မီးသိပ်ပြတ်တဲ့ မြန်မာနိုင်ငံမှာ ရေနွေးနဲ့ဂေါ်ဖီရှိရုံနဲ့ နေ့လည်စာဘယ်လိုရအောင်ချက်ကြမလဲ။
ဒီနည်းက အရမ်းကိုလွယ်ပြီး စားကောင်းလို့ အိမ်ရှင်မတို့ အကြိုက်တွေ့မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီနည်းကိုသိသွားကတည်းက အိမ်မှာအမြဲဂေါ်ဖီကို ဒီလိုပဲလုပ်စားပါတယ်။ ပထမဆုံး အစိမ်းရောင်သမ်းနေတဲ့ ဂေါ်ဖီထုပ်ကိုယူ၊ လူဝါးလို့ရအောင် အရွက်နုလေးတွေကို တစစီဆွဲဖဲ့လိုက်။ ဓားနဲ့လှီးလည်းရပေမယ့် ဂေါ်ဖီကို အရိုးထူထူကြီးတွေ မသုံးဘဲ အရွက်သီးသန့်သုံးမှ အရသာရှိမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဇလုံတစ်ခုတည်းထဲ။ ဆားထည့်၊ ရေသန့်သန့်လေးသုံးပြီး စင်နေအောင်ဆေးလိုက်၊ ဂေါ်ဖီကိုရေပြောင်အောင် မဆေးရင် ဝမ်းလျှောတတ်တာ ကျွန်တော်မပြောလည်း သိမယ်ထင်ပါတယ်။ ပြီးရင် အိုးထဲကို ရေနွေးထည့်၊ အရွက်မှာအရသာကပ်အောင် ဆီလေးနည်းနည်းထည့်၊ ခုနကလှီးထားတဲ့ ဂေါ်ဖီထည့်ပြီး ခဏအုပ်လိုက်ရင် ရေနွေးဖျောပြီးလို့ စားလို့ရပြီ။ ကျွန်တော်က ပန်းကန်ထဲကို ဆယ်ထည့်ပြီး ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ဆီမွှေးနဲ့၊ ဆားသကြား၊ ခရုဆီ၊ ပဲငံပြာရည် အကြည်အနောက် ထည့်လိုက်ပါမယ်။ အစပ်မကြိုက်ရင် မထည့်လည်း စားကောင်းပါတယ်။ အရသာအားလုံးစိတ်တိုင်းကျသွားရင်တော့ လက်အိတ်စွပ်ပြီး ရှယ်နယ်လိုက်။ တော်တော်ကြီးကောင်းတဲ့ အလွယ်ဆုံးဟင်းတစ်ခွက်ရပြီ။ လုပ်ရတာတအားလွယ်လို့ try ကြည့်ဖို့အကြံပေးပါတယ်နော်။
#crdphoto
#မြိန်မြိန်လေး

image
image
image
image

မန္တလေးမှာ ငွေကျပ်သိန်းပေါင်း ၅၇၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ငွေကျပ်သိန်း ၅၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်းနှင့် ၅၅ လမ်းထောင့်တွင် ဟိန်းသူအောင် ဆိုသူမောင်းနှင်ပြီး သန်းဇော်ငြိမ်း ဆိုသူလိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှ ဘိန်းဖြူ ၂ ဒသမ ၈ ကီလို စတင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်၊ ၅၄(A)လမ်း x ၃၂(A)လမ်းထောင့်ရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ သိန်းနိုင်ဦး၏ နေအိမ်မှ ဘိန်းဖြူ ၈ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း ဆက်လက် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

#centralnewsnaypyitaw

image

ဒေါ်လာဈေးနှုန်း ပြန်တည်ငြိမ်ခဲ့သဖြင့် ငါးလဆက်တိုက် ကျဆင်းခဲ့သော မြန်မာကုန်ထုတ်လုပ်မှု ဒီဇင်ဘာလတွင် တိုးတက်ခဲ့ပြီး ခြောက်လအတွင်း PMI အညွှန်းကိန်း ၅၀ အထက်သို့ ပထမဆုံး ပြန်‌ရောက်ရှိ

