တောင်ဝိုင်းတောင်ကို ဘုရားဖူးထွက်လာတဲ့ယာဉ် ဘရိတ်ပေါက်ကာ ချောက်ထဲထိုးကျပြီး ယာဉ်ပေါ်ပါ လူ ၁၁ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၂

မွန်ပြည်နယ်ရှိ တောင်ဝိုင်းတောင်အဆင်းကားလမ်းမှာ အလည်အပတ်လာရောက်တဲ့ ကားတစ်စီးချောက်ထဲထိုးကျခဲ့တဲ့အတွက် ယာဉ်ပေါ်ပါ လူ ၁၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၁ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွား‌ရောက်ခဲ့တဲ့ဘိုဘိုဝင်းလူမှုကူညီ‌‌ရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်ပေါ်အဆင်း ကားလမ်းအကွေ့အရောက်မှာ လူ ၁၆ ဦးတင်ဆောင်လာတဲ့ အဆိုပါ Light Truck ယာဉ်က ဘရိတ်ပေါက်ကာ ပေ ၄၀ ခန့် နက်တဲ့ တောင်အောက်ကို ထိုးကျသွားတာလို့ သိရပါတယ်။

မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ထိုးကျပြီး သစ်ပင်နဲ့ခံနေလို့ ကံကောင်းကြတာ။ သူတို့က မော်လမြိုင် ကျောက်တန်းဘက်က ဝဥထုတ်တဲ့ စက်ရုံလာတည်နေတဲ့ ပန်းရံဆရာနဲ့ အဖွဲ့လို့ သိရတယ်။ ဘုရားဖူးအလည်အပတ်လာရင်းဖြစ်တာပါ။ ပြင်းထန်စိုးရိမ်ရတာမျိုးတော့မဖြစ်ပါဘူး။ သာမာန်ပေါက်ပြဲသွေးထွက်လောက်ပဲ။ ကားကတော့ မနက်မှ ဆွဲတင်လို့ရမယ်” လို့ ပြောပါတယ်။

ယာဉ်ပေါ်ပါသူ ကျား/မ ၁၅ ဦး၊ ကလေးငယ် ၁ ဦး၊စုပေါင်း ၁၆ ဦးအနက် ကျား/ မ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်တဲ့ မြေပြင်ပြုစုမှု ပြုလုပ်ပေးပြီး မော်လမြိုင်ဆေးရုံကြီးဆီလူနာတင်ယာဉ် ၂ စီးနဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#centralnewsnayptitaw

image
image
image

၂၀၂၅ ခုနှစ် မင်္ဂလာနှစ်သစ်မှာ မိသားစုနဲ့အတူပျော်ရွှင်မှုမျှဝေနိုင်ပါစေ ဆိုတဲ့ ဝတ်မှုန်ရွှေရည်

ဇန်နဝါရီ ၂

ပရိသတ်ချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ ၂၀၂၄ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၅ ခုနှစ် မင်္ဂလာနှစ်သစ်မှာ မိသားစုနဲ့အတူ ပျော်ရွှင်မှုမျှဝေနိုင်ပါစေလို့ ဆိုလာပါတယ်။

“၂၀၂၅ မင်္ဂလာနှစ်သစ်မှာစိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး တန်ဖိုးထားရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်မှုတွေမျှဝေနိုင်ပါစေ…..။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေလည်း မြင့်တက်ပြီးအလုပ်အကိုင်တွေလည်း တိုးတက်အောင်မြင်ပါစေ။ ပြည့်စုံသည်ထက် ပိုမိုပြည့်စုံပါစေကြောင်း ဆုတောင်း​လိုက်ပါတယ်​” လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပရိသတ်ကို ဆုမွန်ကောင်းတောင်း ပေးလိုက်တာပါ။

သူ့မကတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး ၄ နှစ်ကြာမှ ပြန်လည်ရိုက်ကူးထားတဲ့ “တိမ်ပန်းချီ” ရုပ်ရှင် ဇာတ်ကားက ပရိသတ်တွေကြားရေပန်းစားနေတာပါ။ ဝတ်မှုန်‌ရွှေရည်ဟာ “တိမ်ပန်းချီ” ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲက အကယ်ဒမီကို ရရှိနေတာလည်းဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 y - Translate

