1 နှစ် - ဘာသာပြန်ပါ။

Exclusive: Solo Leveling ကို D&C Media က 2021 တုန်းက ဝယ်ယူပြီး A-1 Pictures ဆီကို Anime လုပ်ဖို့ယူလာတုန်းကတည်းက သူတို့က Anime ကို Season 5 ခုထိလုပ်ဖို့ဆိုပြီး Budget ချပြခဲ့ပါတယ်။

ပြောရရင် D&C Media ဘက်က သူတို့ကဒီလောက်လုပ်နိုင်စွမ်းရှိတယ်ဆိုပြီး Budget ကို Flex လုပ်ပြခဲ့တာလို့ပြောလို့ရပါတယ်။

1 နှစ်လောက် Delay ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ D&C ဘက်က Season တွေများစွာကိုလုပ်ပေးဖို့ A-1 ကိုအတင်းလုပ်ခိုင်းခဲ့တာကြောင့်မလို့ A-1 ဘက်က Solo Leveling အတွက် Production ပိုင်းအဆင်ပြေပြေဖြစ်အောင်ဆိုပြီး plan ထားတဲ့အခြား show တွေကိုပါရပ်ထားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း 86 တို့လို Anime တွေက အခုထိ အဆက်မထွက်သေးတာပါ။

Solo Leveling ကတော့ Season 5 ခုနဲ့ Movie အသစ်တစ်ခုထိလာမယ်လို့လည်း ကြားရပါတယ်။

image

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးနိုင်ရင် ဒေါ်လာ ၂၅ သန်းပေးမယ်လို့ အမေရိကန်ကြေညာ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁

ဗင်နီဇွဲလားသမ္မတအဖြစ် တတိယမြောက် ခြောက်နှစ်သက်တမ်းအတွက် ကျမ်းသစ္စာဆိုတဲ့နေ့မှာ သမ္မတမူဒူရိုကို ဖမ်းဆီးနိုင်ရင် ဒေါ်လာ ၂၅ သန်းပေးမယ်လို့ အမေရိကန်က ဆုငွေတိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးနိုင်ရေး သို့မဟုတ် ပြစ်ဒဏ်ချမှတ်နိုင်ရေး သတင်းအချက်အလက်တွေအတွက် အခုလို ဆုငွေတိုးမြှင့်လိုက်တာဖြစ်ပြီး ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီးဝန်ကြီးကို ဖမ်းဆီးနိုင်မယ်ဆိုရင် ဆုငွေဒေါ်လာ ၁၅ သန်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

အမေရိကန်ဟာ သမ္မတမာဒူရိုနဲ့ အခြားသော ဗင်နီဇွဲလားထိပ်တန်းတာဝန်ရှိသူတွေကို မူးယစ်အကြမ်းဖက်မှုဖြင့် ၂၀၂၀ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။ သူတို့တွေဟာ ကိုကင်းတွေနဲ့ အမေရိကန်လွှမ်းမိုးပြီး အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်ဖို့ မူးယစ်ဆေးကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။

ဇူလိုင် ၂၈ ရက် ရွေးကောက်တွင် သမ္မတမာဒူရိုအနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ခဲ့သော်လည်း အတိုက်အခံတွေ့တော့ သူတိုရဲ့သမ္မတလောင်း အက်မန်ဒိုဂွန်ဇာလက်ဇ်သာ အနိုင်ရရှိကြောင်း အခိုင်အမာဆိုပါတယ်။

အတိုက်အခံသမ္မတလောင်း ဂွန်ဇာလက်ဇ်ဟာ စက်တင်ဘာလမှ စပိန်ကိုထွက်ပြေးခိုလှုံခဲ့ပြီး သူ့ကိုဖမ်းဆီးနိုင်မယ်ဆိုရင် ဒေါ်လာတသိန်း ဆုကြေးပေးမယ်လို့ ဗင်နီဇွဲလားအစိုးရက ဆုငွေထုတ်ပြန်ထားပါတယ်။

သမ္မတမာဒူရိုကတော့ သူရဲ့နောက်ထပ်သမ္မတသက်တမ်းမှာ ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေး၊ တန်တူညီမျှရေးနဲ့ ဒီမိုရေစီသစ်ရဲ့ကာလဖြစ်လိမ့်မယ်လို့ ကတိပြုပြောဆိုထားပေမယ့် အတိုက်အခံတွေကို ဖမ်းဆီးခြင်းအပါအဝင် နိုင်ငံရေးဖိနှိပ်မှုတွေရပ်ပြီး ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးထာသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းထားပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

