Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Smile (2022)
IMDb Rating – 6.9/10
ဒေါက်တာ ရိုစ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး
အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့
အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။
ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက်
ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ်
တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး
တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ
ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။
#horrormovie
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟
(၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပြီးမိမိလုပ်ငန်းနှင့်ဆိုင်သော သို့ ငွေကြေးနှင့်ပါတ်သက်ပြီး စကားပြောရတတ်ပါတယ်။မိမိရရှိသောဝင်ငွေထက်လုပ်အားပိုရပါလိမ့်မယ်။ပညာရေးတွင်အပြိုင်အဆိုင်ရှိတတ်ပြီးတွေးခေါ်မှုမှားယွင်းခြင်းကဲ့သို့သောအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းနှင့်အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးမထင်မှတ်ထားသောအကြောင်းအရာငယ်များနှင့်ပါတ်သက်၍ငြင်းခုန်ရတတ်ပါတယ်။
(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်မျှတမှုရှိနေပြီးမိမိ၏ဝင်ငွေထွက်ငွေကိုမိမိကိုယ်တိုင်ထိန်းညှိ၍စီမံနိုင်ပါကပို၍အောင်မြငိနိုင်ပါလိမ့်မယ်။ပညာရေးတွင်မိမိလျှောက်လိုသောလမ်းကိုရွေးချယ်ပါကရှေ့လျှောက်ပို၍အဆင်ပြေနိုင်ပါတယ်။မိမိကိုယ်တိုင်စိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးမတော်တဆထိခိုက်မှုများနှင့်ရောဂါအခံရှိသူများသတ်ိပြုရပါမယ်။အချစ်ရေးတွင်တစ်ဖက်အပေါ်တစ်ဖက်ကအနိုင်ယူနေတတ်ပြီးလွှမ်းမိုးနိုင်တာတွေ့ရပါတယ်။အချင်းချင်း သူဖက်ကိုယ့်ဖက်တွေးပေးတတ်ရန်လိုအပ်ပါလိမ့်မယ်။
(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိသော်လည်းဝင်ငွေထွက်ငွေညီနေသောကြောင့်သုံးစွဲမှုကိုချင့်ချိန်ရပါလိမ့်မယ်။လုပ်ငန်းရှင်များအနေနဲ့အခြားသောလူမှုရေးဆိုင်ရာအရှုပ်အရှင်းများကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကံကောင်းမွန်ပြီးအုပ်စုဖွဲ့လုပ်ဆောင်ခြင်း မိတ်ဆွေသူငယ်ချင်းများထံမှကောင်းကျိုးရရှိခြင်းစသောကောင်းမွန်မှုများနှင့်ကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့အာရုံကြောနှင့်ပါတ်သက်သောရောဂါများသတိပြုရပါမယ်။အချစ်ရေးနှင့်ပါတ်သက်၍စိတ်အလိုမကျဖြစ်နေတတ်ပြီးသူ့ဘက်ကိုယ့်ဘက်အပြိုင်အဆိုင်တင်းမာမှုများဖြစ်နေတတ်သောကြောင့်မိမိ၏စိတ်ခံစားချက်နှင့်ဦးေနှာက်ကိုမျှတစွာတွေးခေါ်ရန်လိုအပ်လိမ့်မယ်။
