1 y - Translate

(၉)လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ (၅၂၁) သန်းရရှိထား

ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ (၉)လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၂၁) သန်းရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် တန်ချိန် (၄၀၂၃၀၈)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၅၂၁) သန်း တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့ရာတွင် ရေကြောင်း၊ လေကြောင်းတင်ပို့မှုမှ တန်ချိန် (၁၉၂၀၀၀) ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ် လာ (၃၁၂) သန်းတန်ဖိုး တင်ပို့ထားပြီး နယ်စပ်တင်ပို့မှုအနေဖြင့် မြဝတီ၊ ကော့သောင်း၊ ကျိုင်းတုံ၊ မြိတ်၊ မောတောင်နယ် စပ်ဂိတ်များမှ တင်ပို့ကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း (၃၀) ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှ တဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့ကြောင်း သိရသည်။

image
1 y - Translate

လော့ဆန်းဂျလိစ်မြို့တော်ဝန်နှုတ်ထွက်ရန် ပြည်သူများဝိုင်းဝန်းတောင်းဆို

လော့ဆန်းဂျလိစ်၊ဇန်နဝါရီ ၁၄

လော့ဆန်းဂျလိစ်၌ တောမီးလောင်ကျွမ်းမှု အပြင်းအထန်ဖြစ်ပေါ်နေစဉ် မြို့တော်ဝန်သည် စီမံခန့်ခွဲမှုမှားယွင်းသည်ဟုဆိုကာ နှုတ်ထွက်ပေးဖို့ ပြည်သူများက ဝိုင်းဝန်းတောင်းဆိုထားကြောင်းသိရသည်။

အဆိုပါတောင်းဆိုမှုကို change.org မှတစ်ဆင့် လက်မှတ်‌ေရးထိုးတောင်းဆိုထားကြခြင်းဖြစ်ပြီးတနင်္ဂနွေနေ့အထိ လော့စ်ဆန်းဂျလိစ်မြို့တော်ဝန် ကရင်န်ဘက်စ် ကို နုတ်ထွက်ပေးရန်တောင်းဆိုသည့် လက်မှတ်ပေါင်း ၁၁၀,၀၀၀ ကျော်ရရှိထားသည်ဟုသိရသည်။

နှုတ်ထွက်ပေးရန်တောင်းဆိုရခြင်းအကြောင်းအရင်းမှာ ဘက်စ်သည် ပြည်နယ်၌ မီးလောင်နေစဉ် ဇန်နဝါရီ လ ၇ ရက်က ဂါနာ သို့ သံတမန်ခရီးစဉ် သွားနေသောကြောင့်ဖြစ်သည်ဟုသိရသည်။

ထို့အပြင် ပြည်နယ်တွင်း ရေပြတ်လပ်မှုနှင့် အရေးပါသောအရင်းအမြစ်များခွဲဝေသုံးစွဲခြင်း၊ရန်ပုံငွေနည်းပါးခြင်းအပါအဝင် မြို့၏ပြင်ဆင်မှုနှင့် သယံဇာတခွဲဝေမှုများနှင့်ပတ်သက်၍လည်း ဘက်စ်အပေါ်ဝေဖန်ခဲ့ကြသည်။

image
1 y - Translate

နွေရာသီတွင် လူသစ်ခေါ်ယူခဲ့သင့်ကြောင်း ဂွါဒီယို လာဝန်ခံ
-----------------------
ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာ အသင်းအတွက် လူသစ်မခေါ်ဖို့ ဆုံးဖြတ်ချက်က မှားယွင်းခဲ့တယ်လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ဝန်ခံသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမစခင် နွေရာသီဈေးကွက် မှာ လူသစ်ခေါ်ယူမှုအဖြစ် တောင်ပံကစားသမား ဆာဗင်ဟိုနဲ့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်တို့ကိုသာ ခေါ်ယူ အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းဘက်က လူအင်အားဖြည့်မယ့် အစီအစဉ်တင်ပြချက် ကို ငြင်းပယ်ခဲ့တာက အခုချိန်မှာ မှားယွင်းတဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်လို့ နည်းပြဂွါဒီယိုလာက ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။ နွေရာသီမှာ လူအင်အားမဖြည့်တင်းခဲ့တဲ့ အကျိုးရလဒ်ကို မန်စီးတီးဟာ ပထမရာသီဝက်မှာ ခံစားခဲ့ရ ပြီး ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ကြုံချိန်မှာ အသင်းရလဒ်ပိုင်းလည်း ဆိုးရွားသွားခဲ့ရပါတယ်။

ဒါကြောင့် မန်စီးတီးအသင်းဟာ အခုဇန်နဝါရီဈေးကွက်မှာ လူအင်အားဖြည့်ဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့တစ်ပတ်က နောက်ခံလူ ခူဆာနော့ဗ်ကို ခေါ်ယူထားသလို နောက်ထပ် ကစားသမားတွေ ထပ်မံခေါ်ယူဖို့ကိုလည်း ကြိုးစားနေ တာဖြစ်ပါတယ်။ ဆက်လက်ပြီး နည်းပြဂွါဒီယိုလာက အသင်းမှာ အသက် ၃၀ ကျော် ကစားသမားတွေ များပြား နေမှုကို လျှော့ချနိုင်ဖို့အတွက်ကိုလည်း တဖြည်းဖြည်းချင်း ကြိုးစားသွားရမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

image
Daily News shared a post  
1 y

1 y

အမေရိကန်တွင် TikToK အစား Xiaohongshu App ပြောင်းလဲသုံးနေ
----------------------
အမေရိကန်ပြည်ထောင်စုမှာ TiKToK ပိတ်ပင်ခံရမဲ့ အရေးနဲ့ ရင်ဆိုင်နေရတဲ့နောက် အက်ပ် သုံးစွဲသူတွေဟာ နောက်ထပ် တရုတ်ဆိုရှယ်မီဒီယာ အက်ပ်ဖြစ်တဲ့ ရှောင်ဟုန်ရှု Xiaohongshu ကို ပြောင်းလဲ သုံးစွဲလာနေကြ ပါတယ်။

