30 w - Translate

အသက်ငယ်ငယ်နဲ့ ပဲပြုတ်ရောင်းပြီး မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ ပဲပြုတ်သည် ညီမလေး မေပုလဲဟန်ကို သနားဂရုဏာ သက်မိလို့ ပရဟိတကိုထွန်းမင်းနဲ့ ပေါင်းပြီး အလှူငွေ သိန်း(၃၀) ကျော် ကူညီထောက်ပံ့ပေးခဲ့တဲ့ မင်းသားချောလေး တိုင်ရွန်💛💛💛

image
30 w - Translate

နှစ်သစ်မှာ အရာအားလုံး အဆင်ပြေကြပါစေရှင့် 🤗

image
Okpar changed her profile picture
30 w

image
30 w - Translate

Dri.....ve (2024) ဇာတ်ကားသစ်
မင်းသမီးချောလေး Park Ju Hyun က
အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဟန်ယူနာ (Park Ju-Hyun) ဟာဆိုရင် subscriber ၇ သိန်းကျော်ရှိတဲ့
နာမည်ကြီး YouTuber တစ်ယောက်ပါ။
သူ့ဘဝလေးက သာ‌ယာချောမွေ့နေခဲ့ပေမဲ့လည်း တစ်နေ့မှာဘယ်သူဘယ်ဝါမှန်း
မသိနိုင်သူရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။
ပြန်ပေးသမားက ယူနာကို ကားနောက်ဖုံးထဲမှာ ထည့်ထားပြီး
တစ်နာရီကြာ live လွှင့်ခိုင်းပြီးတော့ ဝမ် ၆၅၀ မီလီယံရအောင် ရှာခိုင်းပါတော့တယ်။
Live လွှင့်ချိန် တစ်နာရီအတွင်း ယူနာတစ်ယောက်
ပြန်ပေးသမားက ဘယ်သူလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲ။
ပြန်ပေးသမားဆီကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကို
ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

#crd

image
Okpar changed her profile cover
30 w

image

#မန့်ကျွဲသဲ လုပ်ရတာ အလွန်လွယ်တယ်..

ထုံးရည်ကြည် မသုံးထားဘူး..
မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။
ပါဝင်ပစ္စည်းများ
၁. မွှေးပြောင်းဖူးမူန့် ၂၅ ဂရမ် ( ထမင်းစားဇွန်း ၂ ဇွန်းခန့်)
၂. နွားနို ၂၅၀ မီလီလီတာ ( ၁ လီတာ ရေသန့်ဗူးရဲ့ ၄ ပုံ ၁ပုံ)
၃. ထန်းလျှက်ရည် ပျစ်ပျစ် ၅၀ မီလီလီတာ
၄. ဆားအနည်းငယ်
ပြုလုပ်နည်း
မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းတွေ အကုန်ရောထည့်မွှေပီး မီးအပူ အလယ်လတ် နဲ့ ကျိုပါ၊ အိုးကို မီးဘိုပေါ်တင်ကတည်း တောက်လျှောက်မွှေပေးနေပါ။ မီးမပျင်းရ။
၃ မိနစ် လောက်ဆို ပျစ်လာဘီ။ နောက်ထပ် ၃-၄ မိနစ်လောက် ထပ်မွှေပေးလိုက်ရင် ရဘီ။
အခဲခံမည့်ခွက်ကို ဆီသုတ်ထားပေးရတယ်။ အခဲခံမည့်ခွက်ထဲ လောင်းထည့်။ အအေးခံ ပါ၊ ခဲသွားရင် ကြိုက်တဲ့အရွယ် လှီးလိုရဘီ၊ အုန်းသီးမနုမရင့်လေးဖြူးပီး စားပါ၊ ရေခဲသေတ္တာ မခဲတဲ့ အထပ် ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။
#မြိန်မြိန်

image

တပည့် တုံး တဲ့ နိဂုံး @ထိုင်းဟာသ

တယောက်ယောက်က ကိုယ်နဲ့ပတ်သတ်တဲ့
အရာ သေးသေးလေးကအစ မှတ်မိနေတာဟာ
ဘယ်လောက်တောင် ကောင်းလိုက်သလဲ။
တကူးတကပြောနေစရာမလိုဘဲ သူကိုယ်တိုင်က
အရိပ်တကြည့်ကြည့် ဂရုစိုက်နေတာမျိုးပေါ့။
#စာရယ်