(၄)ဂဏန်းသမားများ (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီးရွေးချယ်မှုတခုနှင့်တခုကြားသတိပြုရန်လိုပါလိမ့်မယ်။ငွေကြေးနှင့်ပါတ်သက်၍စကားပြောရသည့်အခါညှိနှိုင်ူမှုများပြုလုပ်ရပါလိမ့်မယ်။ပညာရေးတွင်နိုင်ငံခြားကံကောင်းမွန်ပြီးရွေးချယ်စရာများတတ်သော်လည်းဆုံးဖြတ်ချက်မှားတတ်သောကြောင့်သတိပြုရန်လိုအပ်ပါတယ်။ကျန်းမာရေး တွင်မျက်စိနှင့်အာရုံကြောဆိုငိရာရောဂါများနှင့်ပါတ်သက်၍သတိပြုရပါမယ်။အချစ်ရေးတွင်တဖက်ဖက်ကပြိုင်ဘက်ပေါ်လာတတ်ပြီးရှေ့ဆက်ရန်တွေဝေနေတတ်ပါတယ်။စိတ်ဖိစီးမှုများနေတတ်သောကြောင့်ဆုံးဖြတ်ချက်များမမှားယွင်းစေရန်သတိပြုရပါလိမ့်မယ်။
(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံအတက်အကျများပြီးမထင်မှတ်ထားသောအခါများတွင်ဝင်ငွေရရှိတတ်သော်လည်းတခါတရံမိမိအားထုတ်သလောက်မဖြစ်ထွန်းနိုင်သောအရာများလည်းရှိတတ်ပါတယ်။ပညာရေးကံကောင်းမွနိပြီးအခွင့်အရေးကောင်းများရရှိနိုင်ပါတယ်။သိုရာတွင်မိမိစိတ်အာရုံပျံ့လွှင့်ခြင်း မပြတ်သားခြင်း အတွေးများခြင်း တို့ကြောင့် အခက်အခဲကြုံရတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်ကောင်းမွန်ပြီးမတော်တဆထိခိုက်ရှနာမျိုးသတိပြုရန်လိုပါလိမ့်မယ်။ရောဂါအခံရှိသူများကမျက်စိနှင့်အရိုးအဆစ်ကိုက်ခဲခြင်းကိုဂရုစ်ုက်ရပါမယ်။အချစ်ရေးတွင်ကံအသင့်အတင့်ကောင်မွန်ပြီးမိမိ၏မာနကြောင့်နားလည်မှုလွဲခြင်း စကားများခြင်းများ ဖြစ်တတ်သည်ကိုသတိပြုရပါမယ်။
#tarotqueen
Part-2
အမျိုးသားစာပေ တသက်တာစာပေဆုရ ဆရာမောင်သာနိုး အမှတ်တရ
အညာမြေခေတ်ကဗျာများ စာအုပ်မှာပါတဲ့ ဆရာမောင်သာနိုးရေးတဲ့ ကဗျာက ဆန်းသစ်တဲ့ ခေတ်ရှေ့ပြေး ကဗျာတစ်ပုဒ်အဖြစ် တွေ့ ရှိရပါတယ်။ အညာမြေခေတ် ကဗျာစာအုပ် မရှိတော့ပေမဲ့ မှတ်မိသလောက် ပြောရရင်တော့ ကဗျာအစပိုင်းမှာ-
ဤအကလေး
ဆင်းသွေးနုဖပ်
အဝတ်
မြင်ဖွယ်မကောင်း။
ကျောင်း
မသွားနိုင်။... ဆိုတဲ့ ကဗျာပုံစံအဖွဲ့မျိုး
“ငါ့ပြည်သူမှာ ဟာကျူလီတမျှ”ဆိုတဲ့ အသုံးမျိုး ရေးဖွဲ ့ထားတာ တွေ့ရ ပါတယ်။ အဲ့ဒီအချိန်ပိုင်းလောက်က ဆရာမောင်သာနိုးရေးတဲ့ “မလင်းပြာ” ကဗျာ ဟာလည်း အလွန်ထင်ရှားတဲ့ ကဗျာပါပဲ။
ဆရာနိုးဟာ စစ်ကိုင်းဇာတိဖြစ်ပြီး အဖ မြို့အုပ် ဦးခင်မောင်ကလေး အမိ ဒေါ်စံမြင့်၊ ဖခင်ဘက်မှ အဘိုးက တိုင်တားမင်းကြီးရဲ့ သား တောင်ထားဝယ်ဗိုလ် ကျောက်ဆောက်မြို့စား မောင်မောင်လေးမို့ ကျောက်ဆောက်သာနိုးလို့လည်း သိကြ ပါတယ်။ ဆရာနိုးရဲ့ အဘွားက မြို့ဝန်ဦးပေစိနဲ့ သုံးမြို့စားသခင်ကြီးတို့ရဲ့ သမီး ဒေါ်သီတာခင်ထွေးလို့ ဆိုပါတယ်။ ဆရာနိုးဟာ တိုင်တားမင်းကြီးရဲ့ မြစ် ဖြစ်ပြီး စာဆိုတော် လက်ဝဲသုန္ဒရတို. ဦးကျောက်ခဲတို့ကလည်း ဆရာနိုးရဲ့ ဘိုးဘေးတွေ ဆိုပဲ။ ထက်မြက်တဲ့ မျိုးနွယ်တွေပါ။
