Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတစ်ယောက်ကို သဘောကျရင်
သဘောကျတယ်ဆိုတဲ့ အနေထားလေးမှာပဲ ထားခဲ့၊
ပိုင်ဆိုင်ချင်တဲ့ နေရာထိ ခေါ်မလာမိစေနဲ့ ။
တချို့အရာတွေက ရသင့်တာထက်
ပိုလိုချင်မိရင် ဒုက္ခရောက်တတ်တာမို့
သဘောကျတယ် ဆိုတဲ့အနေအထားလေးကပဲ
အန္တရာယ်ကင်းတယ် ၊
ပစ္စည်းဥစ္စာမှမဟုတ်ဘူး -
ချစ်ခြင်းမေတ္တာမှာလည်း ရောင့်ရဲတတ်ဖို့လိုတယ် ။
#crd
မနှောင့်ယှက်ဘဲနဲ့ နေနိုင်ပါတယ်။
သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။
ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလို
ဝဋ်ကြွေးလည်း ဖြစ်နိုင်ပါတယ် ချစ်သောရဲ့။
တချို့အမှတ်တရတွေကို ရင်မှာ သိမ်းထားတယ်။
တချို့ကိုတော့ မေ့ထားလိုက်တယ်။
ဝန်ခံရရင် အများကြီး သတိရတယ်။
ကိုယ့်အပိုင်မဟုတ်ကြောင်း အတွေးဝင်မိတော့
လျှောက်လာတဲ့ ခြေလှမ်းလေးတွေ နောက်ဆုတ်ခဲ့ရတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ရဦးမယ်။
ရင့်ကျက်ဖို့လည်း အများကြီး ကြိုးစားရဦးမယ်။
ချစ်သောရေ ...
ဝေးသော အရပ်မှာ နီးတဲ့သူနဲ့ အဆင်ပြေပါစေ။
မပိုင်ဆိုင်ရလည်း မြတ်နိုးရပါကြောင်း
အမှာပါးလိုက်ပါရစေ။
#han_phyo
ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံကမ်းခြေ နောက်ဆုံးရ သတင်း
ချောင်းသာ ငွေဆောင် ရွှေသောင်ယံ ဝက်ေ-သ သဖော့ကန်ဖက်အသွား ကားလမ်းအား ၁၃.၁.၂၀၂၅ ရက်နေ့နှင့် ၁၅.၁.၂၀၂၅ ရက်နေ့တို့ ၂ ရက် ကားလမ်းပိတ်မည်ဆိုသည်မှာ ကောလဟာလ သတင်းသာဖြစ်ပြီး လက်ရှိ ရွှေသောင်ယံနှင့် ချောင်းသာ ပုသိမ်ရှိ တာဝန်ရှိသူများနှင့် မိတ်ဆွေအပေါင်းအသင်းများအား သေချာစွာမေးမြန်းပြီး ဖြစ်ပါတယ်ဗျာ။
အဆိုပါရက်တွေမှာ ကားလမ်းပိတ်ထားဖို့ ညွှန်ကြားချက် လုံးဝမရှိသေးသလို လက်ရှိအချိန်မှာလည်း လိုင်းကားများ အိမ်စီးကားများ ပုံမှန်သွားလာလျက်ရှိပြီး ချောင်းသာ ငွေဆောင် ရွှေသောင်ယံ ဝက်ေ-သ သဖော့ကန် သဲကျင်း ပိုးလောင်း ကျွန်းချောင်း မ-ာ့သ-ာ မီးလောင်ချိုင် တောင်နီမော် ဘေ-ာမိ တလျောက် အခြေအနေ အေးဆေးငြိမ်သက်လျက်ရှိပြီး ပုံမှန်အတိုင်း သွားလာလုပ်ကိုင်လျက်ရှိပါတယ်။ ကြိုရှောင်တဲ့သူတွေလည်း ရှောင်ကြပေမယ့် တစ်ဖက်အဖွဲ့များမှာ မကျီးဇင်ရွာထဲမှ ပြန်လည်ဆုတ်ခွာသွားသည်ဟု မြေပြင်တွင် ရှိနေသူများမှ ကြားသိရပါတယ်။
ချောင်းသာနှင့် ငွေဆောင်ဖက်တွင်လည်း လာရောက်လည်ပတ်သူများရှိသလို ပြန်သွားကြသူများလည်းရှိပြီး အခြေအနေ အေးချမ်းငြိမ်သက်လျက်ရှိပါသည်။ ဟိုတယ်တွေ ပိတ်ခိုင်းနေသည် ဟိုတယ်တွေ ပိတ်မည်ဆိုသည်မှာလည်း သတင်းမမှန်သလို လက်ရှိဖွင့်နေသောဟိုတယ်များ ဒီရက်ပိုင်းမှ ပိတ်လိုက်ခြင်းမရှိသေးပါ။
အခြေအနေ အပြောင်းအလဲနှင့် ထူးခြားမှု ရှိလာပါက အချိန်နှင့် တပြေးညီ သတင်းတင်ပေးပါမယ်ဗျ။
ကိုတိုး
