ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အဖေ ကျွန်တော့်ကိုပြောခဲ့ဖူးတဲ့
စကားလေးတစ်ခွန်းရှိတယ်..။
"ဘယ်နေရာမှာမဆို သူ့ဘက် ကိုယ့်ဘက်
မျှတွေးပေးတတ်ရတယ်.."
"ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရင်တော့..
အတ္တသမားပေါ့.."
"ကိုယ့်ဘက်ကိုယ်တောင်
ပြန်မကြည့်နိုင်ကြတော့ရင်တော့ အရူးတွေပေါ့တဲ့.."
ထိထိမိမိပါပဲ..။
#ရွှေစွန်ညို-(စွဲ Poetry)
ကိုယ်တိုင်တောင်မပြည့်ပဲ ငါတို့က..
တခြားသူတွေကို ဖြည့်ခဲ့ကြတယ် ။
ကိုယ့်ဒုက္ခကိုမကြည့်ပဲ...
တစ်ဖက်သားမပြေလည်မှာပဲ စိုးရိမ်ခဲ့ကြတယ်။
အနစ်နာခံခြင်း ငဲ့ညာခြင်းတွေကို..
လွယ်လွယ်ကူကူပဲ ချစ်ခြင်းမေတ္တာလို့..
ခေါင်းစဉ်တပ်ကြတယ် ။
ဒီလိုနဲ့ပဲ..
ဒဏ်ရာတွေနဲ့ ပြေးလို့မောတော့မှ..
ကိုယ့်ကိုယ်ကို ချစ်ဖို့သတိရတယ် ။
ရွယ်တူ သူငယ်ချင်းတွေနဲ့ယှဥ်လိုက်ရင်
ငါတစ်ယောက်ထဲ အနာဂတ်မဲ့နေသလို ခံစားရတယ်။
နောက်ကနေ supportပေးနိုင်တဲ့
အင်အားလုံလုံလောက်လောက်လဲရှိမနေဘူး။
ငယ်တဲ့အရွယ်လဲ မဟုတ်တော့တာကြောင့်လဲ
အိမ်အခြေအနေကိုလဲ ကြည့်ရပြီး
ဖြစ်ချင်တာတွေကိုရပ်လိုက်ရတဲ့ အခိုက်အတန့်တွေ။
တကယ်ပါ လိုချင်တာတွေမရနိုင်တာကြောင့်
ပင်ပန်းရတယ်။ 🖤
တမင်လွဲအောင် ခွဲသွားရက်တဲ့ လက်ကလေးကို
လွဲမသွားရအောင် အတင်းဆွဲမထားရက်ဘူး
" ကိုယ်ချစ်ရတဲ့သူကို
သူချစ်ရတဲ့လူအနားမှာဘဲ ပျော်စေချင်တယ် "
#လွမ်းနောင်အိမ်
ခင်ဗျားကို
ခင်ဗျားလိုလူမျိုးနဲ့ပဲတွေ့စေချင်တယ်
ကျွန်တော့်ကိုလဲ
ကျွန်တော်လိုလူမျိုးနဲ့ပဲပြန်တွေ့ချင်တယ်။
#depayy
ပေါ်တင်ကြီးတွေ ရှုပ်ပွေပြီး
ဖော၊က်ပြန်သွားတဲ့သူတွေကို မကြောက်ဘူး
ကိုယ့်ကို စောင်ရမ်းချစ် စောင်ရမ်းအလိုလိုက်ပြီး
ကွယ်ရာမှာ လူမသိသူမသိ အေးအေးလေးနဲ့
ဖော၊က်ပြန်တက်တဲ့သူတွေကို ပိုကြောက်တယ်
ဘယ်သူဝင်လုံးလုံး တိတ်တိတ်လေးနဲ့ ငြိမ်ငြိမ်လေး
ကုတ်ကမြင်းတွေကို ပိုကြောက်တယ်
ဒါတောင် သူတို့ဖော၊က်ပြန်တာတွေကို လက်ပူးလက်ကြပ်မိရင်တောင်
အရွဲ့တိုက်တာဆိုတာက ပါသေးတယ်
ကျန်သေးတယ် သူတို့ကြောင့် ပြ၊တ်သွားရင်တောင်
သူတို့က ချစ်ပေးတာကို ထားခဲ့ကြတာဆိုတာက ပါသေး.. 🙂
နောက်ပီးရှိသေးတယ် phနဲ့ပဲစကားပြောကြာပါတကယ်သွားအိပ်တာမှမဟုတ်တာ တဲ့
အဲ့ဒါလဲဖောက်ပြန်တာပဲလို့ငါတော့ယူဆတယ်
Relationship တခုမှာ တယောက်မသိအောင်ခိုးကြောင်ခိုးဝှက်တခြားတယောက်ကိုအချိန်ပေးပီဆိုထဲကဖောက်ပြန်တာပဲ
လူတယောက်ကိုတကယ်ချစ်တယ်ဆိုရင်သူနာကျင်စေမယ့်အရာအားလုံးကိုကိုယ့်ဘက်ကမလုပ်ခြင်းနဲ့ချစ်ပေးမှပြီးပြည့်စုံတဲ့ချစ်ခြင်းပဲ