အဲဒီလို အစုလိုက်ပြောင်းလဲသုံးစွဲလာနေတဲ့အတွက် RedNote လို့လည်း သိကြတဲ့ ရှောင်ဟုန်ရှုဟာ Apple App Store မှာ ဒေါင်းလုပ်အများဆုံး ထိပ်တန်း အက်ပ်တစ်ခု ဖြစ်လာနေတယ်လို့ CNA သတင်းမှာ တနင်္လာနေ့က ဖော်ပြပါတယ်။ ရှောင်ဟုန်ရှုဟာ အင်စတာဂရမ်နဲ့ ပင်တရက်စ် အက်ပ်တွေရဲ့ သွင်ပြင်နဲ့ တူညီတဲ့ အက်ပ်တစ် ခုလည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်က TiKToK ပိုင်ရှင်ဖြစ်တဲ့ ဘိုင်တေဒန့်စ် ကို အဲဒီအက်ပ် ရောင်းချဖို့ ဒါမှမဟုတ် ပိတ်ပစ်ဖို့ ဖိအားပေးတဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စတင်အကျိုး သက်ရောက်ပြီလည်း ဖြစ်ပါတယ်။ အဲဒီဥပဒေကို ဝေဖန်သူတွေကတော့ ဒီဥပဒေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြည်ဖုံးကားချတာ ဖြစ်တယ်လို့ စောဒကတက်ကြပါတယ်။

အမေရိကန် အစိုးရဘက်ကတော့ TikToK ဟာ ပေကျင်းအစိုးရကို အချက်အလက်တွေနဲ့ သုံးစွဲသူတွေအပေါ် စောင့်ကြည့် ထောက်လှမ်းဖို့ ခွင့်ပြုထားပြီး တရုတ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး ကွန်ရက်လို့ စွပ်စွဲထားပါတယ်။ တရုတ် အစိုးရနဲ့ ဘိုင်တေဒန့်စ်ကတော့ အဲဒီပြောဆိုချက်တွေကို အခိုင်အမာ ငြင်းဆိုနေပါတယ်။ အမေရိကန်ပြည်တွင်းမှာ TiKToK သုံးစွဲသူဟ သန်း(၁၇၀)လောက် ရှိနေပါတယ်။

1 y - Youtube

1 y - Translate

မာချက်ပဲ
ထွန်းထွန်းမင်းပါဝါနဲ့တောင် အောက်ထိဖင်ထိုင်မကျသွားတဲ့ သွေးသစ်

1 y - Translate

နင်တို့ဆိုသည်မှာလည်းဟယ်…
သေချာမေးမှရတော့မယ်

1 y - Youtube

ဟာရီကိန်းအဆင့် လေပြင်းကြောင့် လော့စ်အိန်ဂျလိစ်တောမီး ပိုမိုဆိုးရွားလာနိုင်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့တောမီးဟာ ဟာရီကိန်းမုန်တိုင်းနီးပါး လေပြင်းတိုက်ခိုက်မယ့် ရာသီဥတုအခြေအနေကြောင့် ပိုမိုးဆိုးလာဖွယ်ရှိပြီး ဒေသခံတွေနဲ့ တာဝန်ရှိသူတွေဟာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြရပါတယ်။

လက်ရှိချိန်ထိ အီတန်နဲ့ ပါလစ်ဆာဒက်မီးသတ်ဇုန်တွေမှာ လူ ၂၄ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ပျောက်ဆုံးနေကာ လူကိုးသောင်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ ညွှန်ကြားထားကာ မုန်တိုင်းအဆင့်လေပြင်းကြောင့် အရေးပေါ်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ လော့စ်အိန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ်က ပြောပါတယ်။

ဒေသတွင်မှာ အကြီးဆုံးအဖြစ် သတ်မှတ်ခံရတဲ့ ဒီတောမီးဟာ ဧက ၂၃၀၀၀ ကျော်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားတွေဟာ တောမီးကို ၁၄ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်သေးတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်လောင်ကျွမ်းခဲ့တဲ့တောမီးဟာ တနာရီကို မိုင် ၇၀ နှုန်းတဲ့ တိုက်ခတ်မယ့် လေပြင်တွေကြောင့် ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကြိုတင်သတိပေးမှုတွေ ရှိနေပြီး ထိခိုက်လွယ်တဲ့နေရာတွေမှာ မီးသတ်သမားတွေကို ကြိုတင်ဖြန့်ကြက်ထားတယ်လို့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တောမီးနှစ်ခုကို ငြှိမ်းသတ်ဖို့ မီးသတ်သမား ၈၅၀၀ ကို တာဝန်ပေးထားပြီး မြေပြင် ဝေဟင်နှစ်သွယ် ငြှိမ်းသတ်နေတယ်လို့ ဆိုပါတယ်။ ဒီတောမီးဟာ အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံးသဘာ၀ဘေးအဖြစ် သတ်မှတ်ရနိုင်တယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန်က ပြောပါတယ်။

နာမည်ကျော် သရုပ်ဆောင်တွေရဲ့ အဖိုးတန်နေအိမ်၊ ကားတွေနဲ့ ပိုင်ဆိုင်မှုတွေပါပျက်စီးခဲ့တဲ့ ဒီတောမီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံကနေ ၁၅၀ ဘီလီယံထိ ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Ref:BBC
Photo:Reuters/Getty Images

#centralnewsnaypyitaw

image
image
image
image