သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဇန်နဝါရီ ၁၂

ဇန်နဝါရီလ ၇ ရက်နေ့ ၂၃၅၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မမူမျိုးစန္ဒာ၀င်း နှင့် မနန်းရီမူ တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၂၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၈ ရက်နေ့ ၁၂၁၅ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်း၀ယ်ရာ၌ ပူးပေါင်းပါ၀င်သူ မောင်ဇော် အား လှည်းကူးမြို့နယ်၊ နှုတ်ခမ်းမွှေးသိုက်ကျေးရွာအနီးတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မမူမျိုးစန္ဒာ၀င်း(၄၇)နှစ်၊ မနန်းရီမူ(၃၉)နှစ် နှင့် မောင်ဇော်(၄၇)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရပါတယ်။

#centralnewsnaypyitaw

image
32 w - Translate

သစ္စာရှိတယ်
ကိုယ်ကျင့်တရား မြဲတယ်....။

တစ်စုံတစ်ဦးအတွက် သီးသန့်ရည်ရွယ်ထားတဲ့
ချစ်ခြင်းမေတ္တာကို ဘယ်သူ့ကိုမှ ပေးပစ်ဖို့
ဆန္ဒမရှိပါ ....။

ကိုယ့်ရဲ့ နေ့ရက်တိုင်းဟာ ပုံမှန်ပဲ
ကိုယ်တိုင်ကလည်းအရင်အတိုင်းပဲ....။

ဒါပေမယ့်....

တိတ်ဆိတ်ငြိမ်သက်မှုကို
ပို၍ ပို၍ သဘောကျလာခဲ့တယ် ....။

🍂🤍☘️

image
32 w - Translate

ငါးသလောက်ပိဿာချိန် (၈၂၀၀၀)ကို ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချခဲ့

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ငါးသလောက်ပိဿာချိန် (၈၂၀၀ ၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါဒေသမှ ငါးသလောက်များကို နိုဝင်ဘာလအတွင်း ငါးသလောက် ပိဿာချိန် (၆၄၀၀၀) ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလတွင် အဝယ်လိုက်ခြင်းကြောင့် ပိုမို‌တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ငါးသလောက်ဈေးနှုန်းသည် လတ်ဆက်မှုနှင့်အရွယ်အစား အလေးချိန်အပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိကြောင်း လက်ရှိတွင်လည်း ငါးသလောက်များအဝယ်လို က်နေသလို ရန်ကုန်ဈေးကွက်အပြင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ငါးသလောက်အသေး တစ်ပိဿာလျှင် ငွေကျပ် (၁၈၅၀၀)၊ အလတ် တစ်ပိဿာလျှင် ငွေကျပ် (၂၇၀၀၀) မှ (၃၅၅၀၀)၊ အကြီး တစ်ပိဿာလျှင် ငွေကျပ် (၅၅၀၀၀) မှ (၇၅၀၀၀) ထိ အရွယ်အစားအပေါ်မူတည်ကာ ဈေးကွက်အပြောင်းအလဲရှိကြောင်း သိရသည်။

image
32 w - Translate

အချစ်တဲ့ဆန်းကျယ်လိုက်ပုံများ
သူ့ရင်ထဲမှာ ကိုယ်မရှိမှန်းသိတာတောင် ကိုယ့်ရင်ထဲမှာရှိနေတဲ့
သူကိုတော့ ဘယ်လိုမှဆွဲမထုတ်ရက်ခဲ့ဘူး ....။

မေ့နိုင်ပြီလားတဲ့ ဟင်အင်း ....
သူ့နာမည်လေးကြားရုံ ၊ မောင် ဆိုတဲ့နာမ်စားလေးမြင်ရုံနဲ့တင်
ပျာယာတွေခတ်ပြီး ပြန်လာမယ်အထင်နဲ့ စောင့်နေတုန်း.. ❤️‍🩹။

#khaing
#crdphoto

image
32 w - Translate

만날 인연은 어이없게도 만나지고..
တွေ့ဆုံရမဲ့ရေစက်မျိုးဆိုရင် အံ့ဩဖို့ကောင်းလောက်အောင်ကို တွေ့ရတတ်ပြီး..