Susie Searches (2022)
———————————-
ခုမိတ်ဆက်ပေးချင်တဲ့ ကားကတော့ လျှိဝှက်ဆန်းကြယ် မြှုပ်ကွက်လေးတွေပါတဲ့ စုံထောက်ဆန်ဆန် Thriller ကားဖြစ်ပါတယ်။ငယ်စဉ်တည်းက စုံထောက်၀တ္ထုတွေ သူ့အမေက ဖတ်ပြရင် အမြဲ တရားခံကို ကြိုသိနေတတ်တဲ့… ဆူဇီကြီးလာတော့ Social ပြသာနာရှိနေပြီး အပေါင်းအသင်းမရှိဘဲ “Susie Searches” ဆိုတဲ့ Podcast မှာ မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုတွေ ဖြေရှင်းတာကို တင်ပြီး အချိန်ပိုင်း ကောလိပ်တက်နေတဲ့သူ။ သူ့ရဲ့ Podcast အင်တာနက်မှာ လူသိများသွားတဲ့ အခွင့်အလမ်းပေါ်လာတာကတော့ ဆူဇီတိုကျောင်းက ဆယ်လီ သူဌေးသား ဂျက်စီပျောက်သွားတာကနေ စပါတယ်။ ဂျက်စီက ကိုယ်ပိုင် YouTube Channel ထောင်ထားပြီး တရားထိုင်တဲ့ ဗီဒီယိုတွေတင်တဲ့ နာမည်ကျော်ကောင်လေးပါ။
ဂျက်စီပျောက်သွားတာကြာနေပြီး ဘာမှသတင်းမထူးတဲ့အခါ ဆူဇီက သူ့နည်းသူ့ဟန်နဲ့ စုံစမ်းပြီး ဂျက်စီကို ရှာနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Popularity လည်း တက်လာပြီး အခွင့်အလမ်းကောင်းတွေရလာတာပေါ့။ ဒီမှာတင် ကိစ္စတွေ မပြီးသေးပါဘူး…ဂျက်စီကို အမှန်တကယ် ပြန်ပေးဆွဲတဲ့သူက ဘယ်သူလဲ… ဒီအမှုမှာ ဘာတွေ ထပ်ပေးဆပ်ရဦးမလဲ…စတဲ့ လှည့်ကွက်လေးတွေကို ခန့်မှန်းအားပေးကြည့်ရအောင်။

image
1 နှစ် - ဘာသာပြန်ပါ။

Here's some explosive etymology:

In the 1600s, an audience annoyed by an actor’s performance might clap loudly to drive them off the stage.

That’s where the word “explode” comes from:  “ex-“ (away) + "plaudere" (to clap).

Boom.

1 နှစ် - ဘာသာပြန်ပါ။

ဟာ...

image
1 နှစ် - ဘာသာပြန်ပါ။

(၁၁-၁-၂၀၂၅) ရက်နေ့မှာ YBS အစီးရေ ထွက်ရှိမှု လျော့နည်းမည်၊ အလုပ်ကနေ အိမ်ကို စောစောပြန်ကြပါ၊

(၁၁-၁-၂၀၂၅) ရက်နေ့ စနေနေ့မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ပြုပြင်မှာ ဖြစ်တာကြောင့် စီအန်ဂျီဆိုင်တချို့ ပိတ်မယ်လို့ သိရပါတယ်။ အဲဒါကြောင့် YBS များ အစီးရေထွက်ရှိမှု နည်းမှာ ဖြစ်ပါတယ်။ မှတ်တိုင်မှာ လူများ စုပုံနိုင်ချေ ရှိတာကြောင့် ရရာကားကို အချိန်မစောင့်ဘဲ စီးနင်းကြပါလို့ အသိပေးလိုက်ပါတယ်။ ညနေ ၆ နာရီနောက်ပိုင်း ကားမရှိသလောက် ဖြစ်နိုင်ပါတယ်။

image
Frankie သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
1 နှစ် - ဘာသာပြန်ပါ။

အမှန်က ဒီလိုပါ✅

image
1 နှစ် - ဘာသာပြန်ပါ။

အာလူးရှမ်းထောင်း

အီမ်မှာ အလွယ်တကူ ချက်စားနိင်တဲ.
အာလူးရှမ်းထောင်း လုပ်စားကြည်.ကြရအောင် ✌ ✌

အာလူးတွေကိုပြုတ်ပြီး အသင်.ပြင်ထားပါ။၇ပြီဆိုရင်
ငရုတ်ဆုံမှာ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ လေးတွေကို ရောထောင်းပါ။

ပြီးရင် စောနက ပြုတ်ထားတဲ. အာလူးတွေ ရောထောင်းပါ ။ ကြက်သားမှူန်. အနည်းငယ်ထည်.ပါ ။
ပြီးရင် ရှမ်းချဉ် အနည်းငယ် ထပ်ထည်.ထောင်းပေးပါ ။

