Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြိုးဆွဲရာကတဲ့ထဲမှာ
ရုပ်သေးရုပ်တစ်ခုထဲမဟုတ်ပါဘူး
ဟောဒီကောင်ကြီးကလဲ
မင်းစွဲရာလိုက်ကတက်တာပါ
ဈေးပေါလို့တော့မဟုတ်ဘူး
မင်းဖြစ်နေလို့ 🥹
#မနက်ဖြန်
စကားပြောနေကျ အချိန်တွေမှာ
မအားတော့တာ များတယ် ။
စကားပြောဖြစ်တဲ့အချိန်တွေမှာ
သိသိသာသာ အေးစက်လာတယ် ။
သူစိမ်းနှစ်ယောက်
စ မိတ်ဆက်သလို
ဆက်ဆံရေးမျိုးလေ
ကိုယ်က မေးတယ်
သူက ဖြေတယ်
ကိုယ်က တိတ်လိုက်ရင်
သင်္ချိုင်းတစပြင်လိုပဲ ။
မှာနေကျ စကားလုံးတွေက
စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်သလို
စိတ်ပူပြီး ခေါ်နေမိတဲ့ဖုန်းက
ပြဿနာတွေဖြစ်လာတတ်တယ် ။
ကိုယ်ဘာလုပ်လုပ်
ကိုယ်ဘာပြောပြော
အရာရာဟာ
စိတ်ပျက်စရာတွေ ဖြစ်လာတတ်တယ် ။
မချစ်ချင်တော့တဲ့အခါ
ဒီလိုပါပဲ
မရှိ ရှိတဲ့အပြစ်ကို ရှာကြံတတ်ကြတယ် ။
#ကျေးကို