1 နှစ် - ဘာသာပြန်ပါ။

နေနှင့်အနီးကပ်ဆုံးချဉ်းကပ်ရန် နာဆာ ကြိုးပမ်း
--------------------
Nasa အာကာသယာဉ်ဟာ နေရဲ့အနီးအနားကို အနီးကပ်ဆုံး ချဉ်းကပ်ပြီး သမိုင်းသစ်ဝင်ဖို့ ကြိုးပမ်းနေကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။ Nasa အာကာသယာဉ်ဟာ နေအနီးကို ၂၁ ကြိမ်တိတိ ဖြတ်သန်းမှုတွေ ပြုလုပ်ခဲ့ပြီး နှစ်သစ်ကူးည မတိုင်ခင်မှာ သမိုင်းသစ်တင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Parker Solar Probe ထုတ်ပြန်ချက်အရ Nasa အာကာသယာဉ်ဟာ အပြင်ဘက်လေထုထဲကို ထိုးဆင်းနေပြီး ပြင်းထန်တဲ့ အပူချိန်နဲ့ ရောင်ခြည်တွေကို ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။

ပျံသန်းမှုအတွင်း ရက်အတော်ကြာ ဆက်သွယ်ရေးပြတ်တောက်နေပြီး သိပ္ပံပညာရှင်တွေက ဆက်လက် ရှင်သန် ခြင်း ရှိမရှိကို သိရှိနိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အချက်ပြမှုကို စောင့်ဆိုင်းနေမှာ ဖြစ်ပါ တယ်။ လူတွေဟာ ရာစုနှစ်ပေါင်းများစွာ နေကို လေ့လာခဲ့ကြပေမယ့် နေအနီးအနားကို တကယ်သွားလာနိုင်မယ့် လမ်းစဉ်ကိုတော့ မစဉ်းစားမိကြပါဘူး။ ဒါပေမဲ့ အခုအခါမှာတော့ နေအနီးက နေရာတစ်ခုရဲ့ လေထုကို ခံစားသိရှိ နိုင်ဖို့အတွက် အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ Nasa က သိပ္ပံပညာရှင်တစ်ယောက်က ပြောကြားထားပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

So Cool....

image
1 နှစ် - ဘာသာပြန်ပါ။

နယ်စပ်လုံခြုံရေးအတွက် လိုအပ်သည့်အစီအမံမှန်သမျှ လုပ်ဆောင်မည်ဟု ဘင်္ဂလားဒေ့ရှ်ပြော
မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက် လုံခြုံရေးအတွက် လိုအပ်သည့်လုပ်ငန်းအစီအစဉ်မှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၌ မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေစဉ် နယ်စပ်လုံခြုံရေးအတွက် လိုအပ်သည့်လုပ်ငန်း အစီအစဉ်မှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြောလာခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် နယ်စပ်ချင်း အရှည် ၂၇၁ ကီလိုမီတာအထိ ထိစပ်နေသော နိုင်ငံများဖြစ်ကြသည်။
မိမိတို့အနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လုံခြုံရေးအတွက် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၄ ရက် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်း စစ်ရေးပဋိပက္ခများကြောင့် နယ်စပ်တစ်လျှောက် စစ်ရေးအရ နေရာယူထားမှု မြှင့်တင်ရေးအတွက်လည်း စဉ်းစားနေဖွယ်ရှိကြောင်း သိရသည်။
မိမိတို့အနေဖြင့် မြန်မာနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်၌ စစ်အင်အား မြှင့်တင်ရေး ဆုံးဖြတ်ချက်အတွက် ရက်အနည်းငယ် အချိန်ယူ စောင့်ဆိုင်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
သတင်း - ဗျည်းနွဲ့
ကိုးကား
#updatenews

image
1 နှစ် - ဘာသာပြန်ပါ။

♨ ♨ ♨ ရုံးပတီသီး ရခိုင်ချက် ♨ ♨ ♨

အသားဟင်းတေချည်း အမြဲစားနေကျမို. အသီးအရွက် လေး ကိုပြောင်းစားချင်ပါတယ်ဆိုရင်တော.
ငွေကုန်သက်သာ စားလို.လဲကောင်း
ချက်ရတာလဲမြန်တဲ. ရုံးပတီသီး ရခိုင်ချက်လေး
လုပ်စားကြည်.ရအောင် ♨ ♨ ♨

