Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဖေဖော်ဝါရီလအတွက် ယူရီးယားမြေသြဇာ ရည်ညွှန်းဈေးသတ်မှတ်ထုတ်ပြန်
လာမည့် ဖေဖော်ဝါရီလတွင် ရောင်းချရမည့် ယူရီးယားမြေသြဇာ ရည်ညွှန်းဈေးကို ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည်။
တောင်သူတွေ အဓိကသုံးစွဲနေသည့် မြေသြဇာ (၃) မျိုးအတွက် ဖေဖော်ဝါရီလ (၁)ရက်မှ (၂၈) ရက်အထိ ရန်ကုန်အထိုင်ဈေးကို သတ်မှတ်ထုတ်ပြန်ရာတွင် ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် (၉၅,၀၀၀) ကျပ်၊ Rock Phosphate အခြေခံ (၁၅) ပတ်လည် တစ်အိတ် (၁၂၄,၀၀၀) ကျပ်၊ Di Ammonium Phosphate အခြေခံ (၁၅) ပတ်လည် တစ်အိတ် (၁၃၅,၀၀၀)ကျပ် သတ်မှတ်ထားသည်။
ထို့ပြင် ဒေသအလိုက် သယ်ယူစရိတ်များအပေါ် မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက်ပြည်ပမှ ဓာတ်မြေဩဇာတန်ချိန် (၁ ဒသမ ၆) သန်း တင်သွင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။