onile ကမှာထားတဲ့ပုံ
အိမ်ကိုရောက်လာတဲ့ပုံ

image

onile ကမှာထားတဲ့ပုံ
အိမ်ကိုရောက်လာတဲ့ပုံ

imageimage

❝ပြည်တွင်းထုတ်ဓာတ်ဆီဖြစ်တဲ့ RON-68 တွေကို စွမ်းအင်ဝန်ကြီးဌာနပိုင် ဆီဆိုင်အချို့မှာ စတင်ရောင်းချပေးနေပြီ❞

 ဇန်နဝါရီ ၆

ပြည်တွင်းကထုတ်တဲ့ ဓာတ်ဆီ RON-68 တွေကို နေပြည်တော်နဲ့ မန္တလေးမြို့မှာရှိတဲ့ စွမ်းအင်ဝန်ကြီးဌာနပိုင် ဆီဆိုင်အချို့မှာ ဒေသန္တရပေါက်ဈေးထက် သက်သာတဲ့ဈေးနှုန်းနဲ့ ပြည်သူတွေထံ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးနေပြီလို့ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ သိရပါတယ်။

အဆိုပါ ပြည်တွင်းထုတ်ဓာတ်ဆီ RON-68 ဟာ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးမော်တော်ဆိုင်ကယ်တွေအပြင် အိမ်သုံး၊ လုပ်ငန်းသုံး၊ ရုံးသုံး မီးစက်တွေ၊ စက်လှေတွေမှာလည်း အသုံးပြုနိုင်တယ်လို့သိရပြီး လက်ရှိမှာ အဆိုပါ ဓာတ်ဆီတစ်လီတာကို ငွေကျပ် ၂၂၀၀ နဲ့ စတင်ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

အဲဒီဓာတ်ဆီတွေကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးဌာနအောက်မှာရှိတဲ့ ဓာတ်ဆီအရောင်းဆိုင်တွေအနက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေးက ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၃၅၄) နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၆၁၁)နဲ့ (၀၆၁၄) တို့ကို ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာဖွင့်လှစ်ပြီး စတင်ရောင်းချပေးခဲ့တာလို့ သိရပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဟင်းငုတ်ပင်ဓာတ်ဆီအရောင်းဆိုင်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင် ဓာတ်ဆီအရောင်းဆိုင်တို့ကိုလည်း ယခုလအတွင်း ဆက်လက်ဖွင့်လှစ်ပြီး ရောင်းချပေးသွားမှာဖြစ်သလို ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

#centralnewsnaypyitaw

image

ရေတာရှည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာတွေမှာ တိုက်ပွဲကြောင့် စစ်ရှောင် မြင့်တက်လာ

ဇန်နဝါရီ ၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ပိန္နဲပင်ရွာနဲ့ ရေလွှဲရွာမှာ နစက တပ်ဖွဲ့နဲ့ PDF တွေအကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

နှစ်ဖက်အ ဖွဲဲ့အစည်းတွေအကြားတိုက်ပွဲ ပြင်းထန်နေတာကြောင့် အဆိုပါကျေးရွာက ဒေသခံပြည်သူတွေမှာ လက်နက်ကြီးကြောင့် နေအိမ်တွေထိခိုက်ပျက်စီးတဲ့အပြင် ရွာလုံးကျွတ်နေအိမ်စွန့်ခွာစစ်ရှောင်နေရသလို အနီးဝန်းကျင်ရှိရွာတွေကလည်း စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။