안될 인연은 죽어라 노력해도 안되는 것임..
မဖြစ်နိုင်တဲ့ရေစက်ကတော့ ဘယ်လောက်ပဲကြိုးစားအားထုတ်ပါစေ မဖြစ်နိုင်ပါဘူး..

항상 뭔가 사람으로 힘들면 이 생각부터 함..
လူတစ်ယောက်ကြောင့်နဲ့ပင်ပန်းရပြီဆို အမြဲဒီအတွေးကိုအရင်တွေးပါ..

#잇퓨링

https://t.me/koreanquotes33

image
32 w - Translate

တကယ်ချစ်ရင် ...
မရမက ဆက်သွယ်ရမှာပေါ့တဲ့

သိပ်ချစ်လို့ ...
မဆက်သွယ်ပဲ နေပေးလိုက်တဲ့
အဖြစ်တွေကို
မကြုံဖူးသေးလို့ ဖြစ်မှာပါ ။

#ကျေးကို

image

မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် သေနတ်ပြ၍ ငွေများဝင်လုယူမှု ယနေ့ ဖြစ်ပွား၊ လုယက်သူကို ဝိုင်းဖမ်းရာ ကျူးလွန်သူက သေနတ်ဖြင့်ပစ်၍ ဘဏ်ဒုတိယမန်နေဂျာ လက်မောင်းဒဏ်ရာရ

ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် သေနတ်ပြ၍ ငွေများဝင်လုယူမှု ယနေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ကနဦး သိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် အကွက်အမှတ် ၆၈၉ ဘဏ်ခွဲအမှတ် ၃၇၊ ဗောဓိကုန်းဘဏ်ခွဲသို့ အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်အတို လက်လုပ်တစ်လက်ကို ထုတ်ပြကာ ၎င်းနှင့်အတူ ပါလာသည့် ကျောပိုးအိတ်အနက်ရောင်အတွင်းသို့ ငွေစက္ကူများထည့်သွင်း၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ယင်းသို့ ထွက်ခွာသွားစဉ် ဘဏ်ဝင်ပေါက်ရှိ ဘဏ်လုံခြုံရေးအဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ အဆိုပါကျူးလွန်သူက လက်လုပ်သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘဏ်၏ ဒုတိယမန်နေဂျာ ဦးလမင်းကိုကိုတွင် လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့သောကြောင့် သက်ဆိုင်ရာက လက်ရှိတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် ဒဏ်ရာရ ဘဏ်တာဝန်ရှိသူကိုလည်း ဆေးကုသနေကြောင်း လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
32 w - Translate

🥹

image
32 w - Translate

မင်းချစ်သူ မင်းကိုမေ့ပြီတဲ့......

image
32 w - Translate

မနှောင့်ယှက်ဘဲနဲ့ နေနိုင်ပါတယ်။
သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။

ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလို
ဝဋ်ကြွေးလည်း ဖြစ်နိုင်ပါတယ် ချစ်သောရဲ့။

တချို့အမှတ်တရတွေကို ရင်မှာ သိမ်းထားတယ်။
တချို့ကိုတော့ မေ့ထားလိုက်တယ်။

ဝန်ခံရရင် အများကြီး သတိရတယ်။
ကိုယ့်အပိုင်မဟုတ်ကြောင်း အတွေးဝင်မိတော့
လျှောက်လာတဲ့ ခြေလှမ်းလေးတွေ နောက်ဆုတ်ခဲ့ရတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ရဦးမယ်။
ရင့်ကျက်ဖို့လည်း အများကြီး ကြိုးစားရဦးမယ်။

ချစ်သောရေ ...
ဝေးသော အရပ်မှာ နီးတဲ့သူနဲ့ အဆင်ပြေပါစေ။
မပိုင်ဆိုင်ရလည်း မြတ်နိုးရပါကြောင်း
အမှာ‌ပါးလိုက်ပါရစေ။

🤍☘️🍂
#ᗩᒪoᑎᗴ

image