Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တောင်ဝိုင်းတောင်ကို ဘုရားဖူးထွက်လာတဲ့ယာဉ် ဘရိတ်ပေါက်ကာ ချောက်ထဲထိုးကျပြီး ယာဉ်ပေါ်ပါ လူ ၁၁ ဦး ဒဏ်ရာရ
ဇန်နဝါရီ ၂
မွန်ပြည်နယ်ရှိ တောင်ဝိုင်းတောင်အဆင်းကားလမ်းမှာ အလည်အပတ်လာရောက်တဲ့ ကားတစ်စီးချောက်ထဲထိုးကျခဲ့တဲ့အတွက် ယာဉ်ပေါ်ပါ လူ ၁၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၁ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ဘိုဘိုဝင်းလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်ပေါ်အဆင်း ကားလမ်းအကွေ့အရောက်မှာ လူ ၁၆ ဦးတင်ဆောင်လာတဲ့ အဆိုပါ Light Truck ယာဉ်က ဘရိတ်ပေါက်ကာ ပေ ၄၀ ခန့် နက်တဲ့ တောင်အောက်ကို ထိုးကျသွားတာလို့ သိရပါတယ်။
မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ထိုးကျပြီး သစ်ပင်နဲ့ခံနေလို့ ကံကောင်းကြတာ။ သူတို့က မော်လမြိုင် ကျောက်တန်းဘက်က ဝဥထုတ်တဲ့ စက်ရုံလာတည်နေတဲ့ ပန်းရံဆရာနဲ့ အဖွဲ့လို့ သိရတယ်။ ဘုရားဖူးအလည်အပတ်လာရင်းဖြစ်တာပါ။ ပြင်းထန်စိုးရိမ်ရတာမျိုးတော့မဖြစ်ပါဘူး။ သာမာန်ပေါက်ပြဲသွေးထွက်လောက်ပဲ။ ကားကတော့ မနက်မှ ဆွဲတင်လို့ရမယ်” လို့ ပြောပါတယ်။
ယာဉ်ပေါ်ပါသူ ကျား/မ ၁၅ ဦး၊ ကလေးငယ် ၁ ဦး၊စုပေါင်း ၁၆ ဦးအနက် ကျား/ မ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်တဲ့ မြေပြင်ပြုစုမှု ပြုလုပ်ပေးပြီး မော်လမြိုင်ဆေးရုံကြီးဆီလူနာတင်ယာဉ် ၂ စီးနဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#centralnewsnayptitaw
၂၀၂၅ ခုနှစ် မင်္ဂလာနှစ်သစ်မှာ မိသားစုနဲ့အတူပျော်ရွှင်မှုမျှဝေနိုင်ပါစေ ဆိုတဲ့ ဝတ်မှုန်ရွှေရည်
ဇန်နဝါရီ ၂
ပရိသတ်ချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ ၂၀၂၄ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၅ ခုနှစ် မင်္ဂလာနှစ်သစ်မှာ မိသားစုနဲ့အတူ ပျော်ရွှင်မှုမျှဝေနိုင်ပါစေလို့ ဆိုလာပါတယ်။
“၂၀၂၅ မင်္ဂလာနှစ်သစ်မှာစိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး တန်ဖိုးထားရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်မှုတွေမျှဝေနိုင်ပါစေ…..။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေလည်း မြင့်တက်ပြီးအလုပ်အကိုင်တွေလည်း တိုးတက်အောင်မြင်ပါစေ။ ပြည့်စုံသည်ထက် ပိုမိုပြည့်စုံပါစေကြောင်း ဆုတောင်းလိုက်ပါတယ်” လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပရိသတ်ကို ဆုမွန်ကောင်းတောင်း ပေးလိုက်တာပါ။
သူ့မကတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး ၄ နှစ်ကြာမှ ပြန်လည်ရိုက်ကူးထားတဲ့ “တိမ်ပန်းချီ” ရုပ်ရှင် ဇာတ်ကားက ပရိသတ်တွေကြားရေပန်းစားနေတာပါ။ ဝတ်မှုန်ရွှေရည်ဟာ “တိမ်ပန်းချီ” ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲက အကယ်ဒမီကို ရရှိနေတာလည်းဖြစ်ပါတယ်။
#သတင်းဟင်းလေးအိုးကြီး
မိုးကုတ်ပတ္တမြား နီလာ ဥဿဖယား🩷💙💛
အဲ့လိုအတွဲလေး လော့ကတ်ခတ်ရင်တအားလှမှာ
အလှလေး၃ပွင့်စုထားပေးတာ
ကွဲအက်နာကင်း ဖန်သားမှန်သား အလှလေးတွေကြီးပဲ
#gems
မိုးကုတ်ပတ္တမြား နီလာ ဥဿဖယား🩷💙💛
အဲ့လိုအတွဲလေး လော့ကတ်ခတ်ရင်တအားလှမှာ
အလှလေး၃ပွင့်စုထားပေးတာ
ကွဲအက်နာကင်း ဖန်သားမှန်သား အလှလေးတွေကြီးပဲ
#gems
မိုးကုတ်ပတ္တမြား နီလာ ဥဿဖယား🩷💙💛
အဲ့လိုအတွဲလေး လော့ကတ်ခတ်ရင်တအားလှမှာ
အလှလေး၃ပွင့်စုထားပေးတာ
ကွဲအက်နာကင်း ဖန်သားမှန်သား အလှလေးတွေကြီးပဲ
#gems
2 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,360
USD Sell - MMK 4,430
EUR Buy - MMK 4,505
EUR Sell - MMK 4,595
SGD Buy - MMK 3,255
SGD Sell - MMK 3,305
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 27.63
JPY Sell - MMK 28.17
MYR Buy - MMK 970
MYR Sell - MMK 990
CNY Buy - MMK 596
CNY Sell - MMK 609
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,800,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,160,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application