1 y - Translate

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ရော့ .. မောင် ခေါင်းကိုက်နေမှာ ၊ အဖျားလဲကျအောင်ပေါ့ ၊ သောက်လိုက်နော်”
မောင်က ကလေးတစ်ယောက်လို ရိုကျိုးစွာ လှမ်းယူ၍ သောက်လိုက်ပါသည်။ ကျွန်မ ကော်ဖီပန်းကန်ကို လှမ်းပေးပြန်၏။ မောင်က ယူ၍ မျက်စိမှိတ် သောက်လိုက်သည်။
“မောင် ခုတင်ပေါ်မှာ ခဏလှဲနေလိုက်ပါလားဟင် သြော် … နေဦး ၊ အ၀တ်လဲလိုက်ဦး ပေါ့ပေါ့ပါးပါး ဖြစ်အောင်”
ကျွန်မသည် ခုတင်အောက်ထင်းရှူးသေတ္တာထဲမှ မောင့်အင်္ကျီဟောင်း တီရှပ် နှစ်ထည်နှင့် မာစရိုက်လုံချည် အကွက်တစ်ထည်ကို ထုတ်ပေးမိသည်။မောင် တုန်လှုပ်စွာဖြင့် “နေပါစေ”ဟု ငြင်းသည်။
“လဲပါ … ဒါ မောင့်အင်္ကျီတွေပဲ ဥစ္စာ ၊ အားမနာပါနဲ့လေ ၊ ကဲ .. ကျွန်မ အင်္ကျီ ချွတ်ပေးမယ် ။ ရိုးရိုးသားသားပါနော်”
မောင် မရယ်မောနိုင်ပါ။ ထို့နောက် ကျွန်မ စကားကို နာခံစွာ မောင် အ၀တ်လဲ၏။ပြီးနောက် ခုတင်ပေါ်သို့ ခပ်ဖြည်းဖြည်း လှဲအိပ်သည်။ မောင့်မျက်နှာ ပြုံးရွှင်လာအောင် ကျွန်မ ဘယ်လို လုပ်ရပါ့မလဲ။
“ချမ်းသလား မောင်”
“မချမ်းပါဘူး”
“စိတ်ချလက်ချ အိပ်နော် ၊ ကျွန်မ ဒီကုလားထိုင်မှာ ထိုင်စောင့်နေမယ်”
“အိပ်ပျော်သွားရင် ဘယ့်နှယ်လုပ်မလဲ”
“အောင်မာ ၊ သူက ပူပူပင်ပင် ၊ကျွန်မ က ရှင့်ကို ဘာမှ မလုပ်ပါဘူး”
မောင် မျက်နှာပျက်သွားသည်။
“မဟုတ် .. မဟုတ်ပါဘူး ။ ချစ်က မောင် အိပ်ပျော်နေရင် မနှိုးရက်မှန်းသိလို့ ။ ချစ် အနေရခက်နေမလားလို့”
“စိတ်ချ ၊ အခု ကျွန်မ နှိုးရက်ပါပြီ”
မောင်က မယုံသလို ခေါင်းခါယမ်း၏။ မောင့်နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် တုန်ခါနေသည်ဟု ကျွန်မ ထင်သည်။
“ချစ်ရဲ့ ဂစ်တာသံကို မကြားရတာ သုံးနှစ်လောက် ရှိပြီ”
“မောင်က နားထောင်ချင်လို့လား ရပါတယ်။ ဂစ်တာတီးပြီး သိပ်မယ်လေ။ နောက်ဆုံးအကြိမ် အဖြစ်နဲ့ပေါ့”
ကျွန်မ ဂစ်တာကို လှမ်းယူလိုက်၏။
“အရင်လောက် ကောင်းချင်မှ ကောင်းမှာနော်။ ကျွန်မ လက်ပျက်နေတာ ကြာပြီ။ နောက်ပြီး လက်သည်း နည်းနည်းရှည်နေတယ် ။ ဘာ နားထောင်မလဲ ပြော”
“ရေးဗားအော့ဖ် နိုးရီးတန်း”
ကျွန်မ ရင်ထဲမှာ လှိုက်ခနဲဟာသွား၏။မောင်သည် ကျွန်မ နောက်ဆုံးတီးခဲ့သော သီချင်းကို မှတ်မိနေသေးပါလား။
“မရဘူး မောင် ၊ ကော့ဒ်တွေ မေ့နေပြီ ။ တခြားသီချင်းပြော”
မောင် ကျွန်မကို ငေးမောနေသည်။
#ဆက်ရန်ရှိ

image
1 y - Translate

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
1 y - Translate

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
1 y - Translate

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
1 y - Translate

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
image
image
1 y - Translate

