1 နှစ် - ဘာသာပြန်ပါ။

၂၀၂၄ ခုနှစ်တွင် စာရင်းကောက်ခံမှုအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ သန်းကျော်သာရှိကာ ပြီးခဲ့သည့် ၁၀ နှစ်ကထက် အနည်းငယ်လျော့ကျ

ဒီဇင်ဘာ ၃၁

၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် လူဦးရေပညာအရ စိစစ်ရရှိသည့် လူဦးရေအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၃ သန်းဖြစ်ကာ ပြီးခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ်လျော့ကျသွားကြောင်း ယနေ့တွင် နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ကြေညာချက်မှ သိရသည်။

“လူဦးရေပြောင်းလဲခြင်းကိုဖြစ်ပေါ်စေဖို့ရာ မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့ ရွှေ့ပြောင်းခြင်းဆိုတဲ့ အကြောင်းအရင်း ၃ ရပ်ရှိတာမို့ ဒီလိုလူဦးရေလျော့ကျလာခြင်းရဲ့ အဓိကအကြောင်းအရင်းကို ပင်မအစီအရင်ခံစာ ထုတ်ပြန်ချိန်မှာ လေ့လာဖော်ထုတ်သွားမှာဖြစ်ပါတယ်” ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူဦးရေစာရင်းသည် ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၅ သန်းဖြစ်သည့်အတွက် ယခု ၂၀၂၄ ခုနှစ်စာရင်းအရ သုည ဒသမ ၂ သန်း လျော့ကျခဲ့သည်။ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲလာမှုကို ကြည့်မည်ဆိုပါက ၁၈၉၁ ခုနှစ် သန်းခေါင် စာရင်းအရ ၇ ဒသမ ၇ သန်း၊ ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၂၁ ခုနှစ်တွင် ၁၃ ဒသမ ၂ သန်း၊ ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃ သန်းဖြစ်သည်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

နှစ်သစ်အစကို ဘာplan ညာplanနဲ့
လျှောက်တွေးနေမယ့်အစား
နှစ်စ ကတည်းက မိသားစုကိုပိုချစ်ပေးဖို့ပြင်
ဘုရားတရားပိုလုပ် စိတ်ကိုစုစည်း
ပြီးတော့…လုပ်နေတဲ့အလုပ်တွေကို အာရုံစိုက်
ကောင်းပေးတဲ့မိတ်ဆွေကို ကျေးဇူးသိပြီးခင်တွယ်
သူများအကြောင်းစိတ်ဝင်စားတာလျှော့
အကောင်းမြင်စိတ် ပိုလို့မွေး
ပညာရပ်တစ်ခုခုကိုစဉ်ဆက်မပြတ်လေ့လာ
အဲလိုသာဆိုရင် နှစ်တွေဘယ်လိုပြောင်းပြောင်း
ကံစီမံရာပြီးရင် ကိုယ်စီမံရာက သူများထက်သာမှာပါ❤️

ထိုင်းနိုင်ငံတွင် ကားအပိုပစ္စည်း ထုတ်လုပ်သည့်စက်ရုံတစ်ခုအတွင်း ထပ်ခိုးကြမ်းပြင်တစ်ခု ပြိုကျ၍ အလုပ်သမားငါးဦးသေဆုံး

ဒီဇင်ဘာ ၃၁

ထိုင်းနိုင်ငံ၊ ပရာချင်းဘူရီပြည်နယ်အတွင်း ဆရီမဟာပေါ့ခရိုင်မှာရှိတဲ့ ကားအပိုပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံတစ်ခုမှာ အလုပ်သမားတွေပြောင်းရွှေ့နေတဲ့ ထပ်ခိုးကြမ်းပြင်တစ်ခု ဒီဇင်ဘာ ၃၀ ရက် နံနက်က ပြိုကျခဲ့ရာ စက်ရုံအလုပ်သမားငါးဦးသေဆုံးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ဖြစ်ရပ်က Tha Tum မြို့နယ်အတွင်း ရိုဂျာနာ စက်မှုဇုံမှာရှိတဲ့ ထိုင်း Yanagawa ကုမ္ပဏီရဲ့ ကားပစ္စည်းစက်ရုံမှာ နံနက် ၉ နာရီ ၃၅ မိနစ်မှာဖြစ်ခဲ့တာလို့လည်း သိရပါတယ်။ တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ ပြောင်းရွှေ့မှုတွေပြုလုပ်နေခိုက် မီတာ ၂၀ ရှည်ပြီးအကျယ်မီတာ ၂၀ ရှိမယ့် ကွန်ကရစ်ထပ်ခိုး ကြမ်းပြင်ပြိုကျခဲ့ရတာလို့ သိရပါတယ်။

ထပ်ခိုးကိုထောက်ခံမှုပြုထားတဲ့ သံမဏိကွန်ရက်က တိမ်းစောင်းပြီး ထပ်ခိုးကြမ်းပြင်တစ်ခုလုံး ၂ ဒသမ ၅ မီတာအမြင့်ကနေ အလုပ်သမားတွေအပေါ်ပြိုကျခဲ့တာလို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြိုကျကြမ်းပြင်နဲ့ အပျက်အစီးတွေကို ဖယ်ရှားကာ အလုပ်သမားတွေကို ကယ်ဆယ်ဖို့ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့သေဆုံးလျက်သာတွေ့ရှိရပါတော့တယ်။

လတ်တလောမှာတော့ သေဆုံးအလုပ်သမားတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာ အတည်မပြုနိုင်သေးဘဲ စိစစ်မှုလုပ်ဆောင်နေဆဲသာဖြစ်ပါတယ်။

Ref- Bangkok Post

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

image
1 နှစ် - ဘာသာပြန်ပါ။

Successfully wasted 364 days of 365.

1 နှစ် - ဘာသာပြန်ပါ။

Nice move bro

image
1 နှစ် - ဘာသာပြန်ပါ။

(၂၄-၁၂-၂၀၂၄) ရက်နေ့ထိ နောက်ဆုံးရောက်ရှိနံပါတ်များ

၂၄ ရက်နေ့မှာတော့ ယမန်နေ့ကထက် အိမ်စီးကားအစီးရေ (၄၆) စီး တိုးလာခဲ့ပါတယ်။

#licensed
#number

image
1 နှစ် - ဘာသာပြန်ပါ။

#ငါးငပိချက်

ငါးပြုတ်ပြီး နွှင်ထားပါ
ငရုတ်သီးအကြမ်းဖတ် ကြက်သွန်နီ ၂လုံး
အဖြူ ၁လုံး ငရုတ်သီးစိမ်း (အစပ်ကြိုက်လျှင်များများသုံးပါ) အားလုံးရောထောင်းပါ
ဆီပူလျှင် ထောင်းထားတာတွေထည့် ဆနွင်း ဆား အချိုမှုန့် ထည့်ဆီသတ် အစိမ်းနံ့ပျောက်လျှင် ငါးနွှင်ထားတာထည့်ပါ ..... ငံပြာရည် လိုသလောက်ထည့်ပြီး ငရုတ်သီးတောင့်ဖြူး အနေတော်မှန်းပြီး ချလို့ရပြီ ( ငံပြာရည်နေရာမှာ တချို့ ငပိရည်ကျိုထားတာ ထည့်သုံးပါတယ် အဲ့လိုလဲ သုံးနိုင်ပါတယ်နော် 😃)

image
1 နှစ် - ဘာသာပြန်ပါ။

အဝေးကွင်းမှာဂိုးပြတ်ရှံးခဲ့တဲ့ ချဲလ်ဆီး

image