" ခုရက်ပိုင်းမှာပိုပြင်းထန်လာတယ်ပြောရမယ်။ပစ်ခတ်သံတွေနေ့တိုင်းကြားရတယ်။ PDF တွေဘက်က ရှစ်ယောက်သေတယ်လို့သိရတယ်။စစ်တပ်ဘက်ကလည်းအကျဆုံးရှိတယ်ကြားပေမယ် သေချာမသိရသေးဘူး။ရွာသားတွေကတော့အကုန်စစ်ရှောင်နေကြရတယ်။တိုက်ပွဲဖြစ်တဲ့ရွာနီးပတ်ချာလည်းမနေရဲကြဘူးရှောင်ကြရတယ်။ခုတိုက်ပွဲဖြစ်နေတဲ့ရွာက သေတာ ရှစ်ယောက်ရှိတယ်။" လို့ ဒေသခံကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ပိန္နဲပင်ရွာနဲ့ရေလွှဲရွာတွေက ဒေသခံပြည်သူတွေကတော့ စစ်ပွဲလွတ်တဲ့ကျေးရွာတွေနဲ့ဘုန်းတော်ကြီးကျောင်းတွေ၊ဆွေမျိုးမိသားစုမိတ်ဆွေတွေ၊ တောတွေထဲကိုထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေးတွေလည်း ဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်။

" တိုက်ပွဲက ဖြစ်တော့ပြေးကြရတာ စားစရာကိုအများကြီးဘယ်သူမှမသယ်နိုင်ဘူး။ဒီတိုင်းပြေးကြရတာ။တောထဲရှောင်နေရသူတွေဆိုပိုဒုက္ခရောက်တယ်။ကူညီမယ့်သူမရှိနဲ့ အမိုးအကာကမလုံမခြုံနဲ့နေရတာ။ရွာတွေဘက်ရှောင်တဲ့သူတွေကမှတော်သေးတယ်။ ဒီနေ့လည်း ပစ်ခတ်တွေ ကြားရတယ်။" လို့သူကဆက်ပြောပါတယ်။

အဆိုပါ တိုက်ပွဲအကြားမှာလက်နက်ကြီးထိမှန်ပြီး ပိန္နဲပင်ရွာက ခုနှစ်ယောက်သေဆုံးခဲ့ပြီး ရေလွှဲရွာကတော့ အုပ်ချုပ်ရေးမှူးသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။

ခုလဇန်နဝါရီ ၁ ရက်နေ့မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးလာတဲ့ နစက တပ်ဖွဲ့တွေနဲ့ PDF တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာကနေ ဒီနေ့ဇန်နဝါရီ ၅ ရက်နေ့အထိတိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကလည်း ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာအနီးမှာ နစကနဲ့ PDF အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့​သိရပါတယ်။

photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
Khine Su Zin shared a post  
31 w

