32 w - Translate

လော့စ်အိန်ဂျလိစ်တောမီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
+++++++++++
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်တောမီးကြောင့် သေဆုံးသူ ၅ဦးထပ်တိုးလာကာ စုစုပေါင်း ၁၆ ဦးအထိရှိလာပြီလို့ voa သတင်းမှာ ဖေါ်ပြပါတယ်။
အခု ထပ်တိုးလာတဲ့ ငါးဦးဟာ ပါ့လက်ဆေးဇ်ဒေသမီးကြောင့်ဖြစ်ပြီး အရင် ၁၁ဦးကတော့ မီတန်ဒေသမီးကြောင့် ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ အခုတောမီးကိုဆိုးရွားစွာလောင်ကျွမ်းခဲ့မှုကို ဖြစ်ပေါ်စေတဲ့ လေပြင်းတွေ ပြန်လည်ရောက်ရှိလာဖွယ်ရှိတယ်လို့ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) ရဲ့ စစ်ဆင်ရေးမှူး ခရစ်ရှန်လိဇ်က စနေနေ့ သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။ အမျိုးသားမိုးလေဝသဌာနကတော့ အဆိုပါဒေသမှာ တနင်္လာနေ့နှောင်းပိုင်းကနေ အင်္ဂါနေ့
နှောင်းပိုင်းအထိ လေတိုက်နှုန်း တစ်နာရီလျှင် ၄၈ ကီလိုမီတာမှ ၁၁၂ ကီလိုမီတာအထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ် ဂျေပေါလ် ဂတ်တီပြတိုက်နဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ် ကျောင်းဝင်းတို့ မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးဟာ အင်တာစတိတ်-၄၀၅လမ်းမကို ကျော်လာပါက လူတွေနေထိုင်တဲ့ ဟောလိဝုဒ်တောင်ကုန်းနဲ့ ဆန်ဖါနန်ဒို တောင်ကြားကိုလည်းမီးကူးလာဖွယ်ရှိပါတယ်။
စနေနေ့အထိ ပါ့လက်ဆေးဇ်မီးကို ၁၁ရာခိုင်နှုန်း၊ အီတန်မီးကို ၁၅ ရာခိုင်နှုန်း၊ ကမ်းနက်မီးကို ၈၀ရာခိုင်နှုန်း၊ ဟာ့စ်မီးကို ၇ရာခိုင်နှုန်းနဲ့ လိဒီယာမီးကို ၁၀၀ရာခိုင်နှုန်း ထိန်းထားနိုင်ပြီလို့ သက်ဆိုင်ရာမီးသတ်ဌာနတွေက ထုတ်ပြန်ပါတယ်။

image

ဟုဒေ

image
32 w - Translate

🙏🙏🙏
ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓါစ ၊အရဟာ အဂ္ဂ သာဝက။
မာတာပိတု ဂုရု သတ်တာ ဓမ်မ ဒသေကာစ ဒါယကာ။
ဣမေ ဒဿ မဟာဂုဏေ၊အဟံ ဝန်နာမိ သဗ်ဗဒါ ။

(၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း၊

(၂) ပစ်စကေဗုဒ်ဓါ အရှင်မြတ်များ အပေါ်၌လည်းကောင်း၊

(၃) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌လည်းကောင်း၊

(၄) ရဟန္တာအရှင်မြတ်များတို့ အပေါ်၌လည်းကောင်း၊

(၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များအပေါ်၌လည်းကောင်း၊

(၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များအပေါ်၌လည်းကောင်း၊

(၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားမျာအပေါ်၌လည်းကောင်း၊

(၈) သီလဝန္တသူတော်စင်အပေါင်းတို့ အပေါ်၌လည်းကောင်း၊

(၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများ အပေါ်၌
လည်းကောင်း၊

(၁၀) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြ
သော ကျေးဇုးရှင်အပေါင်း တို့အားလည်းကောင်း၊

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌ လည်းကောင်း သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည် ပြုလုပ်မိခြင်းကို သိရှိနားလည် စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ
၏။ ကန်တော့ပါ၏။

ဤကုသိုလ်စေတနာကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှ အနန္တ တို့သည် ပိန်းကြာဖက်တွင် ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ မြတ်စွာဘုရား။

ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿနာဉာဏ်သည် မင်္ဂဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား။

image
32 w - Translate

တမာပင်က နို့ရည်ထွက်တာကို အခုထိ ထိုင်ကန်တော့နေကြတုန်းလား (ရွှေမြန်မာတွေ အလွဲကြီးလွဲနေတဲ့ တမာပင်အကြောင်း)

တမာပင်က နို့ရည်ထွက်တယ်ဆိုတာ အမှန်တရားလား၊ စဉ်းစားစရာ မေးခွန်းတွေကတော့ နှစ်တိုင်း ဒီအချိန်ရောက်တိုင်း တမာပင်ကနေ နတ်ကြီးလို့ နို့ရည်ထွက်တယ်ဆိုတဲ့ စကားတွေ ကြားနေရပါတယ်။ ဒါပေမယ့် တကယ်တမ်း နို့စစ်စစ် ဖြစ်နိုင်ပါသလား၊ သိပ္ပံနည်းကျ ဘယ်လိုရှင်းပြနိုင်မလဲ၊ ဘာသာရေးအယူအဆနဲ့ရော ဘယ်လိုသဘောထားကြမလဲ၊

သိပ္ပံနည်းကျ စဉ်းစားကြည့်ရင် တိရစ္ဆာန်နို့ရည်စစ်စစ်မှာ အောက်ပါဓာတ်တွေ ပါဝင်ပါတယ်။ ပရိုတင်းများ၊ အဆီဓာတ်များ၊ ကာကွယ်ရေးပရိုတင်းများ၊ ဗီတာမင်များနဲ့ သတ္တုဓာတ်များ

တမာပင်က ထွက်တဲ့အရည်က ပင်စည်ထဲက သိုလှောင်ထားတဲ့ ရေသာဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အကျိတ်ကနေ စိမ့်ထွက်လာတာပါ။ တပတ်လောက်သာ ကြာတတ်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ (၁) တမာပင်ကြီးတွေက အမြစ်ကနေရေကို စုပ်ယူသိုလှောင်ထားပါတယ်။ (၂) ဘက်တီးရီးယားကြောင့် အကျိတ်တွေဖြစ်လာပါတယ်။ (၃) စိုထိုင်းဆများချိန်မှာ အကျိတ်တွေကွဲပြီး အရည်ဖြူဖြူတွေ ထွက်လာတာပါ။

ပြောချင်တာကတော့ တမာပင်က နတ်ကြီးလို့ နို့ရည်ထွက်တယ်လို့ ယုံကြည်နေတာဟာ သိပ္ပံနည်းကျ မဟုတ်သလို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သရဏဂုံတရားကိုလည်း ထိခိုက်စေပါတယ်။ စဉ်းစားကြည့်ရအောင် သဘာဝတရားကို သိပ္ပံနည်းကျ လေ့လာခြင်းက ပိုမိုကောင်းမွန်ပါတယ်။ အယူအစွဲတွေကို ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့အသိပညာကို ဝေမျှခြင်းက ပတ်ဝန်းကျင်အတွက် အကျိုးရှိပါတယ်။

#တမာပင်
#နို့ရည်
#realnews

image

image

image
32 w - Translate

😍😍😍

image
32 w - Translate

Rock N Roll...🤟

image

image

image