ရန်ကုန် - မန္တလေးအမြန်လမ်းမှာဘုရားဖူးexpressတိမ်းမှောက်လို့ တယောက်သေ၊ ၃၄ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/၀)နဲ့(၁၁၇/၁)ကြားမှာ ဇန်နဝါရီလ ၁ ရက်နေ့ ၊နေ့လယ် ၃ နာရီကျော်လောက်မှာ Yutong Express ကား တိမ်းမှောက်ပြီး တယောက်သေကာ ၃၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ Express ကားက ဘုရားဖူးကားဖြစ်ပြီး နေပြည်တော်ကနေ ရန်ကုန်ကိုသွားတဲ့ကားဖြစ်တယ်လို့သိရပါတယ်။

" ကားမှောက်တာမှန်ပါတယ်။ထိခိုက်ဒဏ်ရာရကလည်းမီးသတ်ကထုတ်တဲ့အတိုင်းပဲ။ကားကဘုရားဖူးကားလို့သိရတယ်။" လို့ဖြူး အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

အဆိုပါ express ကားပေါ်မှာ ယောကျ်ားလေး ၁၁ ယောက်နဲ့မိန်းကလေး ၃၄ ယောက်လိုက်ပါလာတာဖြစ်ကြောင်း၊ အဲဒီထဲကမှ ယောကျ်ားလေးအားလုံးနဲ့မိန်းကလေး၂၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိန်းကလေးတယောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးနဲ့သေဆုံးသူကို ဖြူးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်ကလည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၃/၂)နဒ့ (၇၃/၃) အကြားမှာကားတစီး ယာဉ်(၁)စီး ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို တိုက်မိမှုဖြစ်ပွားကာ မိန်းကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ လကနေ အောက်တိုဘာလအထိဆယ်လတာကာလအတွင်းမှာဆိုရင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်တိုက်မှုပေါင်း ၃၂၃၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

သန်ကောင်တွေရှိနေရင် အဖြစ်အများဆုံး လက္ခဏာ တစ်ခုကတော့ 👇🏻

ယားယံခြင်းပဲဖြစ်ပါတယ် 😱...ဒါ‌ကြောင့် ၆ လတစ်ကြိမ် သန်ချပါ 🥰

" သန်ချ ကျန်းမာ ပြုံးပျော်ပါ 🥰 "

#crdphoto
#ကျန်းမာရေးဆိုင်ရာဗဟုသုတ

image
30 w - Translate

တောင်ကိုရီးယားရဲ့ အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှုအတွင်း လူပေါင်း ၁၇၉ ယောက်သေဆုံး

AFP

ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို လူပေါင်း ၁၈၁ ယောက် တင်ဆောင်ပျံသန်းလာတဲ့ ဂျေဂျူးလေကြောင်းလိုင်းပိုင် လေယာဥ်တစင်းဟာ ဒီဇင်ဘာ ၂၉ ရက်က လေဆိပ်ကို ဆင်းသက်ချိန်မှာ ပျက်ကျပြီး အတားအဆီးတခုကို ဝင်တိုက်ကာ မီးလောင်ပေါက်ကွဲခဲ့တာကြောင့် အပျက်အစီးတွေနဲ့အတူ လွင့်ထွက်သွားခဲ့တဲ့ လေယာဥ်အမှုထမ်းနှစ်ယောက်ကလွဲလို့ ကျန်လိုက်ပါလာသူအားလုံး သေဆုံးသွားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုးရွားဆုံး ဒီလေယာဥ်မတော်တဆမှုဟာ ငှက်ကိုဝင်တိုက်ခဲ့တာကြောင့် ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ဒီဖြစ်စဥ်မှာ ခရီးသည်တွေဟာ ‌လေယာဉ်ကနေ လွင့်ထွက်သွားခဲ့ပြီး လေယာဥ်ဟာလည်း ရစရာမရှိလောက်အောင် ပျက်စီးသွားခဲ့တယ်လို့ မီးသတ်အရာရှိတွေက ဆိုပါတယ်။

#တောင်ကိုရီးယား #လေယာဉ်ပျက်ကျမှု

imageimage
30 w - Translate

Genres - Adventure, Fantasy, Comedy, Isekai

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ရီရမယ့် Isekai ကားသစ်လေးပါဗျ ၊ 1 လပိုင်း 2 ရက်ယ‌နေ့မှာထွက်ရှိလို့လာမဲ့ကားသစ်လေးလဲဖြစ်ပါတယ်နော်။

