နေကြာပန်းလေးလိုပါပဲ
မင်းကလွဲပြီး ဘာကိုမှမမြင်တော့တာမျိုး...🌻💐💜
#flowers

ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေကြာပန်းလေးလိုပါပဲ
မင်းကလွဲပြီး ဘာကိုမှမမြင်တော့တာမျိုး...🌻💐💜
#flowers
နေကြာပန်းလေးလိုပါပဲ
မင်းကလွဲပြီး ဘာကိုမှမမြင်တော့တာမျိုး...🌻💐💜
#flowers
နေကြာပန်းလေးလိုပါပဲ
မင်းကလွဲပြီး ဘာကိုမှမမြင်တော့တာမျိုး...🌻💐💜
#flowers
နေကြာပန်းလေးလိုပါပဲ
မင်းကလွဲပြီး ဘာကိုမှမမြင်တော့တာမျိုး...🌻💐💜
#flowers
သိန်း ၃၀၀ ဝန်းကျင်ရှိတဲ့ BMW ဆိုင်ကယ်ကို ယောက်ကျားရဲ့မွေးနေ့မှာ အမ်းပြီး Surprise လုပ်ခဲ့တဲ့ ပိုးကြာဖြူခင် 🥰
ဒီနေ့လေးက သူမရဲ့ အမျိုးသား မွေးနေ့လေးပါ။ မွေးနေ့ရှင် ယောက်ကျားဖြစ်သူကိုယ်တိုင် ဝမ်းသာလုံးစို့ပြီး မျက်ရည်ပါကျခဲ့တာပါ။ ယောက်ကျားကို အပြင်လိုက်ပို့ပေးဖို့ ပြောပြီး သူငယ်ချင်းတွေနဲ့ Surprise လုပ်ခဲ့တာပါ။ သူမအမ်းခဲ့တဲ့ BMW ဆိုင်ကယ်ဟာ ကာလပေါက်ဈေး သိန်း ၃၀၀ ဝန်းကျင်မှာရှိတာပါ။ မိန်းမသားတွေ Ro ပြရင် ယောက်ကျားတွေအရှုံးပေးသွားရမယ်လို့ သူမက ကြူးပြလိုက်ပါသေးတယ်။
ပညာရှင်တွေက နှစ်ပေါင်း ၃၀ အသုံးခံတဲ့ ဘက်ထရီကို တီထွင်
===================================
Lithium-Ion ဘက်ထရီတွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းအင် သိုလှောင်တဲ့ ပမာဏ ကျဆင်းသွားပါတယ်။ Lithium-Ion Battery အများစုဟာ 500-1500 Cycle ပြီးနောက်မှာ ပမာဏများစွာ လျော့နည်းသွားပြီး နေ့စဉ်သုံးရင် သက်တမ်းက ၂ နှစ်၊ ၃ နှစ်ပဲ ခံပါတယ်။
အခုတော့ သုတေသန ပညာရှင်တွေက Aluminium-Ion (Al-Ion) ဘက်ထရီကို တီထွင်လိုက်ပြီး နှစ်ပေါင်း ၃၀ အသုံးခံပါတယ်။ 10,000 Charge & Discharge Cycle ပြီးနောက်မှာ ပမာဏဟာ ၉၉ ရာခိုင်နှုန်း ကျန်ပါသေးတယ်။ နေ့စဉ် တစ်ကြိမ် အားသွင်းရင် နှစ်ပေါင်း ၃၀ နီးပါး အသုံးခံပါတယ်။ အဲဒီ ဘက်ထရီဟာ မီးလောင်ကျွမ်းမှု နည်းပါးတဲ့အတွက် ဘေးကင်းစိတ်ချရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုလည်း နည်းပါးပြီး လွယ်ကူစွာ စွန့်ပစ်နိုင်ပါတယ်။
ဘက်ထရီကို မှီခိုပြီး လျှပ်စစ်မီး အသုံးပြုနေရတဲ့ဒေသတွေ၊ အာကာသစူးစမ်းလေ့လာရေးလို နယ်ပယ်တွေမှာ ဒီ ဘက်ထရီ နည်းပညာက အသုံးဝင်လာမှာ ဖြစ်ပါတယ်။
၁၂ နှစ်နီးပါးအကြာမှာ ငယ်ဘဝကလပ်ထံ ပြန်လာသူ သို့မဟုတ် နေမာ
ဖေဖော်ဝါရီ ၃
ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းပြီး ဆန်းတို့စ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။
နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ် မဖျက်သိမ်းခင်မှာကတည်းက မေဂျာလိဂ်ကလပ် အသင်းအချို့ အပါအဝင် ကလပ်အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေကို ခံခဲ့ရတာပါ။
ဒါပေမယ့် နေမာဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ် အသင်းထံ ၁၂ နှစ်နီးပါးအကြာမှ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပုံ - နေမာကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
နိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ရန်ကုန်မှာ ပြုလုပ်
ဖေဖော်ဝါရီ ၂
နိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ဒီနေ့ ဖေဖော် ဝါရီ ၂ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့မှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာ နိုင်ငံတော်အကြပ်အတည်းနဲ့ အစိုးရ၊ နိုင်ငံသားတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍတွေကို အဓိကထားဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ယခုစကားဝိုင်းကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ဉီးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ရခိုင့်ဦးဆောင်ပါတီ(Arakan Front Party)က ဒေါက်တာအေးမောင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)က ဦးထက်အောင်ကျော်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးနဲ့ PPP ပါတီက ဒေါက်တာမျိုးဆက်သွေးတို့က ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
"အခုအကြပ်အတည်းက နိုင်ငံရေးအရ သဘောထားကွဲလွဲနေတဲ့အဆင့်လား၊နိုင်ငံရေးအရ သဘောထားကွဲလွဲနေတဲ့ အဆင့်ကိုကျော်ပြီး လက်ရှိအကြပ်အတည်းသည် လက်နက်ကိုင်ပဋိပက္ခအဆင့်ဆီကို ကူးပြောင်းသွားပြီလား၊အဲဒီအခါမှာ အစိုးရရဲ့ယန္တရားသည် အုပ်ချုပ်ရေး ယန္တရားသည် ခနော်ခနဲ့ မတည်ငြိမ်တဲ့ အနေအထားကိုရောက် သွားပြီလား၊အဲဒီအနေအထားကို ပြန်ပြီးတော့ ပြင်ဆင်ဖို့အတွက် နိုင်ငံရေးအားဖြင့် ကြားဝင်ဆွေးနွေးဖို့ ရနိုင်ချေရှိလား၊ဒါလေးတွေကို ကျွန်တော်တို့စဉ်းစားပြီး ဒါဟာအားနည်းတဲ့ အခြေအနေကိုရောက်နေပြီလား၊အစိုးရယန္တရားတွေကလည်း စောနကပြောသလို ထိန်းနိုင်သိမ်းနိုင်တဲ့ အနေအထားကနေ သူရဲ့စီးပွားရေး အဆောက်အအုံတစ်ခုလုံးပြိုလဲကျနေပြီလား၊ဒါတွေကို ကျွန်တော်တို့စဉ်းစားဖို့ လိုလားပါတယ်"လို့ ဒေါက်တာအေးမောင်က ဒီနေ့ စကားဝိုင်းမှာ ပြောပါတယ်။
ဒါအပြင် နိုင်ငံရေးသမားတယောက်ဟာတာဝန်အလွန်များပြားပြီး လက်ရှိ နိုင်ငံရဲ့အနေအထားကို သဘောပေါက်ဖို့လိုတယ်လို့လည်း
ဒေါက်တာအေးမောင်က ဆက်လက်ပြောကြားပါတယ်။
"နိုင်ငံရေးသမားတယောက်ဟာ လက်ရှိ နိုင်ငံရဲ့အနေအထားကို သဘောပေါက်ဖို့လိုပါတယ်။နိုင်ငံရဲ့အကြပ်အတည်းအဆင့်ကိုနားလည်ဖို့ လိုပါတယ်။ဘယ်အဆင့်မှာ ဘယ် လိုပါဝင်ကူညီရမှာတုန်း၊အဓိက အားဖြင့် နိုင်ငံတော် နိုင်ငံသားတွေရဲ့သစ္စာကိုစောင့်သိရိုသေဖို့လိုပါတယ်။လူထုကို လွမ်းမိုးနိုင်တဲ့ နိုင်ငံရေးသမားတယောက်ဟာ တကယ်လို့ သူ့လမ်းကြောင်းသည်နိုင်ငံတော်ရဲ့ပဋိပက္ခကိုအရှိန်ပိုမြှင့်အောင် နိုင်ငံတော်ရဲ့အကြပ်အတည်းကို ဇာတ်ရှိန်မြင့်အောင် တဖက်ကိုတွန်းပို့ရင် ဖြစ်လာမယ့်ဆိုးကျိုးကအလွန်ကြောက်စရာကောင်းပါတယ်"လို့ ဒေါက်တာအေးမောင် က ပြောပါတယ်။
အဲဒါအပြင် နိုင်ငံတော်မပြိုကွဲဖို့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမပြိုကွဲဖို့ အတွက်ဆိုရင် ပြည်ထောင်စုတိုင်းရင်းသားစိတ်ဓါတ်အဆင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဘက်ကို ဉီးတည်ပြီးမှ ပြင်သင့်ပြင်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအချို့ကိုပြင်ဆင်တာနဲ့ နိုင်ငံရေးအပေးအယူ သဘောထားတင်းမာတဲ့ လက်နက်ကိုင်လာတဲ့ ပြဿနာကိုပြန်ပြီးတော့တည်ငြိမ်အေးချမ်းလာအောင် ညှိနှိုင်းတိုင်ပင်ဆွဲဆောင်စည်းရုံးတာတွေကို လုပ်ဖို့လိုမယ်လို့လည်း သူက ဆိုပါတယ်။
ဆက်လက်ပြီး သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးကတော့ လက်ရှိ အကြပ်အတည်း တွေကို မကြီးထွားအောင်ထိန်းသိမ်းဖို့နဲ့ လက်ရှိအနေအထားကိုတိုးတက် ကောင်းမွန်အောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ် သက်လို့ အကျယ်တဝင့် ဆွေးနွေးပေးခဲ့ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းမှာ ပါဝင်ကြတဲ့ နိုင်ငံရေးပါတီတွေက နိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ ဘယ်လိုအဖြေရှာကြမလဲ၊ထွက်ပေါက်ရှာကြမလဲဆိုတဲ့ အကြောင်းအရာတွေကို အကျယ် တဝင့် တိုက်တွန်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
Photo - VOM
#centralnewsnaypyitaw