ဇန်နဝါရီ ၂

ဒေါ်လာဈေးနှုန်း ပြန်တည်ငြိမ်ခဲ့သဖြင့် ငါးလဆက်တိုက် ကျဆင်းခဲ့သော မြန်မာ့ကုန်ထုတ်မှု ဒီဇင်ဘာလတွင် ပြန်လည်တိုးတက်လာခဲ့ပြီး ခြောက်လအတွင်း PMI အညွှန်းကိန်း ၅၀ အထက်သို့ ပထမဆုံး ပြန်လည်‌ရောက်ရှိလာခဲ့ကြောင်း ယနေ့ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု အညွှန်းကိန်း (PMI) သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၄၉ ဒသမ ၈ သာရှိခဲ့ရာမှ ဒီဇင်ဘာလတွင် ၅၀ ဒသမ ၄ သို့ တက်လာသည်ကို မှတ်တမ်းတင်ခဲ့ပြီး ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေကောင်းမွန်မှုတွင် အသစ်ဖြစ်သော တိုးတက်မှုကို ပြသခဲ့ကြောင်း ဖော်ပြထားသည်။ ယခုကဲ့သို့ အညွှန်းကိန်းအမှတ် ၅၀ အထက်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လနောက်ပိုင်းတွင် ပထမဆုံး တွေ့မြင်ရခြင်းလည်းဖြစ်သည်။

“အညွှန်းကိန်းက အလယ်မှတ် ၅၀ အထက်ကို ခြောက်လအတွင်း ပထမဆုံးအကြိမ် ရောက်ခဲ့တဲ့အလျောက် မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းမှာရှိတဲ့ အခြေအနေတွေမှာ ဒီဇင်ဘာလအတွင်း တိုးတက်မှုရတဲ့ အချက်တွေကို ပြသခဲ့ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောသည်။

ကုန်ထုတ်လုပ်မှုအတွက် ဈေးနှုန်းဖိအားများသည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပိုမိုသက်သာလာခဲ့ပြီး ဝယ်ဈေးနှင့် ထုတ်လုပ်မှုအဖိုးအခ ဖောင်းပွမှုနှုန်းများသည် ၂၄ လအတွင်းနှင့် ၁၃ လအတွင်း အနည်းဆုံးများဖြစ် အသီးသီးမှတ်ဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာ့ကုန်ထုတ်လုပ်မှုတွင် ထုတ်ကုန်များပြတ်လပ်မှုနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်မားမှုတို့က ဈေးနှုန်းများကို ပိုမိုမြင့်မားစေခဲ့သော်လည်း သင့်လျော်သော ဒေါ်လာ‌ငွေလဲနှုန်းတစ်ခုကြောင့် ယင်းဖိအားများကို လျော့နည်းစေရန် အကူအညီဖြစ်စေခဲ့ကြာင်း ဖော်ပြထားသည်။ လာမည့် ၂၀၂၅ ခုနှစ်အတွက် ထုတ်လုပ်ရေးတိုးပွားမှုနှင့် ပတ်သက်သော သဘောထားသည် ကောင်းမွန်ကာ ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အကောင်းမြင်သည့်လဖြစ်ခဲ့သည်။

ဝိသမလောဘသမားများ၏ တစ်ဒေါ်လာ ၁၀,၀၀၀ ကျပ်အထိ ဆွဲတင်မှုများကြောင့် ကျပ် ၈,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာလကုန်မှစတင်၍ ကျပ် ၅၀၀၀ အောက်သို တည်ငြိမ်စွာကျဆင်းခဲ့ပြီး လက်ရှိတွင် တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် သုံးလခန့်အထိ ဈေးနှုန်းတည်ငြိမ်ခဲ့မှုကို တွေ့ရှိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

