Part_10
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
ဒီကဗျာဆရာဟာ သမ္မာကျမ်းစာမှာတော့ ပိုင်ပိုင်နိုင်နိုင် ထဲထဲဝင်ဝင် ရှိတယ်လို့ စောစောက ကျွန်တော် ပြောခဲ့ပေမဲ့လည်း မာယာကော့ဖ်စကီး အကောက်အယူ လွဲသွားတဲ့ စကားတစ်လုံးကို တွေ့ လိုက်ရတယ်။
မာယာကော့ဖ်စကီးရဲ့ အကောက်အယူလွဲမှုအတိုင်း ဘာသာပြန် ဆရာနှစ်ဦး ဖြစ်ကြတဲ့ မောင်သာနိုးနဲ့ ဒေါ်ရီယန်ရော့တင်ဘတ်တို့ကလည်း လိုက်လျှောက်ကြ တယ်။ ဟားဘတ်မာရှယ်ကတော့ တစ်မျိုးကောက်ယူတယ်။
အဲဒီစာလုံးကတော့ `ဟေရုဒ်ရဲ့ သမီး’ (Herod's daughter) ဆိုတဲ့ အသုံးအနှုန်းပါပဲ။ တကယ်က ဗတ္တိဇံဆရာ ရှင်ယောဟန်ရဲ့ ဦးခေါင်းပြတ်ကြီးကို ဝိုင်းပတ်ကတဲ့ မိန်းမငယ်ဟာ နာမည်ရင်းက ‘စလိုမီ’ (Salome)၊ သူ့အမိက `ဟေရောဒိ’( Herodias)၊ သူ့အဖေက “ဟေရုဒ်ဖိလိ” (Hed-phillip)၊ သူ့ပထွေးက “ဟေရုဒ်အန္တိ’(HeondAntipas) ဆိုတဲ့ ဂါလိလဲဘုရင် ဖြစ်တယ်။
သမ္မာကျမ်းစာအလိုအရ ဗတ္တိဇံဆရာ ရှင်ယောဟန် (SJohn)ရဲ့ ခေါင်းကို ဖြတ်ပြီး သတ်ပစ်ချင်တဲ့သူက “ဟေရောဒိပဲ ဖြစ်တယ်။ အကြောင်းရှိတယ်လေ။ ဟေရောဒီဟာ ပထမ ဟေရုဒ်ဖိလိပ္ပနဲ့ လက်ထပ်တယ်။ သမီးလေး လိုမီကို မွေးတယ်။ နောက် ကွာရှင်းပြတ်စဲပြီး ဘုရင်ဖြစ်နေတဲ့ ညီတော် ဟေရုဒ်အန္တိမကို မြို့ပြီး ယူတယ်။ ပြီးတော့ ဟေရောဒီဟာ ဟေရုဒ်အန္တီပရဲ့ တူမလည်း တော်တယ် ဆိုတော့ ဒါဟာဖြင့် ဂျူးထုံးစံ ကျင့်ဝတ်တရားကို ဖောက်ဖျက်မှုဖြစ်တယ်။ ပြည်သူ အများက မနှစ်မြို့ ကြဘူး။ ကန့်ကွက်ကြတယ်။ ဒီတွင် ဗတ္တိဇံဆရာ ရှင်ယောဟန်က ဒီမိဖုရားကို အရာချ၊ ကွာရှင်းပြတ်စဲပစ်ဖို့ တောင်းဆိုတယ်။ ပြည်သူကိုလည်း ဟောပြောစည်းရုံးတယ်။
ဟေရောဒီက ရှင်ယောဟန်ကို ပြုံးလိုက်၊ မုန်းလိုက်ပုံက မိုးကိုဖြိုချပစ်မယ် ဆိုတဲ့အတိုင်းပါပဲ။ ရှင်ယောဟန်ကို ထောင်သွင်း အကျဉ်းချထားလိုက်တယ်။ သတ်တော့ မသတ်ရဲကြသေးဘူး။ ဘာကြောင့်ဆိုတော့ ရှင်ယောဟန်ဟာ ဂျူးပြည်သူ တို့ရဲ့ ပရောဖတ်ကြီးကိုး။
တစ်နေ့တော့ ဟေရုဒ်မင်းရဲ့ ပွဲသဘင်မှာ စလိုမီ ကတယ်။ မိန်းမငယ်ရဲ့ အလှနဲ့ အကကို စိတ်တော်တိမ်းညွတ်သွားတော့ 'သင် လိုချင်တဲ့ဆုကိုတောင် ငါ ပေးမယ်'လို့ ရွှေခွန်းတော် မိန့်ပါလေရော။