Uchimura Dennosuke ဆိုတဲ့ လခစားဝန်ထမ်းတစ်ယောက်ဟာ တခြားကမ္ဘာကို ကူးပြောင်းခံရပြီး နတ်ဆိုးဘုရင်ရဲ့ စစ်တပ်ထဲမှာ အလုပ်လုပ်ရဖို့ ကံကြမ္မာငင်ခဲ့လေရဲ့...နတ်ဆိုးဘုရင်တပ်ထဲမှာ အဲ့ဒီကမ္ဘာကို အုပ်စိုးနေတဲ့ King လေးယောက်ရှိတဲ့အနက် Uchimura လည်း တစ်ယောက်အပါအဝင်ပေါ့။

Uchimura က နတ်ဆိုးဘုရင်တပ်ထဲမှာဆို စီးပွားရေးလုပ်ရမဲ့ ဒါရိုက်တာ ရာထူးကိုရထားသူပါ ၊ ဒါပေမဲ့ အဲ့နတ်ဆိုးဘုရင်တပ်ထဲမှာ စီးပွားရေးလုပ်ရတာက နေ့တိုင်းသေရေးရှင်ရေးလို ဖြစ်နေတဲ့အခါ....ကြုံလာသမျှအခက်အခဲတွေကို လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ရှိခဲ့တုန်းက အတွေ့အကြုံတွေကိုသုံးပြီး ဘယ်လိုဖြတ်ကျော်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထွက်လာရင်ကြည့်ရှူကြည့်လိုက်ပါအုံးနော်...
#anihub

image
image
image
image

အပိုင်း(1)
သူဌေးသမီးလေးနဲ့ အရောင်းဝန်ထမ်း🍁

30 w - Translate

The Con-Heartist"
ရည်းစားဟောင်းကြောင့် အကြွေးတွေပိနေပြီး ဘဝကိုခြိုးခြံချွေတာရင်း အလုပ်လုပ်လိုက် အကြွေးဆပ်လိုက်နဲ့ သံသရာလည်နေရတဲ့ ဘဏ်ဝန်ထမ်းမလေး "အီနာ"

လိမ်နည်းပေါင်းစုံကို ကျွမ်းကျင်တတ်မြောက်တဲ့ အကြီးစားလူလိမ်ဖြစ်သူ "နိုင်ထေဝါ"

အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားတွေ့ဆုံခဲ့ကြပြီး အီနာရဲ့ရည်းစားဟောင်းကို လက်စားချေဖို့အတွက် အတူပူးပေါင်းဖို့ဆုံးဖြတ်ခဲ့ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ခြင်းတွေနဲ့အတူ စတင်ခဲ့တဲ့ သူတို့ရဲ့ Planက အဆံုးမှာ အောင်မြင်သွားမလား.?….နိုင်ထေဝါတစ်ယောက် သူ့ရဲ့ဗီဇအတိုင်း အီနာကိုပါ လှည့်စားခဲ့မလားဆိုတာ...?.စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဟာသဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

မင်းသားချော P'Nadech နဲ့ မင်းသမီးချော Baifernတို့ အဓိကပါဝင်ထားတာမို့ လုံးဝ(လုံးဝ)လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါနော်🥰🥰
#crd

image

ရွေးချယ်စရာတွေများလာတဲ့အခါ
ကျွန်တော်တို့ဟာ ဂျောင်ထိုးထားခံရပါတယ်
#စာရယ် ကဗျာရယ်

ယူနိုက်တက် တန်းဆင်းရမယ့်အန္တရာယ်ရှိနေတယ်လို့ အာမိုရင်သတိပေး

ဇန်နဝါရီ ၂

ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နည်းပြအာမိုရင်က အသင်းအနေနဲ့ တိုးတက်မှုမရှိလာဘူးဆိုရင် တန်းဆင်းရမယ့် အန္တရာယ်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