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 y - Translate

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 y - Translate

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 y - Translate

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
image
image

တောအုပ်ထဲကနိဗ္ဗာန်ဘုံလေး (သို့) ရုပ်စုံကျောင်း

အရိယာဝံသချောင် ရုပ်စုံကျောင်း စစ်ကိုင်း

စစ်ကိုင်းတောင်ကို သိသူများပေမယ့် ရုပ်စုံကျောင်းကို ရောက်ဖူးသူကတော့ ရှားပါတယ်

ဘယ်မှာရှိလဲဆိုတော့ အဝေးကြီးမဟုတ်ပါဘူး စစ်ကိုင်းတောင် အဆင်းလမ်းက 'ဆင်ဘိုးဘုရား' နားက 'အရိယဝံသချောင်' မှာရှိတာပါ

အင်းဝဘုရင် ဒုတိယမင်းခေါင်က စာပေကျမ်းဂန်မှာ တဖက်ကမ်းခတ်ကျွမ်းကျင်လှတဲ့ 'ရှင်အရိယဝံသ' ကိုယ်တော်ကို ကြည်ညိုလွန်းလို့ ဒီ ရုပ်စုံကျောင်းကို ဆောက်လုပ်လှုဒါန်းခဲ့တာဖြစ်လို့ နှစ်ပေါင်း ၆၀၀ ကျော်ပြီလို့သိရပါတယ် 🙏🙏

ရုပ်စုံကျောင်း လို့ဘာလို့ခေါ်လဲဆိုတော့ ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ်ဇာတ်ရုပ်တွေကို သစ်သားရုပ်လုံးဖောင်းကြွတွေနဲ့ တကယ့်လက်ရာမြောက်စွာ အသေးစိတ်ပုံဖော်ထွင်းထုထားလို့ပါပဲ

ပန်းပုတွေကလဲ လက်ရာမြောက်လှသလို ကျောင်းရဲ့ တည်ရှိပုံကလဲ သစ်တောအုပ်အုပ် တောင်ကုန်းလေးပေါ်ကို အုတ်လှေကားလေးနဲ့ တက်သွားရတာ တကယ့်ကို သာသာယာယာလေးပါပဲ , လူသံသူသံမကြားရပဲ အရမ်းကို အေးချမ်းစိတ်ငြိမ်အေးချမ်းလှပါတယ်

ဒီနေရာလေးက တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးဖြစ်လို့ အဖွဲ့လိုက်သွားရင် ဆူညံခြင်းမပြုဖို့နဲ့ ရှေးဟောင်းလက်ရာတွေပေါ် လျှောက်မရေးခြစ်ဖို့ အမှိုက်တွေမပစ်ဖို့တော့ တိုက်တွန်းချင်ပါတယ်ဗျ 😊

တကယ်လို့ မန်းလေးဘက်ရောက်မယ်ဆိုရင် ဒီအေးချမ်းလှတဲ့ ရုပ်စုံကျောင်းလေးကိုသွားရောက်လေ့လာပြီး , စစ်ကိုင်းတောင်က ဘုရားတွေတဝကြီးဖူးကြဖို့ တိုက်တွန်းချင်ပါတယ် 😊

အားလုံးပဲ အချိန်မကုန် ငွေမကုန်ပဲ ကိုယ့်ပါတ်ဝန်းကျင်အနီးနားက အလှတရားတွေကို ရှာဖွေခံစားနိုင်ကြပါစေဗျ......

#သွားမယ်တည်းမယ်
#crdphoto

imageimage
+14