မိုးကုတ်ပတ္တမြား နီလာ ဥဿဖယား🩷💙💛

အဲ့လိုအတွဲလေး လော့ကတ်ခတ်ရင်တအားလှမှာ
အလှလေး၃ပွင့်စုထားပေးတာ
ကွဲအက်နာကင်း ဖန်သားမှန်သား အလှလေးတွေကြီးပဲ

#gems

image
1 y - Translate

မိုးကုတ်ပတ္တမြား နီလာ ဥဿဖယား🩷💙💛

အဲ့လိုအတွဲလေး လော့ကတ်ခတ်ရင်တအားလှမှာ
အလှလေး၃ပွင့်စုထားပေးတာ
ကွဲအက်နာကင်း ဖန်သားမှန်သား အလှလေးတွေကြီးပဲ

#gems

image
1 y - Translate

မိုးကုတ်ပတ္တမြား နီလာ ဥဿဖယား🩷💙💛

အဲ့လိုအတွဲလေး လော့ကတ်ခတ်ရင်တအားလှမှာ
အလှလေး၃ပွင့်စုထားပေးတာ
ကွဲအက်နာကင်း ဖန်သားမှန်သား အလှလေးတွေကြီးပဲ

#gems

imageimage
1 y - Translate

နှစ်သစ်ကို ဘယ်လိုဖြတ်သန်းဘို့ စိတ်ကူးထားလဲ
ရယ်သံကြီးက ဆာလိုက်တာ 🤣

အပိုင်း(၂)
သူဌေးသမီးလေးနဲ့ အရောင်းဝန်ထမ်း🍁

1 y - Translate

မိုးထက်အောင် က ထိုင်းပြိုင်ဘက်ကို ပထမအချီ ၃၅ စက္ကန့်မှာတင် အလဲထိုးပြီး အနိုင်ရရှိသွားပါတယ်။ 🤜🤛💪

image
1 y - Translate

2 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,360
USD Sell - MMK 4,430
EUR Buy - MMK 4,505
EUR Sell - MMK 4,595
SGD Buy - MMK 3,255
SGD Sell - MMK 3,305
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 27.63
JPY Sell - MMK 28.17
MYR Buy - MMK 970
MYR Sell - MMK 990
CNY Buy - MMK 596
CNY Sell - MMK 609

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,800,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,160,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image

