Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။
ဒီစကားက အလကားမဟုတ်ဘူး။
တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူးတင်လိမ့်မယ်။
သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတစ်ခုလို ဖြစ်လာလိမ့်မယ်။
မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ လုံးဝ မေ့သွားလိမ့်မယ်။
လောကမှာ
ဘယ်သူကမှ ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်။
ကူညီတယ်ဆိုတာ ဝတ္တရားမဟုတ်ဘူး။
ငွေကြေးကူညီခဲ့ဖူးတာ၊ လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်၊ လူအားဖြင့်၊ စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တတ်ခြင်းက လူပီသခြင်းတစ်မျိုးပါပဲ။ 🖤🍀
တကယ်ချစ်တဲ့သူက
ပြန်လာတယ် ဆိုတာမဟုတ်ဘူး ။
တကယ်ချစ်တဲ့သူဆိုတာ ကိုယ့်ကို ထားခဲ့ပြီး
ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး ။
တကယ်ချစ်တဲ့သူက ကိုယ့်အနားမှာ
မြဲမြံစွာ ရှိနေနိုင်ဖို့ တနည်းမဟုတ်တနည်းနဲ့
အမြဲကြိုးစားနေမှာပဲ မဟုတ်လား ။
တကယ်ချစ်တဲ့သူက ဘယ်တော့မှ ထွက်မသွားဘူး ။
🌻🤍
#ခက်နှောင်
မလုပ်တတ်ခဲ့တာမဟုတ်ဘူး
မလုပ်ရက်ခဲ့တာပါ
ဒါကို
တချို့က အ တယ် ထင်ကြတယ်...
သူပြောသလို ကိုယ်ပြန်ပြောလိုက်ဖို့
လွယ်တာပေါ့
ဒါပေမယ့်
ငါပြောလိုက်ရင်ဆိုတဲ့အနောက်မှာ
ထိခိုက်နစ်နာသွားမှာစိုးလို့
တိတ်ဆိတ်ပေးခဲ့တာတွေရှိတယ်...
တစ်ခါတစ်လေကျတော့...
နဂါးမှန်းသိအောင် အမောက်ထောင်ပြသင့်လဲ
ထောင်ပြတတ်ရတယ်
အမြဲတမ်း ခေါင်းငုံ့ခံနေလို့ မဖြစ်ဘူး။
လူတချို့က လူပါးဝလွန်းတယ် ။
လူရာဝင်ဖို့
ငွေ လိုအပ်တယ်...။
လူတောတိုးဖို့
ပညာ လိုအပ်တယ်...။
လူပီသဖို့
အသိတရား လိုအပ်တယ်...။
လူလို့ ခေါ်ဖို့
ကိုယ်ချင်းစာတရား လိုအပ်တယ်..။
___________________
#crd =
တစ်ကြိမ် လိမ်ဖူးတဲ့သူကို
ခွင့်လွှတ်လိုက်ပါ
အမှားနဲ့ကင်းတဲ့လူဆိုတာ မရှိလို့ပါ ။
နှစ်ကြိမ်လိမ်ဖူးတဲ့လူကို
နားလည်ပေးလိုက်ပါ
ကိုယ့်ကို လိမ်မှဖြစ်မယ့်အကြောင်းပြချက်
ရှိကောင်းရှိနိုင်လို့ပါ ။
အကြိမ်ကြိမ်လိမ်ဖူးတဲ့လူကိုတော့
ဥပက္ခာပြုခြင်းနဲ့အတူ စွန့်လွှတ်လိုက်ပါ
ဘာကြောင့်လည်းဆိုတော့
သင့်ကို နောက်တစ်ကြိမ်
ထပ်လိမ်နေဦးမှာမို့လို့ပဲ ။
• အမှားဆိုတာ
ပြင်ရလွယ်တယ်ဆိုပေမယ့်
ကိုယ်မှားလို့ မှားမှန်းမသိတာ အဆိုးဆုံးပဲ
#crd_to_owner_with_respect