အာမိုရင်က “တန်းဆင်းဖို့ဆိုတာ ဖြစ်နိုင်ဖွယ်ရှိတဲ့အရာလို့ ကျနော်ထင်ပြီး ပရိသတ်တွေအနေနဲ့ ဒါကို ရှင်းရှင်းလင်းလင်းရှိရမှာပါ။ တစ်ခုခုကို ပြောင်းလဲဖို့ လိုအပ်ပေမယ့် ဒီရာသီကလူတိုင်းအတွက် အလွန်ခက်ခဲပါလိမ့်မယ်။ ဒါက ကျနော်တို့ကို ပိုသန်မာစေပြီး တိုက်ပွဲဝင်ရမှာပါ။ ကလပ်ရဲ့သမိုင်းမှာ အဆိုးရွားဆုံး အခိုက်အတန့် တစ်ခုဖြစ်နေတယ်ဆိုတာ ကျနော်တို့လက်ခံရမှာပါ"လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီးနောက် အိမ်ကွင်း ၃ ပွဲဆက်တိုက် အရေးနိမ့်ခဲ့သလို ဒီဇင်ဘာလထဲမှာ ပြိုင်ပွဲစုံ ၆ ပွဲအထိ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာလထဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲတွေမှာ ပေးဂိုး ၁၈ ဂိုးအထိ ပေးခဲ့ရပြီး အသင်းရဲ့အဆိုးရွားဆုံး အခြေအနေကို ကြုံတွေ့နေရတာပါ။

ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်ကာ ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ခဲ့သလို တန်းဆင်းဇုန် အထက်ကအသင်းနဲ့ ၇ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ပွဲတွေမှာ ရလဒ်တွေမကောင်းရင် တန်းဆင်းဇုန်နဲ့ ပိုပြီးနီးကပ်သွားနိုင်တာကြောင့် နည်းပြအာမိုရင်က သတိပေးမှုပြုလုပ်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal

#centralnewsnaypyitaw

image
image
image
30 w - Translate

ငေးကြည့်ရုံလေးပါဘဲ...
ခင်ဗျားနားကို လာဖို့မရဲခဲ့သလို
ခင်ဗျားကလည်း ကျွန်တော့်အတွက်မဟုတ်ခဲ့ဘူး...
#စာတို

❝မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိမ်လည်မှုပြုလုပ်သည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်ထုတ်ပြန်❞

 ဇန်နဝါရီ ၂

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ ငွေကြေးလိမ်လည်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့်လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီဇင်ဘာ (၃၁) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက Kpay အကောင့်အတွင်းမှ ငွေကြေးများအပြင် အဆိုပါ Kpay အကောင့်နှင့်ချိတ်ဆက်ထားသည့် ဘဏ်အကောင့်အတွင်းမှ ငွေကြေး သိန်ဆယ်ချီ ဖောက်ထွင်းခိုးယူခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီးနောက် ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အများပြည်သူ များအနေဖြင့် မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်းများသုံးစွဲမှု များပြားလာကြောင်းနှင့် ထိုသို့ သုံးစွဲလျက်ရှိသည့်အတွက် မသမာသူများမှလည်း မသိနားမလည်သူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် လိမ်လည်လှည့်ဖြားမှုနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သုံးစွဲသူများ၏ ကိုယ်ရေးအချက် အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူ စုဆောင်းခြင်း၊ OTP နံပတ်များ၊ လုံခြုံရေးနံပါတ် (Password) များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူခြင်း၊ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်လုပ်ငန်းများ နှင့် ၎င်းတို့နှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူ (Third Party Service Provider) များ၏ စနစ်အား ဖောက်ထွင်း၍ နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများ ဆောင်ရွက်ပြီး၊ သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအား ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက် လာကြကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက် တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ OTP နံပါတ်များ၊ လုံခြုံရေးနံပါတ် (Password) များနှင့် ကိုယ်ရေးအချက်အလက်များအား အခြားနည်းလမ်း ဖြင့် ရရှိခြင်းကြောင့်ဖြစ်ပွားသည့် လိမ်လည်မှုဖြစ်စဉ်များအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက သုံးစွဲသူများ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

အလားတူ မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် နည်းပညာအသုံးပြု လိမ်လည်ခြင်းများကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားသည့် မိုဘိုင်းငွေကြေးလုပ်ငန်းများ ကိုသာ အသုံးပြုကြပါရန်နှင့် ပို့ဆောင်‌ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အသိမှတ်ပြု မှတ်ပုံတင်ထားသည့် SIM Card များကိုသာ အသုံးပြုကြပါရန်လည်း တိုက်တွန်းထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
//