ပြေငြိမ်းခြင်း စသည့် အရေးကြီးသော ကိစ္စရပ်များကို နိုင်ငံသားအားလုံး တက်ရောက်သည့် လူထုစည်းဝေးပွဲကြီး များအားဖြင့် ဆုံးဖြတ်ကြသည်။ မြို့နိုင်ငံအတွက် ဥပဒေများ ပြဋ္ဌာန်းရာ ၌လည်း ၎င်းအတိုင်းပင် ကျင့်သုံးကြသည်။ ထိုခေတ် ဂရိ မြို့နိုင်ငံများ၌တိုင်းပြည်အရေး ဆွေးနွေးရာတွင် ပါဝင်ခွင့်ရှိသည့် လွတ်လပ်သော နိုင်ငံသားဦးရေမှာ သောင်းဂဏန်းမျှသာ ရှိသည်ဖြစ်ရာ အားလုံးပါဝင်သော လူထု စည်းဝေးပွဲကြီးများ ကျင်းပနိုင်ကြ၏။
သို့သော် အမြဲ နေရာတကာ လူတိုင်း ပါဝင်မနေနိုင်ဘဲ၊ လက်တွေ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် ကိစ္စရပ်များအတွက် လူအနည်းငယ်မျှစီ ကိုသာ ပုံမှန်တာဝန် ပေးရဦးမည်ဖြစ်ရာ သတ်မှတ်ထားသော သက်တမ်း ကာလအတွင်း တာဝန်ယူရမည့်သူများကို နိုင်ငံသားများ အားလုံးထဲမှ မဲနှိုက်၍ လည်းကောင်း၊ အလှည့်ကျစနစ်ဖြင့် လည်းကောင်း ရွေးချယ်သည်။
သည်အပိုင်းတွင်ကား ဆင်းရဲချမ်းသာ မခွဲခြား၊ အတန်းအစား မခွဲခြား၊ ပညာတတ်သူ မတတ်သူ မခွဲခြား တန်းတူညီမျှထားခြင်း ဖြစ်သည်။
#ဆက်ရန်ရှိ
Part_7
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
ဒါကြောင့်မို့ ...
“ညရဲ့ ဒုက္ခထဲ မွေးဖွားလာခဲ့ပါပြီ
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့ စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး'
လို့ 'ဘောင်းဘီဝတ် မိုးတိမ် ́မှာ မာယာကော့ဖ်စကီး ရေးဖွဲ့ခဲ့တာဖြစ်တယ်။ ဒီဆောင်းပါးမှာ “ဘောင်းဘီဝတ် မိုးတိမ်’ရဲ့ ဘာသာပြန်သမိုင်းကို ငဲ့စောင်း ကြည့်ချင်သေးတယ်။ ၁၉၀၅၊ မာယာကော့ဖ်စကီး ရုရှားဘာသာနဲ့ရေးခဲ့တဲ့ “ဘောင်းဘီဝတ် မိုးတိမ်ကို ဟားဘတ်မာရှယ်က အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ၁၉၄၂ အတွင်း အင်္ဂလန်မှာ ထုတ်ဝေခဲ့တယ်။ ဒီနောက် ၁၉၅၅ အိန္ဒိယနိုင်ငံမှာ ပုံနှိပ် ပြန်တယ်။
ဒေါရီယန်ရော့တင်ဘတ်ရဲ့ အင်္ဂလိပ်ဘာသာပြန်က ၁၉၇၂ မှာမှ ဆိုဗီယက် မှာ ထုတ်ဝေခဲ့တာဖြစ်တယ်။
မောင်သာနိုးရဲ့ မြန်မာဘာသာပြန်ကို (၁၉၆၉ ကတည်းက ပြန်ဆိုထားပေမဲ့) ပြင်ဆင်တည်းဖြတ် ထုတ်ဝေနိုင်တာက ၁၉၈၁ အတွင်းလို့ ဆိုတယ်။
ထုတ်ဝေမှုအပိုင်းမှာ ဟားဘတ်မာရှယ်နဲ့ ဒေါရီယန်ရော့တင်ဘတ်က နှစ် ပေါင်း ၃ဝ ကွာတယ်။
ဟားဘတ်မာရှယ်နဲ့ မောင်သာနိုးက နှစ်ပေါင်း ၄၀ နီးပါး။
ဒေါရီယန်ရော့တင်ဘတ်ရဲ့ အင်္ဂလိပ်ဘာသာပြန်ဟာ ဟားဘတ်မာရှယ်ရဲ့ အင်္ဂလိပ်ဘာသာပြန်ကို တချို့နေရာမှာ နည်းနည်းယူပါတယ်။ အထူးသဖြင့် အင်္ဂလိပ် စကားလုံး ရွေးချယ်သုံးနှုန်းရာမှာပါ။
*'Let the flags flutter in a fury of cannon-fire,
like in all respectable holiday-rites,
lamp-post raise yet higher
the bloody carcases of parasites.'
(ဟားဘတ်မာရှယ်ရဲ့ မူ)
*‘Lamp posts, come on hoist them higher, Shop-keepers' bloody in the fever of fire
as befitting proper holidays.'
(ဒေါရီယန်ရော့တင်ဘတ်ရဲ့ မူ)
*Flag, flutter, fury fire.
(ဟားဘတ်မာရှယ်ရဲ့မူ)
*Flag, flutter, fever fire.
(ဒေါရီယန်ရော့တင်ဘတ်ရဲ့ မူ)
မောင်သာနိုးကလည်း ဒီအပိုဒ်ကို ကြောင်းရေတူ၊ ကာရန်တူနဲ့ ကဗျာမှုပါ အောင် ဘာသာပြန်လိုက်ပါတယ်။ ဟားဘတ်မာရှယ်ရဲ့ cannon-fire ရော၊ ရောတင်ဘတ်ရဲ့ fever of fire ရော နှစ်ခုစလုံးပါနိုင်အောင် ကြိုးစားထားတာ တွေ့ ရတယ်။
#ဆက်ရန်ရှိ