#ချောင်းသာ
#ငွေဆောင်
ဒီနေ့ ဒီအချိန် မနှစ်ကနဲ့ ဒီနှစ် ရွှေစျေး ဒေါ်လာစျေး ဘတ်စျေး ကွာခြားချက်
မနှစ်က 2024 ဇန်နဝါရီလ 12 ရက်နေ့စျေး
အမေရိကန်ဒေါ်လာ 3435 - 3465
စင်ကာပူဒေါ်လာ 2555 – 2615
ထိုင်းဘတ် 97.50 – 99.50
(၁၆) ပဲရည် မီးလင်း အခေါက်ရွှေ
3,750,000 ဝန်းကျင်
ယနေ့ 2025 ဇန်နဝါရီလ 12 ရက်နေ့စျေး
အမေရိကန်ဒေါ်လာ 4520 - 4600
စင်ကာပူဒေါ်လာ 3240 – 3300
ထိုင်းဘတ် 129.80 – 131.80
(၁၆) ပဲရည် မီးလင်း အခေါက်ရွှေ
6,240,000 ဝန်းကျင်
#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး
ကယ်လီဖိုးနီးယား တောမီးမှာ အိမ်တလုံးတည်း ကွက်ကျန်နေခဲ့ရတဲ့ အကြောင်းအရင်း
အမေရိကားမှာ နေသူတွေကတော့ သိတယ်။ အိမ်တွေက တနိုင်ငံလုံး သစ်သားတွေနဲ့ ဆောက်တာပါ။ များသောအားဖြင့် ကြိတ်သားကို အသုံးပြုပါတယ်။ ဆိုတော့ မီးလောင်လွယ်လွန်းတယ်။ မီးစလေးက ထိပြီးဆိုရင် လောင်ပြီ။ မိနစ်ပိုင်းအတွင်းမှာ ပြာကျသွားနိုင်တယ်။
ပုံပါ မလီဘူကမ်းခြေက အိမ်တလုံးဟာ အုတ်နဲ့ ကွန်ဂရစ်နဲ့ ဆောက်ထားလို့ မီးမလောင်ပဲ သူ့တလုံးထဲ ကွက်ကျန်ခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာက အုတ်နဲ့ ကွန်ဂရစ်နဲ့ အိမ်ဆောက်ခွင့်မပေးဘူး။ မြေငလျှင်လှုပ်ခဲ့လို့ အိမ်ပျက်စီးသွားရင် လူကို မြန်မြန်ကယ်နိုင်အောင်လို့ သစ်သားနဲ့ဘဲ အိမ်ဆောက်ရတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က တနှစ်မှာ အကြိမ် တစ်သောင်းခန့် မြေငလျင် လှုပ်ပါတယ်။ အုတ်နဲ့ ကွန်ဂရက်နဲ့ အိမ်ဆောက်မယ်ဆိုရင် ခွင့်ပြုချက်ရဖို့ ခက်ခဲပါတယ်။ ဗဟုသုတအနေနဲ့ တင်ပေးပါတယ် သတင်းထဲက ယူတာ မဟုတ်ပါဘူး။ ဒါက အမေရိကားမှာ နေသူတိုင်း သိထားတဲ့ အချက်ပါ။
စေတနာဖြင့် လေပြေ
#အမေရိက
#တောမီး
ဖိနပ်ကြောင့် မှတ်ချက်ပေးခံရတဲ့ ပြိုင်ပွဲဝင် လင်းပြည့်ဟိန်းကို ငွေကြေးထောက်ပံ့မှု မဟုတ်တဲ့ အနုပညာနဲ့ ဝန်းရံပေးခဲ့တဲ့ ပိုးမီ 👍
အဆိုတော် ပိုးမီက သူမလိုပဲ အနုပညာလောကကို ဝင်ရောက်လာဖို့ ကြိုးစားနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးကို ငွေကြေးဆိုင်ရာမဟုတ်တဲ့ အနုပညာ အထောက်အပံ့နဲ့ ဝန်းရံပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်ဖို့လာတာ လမ်းထိပ်ထွက် ၊ City Mart သွားတဲ့ ဖိနပ်နဲ့ ပြိုင်ပွဲကိုလာပြိုင်တယ်လို့ ဒိုင်ဖြစ်သူ ဇင်အောင်က ဝေဖန်မှတ်ချက်ပြုခဲ့တာပါ။ ဒါကြောင့် ဒီပြိုင်ပွဲဝင်လေးကို အဆိုတော်ပိုးမီက သူမကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ အလိုက်တသိ ဆိုတဲ့သီချင်းကို Cover Song အဖြစ် သီဆို အသံသွင်းပြီးတဲ့အထိ ဝန်းရံကူညီပေးခဲ့တာပါ။ ဒါကတော့ သူမရဲ့ ငွေကြေးဆိုင်ရာထောက်ပံ့မှုမျိုးမဟုတ်ဘဲ သူမအနေနဲ့ ကူညီဖေးမပေးခဲ့တာဖြစ်ပါတယ်။
#updatenews