ဆရာမောင်သာနိုးရဲ့ ကလောင်နာမည်က မောင်သိင်္ဂါပါ၊ ဆရာဂျမ်းရဲ့ အမေ့ကျောင်းကဗျာများ စာအုပ်၊ ဆရာနိုးရဲ့ “မက်စ်ဝါဒနဲ့ကဗျာ” စာအုပ်တွေကို ဆရာဂျမ်းရဲ့ ဖန်မီးအိမ်စာအုပ်တိုက်က စတင်ထုတ်ဝေတာပါ။ ဆရာဂျမ်းက “မောင်သိင်္ဂါ ကလောင်နာမည်က နုလွန်းပါတယ်။ နာမည်ရင်းပဲ ခန့်ပါတယ်” ဆိုပြီး ပြောင်းခိုင်းလို့ မေမောင်သာနိုး ဖြစ်သွားတာလို့ ဆရာနိုးက ရေးထားပါတယ်။ ကျွန်တော့် ကလောင်နာမည်ကိုလည်း နာမည်ရင်း သန်းဌေးနဲ့ ရေးပါလို့ ဆရာဂျမ်း ကပြောလို သီတာရေကြည် ကဗျာများမှာ သန်းဌေးနဲ့ပဲ ရေးလိုက်တာပါ။ ဆရာ မောင်စွမ်းရည်တို့ ဆရာကြည်အောင်တို့ကိုလည်း ဆရာဂျမ်းပဲ ကလောင်နာမည် ပေးခဲ့တာလို့ သိရပါတယ်။ ဆရာဂျမ်းက အင်္ဂလိပ်စာကျွမ်းကျင်တဲ့ ဆရာနိုးကို မဟာဝိဇ္ဇာတန်းမှာ မြန်မာစာယူပြီး ဘွဲ့ယူဖို့ အကြံပေးခဲ့တာပါတဲ့။ ကျွန်တော့်ကို တော့ အင်္ဂလိပ်စာနဲ့ ဝိဇ္ဇာဘွဲ့ယူဖို့ဆရာဂျမ်းကပဲ အကြံပေးခဲ့တာပါ။ ဆရာနိုးက အင်္ဂလိပ်စာ၊ မြန်မာစာ အထူးကျွမ်းကျင်ပါတယ်။
တကယ်တော့ ဆရာနိုးက မန္တလေးတက္ကသိုလ်ကို ၁၉၅၀ ခုကတည်းက ရောက်ခဲ့ပါတယ်။ ကိုစောလွင်၊ တက္ကသိုလ် နွယ်ထွန်း၊ ကိုအောင်သျှန်၊ ကိုပေါက် စည် (အင်ဒရူးမြဟန်)၊ တက္ကသိုလ်ဝင်း၊ ကိုကိုးမြင့်၊ တက္ကသိုလ်မောင်ထွန်းဝေ၊ကိုကိုကြီး (ဒွါရာဝတီဘုန်းလူ/ဗိုလ်ကိုးလံ)တို့ ခေတ်ကပါ။ တကယ့် စီနီယာ တွေပါ။ ဆရာနိုးကတော့ မောင်မိုးသူ၊ မောင်စွမ်းရည်၊ ကသာဝင်းကြွယ်၊ မောင်သိန် နိုင်၊ တင်မိုး၊ Hလွင် (မောင်ဌေးဦး)စတဲ့ တက္ကသိုလ်ကျောင်းသားတွေအထိ အတူ လှုပ်ရှားခဲ့တဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်တော့်အစ်ကို ကိုကိုးမြင့်(အောင်ကိုး)ကလည်း မန္တလေးတက္ကသိုလ် မြန်မာစာအသင်းဥက္ကဋ္ဌ၊ ပါဠိ အသင်း အတွင်းရေးမှူးဆိုတော့ ဆရာနိုးနဲ့ အလွန်ရင်းနှီးချစ်ခင်ကြပါတယ်။
#ဆက်ရန်ရှိ
ဟုမ္မလင်းမြို့ အရှေ့ဘက် မိုင် ၄၀ ကျော်အကွာနေရာမှာ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်
ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရဲ့ အရှေ့ဘက် မိုင် ၄၀ ကျော်အကွာနေရာမှာ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
အင်အားအနည်းငယ်ရှိတဲ့ အဆိုပါမြေငလျင်ဟာ ဒီကနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၀၂) မိနစ်၊ (၃၈) စက္ကန့် အချိန်က လှုပ်ရှားသွားခဲ့တာလို့ဆိုပါတယ်။
လှုပ်ရှားသွားတဲ့ နေရာကတော့ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၂) မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့ရဲ့ အရှေ့ဘက် (၄၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၇) ဒီဂရီ၊ အနက် (၁၅၀) ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားခဲ့တာလို့လည်း မိုး/ဇလရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#centralnewsnaypyitaw