#မာလာရှမ်းကော (၃)နည်း
#ပိတ်ရက်လေး အိမ်မှာ မာလာရှမ်းကော လုပ်စားကြရအောင်
မာလာရှမ်းကောဆိုတာနဲ့ သွားရည်ကျနေတဲ့ foodie လေးတွေဖို့ အိမ်မှာစမ်းပြီး လုပ်စားဖို့ မာလာရှမ်းကော လုပ်နည်းလေး မျှဝေပါမယ်နော်။ ဆိုင်ကမာလာရှမ်းကောက အစပ်အဟပ်တည့် စားလို့ကောင်းတာမှန်ပေမယ့် တန်ပါတယ် ဆိုတဲ့ဆိုင်တောင် စျေးကမနည်းပေးရပါတယ်။ ဘတ်ဂျက်ချွေတာချင်တဲ့ နေ့တွေမှာ အောက်ကနည်း အတိုင်းလေး လုပ်စားကြည့်ကြရအောင်။
#ပါဝင်ပစ္စည်း
အဓိက –> အနှစ်ထုပ်ပါ။ City Mart တွေမှာ ရနိုင်ပါတယ်။ အစားများပြီး အဆင်ပြေတဲ့တံဆိပ်က မာလာရှမ်းကော ပုံပါတဲ့ တရုတ်စာတွေနဲ့ တံဆိပ်ပါ။ အထုံမကြိုက်သူတွေက ဆိုင်မှာ မဝယ်ခင်သေချာမေးပေးပါ။
အသီးအရွက် –> ကိုယ်စားချင်တဲ့ အသီးအရွက်တွေထည့်လို့ရပါတယ်။ အရမ်းတော့မများပါစေနဲ့။ မှိုနဲ့ ဂေါ်ရခါးညွှန့်တွေက မာလာရှမ်းကော နဲ့ လိုက်ဖက်ပါတယ်။
အသား –> အသားက ကြက်သား၊ ဝက်သား၊ ပင်လယ်စာကြိုက်တာရွေးချယ်ပါ။
ခေါက်ဆွဲနဲ့ အခြား ထုံချိုင်းအသားတုတွေလည်း အဆင်ပြေတာထည့်လို့ရပါတယ်။
အပေါ်ကစားချင်တာလေးတွေ ရွေးပြီးပြီဆိုရင် ဆီသတ်ဖို့ ဂျင်း၊ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တွေကိုပြင်ဆင်ပါ။
ပါဝင်ပစ္စည်းတွေစုပြီးပြီဆိုရင် အသီးအရွက်နဲ့ အသားတွေကို ပြင်ဆင်ပါမယ်။
အသီးအရွက်တွေကိုရေစင်စင်ဆေးပေးပါ။ ရေ လေးငါးထပ်ကို ရေများများနဲ့ဆေးပါ။ မှိုတွေကိုရေစစ်ထားပါ။ အရွက်စိမ်းတွေကို ဆိုင်မှာအတိုင်း စိမ်းစိမ်းလေးစားချင်ရင် ဆားရည်နာရီဝက်စိမ်ပါ။ စိမ်ပြီးသားကိုရေစစ်ပြီး ရေခဲသေတ္တာထဲ ဆယ်ငါးမိနစ်ခန့်ထားပေးပါ။ ဒါဆို ရေနွေးဖျောပြီးလည်း စိမ်းစိမ်းကြွပ်ကြွပ် အရွက်လေးတွေကို ရမှာဖြစ်ပါတယ်။ အရွက်တွေကို လှီးချွတ်ရင် အရမ်းမသေးသွားဖို့ သတိထားပေးပါ။ အရမ်းသေးပြီး မွစာကြဲသွားရင် စားမကောင်းတော့ပါ။
အသားတွေကို အညှိအချွဲတွေဖယ်ပြီး ရေစင်စင်ဆေးပါ။ အသားဖြတ်စက်ရှိမယ်ဆိုရင် ပါးပါးကလေးတွေလွှာပါ။ အသားဖြတ်စက်မရှိရင် အတုံးသေးသေးလေးတွေတုံးပေးပါ။ ပင်လယ်စာတွေကိုတော့ မလိုအပ်တာဖယ်ပြီးရင်ရပါပြီ။ လှီးဖြတ်စရာမလိုပါ။ အသားတွေကို လည်း ရေနွေးတစ်ထပ်ဖျောပေးပါ။ မပြုတ်ရပါ။
ပြီးရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတွေထည့်ပြီး ဆီသတ်ပါမယ်။ ဆီကို အသားနဲ့အသီးအရွက် ပမာဏပေါ်မူတည်ပြီး ရွှဲရွှဲထည့်ပေးပါ။ ဆီသတ်ရင်းမွှေးလာရင် အသားတွေကို အရင်ထည့်ပြီး ဆီသတ်ပါ။ အနှစ်ထုပ်ထဲက အနှစ် အနည်းငယ်ကို ထည့်ပြီး နာနာမွှေပါ။ ပင်လယ်စာတွေကိုကြာကြာဆီသတ်ရင် မာပြီး စားမကောင်းတတ်ပါဘူး။ အသားတွေကို စိတ်ကြိုက် ဆီသတ်ပြီးရင် မှိုတွေထည့်ပါ။ ပြီးရင် အရွက်တွေထည့်ပြီး အနှစ်ထပ်ထည့်ပါ။ အနှစ်ကိုတစ်ခါတည်းမထည့်တာက နောက်ထည့်တဲ့အရွက်ထဲအနှစ်မဝင်ပဲ အရင်ထည့်တဲ့အသားတွေပဲလေးသွားတတ်ပါတယ်။