ရုပ်ရည်တစ်ခုတည်း ချောမောတဲ့သူကို
လူတွေသဘောကျတဲ့ခေတ်က ကုန်ဆုံးလာပါပြီ။
၂၀၂၀ နောက်ပိုင်းမှာ လူတစ်ယောက်က လူတစ်ယောက်ကို
စိတ်ဝင်စား သဘောကျ နှစ်သက်လာဖို့ဟာ
ရုပ်ရည်တစ်ခုတည်းလှပနေရုံနဲ့ မဖြစ်နိုင်တော့ပါဘူး။
လူတွေဟာ ဘာကို ပိုစိတ်ဝင်စားလာကြသလဲဆိုရင်
Intelligence နဲ့ Attitude ကို စိတ်ဝင်စားလာကြပါတယ်။
ရုပ်လှတာထက်
ဉာဏ်ကောင်းတာကို သဘောကျလာကြတယ်။
စိတ်ကောင်းတာကို သဘောကျလာကြတယ်။
ဒီထက် ပိုလွယ်အောင်ပြောရရင်တော့
Physical Beauty အပြင်ပိုင်းအလှအပထက်
Brain ဦးနှောက်ရယ်
Heart နှလုံးသားရယ်ကို
လူတွေက ပိုမြင်လာတတ်ကြတာ ဖြစ်ပါတယ်။
Intelligence ဆိုတာက ကျောင်းစာတော်တာ မဟုတ်ပါဘူး။
တစ်ခုခုမှာ ထူးချွန်ကောင်းမွန်နေတာဟာ Intelligence ပါပဲ။
အတွက်အချက် ကောင်းတယ် ..
သီချင်းဆို တော်တယ် ..
နံပတ်တွေ၊ နာမည်တွေကို မှတ်မိလွယ်တယ် ..
စာအရေးအသား ပြောင်မြောက်တယ် ..
ဘာသာစကား ထူးချွန်တယ် ..
အချက်အပြုတ် ပါရမီရှိတယ် ..
စတဲ့ စတဲ့ ကိုယ့်ရဲ့အရည်အချင်းတစ်ခုစီတိုင်းဟာ
ကိုယ့်ရဲ့ Intelligence ဖြစ်ပါတယ်။
Attitude ကတော့ အကျင့်၊ စရိုက်၊ စိတ်၊ သဘောထား
စတာတွေ ကောင်းမွန်တာ ဖြစ်ပါတယ်။
ကြင်နာတတ်တယ် ..
ရိုးသားတယ် ..
စေတနာကောင်းတယ် ..
ကျေးဇူးသိတတ်တယ် ..
မုဒိတာပွါးနိုင်တယ် ..
အကောင်းမြင်တယ် ..
စတဲ့ စတဲ့ ကိုယ့်ရဲ့အတွင်းစိတ်က ကောင်းမွန်ခြင်းတွေဟာ
ကိုယ့်ရဲ့ Attitude ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာ လူတွေဟာ
လက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာပဲ ဖြစ်ဖြစ်
အပေါင်းအသင်း သတ်မှတ်တဲ့အခါမှာပဲ ဖြစ်ဖြစ်
အနုပညာရှင်ကို အားပေးတဲ့အခါမှာပဲ ဖြစ်ဖြစ်
Intelligence နဲ့ Attitude ကို တွဲမြင်လာကြပြီဖြစ်တဲ့အတွက်
ရုပ်ရည်ဘယ်လောက်ပဲ ချောမောလှပနေပါစေ
Intelligence မကောင်းမွန်ဘူး
Attitude မကောင်းမွန်ဘူး ဆိုရင်
စိတ်ဝင်စားခြင်း နည်းသွားမှာ ဖြစ်ပါတယ်။
Beauty တစ်ခုတည်းပါလာပြီး
Brain နဲ့ Heart တစ်ခုမှ မကောင်းမွန်တဲ့သူဟာ
လူတွေရဲ့အမြင်မှာ လှနေမှာ မဟုတ်တော့ပါဘူး။
Beauty မပါလာသည့်တိုင်
Brain ဖြစ်စေ၊ Heart ဖြစ်စေ၊ တစ်ခုခုကောင်းမွန်တဲ့သူကတော့
လူတွေရဲ့အမြင်မှာ ထည်ဝါနေမှာဖြစ်ပါတယ်။
သဘောကျစရာ၊ မြတ်နိုးစရာလေး ဖြစ်နေမှာဖြစ်ပါတယ်။
ရုပ်ရည်ဟာ 100% လုံး အရေးမပါတာတော့ မဟုတ်ပါဘူး။
ရုပ်ရည်လှပမှုဆိုတာ လူ့ဘဝရဲ့
ကြီးမားတဲ့ကံကောင်းခြင်းတစ်ခုပါပဲ။
လှပတာကို မကြိုက်တဲ့သူရယ်တော့ ဘယ်ရှိပါ့မလဲ။
ဒါပေမယ့် အရာရာတိုးတက်ပြောင်းလဲနေတဲ့ ခေတ်၊
ဒီ ၂၁ ရာစုနဲ့ နောင် ၂၂ ရာစု စပ်ကြားမှာ
ရုပ်ရည်လှပမှုရဲ့ အရေးပါခြင်းဟာ နည်းပါးလာမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ဒီ ၂၁ ရာစုမှာ
Beauty အတွက် ပြုပြင်ပြောင်းလဲနိုင်တာတွေဟာ
အများကြီးမှ အများကြီးရှိနေပါပြီ။
အလှအပဟာ ဖန်တီးယူလို့ရနေပါပြီ။
ဒါပေမယ့် Intelligence နဲ့ Attitude ကတော့
အလွယ်တကူ ဖန်တီးယူလို့ မရနိုင်ပါဘူး။
အများကြီး ကြိုးစားကာမှ ပိုင်ဆိုင်နိုင်မယ့်
တန်ဖိုးကြီးအရာ ၂ ခု ဖြစ်ပါတယ်။
ဉာဏ်ရည်ဟာ အောင်မြင်ခြင်းတွေ ပေးမယ်။
စိတ်ထားဟာ ပျော်ရွှင်ခြင်းတွေ ပေးမယ်။
အောင်မြင်ပျော်ရွှင်နေရတဲ့သူတစ်ဦးလောက်
ဘယ်သူကများ ပိုလှနိုင်ပါဦးမလဲ။
Intelligence is sexy ဆိုတဲ့ခေတ်၊
Attitude is sexy ဆိုတဲ့ခေတ်ကို
ရောက်ရှိနေကြောင်း အသိပေးပါရစေခင်ဗျာ။

