Shhhhh!

39 w - Translate

ဘုန်းမောက်နဲ့ ဖူဟမ်ပွဲကတော့ သူတစ်ပြန် ကိုယ်တစ်ပြန် ကြည့်ကောင်းခဲ့တဲ့ပွဲ ဖြစ်တဲ့အပြင်
နှစ်သင်းစလုံးရဲ့ ကစားသအားတွေထဲမှာ ကွာလတီ ကစားသမားတွေရှိတယ်
ဘုန်းမောက်အတွက် ဒုတိယမြောက် သွင်းတဲ့ဂိုးဆို
တော်တော် လေးအဆင့်မှီတယ် ပြောရမယ်

image

"ကိုက်လန်
.................
ကိုက်လန်ကို နုတဲ့နေရာထိ အပင်လိုက်ယူပါ။ ရေဆေး၊စစ်၍ ရေဆူဆူမှာခနပြုတ်ပါ။ ပြီးရင်ရေစစ်ပြီးပန်ကန်ထဲထည့်ထားပါ။ ဆား၊ သကြား၊ရသာမှုန့်နှင့်ကော်မှုန့်တို့ကို ရေဖျော်၍ ပွက်လာအောင်တည်ပါ။ အရည်ပျစ်လာရင် ကော်ရည်ဖြစ်သွားပြီ။ ပြီးရင်ကိုက်လန်ပေါ်လောင်းချပေးပါ။ ကြက်သွန်ဖြူ ဆီကျက်ဖြူ း၍ စားသုံးနိုင်ပါပြီ။

image
39 w - Translate

တစ်နှစ်အတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၃၃) စင်းဝင်ရောက်ခဲ့

ယခု ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၃) စင်းဝင်ရောက် ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း ၊မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင်လည်း (၅၀) စင်း၊မေလတွင် (၅၂) စင်း၊ ဇွန်လတွင် (၅၀) စင်း၊ ဇူလိုင်လတွင် (၅၀) စင်း၊ ဩဂုတ်လတွင် (၅၀) စင်း၊ စက်တင်ဘာလတွင် (၅၅) စင်း ၊ အောက်တိုဘာလတွင် (၅၂)စင်း၊ နိုဝင်ဘာလတွင် (၅၇) စင်း၊ ဒီဇင်ဘာလတွင် (၆၀) ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၂) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

image
39 w - Translate

လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် ကျင်းပမည်

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ စတုတ္ထအကြိမ်မြောက်လွိုင်မွေ ဒေသချယ်ရီပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ လွိုင်မွေဒေသတွင် စတုတ္ထအကြိမ် ချယ်ရီပန်းပွဲတော် ၂၀၂၅ ကို ဇန်နဝါရီလ (၁) ရက်မှ (၅) ရက်အထိ လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေဒေသတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ် ဆောင်းရာသီကာလ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ချယ်ရီပန်းများပွင့်ဖူးချိန်တွင် ရက်သတ်မှတ်ကာ ချယ်ရီပန်းပွဲတော်ကျင်းပလေ့ရှိကြောင်း သိရသည်။

လွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန်တွင် ရှမ်းအရှေ့ဒေသရှိ ပြည်သူများ သွားရောက်ကြည့်ရှု၍ ဓာတ်ပုံရိုက်လေ့ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ချယ်ရီပန်ပွဲတော်ကာလ ငါးရက်အတွင်း နံနက် (၉) နာရီမှ (၁၁) နာရီအထိ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဂုံရှမ်း၊ အာခါ၊ လားဟူ၊"ဝ"၊ လီ ဆူ၊ လွယ်၊ အားခေ တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ၊ MSME လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် စသည့် အကြောင်းအရာကို ပြခန်းများဖြင့် ပြသ၊ ရောင်းချပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။

လွိုင်မွေတောင်စခန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၅၅၄၂) တွင် တည်ရှိပြီး အထင်ကရ လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ်စသည့် အမှတ်တရ ဓာတ်ပုံရိုက်ကူးသည့်နေရာများ များပြားသည့်အပြင် ဆောင်းရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အဆိုပါရာသီတွင် ချယ်ရီပန်းများ ပွင့်ကြသော်လည်း လွိုင်မွေ ချယ်ရီပန်းများ ဒေသကဲ့သို့ အများအပြား အစုလိုက်အပြုံလိုက် ပွင့်သောနေရာ ရှားပါးကြောင်း သိရသည်။

image
39 w - Translate

LED Bedroom Inspo 🤍✨

image
39 w - Translate

LED Bedroom Inspo 🤍✨

image
39 w - Translate

LED Bedroom Inspo 🤍✨

image
39 w - Translate

LED Bedroom Inspo 🤍✨

image
39 w - Translate

LED Bedroom Inspo 🤍✨

image