Part_11
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
စလိုမီဟာ အမိဖြစ်သူ ဟေရောဒိဆီသွားပြီး ဘာဆုကိုတောင်းရမလဲ မ တော်လို့ မေးတော့ ဗတ္တိဇံဆရာ ရှင်ယောဟန်ရဲ့ခေါင်းကိုဖြတ်ပြီး ပေးသနားပါလို့ တောင်း၊ အဲဒီလို သင်ကြားလိုက်တယ်။
ဟေရုဒ်မင်းလည်း မနေသာတော့ဘဲ လက်မရွံ့ တွေခေါ်ပြီး ရှင်ယောဟန် င်းကို ဖြတ်ခိုင်းရတော့တယ်။ စလိုမီဟာ ဆုအဖြစ်ရတဲ့ ဒီခေါင်းပြတ်ကြီးကို သတ်ပြီး ကတော့တာပါပဲ။
*’A thousand times will the sun- Herod's daughter- dance round the globe- the Baptist's head.'
(ဒါရီယန်ရော့တင်ဘက်ရဲ့ မူ)
'အကြိမ်တစ်ထောင်မျှ ဟဲရုဒ်ရဲ့သမီး နေက
ဗတ္တိဇံဆရာရဲ့ ဦးခေါင်း
ကမ္ဘာမြေကို ဝိုင်းပတ် ကလိမ့်မဘွဲ့' (မောင်သာနိုး ပူ)
*'As the sun round the earth,
dances Salome,
endlessly
circling
the head of the Baptist.'
(ဟားဘတ်မာရှယ်ရဲ့ ပူ)
'နေ ကမ္ဘာပတ်သလို စလိုရီဟာ
ဗတ္တိဇံဆရာရဲ့ ဦးခေါင်းကို

ဝိုင်းပတ်ကာ
အဆုံးမဲ့ ကလိမ့်မကွေ့
လို့ ဟားဘတ်မာရှယ်မူက အဓိပ္ပာယ်ရပါတယ်။
လိုရင်းပြောချင်တာကတော့ “ဟေရုဒ် သမီး'ဆိုတဲ့ စကားအစား ‘ဟေရောဒိ ရဲ့သမီး’(Herodias daughter) ဆိုတဲ့ စကားလုံးက ပိုပြီး အသင့်လျော်ဆုံး၊ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
မောင်သာနိုးဟာ ‘ဘောင်းဘီဝတ် မိုးတိမ် ́ကို ရုရှားက တိုက်ရိုက်ပြန်တယ်။ ညှိနှိုင်းဖို့ လက်ရင်းအထားဆုံးက ဟားဘတ်မာရှယ်ရဲ့ မူ။ သူ မြန်မာဘာသာပြန်ကို တခြားမူတွေနဲ့ ယှဉ်ညှိကြည့်တဲ့အခါ ဟားဘတ်မာရှယ် မူကို ‘တစ်လျှောက်လုံး’ လိုက်ခဲ့တာ များတယ်။