ရုံးပတီသီး လေးတွေကို အလယ်ကနေ အရှည်လိုက်
ထက်ခြမ်းခွဲထားပါ ။

ကွကျသှနျဖွူ ၊ ငရုတျသီး အစိမျး တို.ကို ဆုံမှာ ရောထောငျးပွီး ဆီသတျပေးပါ ။

ဆီသတ်ပြီးရင် စောစောက ရုံးပတီသီး လေးတွေထည်. ။ မျှင်ငါးပိ လေးထည်. ။ ပုဇွန်ခြောက်မှုန် လေးထည်. အရသာလေးမြည်းကြည်.ပါ ။
အနေတော်ဆိုရင်တော. စားလို.ရပါပြီ။

၇ုံးပတီသီးကို ထည်.ချိန်မှာ အဖုံးဖုံးဖို.မလိုသလိူ
အကြာကြီး တည်ထားဖို.မလိုပါဖူး။

အဖုံးဖုံးလိုက်ရင် အစိမ်းရောင် ပျောက်သွားပြီး
အကြာကြီးတည်ထားရင် အရမ်းပျော.သွားပြီး
စားမကောင်းတတ်တာမို. ခနသာ တည်ပေးပါ ။

စားလို.ကောင်းတဲ. ရခိုင်ရုံးပတီသီး အစပ်လေးပါ ♨
Crd

image
1 နှစ် - ဘာသာပြန်ပါ။

ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း အသက်(၉၂)နှစ်တွင် ကွယ်လွန်
-------------------------
အိန္ဒိယစီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ ဗိသုကာဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဟာ အသက်(၉၂)နှစ် အရွယ်မှာ ကြာသပတေးနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဆင်းဟာ ဝန်ကြီး ချုပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ ၂၀၀၄ -၂၀၁၄ ကာလအတွင်း စီးပွားရေး ဖြေလျှော့မှုတွေများစွာနဲ့အတူ ပြုပြင်ပြောင်းလဲရေးကို ပဲ့ကိုင်ခဲ့တဲ့ ဗိသုကာအဖြစ် သတ်မှတ်ခံထားရသူပါ။

ဝန်ကြီးချုပ်မဖြစ်ခင်က ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဝန်ကြီး စတဲ့ ရာထူး တွေကိုလည်း တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ်မိုဒီကလည်း ဆင်းနဲ့ သိကျွမ်းဆက်ဆံခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဆင်းရဲ့ ဉာဏ်ပညာနဲ့ နှိမ့်ချမှုကို အမြဲတမ်း ထင်ရှားစွာတွေ့ခဲ့ရပြီး ပြည်သူ့ဘ၀ တိုးတက်ရေးအတွက် စွမ်းစွမ်းတမံ အားထုတ်လုပ်ဆောင်ခဲ့သူလို့ မှတ်ချက်ပြု ပြောဆိုပါတယ်။

ကွန်ဂရက်စ်ပါတီ ခေါင်းဆောင် ရာအူးလ် ဂန္ဒီကလည်း သူ့အနေနဲ့ အကြံပေး လမ်းပြပေးမဲ့သူတစ်ယောက် ဆုံးရှုံး လိုက်ရပြီလို့ ဆင်း ကွယ်လွန်ခြင်းအပေါ်မှာ မှတ်ချက်ပြု ပါတယ်။ ဆင်းဟာ ဂျဝါဟာလာနေရူး နောက်ပိုင်း ဒုတိယ အကြိမ် ဝန်ကြီးချုပ် သက်တမ်း ပြန်အရွေးခံရတဲ့ ပထမဆုံး အိန္ဒိယခေါင်းဆောင်ဖြစ်ခဲ့သလို နိုင်ငံ့အမြင့်ဆုံး ရာထူး ကို ပထမဆုံး ထမ်း ဆောင်ခဲ့တဲ့ ဆစ်ခ်အမျိးသား တစ်ယောက်လည်း ဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း ဆစ်ခ်(၃၀၀၀) သေဆုံးခဲ့ရမှုအပေါ် ပါလီမန်ကနေတစ်ဆင့် လူထု ကို တရားဝင် တောင်းပန်ခဲ့ဖူးသလို သူ့ရဲ့ ဒုတိယ အကြိမ် သက်တမ်းအတွင်းမှာလည်း ခြစားမှုစွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်ကနေ (Dphil)ဘွဲ့ ရရှိခဲ့သူ ဆင်းဟာ ၁၉၉၁ ခုနှစ် အိန္ဒိယနိုင်ငံ ဒေဝါ လီခံရမှုနဲ့ ရင်ဆိုင်နေရချိန် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့နောက် နိုင်ငံရေးလောကမှာ ထင်ပေါ်ကျော် ကြား လာခဲ့သူဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
image
image
image