#ဆက်ရန်ရှိ

1 နှစ် - ဘာသာပြန်ပါ။

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ရော့ .. မောင် ခေါင်းကိုက်နေမှာ ၊ အဖျားလဲကျအောင်ပေါ့ ၊ သောက်လိုက်နော်”
မောင်က ကလေးတစ်ယောက်လို ရိုကျိုးစွာ လှမ်းယူ၍ သောက်လိုက်ပါသည်။ ကျွန်မ ကော်ဖီပန်းကန်ကို လှမ်းပေးပြန်၏။ မောင်က ယူ၍ မျက်စိမှိတ် သောက်လိုက်သည်။
“မောင် ခုတင်ပေါ်မှာ ခဏလှဲနေလိုက်ပါလားဟင် သြော် … နေဦး ၊ အ၀တ်လဲလိုက်ဦး ပေါ့ပေါ့ပါးပါး ဖြစ်အောင်”
ကျွန်မသည် ခုတင်အောက်ထင်းရှူးသေတ္တာထဲမှ မောင့်အင်္ကျီဟောင်း တီရှပ် နှစ်ထည်နှင့် မာစရိုက်လုံချည် အကွက်တစ်ထည်ကို ထုတ်ပေးမိသည်။မောင် တုန်လှုပ်စွာဖြင့် “နေပါစေ”ဟု ငြင်းသည်။
“လဲပါ … ဒါ မောင့်အင်္ကျီတွေပဲ ဥစ္စာ ၊ အားမနာပါနဲ့လေ ၊ ကဲ .. ကျွန်မ အင်္ကျီ ချွတ်ပေးမယ် ။ ရိုးရိုးသားသားပါနော်”
မောင် မရယ်မောနိုင်ပါ။ ထို့နောက် ကျွန်မ စကားကို နာခံစွာ မောင် အ၀တ်လဲ၏။ပြီးနောက် ခုတင်ပေါ်သို့ ခပ်ဖြည်းဖြည်း လှဲအိပ်သည်။ မောင့်မျက်နှာ ပြုံးရွှင်လာအောင် ကျွန်မ ဘယ်လို လုပ်ရပါ့မလဲ။
“ချမ်းသလား မောင်”
“မချမ်းပါဘူး”
“စိတ်ချလက်ချ အိပ်နော် ၊ ကျွန်မ ဒီကုလားထိုင်မှာ ထိုင်စောင့်နေမယ်”
“အိပ်ပျော်သွားရင် ဘယ့်နှယ်လုပ်မလဲ”
“အောင်မာ ၊ သူက ပူပူပင်ပင် ၊ကျွန်မ က ရှင့်ကို ဘာမှ မလုပ်ပါဘူး”
မောင် မျက်နှာပျက်သွားသည်။
“မဟုတ် .. မဟုတ်ပါဘူး ။ ချစ်က မောင် အိပ်ပျော်နေရင် မနှိုးရက်မှန်းသိလို့ ။ ချစ် အနေရခက်နေမလားလို့”
“စိတ်ချ ၊ အခု ကျွန်မ နှိုးရက်ပါပြီ”
မောင်က မယုံသလို ခေါင်းခါယမ်း၏။ မောင့်နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် တုန်ခါနေသည်ဟု ကျွန်မ ထင်သည်။
“ချစ်ရဲ့ ဂစ်တာသံကို မကြားရတာ သုံးနှစ်လောက် ရှိပြီ”
“မောင်က နားထောင်ချင်လို့လား ရပါတယ်။ ဂစ်တာတီးပြီး သိပ်မယ်လေ။ နောက်ဆုံးအကြိမ် အဖြစ်နဲ့ပေါ့”
ကျွန်မ ဂစ်တာကို လှမ်းယူလိုက်၏။
“အရင်လောက် ကောင်းချင်မှ ကောင်းမှာနော်။ ကျွန်မ လက်ပျက်နေတာ ကြာပြီ။ နောက်ပြီး လက်သည်း နည်းနည်းရှည်နေတယ် ။ ဘာ နားထောင်မလဲ ပြော”
“ရေးဗားအော့ဖ် နိုးရီးတန်း”
ကျွန်မ ရင်ထဲမှာ လှိုက်ခနဲဟာသွား၏။မောင်သည် ကျွန်မ နောက်ဆုံးတီးခဲ့သော သီချင်းကို မှတ်မိနေသေးပါလား။
“မရဘူး မောင် ၊ ကော့ဒ်တွေ မေ့နေပြီ ။ တခြားသီချင်းပြော”
မောင် ကျွန်မကို ငေးမောနေသည်။
#ဆက်ရန်ရှိ

image
1 နှစ် - ဘာသာပြန်ပါ။

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

Phrasal Preposition ဆိုတာ တကယ်အသုံးဝင်တယ် 🔹

#englisheverywhere

image
image
image
1 နှစ် - ဘာသာပြန်ပါ။

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

🤍 ဂန္တ၀င်ဆန်ဆန် အရမ်းလှတဲ့
Lilly Of The Valley 🤍

#crd_photo

image
image
image