#ဆက်ရန်ရှိ

30 w - Translate

ဝေဖန်ရေးသမားနဲ့ ဘေးထိုင်ဘုပြောမတူပါဘူး။
ကျပ်ပြည့်တာ နှင့် မပြည့်တာ ကွာတယ်။
ဘယ်လိုကွာလဲဆိုတာ အခုဒီချီထိုးလေးကို ဥပမာထားပီး ပြောပြမယ်။
Winter Special တဲ့။
တက်တက်စင်အောင်လွဲတဲ့ ဒီဇိုင်း။
ဘယ်လိုလွဲ၊ ဘယ်လောက်လွဲတယ်ဆိုတာ ပြောပြမယ်။
သိပ်အေးတဲ့ဆောင်းသီမှာ အဲ့ဒီ အလုံးလေးနှစ်လုံးက အဲ့လို ကွဲမနေပါဘူး။ အထုပ်လေးတစ် ထုပ်ထဲမှာ ‘ စု ‘ နေတာပါ။ ကြပ်ထုပ်လေးလိုဖြစ် သွားတယ်။ ငယ်ငယ်က တွေ့ဖူးတဲ့ ကာတွန်းတွေထဲက ငွေထုပ်ကလေးလိုပေါ့။
2 in 1 ဆိုတာ အဲ့ဒါပြောတာ။ အထုပ်ကလေးတစ်ထုပ် တွဲခိုပီးကပ်နေသလိုမျိုး။ ဆောင်းတွင်းမှာ တွဲလောင်း ကျနေတာမျိုးမဟုတ်။ ဒီတော့ တစ်လုံးခြင်းထုပ်လို့ ရကို မရဘူး။
အဲ့ဒါကြောင့် လွဲတယ်လို့ပြောတာ။
နောက်တစ်ခုက ဆောင်းတွင်းမှာ ဘယ်သူမှ အဲ့လောက်မရှည်ဘူး။ တို-တစ် နေတာများတယ်။ အာရှသားလည်း တိုတယ်၊ ဥရောပသားလည်း တိုတယ်။ မယုံရင် မိုက်ကယ်အင်ဂျလိုရဲ့ ပန်းပုတွေကြည့်။
အဲ့လောက်အထိရှည်နေရင်လည်း ဒီထက်နွေးတဲ့နေရာရောက်သွားမှာ။ ဒါက လူသား သဘာဝ။ ရူပဗေဒ သဘာဝ။
ဒီတော့ winter special မှာ design error က အကြီးကြီးဘဲ။ အဆင်မပြေဘူး။ ဒါကြောင့် တက်တက်စင် အောင်လွဲတယ်လို့ပြောတာ။
ဝေဖန်ရေးဆိုတော့ ဒီလောက်ပြောပီး ရပ်ထားလို့လည်း မရပြန်ဘူး။ ဒီ ဒီဇိုင်းအတိုင်း ထုတ်ထားတာ အခုရည် တစ်ထောင်ရှိတယ်ဆိုပါစို့။ ဒီပြသနာ ဘယ်လိုဖြေရှင်းကြမလဲ စဉ်းစားရဘီ။
သိပ်တော့ မခက်။
Winter special ဆိုတဲ့ ခေါင်းစဉ်ကို ပြင်ဖို့လိုမယ်။
Summer special လည်းဖြစ်သွားနိုင်တယ်။
Ma Mom’s special လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ Daddy’s Locker ဖြစ်သွားတယ်။ usage ပြောင်းပစ်ရင်အသုံးနှုန်းပါပြောင်းရမှာပေါ့။
ဒါဆို ရောင်းပန်းလည်းလှ၊ အမြတ်လည်းရ။
ပြသနာကိုဖြေရှင်းပီးသားလည်း ဖြစ်သွားမယ်။
ပုံကိုကြည့်ပီး ထိုင်ရယ်တာကိစ္စမရှိပါ။ ရယ်ပါ။ ရယ်ပီးရင်း မြင်တတ် တွေးတတ် ဝေဖန်ဆန်းစစ်တတ်ဖို့ ပြောချင်တာ။
အဲ့ဒါကို တင်းပြည့်ကျပ်ပြည့်ဝေဖန်ရေးလို့ ခေါ် တယ်။
ခေါက်ကျိုင်မိုင် 😉
သရာစော်
Credit

image
30 w - Translate

Xavier is on point 🤔

image
30 w - Translate

ဗိုက်ပူသည် အချဉ်မဟုတ်
Cool

30 w - Translate

မန်ယူမှ ထွက်ခွာမည့်သတင်း အဓိပ္ပာယ်မရှိကြောင်း ရက်ရှ်ဖို့ဒ် ပြော

မန်ယူအသင်းကနေ ထွက်ခွာမယ့်သတင်းတွေအပေါ် အဓိပ္ပာယ်မရှိကြောင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ဘောလုံးသတင်းတင်ဆက်သူ ဟယ်ရီဝင့်တားနဲ့ အင်တာဗျူးမှာ စိန်ခေါ်မှု အသစ်တွေအတွက် မန်ယူကနေ ထွက်ခွာဖို့ အသင့်ရှိကြောင်းပြောခဲ့တယ်လို့ မီဒီယာတွေက ရေးသားခဲ့ကြတာပါ။