ခေါက်ဆွဲထည့်မယ်ဆိုရင် ပြုတ်ပြီး ရေအေးစိမ်ထားပေးပါ။ အသားတွေဆီသတ်ပြီး အရွက်တွေမထည့်ခင်မှာ ခေါက်ဆွဲကိုထည့်ပေးပါ။ ဒါဆိုရင် ဘတ်ဂျက်သက်သာပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ အဝစားနိုင်မယ့် မာလာရှမ်းကောလေးရပါပြီ။
#credit Taste Window
*********************&
မာလာရှမ်းကောဆိုတာနဲ့ သွားရည်ကျနေတဲ့ အစားတလိုင်းတွေအတွက် အိမ်မှာစမ်းပြီး လုပ်စားဖို့ မာလာရှမ်းကော လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ မာလာအနှစ်ထုပ်၊ အသီးအရွက်များ၊ ကြက် (သို့) ဝက် (သို့) ပင်လယ်စာ မိမိကြိုက်တာရွေးချယ်ထားပါ။ ခေါက်ဆွဲနဲ့ အခြား အသားတုတွေကိုလည်း အဆင်ပြေသလို ကြိုက်တာထည့်လို့ရပါတယ်။
ဆီသတ်ဖို့အတွက် ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်တွေကိုပြင်ဆင်ပါ။ ပြီးရင် အသီးအရွက်နဲ့ အသားတွေကို ပြင်ဆင်ထားပါ။
အသီးအရွက်တွေကိုရေစင်စင်ဆေးပေးပါ။ ရေ လေးငါးထပ်ကို ရေများများနဲ့ဆေးပါ။ မှိုတွေကိုရေစစ်ထားပါ။ အရွက်စိမ်းတွေကို ဆိုင်မှာအတိုင်း စိမ်းစိမ်းလေးစားချင်ရင် ဆားရည်နဲ့ နာရီဝက်ခန့် စိမ်ထားပါ။ စိမ်ပြီးသားကိုရေစစ်ပြီး ရေခဲသေတ္တာထဲ ဆယ်ငါးမိနစ်ခန့်ထားပေးပါ။ သို့မှသာ ရေနွေးဖျောပြီးလည်း စိမ်းစိမ်းကြွပ်ကြွပ် အရွက်လေးတွေကို ရမှာဖြစ်ပါတယ်။ အရွက်တွေကို လှီးချွတ်ရင် အရမ်းမသေးသွားဖို့ သတိထားပေးပါ။ အရမ်းသေးပြီး ကြေမွသွားရင်တော့ စားမကောင်းတော့ပါ။
အသားတွေကို အညှိအချွဲတွေဖယ်ပြီး ရေစင်စင်ဆေးပါ။ အတုံးသေးသေးလေးတွေတုံးပေးပါ။ ပင်လယ်စာတွေကိုတော့ မလိုအပ်တာဖယ်ပြီးရင်ရပါပြီ။ လှီးဖြတ်စရာမလိုပါ။ အသားတွေကို လည်း ရေနွေးတစ်ထပ်ဖျောပေးပါ။ မပြုတ်ပါနဲ႕။
ပြီးရင် ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတွေထည့်ပြီး ဆီသတ်ပါမယ်။ ဆီကို အသားနဲ့အသီးအရွက် ပမာဏပေါ်မူတည်ပြီး ရွှဲရွှဲထည့်ပေးပါ။ ဆီသတ်ရင်းမွှေးလာရင် အသားတွေကို အရင်ထည့်ပြီး ဆီသတ်ပါ။ အနှစ်ထုပ်ထဲက အနှစ် အနည်းငယ်ကို ထည့်ပြီး နာနာမွှေပါ။ ပင်လယ်စာတွေကိုကြာကြာဆီသတ်ရင် မာပြီး စားမကောင်းတတ်ပါဘူး။ အသားတွေကို စိတ်ကြိုက် ဆီသတ်ပြီးရင် မှိုတွေထည့်ပါ။ ပြီးရင် အရွက်တွေထည့်ပြီး အနှစ်ထပ်ထည့်ပါ။ အနှစ်ကိုတစ်ခါတည်းမထည့်တာက နောက်ထည့်တဲ့အရွက်ထဲအနှစ်မဝင်ပဲ အရင်ထည့်တဲ့အသားတွေပဲလေးသွားတတ်ပါတယ်။
#crd_to_owner_with_respectcrd

image