31 w

−− ‘အဆီစုပ်ထုတ်ခြင်း'၏ ကောင်းကျိုး/ ဆိုးကျိုးများ −−
.
◼️ အဆီစုပ်ထုတ်ခြင်း (Liposuction) ကြောင့်
အောက်ဖော်ပြပါ
ကောင်းကျိုးများနှင့် ဆိုးကျိုးများကို
ခံစားရနိုင်ပါတယ်...
.
အဆီစုပ်ထုတ်ခြင်းဆိုတာ ဘာလဲ ❓
◼︎ သတ္တုချောင်းပုံစံ အဆီစုပ်ပိုက်ကို
ဗိုက်ကြွက်သားနဲ့ အရေပြားကြားထဲ
ထိုးထည့်ပြီး အဆီပိုတွေကို
စုပ်ထုတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်...
.
အလှအပဆိုင်ရာ ခွဲစိတ်မှုတမျိုးဖြစ်ပါတယ်.
.
◼︎ အဆီ ၂ မျိုး
ယေဘုယျအားဖြင့် ခန္ဓာကိုယ်ထဲမှာ
အဆီ ၂ မျိုးရှိပါတယ်.
1. အရေပြားအောက်ရှိ အဆီများ (Subcutaneous fat)
2. ဝမ်းတွင်း ကလီစာအဆီများ (Visceral fat) တို့
ဖြစ်ပါတယ်.
.
◼︎ အထူးသတိပြုစရာကတော့
အဆီစုပ်ထုတ်ခြင်းဟာ
“အရေပြားအောက်ရှိ အဆီ” များကိုသာ
စုပ်ထုတ်နိုင်ပါတယ်.
.
ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းကို ပြုလုပ်နိုင်လဲ❓
▪️အဆီများတဲ့ နေရာတွေ …
ဥပမာ .
− ဗိုက်
− ခါး
− လက်မောင်း
− ပေါင်
− တင်ပါး
− မေးရိုး. လည်ပင်း
စသည်တို့ ဖြစ်ပါတယ်.
.
ဘ​ယ်သူတွေ ပြုလုပ်နိုင်လဲ❓
◼︎ ကိုယ်ခန္ဓာသွယ်လျ လှပချင်သူများ အနေနဲ့
1. ကယ်လိုရီ လျော့စားခြင်းနဲ့
2. လေ့ကျင့်ခန်းပြုလုပ်ခြင်း တို့ကို
ပထမဆုံး ပြုလုပ်သင့်ပါတယ်.
.
ဒါပေမယ့်
အဆီ'မ’ကျဘူး ဆိုရင်တော့
Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းကို
ဒုတိယဦးစားပေးအနေနဲ့
စဉ်းစားနိုင်ပါတယ်.
.
◼︎ ကောင်းကျိုးများ
- အချိန်တိုအတွင်း အဆီပိုများကို ဖယ်ရှားနိုင်ခြင်း၊
- ကိုယ်ခန္ဓာ ပိုမိုသွယ်လျလှပလာခြင်း၊
- စိတ်ကျေနပ်မှုရရှိခြင်း၊
- ရလာဒ် ကြာရှည်ခံခြင်း၊
စသည်တို့ ဖြစ်ပါတယ်.
.
◼︎ ဆိုးကျိုးများ
လူ ၁၀၀ မှာ ၅ ယောက်လောက်က
ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်.
ဥပမာ .
− အနာပိုးဝင်ခြင်း
− ထုံကျင်ကိုက်ခဲနေခြင်း
− အနာပြည်တည်ခြင်း
− အမာရွတ်ကျန်ခြင်း
− ရောင်ရမ်းခြင်း
− အရေပြားပုပ်ခြင်း
စသည်တို့ ဖြစ်ပါတယ်.
.
​ေ−ဆုံးနိုင်ခြေရှိလား ❓
ကျွမ်းကျင်သော ခွဲစိတ်ဆရာများဖြင့် ပြုလုပ်ရင်တောင်မှ
လူ ၅၀၀၀ မှာ ၁ ယောက် ​ေ−ဆုံးနိုင်ခြေရှိပါတယ်.
◼︎ ဘာကြောင့်လဲဆိုရင်တော့
− အဆုတ်သွေးခဲခြင်း (Pulmonary thromboembolism)
− သွေးကြောထဲ အဆီများရောက်ရှိခြင်း (Fat embolism)
− သွေးဆိပ်တက်ခြင်း (Sepsis)
− မေ့ဆေး/ထုံဆေးများ၏ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဖြစ်ပါတယ်.
.
◼︎ နိဂုံးချုပ်အနေဖြင့်
အဆီစုပ်ထုတ်ခြင်း၏
ကောင်းကျိုးနှင့် နောက်ဆက်တွဲဆိုးကျိုးများကို
သေချာသိရှိပြီး၊
မိမိကိုယ်တိုင် လက်ခံနိုင်မှ ပြုလုပ်သင့်ပါတယ်.
.
ဆရာဝန်၏တိုက်တွန်းမှုကြောင့်
(သို့မဟုတ်)
သူငယ်ချင်းတွေရဲ့ စကားကိုနားယောင်မှုတို့ကြောင့်
အလျင်စလို မပြုလုပ်သင့်ပါဘူး ခင်ဗျာ…
−−−−−−
လေးစားစွာဖြင့်
Dr. ကျော်ဇောဟိန်း
MBBS (Mdy), DTMH (Trop. Med.)
M.D. (Internal Medicine), Ph.D. (Dermatology)
FACP (USA)
လ/ထ ပါမောက္ခ

image
image
image
image
31 w - Translate

Fancy tattoo

image
31 w - Translate

Fancy tattoo

image
31 w - Translate

Fancy tattoo

image
31 w - Translate

Fancy tattoo

image
31 w - Translate

Fancy tattoo

image