ရက်ရှ်ဖို့ဒ်ကတော့ အဲဒီသတင်းတွေက အဓိပ္ပာယ်မရှိကြောင်းနဲ့ ဘယ်သတင်းမီဒီယာနဲ့ အင်တာဗျူးမှာမှ အဲဒီလိုမပြောခဲ့ကြောင်း ပြန်လည်ရှင်းလင်းခဲ့တာပါ။

ဘယ်လို အားကစားအေဂျင်စီနဲ့မှ တွေ့ဆုံခဲ့တာမရှိသလို မန်ယူကနေ ထွက်ခွာဖို့ အစီအစဉ်လည်း မရှိကြောင်း ရှက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။
Credit

image
30 w - Translate

China air force
လက်နက်အသစ်အဆန်းတွေ အပြိုင်အဆိုင်ထုတ်ပြီး စမ်းသပ်ဘို့ စစ်ပွဲတွေဖန်တီးကြ...ကြားထဲက မြေစာပင်တွေကတော့ မငြိမ်သက်တဲ့ တိုင်းပြည်တွေပေါ့

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးမြို့မှာ ရေဒါဖမ်းယူရ ခက်ခဲတဲ့ ထူးခြားတဲ့စစ်လေယာဉ် နှစ်စီးကို တွေ့မြင်ခဲ့ကြောင်း မျက်မြင်ရုပ်သံဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်။
လေယာဉ်နှစ်စီးစလုံးမှာ အမြီးပိုင်း မပါရှိဘဲ၊ ပိုကြီးတဲ့လေယာဉ်က စိန်ပုံသဏ္ဌာန်ဆန်ပြီး၊ သေးတဲ့လေယာဉ်ကတော့ ပုံမှန်ဒီဇိုင်းနဲ့ ပိုတူပါတယ်။ နှစ်စီးစလုံးမှာ ရေဒါဖမ်းယူရခက်ခဲတဲ့ Stealth လေယာဉ်တွေရဲ့ ထူးခြားချက်ဖြစ်တဲ့ ထောင့်မှန်ပုံသဏ္ဌာန်တွေ မပါရှိပါဘူး။
ရိုက်တာသတင်းဌာနက အနီးအနားက အဆောက်အအုံတွေ၊ ဆိုင်းဘုတ်တွေ၊ လိုဂိုတွေနဲ့ သစ်ပင်တွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးရာ တည်နေရာမှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် ရိုက်ကူးခဲ့တဲ့ရက်စွဲကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။
Video credit

30 w - Translate

MMFA to offer Branch Performance Training (Batch 1) on 18 Jan

The Myanmar Microfinance Association (MMFA) will open Branch Performance Training (Batch 1) on 18-19 January 2024 from 9 am to 4 pm at the MMFA office in Yangon.
The course is tailored to operation managers, senior branch managers, branch managers, assistant branch managers, supervisors, and individuals engaged in the Human Resources Department, Training Department and a microfinance company and those who are interested in exploring a career in the microfinance sector.
Branch Performance Training will cover Social Performance Management and COC, Efficiency and Sustainability Management, Financial Management, Portfolio Quality Management and Risk and Compliance, HR and MIS, with Certified Trainers of Frankfurt School of Finance & Management’s Certify Trainer & Microfinance Professional Myanmar(MPM).
The fee is K120,000 for non-members. Members can enjoy a K20,000 discount. Trainees will receive a completion certificate. Those enthusiastic can enrol in the course by 13 January through https://shorturl.at/DiFA3. For further details, individuals can contact 09 965209010 during office hours. — NN/KK

image
//