#crd

image

က​လော​ရောက်ရင် သွားထိုင်ဖြစ်မည့် ​ကော်ဖီဆိုင်​လေးတစ်ခု 🤗
The Kennari Shan Tearoom
ဆိုင်အသစ်လေး မြင်းကရွာအိုးစည်တောင်ခြေက Kalaw Villa ရဲ့ Club House မှာဖွင့်ထားတာ 🏡
Club house က တောင်စောင်းမှာဆောက်ထားတဲ့အတွက် အပြင်ဖက်ကစားပွဲဝိုင်းတွေမှာထိုင်ရင် Vacation Home လေးတွေအများကြီးနဲ့ လှ့နေတဲ့ မြင်းကရွာလေးကို အပေါ်စီးကနေလှမ်းမြင်နေရမှာ အ​ချာပါပဲ​နော်
ညနေဘက် နေဝင်ချိန်မှာ တောင်တန်းတွေပေါ် ကိုနေရောင်ဖြာကျနေတာ သိပ်ကိုလှလို့ ဒီဆိုင်လေးမှာညနေဖက်သွားစားဖြစ်ရင် ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးအချိန်ပါပဲ 📸
The Kennari မှာ coffee special brew, cocktail, beer, wine နဲ့အတူ ရှမ်းစာရော ဘိုစာပါရတယ် premium ဆိုင်လေးက မနက် ၁၀နာရီကနေ ည ၁၀နာရီထိ ဖွင့်ပါတယ် 🤗
ဆိုင်ကိုသွားစားလို့ရသလို မြင်းကထဲက vacation home တွေကိုလဲ delivery လာပို့ပေးတော့ ညဖက်အပြင်မထွက်ချင်တော့ရင် အရမ်းအဆင်ပြေတာပေါ့နော် 😋👍
#သွားမယ်&တည်းမယ်

image
//