နောက်ဆုံးမှာ ပဲဆီ ၂ ဇွန်း ငရုတ်ဆုံထဲ ထပ်ထည်.ပြီး
အသာလေးမွှေပေးပြီး လက်နဲ. အာလူးရှမ်းထောင်းကို အသင်.ပြင်ပြီး အပေါ်ကနေ ငရုတိသီးကြော်လေးဖြူး စားလို.ရပြီ ။
ကြိုက်ရင် တို.ဖူးကြော်လေးနဲ.ပါ တွဲဖက် စားနိင်ပါတယ် ။

အာလူးရှမ်းထောင်းစားဖို. ရှမ်းပြည်ရောက်မှ စားတော.မယ်လို. အားခဲ မနေပါနဲ.
အိမ်မှာ အလွယ်တကူ လုပ်စားကြည်.နိင်ပါတယ်ဗျ
#မြိန်မြိန်

image
1 နှစ် - ဘာသာပြန်ပါ။

နေမာကို ခေါ်ယူဖို့ ပြောဆိုမှုတွေကို မာရှေယာနိုပယ်ချ

ဇန်နဝါရီ ၁၁

အင်တာမိုင်ယာမီ အသင်းနည်းပြ မာရှေယာနိုက ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ တွဲကစားဖို့ နေမာအသင်းထံ ရောက်ရှိလာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

မာရှေယာနိုက “ကျနော်တို့မှာ ဘာမှမရှိတဲ့အတွက် နေမာအကြောင်းကို ပြောလို့မရပါဘူး။ နေမာဟာ အလွန် ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ နည်းပြတိုင်းက သူ့ကိုလိုချင်ပေမယ့် လစာနဲ့ ပတ်သက်တဲ့ မေဂျာလိဂ်ရဲ့ စည်းမျဉ်းတွေကို ခင်ဗျားတို့ သိပါတယ်။ ဒါကြောင့်လည်း ဒီအချိန်မှာ ကျနော်တို့ဟာ သူ့အကြောင်း ကို ကြိုးစားပြီး တွေးကြည့်ဖို့တောင် မဖြစ်နိုင်ဘူး”လို့ မီဒီယာသမားတွေကို ပြောခဲ့တာပါ။

နေမာဟာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ ဘာစီလိုနာအသင်းမှာ တွဲဖက်ပြီး အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် နေမာဟာ မကြာသေးခင်က CNN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ထပ်ပြီး တွဲကစားခွင့်ရရင် မယုံနိုင်စရာ ကောင်းမယ်လို့ ပြောခဲ့ တာပါ။

ဒါပေမယ့် အင်တာမိုင်ယာမီ အသင်းနည်းပြ မာရှေယာနိုကတော့ မေဂျာလိဂ်ရဲ့ လစာစည်းမျဉ်းတွေကြောင့် နေမာကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ထွက်ခွာခဲ့တဲ့ နည်းပြမာတီနိုရဲ့ နေရာမှာ နည်းပြသစ်အဖြစ် အစားထိုး ဝင်ရောက်ခဲ့တဲ့ မာရှေယာနိုဟာ အင်တာမီယာအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်ဦးဆောင်နေပြီ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်ပြီး Supporters' Shield ဖလား ရယူနိုင်ခဲ့ပေမယ့် မေဂျာလိဂ်ဖလား ပြိုင်ပွဲမှာတော့ ပထမအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ခုနှစ် ရာသီသစ် မစတင်ခင်မှာ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပြီး ဇန်နဝါရီ ၁၈ ရက်မှာ ကလပ်အမေရိက၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ အော်လန်ဒိုစီးတီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: CNA

ပုံ - နေမာ၊မက်ဆီနဲ့ ဆွာရက်ဇ်တို့ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၁၁

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၈၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၀၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၆၀၀ ကျပ်
ဝယ်ဈေး - ၄၅၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၈၅ ကျပ်
ဝယ်ဈေး - ၃၂၂၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၅၅ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၀ ကျပ်
ဝယ်ဈေး - ၆၀၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၈၃ ကျပ်
ဝယ်ဈေး - ၂၈.၂၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၇၂ ကျပ်
ဝယ်ဈေး - ၅၁.၇၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၈ ကျပ်
ဝယ်ဈေး - ၃.၀၂ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၅၄၅ ကျပ်
ဝယ်ဈေး - ၅၄၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၉၅ ကျပ်
ဝယ်ဈေး - ၂၇၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၄ ကျပ်
ဝယ်ဈေး - ၅၇၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၀ ကျပ်
ဝယ်ဈေး - ၁၂၁၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image