#??? #crdphoto #koyemin #မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်
မင်းကို တစ်ကယ် ချစ်တဲ့သူက
ပထမတစ်ကြိမ်
မင်းအမှားလုပ်မိတယ်
သူ မင်းကို ခွင့်လွှတ်ပေးလိုက်မယ် . . .❤️
ဒုတိယတစ်ကြိမ်
မင်းအမှားထပ်လုပ်တယ်
သူမင်းကို ထပ် ခွင့်လွှတ်ပေးလိုက်မယ် . . .❤️
တတိယတစ်ကြိမ်
မင်း အမှားထပ်လုပ်တယ်
သူအရင်တိုင်းပဲ မင်းကိုထပ်ခွင့်လွှတ်ပေးမယ် . . .❤️
ဘာလို့ ခွင့်လွှတ်ပေးနိုင်လဲ
သူမနာကျင်တတ်လို့ မဟုတ်ဘူး
သူမခံစားတတ်လို့ မဟုတ်ဘူး
သူအမှတ်မရှိလို့ မဟုတ်ဘူး
သူမင်းကို အရမ်း ချစ်လို့ . . .❤️
အဆုံးရူံးမခံချင်လောက်အောင် သူမင်းကိုချစ်လို့
မင်းလုပ်ရပ်တွေကို သူစိတ်နာချင်နာနေလိမ့်မယ်
ဒါမယ့် မင်းကိုတော့ အရမ်းချစ်တယ် . . .❤️
သူကငါ့ကိုချစ်တာပဲ ငါလုပ်ချင်တာလုပ်မယ်
သူ ငါ့ကို နားလည်မှု ပေးထားတာပဲ ဆိုပြီး
ထင်တိုင်းကျဲချင်လည်း ကျဲပေါ့ဗျာ . . .❤️
ချစ်တဲ့သူကတော့ ချစ်နေမှာပဲ
တစ်ခုတော့ ရှိတယ်
သူ သည်းမခံနိုင်တော့တဲ့ တစ်နေ့တော့
မင်း ဘာသာ မင်း သေသေ ရှင်ရှင်
လှည့်မကြည့်ပဲ ထားသွားလိမ့်မယ် . . .❤️
သိပ်ချစ်တတ်တဲ့ သူတွေမှာ
သိပ်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ် . . .❤️
အတူတူ ရှိနေချိန်မှာ အပေးအယူမျှပါစေ
ငါက ငါမို့လို့ဆိုတဲ့ အတ္တတွေ မာနတွေ
မထားပါနဲ့ ... ချစ်ပါ .. အနိုင်မကျင့်ပါနဲ့ . . .❤️
မင်းလုပ်ရပ်တွေကို သူ
သည်းမခံနိုင်တော့တစ်နေ့
မင်းသတိမထားမိလိုက်ခင်မှာပဲ
မင်းဘဝထဲကနေ သူ ထွက်ခွာ
သွားလိမ့်မယ် . . .❤️
မရှိတော့မှ ဘယ်နည်းနဲ့မှ ပြန်မတမ်းတနဲ့
သူ ပြန်လာမှာ မဟုတ်တော့ဘူး . . .❤️
#credit
ကျွန်တော် က ...
သိပ်ရက်စက်တာ
ဖုန်းတွေ မကိုင်တော့ဘူးဆိုရင်
ချပစ်ဖို့ ၀န်မလေးဘူး
တိတ်ဆိတ်ချင်ပြီဆိုရင်
ဘာကြောင့်ဖြစ်ဖြစ် အသံတွေထွက်မနေတော့ဘူး
မှန်တယ်မှားတယ်
မှားတယ် မှန်တယ်တွေ
တွေးမနေတော့ဘူး
အများကြီး ဂရုစိုက်ခဲ့ပြီးမှ
ပြန်ရမလာရင်
ဘယ်အရာကိုမှ မလိုချင်တော့ဘူးလေ
ဒီလိုပါပဲ ...
ကျွန်တော်က သိပ်ရက်စက်တာ
ငါ နာကျင်နေပါပြီလို့
မအော်တတ်ခဲ့သလို
ငါ ဘာဖြစ်နေပါပြီဆိုပြီး
မပြောတတ်ခဲ့ဘူးလေ
ဘယ်သူ့ကြောင့်ပါ
ဘယ်၀ါကြောင့်ပါဆိုပြီး
လက်ညိုးတွေ မထိုးတတ်ခဲ့ဘူး
အဆင်ပြေသွားမှာပါဆိုတဲ့
စကားလေးသုံးတယ်
အဆင်ပြေလာမှာပါဆိုပြီး
ညာတယ်
နောက်ဆုံးမှာမှ
ဘယ်သူမှ ရှိမနေလဲ ဖြစ်တယ်ဆိုတဲ့
စကားကိုသုံးတယ်
ဟုတ်ပါတယ် ...
ကျွန်တော်က ရက်စက်တတ်ပါတယ် ။
#ကျေးကို