51 w - Translate

Tattoo Ideas

image
51 w - Translate

Tattoo Ideas

image
51 w - Translate

Tattoo Ideas

image
51 w - Translate

Tattoo Ideas

image
51 w - Translate

Tattoo Ideas

image
51 w - Translate

Tattoo Ideas

image
image
image
image
image
51 w - Translate

argus build and tricks
ကိုင်တတ်ရင် ရွာကအမျိုးတွေအုပ်လိုက်ပါပေးလို့ရတဲ့ သခင်ကြီး argus
Build နဲ့ emblem တွေကိုသေချာကြည့်ပါ။

ထိုင်းက မြန်မာနယ်စပ်ဒေသ ၅ ခုကို လျှပ်စစ်ဖြတ်တောက်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံ၏ နယ်စပ်တွင် ကျားဖြန့်စင်တာများ ဖွင့်လှစ်ထားသည်ဟု ယူဆချက်များ ထွက်ပေါ်နေချိန်၌ ထိုင်း ပြည်နယ်ဆိုင်ရာ လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့ (PEA)က ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းမှစပြီး မြန်မာ၏ နယ်စပ်ဒေသ ၅ ခုကို လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်လိုက်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်သည့် နေရာဒေသများသည် ထိုင်းနိုင်ငံ၏ တာ့ခ် (Tak) ပြည်နယ်၊ ကန်ချနာဘူရီ (Kanchanaburi) ပြည်နယ်နှင့် ချင်းရိုင် (Chiang Rai) ပြည်နယ်များတွင် တည်ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝင် အန်ဆစ် ဆမ်ဖန်သာရတ် (Ansit Samphantharat) နှင့် PEA အုပ်ချုပ်ရေးမှူး အက်အွန်း (Ek-un) တို့က ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီတွင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကို ကိုယ်တိုင်တက်ရောက် ကြည့်ရှုခဲ့သည်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က ဖေဖော်ဝါရီ ၄ ရက်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်ရန် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အား ဖြတ်တောက်သည့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

မယ့်ဆိုင်မြစ်၊ ချင်းရိုင်- မြန်မာနိုင်ငံ ရှမ်းပြည်နယ်နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်သို့ ဓာတ်အားထောက်ပံ့ပေးနေ သည့်လိုင်း၊ ဘန်မောင်းဒိုင် (Ban Mueang Daeng) ချင်းရိုင်- တာချီလိတ်မြို့သို့ ဓာတ်အား ထောက်ပံ့ပေးသည့် လိုင်းတို့ ဖြစ်သည်။

ထို့နောက် ဘန်ဟွေမောင်း (Ban Huay Muang) တာ့ခ် - မြဝတီသို့ ဓာတ်အားထောက်ပံ့ပေးသည့်လိုင်း၊ အမှတ်၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား၊ တာ့ခ် - မြဝတီသို့ ဓာတ်အား ထောက်ပံ့ပေးသည့်လိုင်း အပါအဝင် ဖရာချီဒီ ဆမ်အွန် စစ်ဆေးရေးဂိတ် (Phra Chedi Sam Ong Checkpoint) ၊ ကန်ချနာဘူရီ - မြန်မာ နိုင်ငံ မွန်ပြည်နယ်ရှိ ဘုရားသုံးဆူမြို့သို့ ဓာတ်အားထောက်ပံ့ပေးသည့်လိုင်းတို့ ဖြစ်သည်။

ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်မှုအပြင် ထိုင်းအာဏာပိုင်များက ကျားဖြန့်ဂိုဏ်းများကို ပစ်မှတ် ထားသည့် အနေဖြင့် ထိုနေရာဒေသများသို့ စားသုံးဆီနှင့် စက်သုံးစီ ထောက်ပံ့မှုကို ရပ်တန့်ခြင်း အင်တာနက် လိုင်းများကို ပိတ်ပင်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ထိုင်းနှင့်မြန်မာ ချုပ်ဆိုထားသည့် စာချုပ်အရ ထိုင်း၏ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိလာနိုင်သည်ဟု ယူဆရပါက လျှပ်စစ်ဓာတ်အားလိုင်းများ ထောက်ပံ့မှုကို ဖြတ်တောက်ခွင့်ရှိကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီး အနူတင် ချာဗီရာကူလ် (Anutin Charnvirakul) က ပြောကြားခဲ့သည်။

ထိုကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှု၏ သက်ရောက်မှုများကို စီမံခန့်ခွဲရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

Source: The Nation

ပုံ - မြန်မာဘက်ကို ထိုင်းက လျှပ်စစ်ဖြတ်တောက်နေစဉ်

#centralnewsnaypyitaw

image

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့မိသားစုအိမ် မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးခံရ

ဒါကာ၊ ဖေဖော်ဝါရီ ၆

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြသူတွေဟာ ရာထူးကနေ ပြုတ်ကျပြီး နိုင်ငံကနေ ထွက်ပြေးသွားရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာနီနာရဲ့ မိသားစုအိမ်နဲ့ သူ့ပါတီက အခြားသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီး မီးရှို့ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာစီနာဟာ အိန္ဒိယနိုင်ငံမှ ခိုလှုံနေပြီး လူမှုကွန်ရက်ကတဆင့် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို မိန့်ခွန်းပြောမယ်ဆိုတဲ့ သတင်းကြောင့် မငြိမ်မသက်မှုတွေဖြစ်ပေါ်နေပြီးနောက် ဖျက်ဆီးမှုနဲ့ မီးရှို့မှုတွေ ဖြစ်ပွားခဲ့တာပါ။

မနေ့ကညနှောင်းပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ဟောင်း ဟာစီနာရဲ့ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ထောင်သူ သမ္မတ ရှိတ်မူဂျီဘာရာမန်ရဲ့ နေအိမ်ကို မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီနေအိမ်ကို ပြတိုက်အဖြစ် ပြန်လည်ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဒါအပြင် အဝါမီလိဂ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေရဲ့ နေအိမ်နဲ့စီးပွားရေးလုပ်ငန်းတွေလည်း ဖျက်ဆီး ၊ မီးရှိုခံခဲ့ရပြီး အာဏာပို်ငတွေကတော့ ရဲတပ်ဖွဲ့ ဒါဇင်များစွာ ဖြန့်ကြက်ချထားပါတယ်။

ဟာစီနာရဲ့ ဖခင်ဟာ လွတ်လပ်ရေးသူရဲကောင်းတယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန် ရှုမြင်ခံထားရသူဖြစ်ပေမယ့် သမီးဖြစ်သူအပေါ်ကိုတော့ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ တိုးပွားနေခဲ့တာပါ။ သူ့ဖခင်ရဲ့ နေအိမ်တိုက်ခိုက်ခံရမှုကို ရှုတ်ချကြောင်းနဲ့ တရားမျှတမှုအတွက် ရှိတ်ဟာစီနာက လူမှုကွန်ရက်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို နှစ် ၂၀ ကြာ အုပ်ချုပ်ခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် ရှိတ်ဟာစီနာဟာ အစိုးရဆန့်ကျင်ရေးနဲ့ ဝေဖန်ရေးသမားတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တဲ့ အာဏာရှင်တယောက်အဖြစ် ရှုမြင်ခံရပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ လွန်ခဲ့တဲ့နှစ်က ဆန္ဒပြပွဲတွေကိုလည်း အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

ဟာစီနာပြုတ်ကျသွားပြီးနောက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်ဦးဆောင်တဲ့ အိမ်စောင့်အစိုးရ ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်အုပ်ချုပ်နေပြီး ၂၀၂၆ ခုနှစ်အစောပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကတိပြုထားပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image
image
image

#ဝမ်းချုပ်သူများအတွက်နည်းလမ်းကောင်း
(၁) ရေလည်း တစ်ရက်ကို ၃-၄ လီတာသောက်တယ်...
(၂) အသီးအရွက်လည်း များများစားတယ်...
(၃) ကိုယ်လက်လှုပ်ရှားမှုလည်း ပုံမှန်လုပ်တယ်...
ဒါကိုမှ ဝမ်းချုပ်နေသေးတယ် ဆိုရင်တော့...
မန်ကျည်းသီးမှည့်ကို မနက်ကတည်းက ရေစိမ်ထားပါ...
ညအိပ်ခါနီးမှာ ရေစိမ်မန်ကျည်းသီးမှည့်ကို ထညက်နဲ့ ရောပြီး မန်ကျည်း‌ဖျော်ရည်လုပ်သောက်ပါ...
(မန်ကျည်းဖျော်ရည် Ready Made တွေဖြစ်နိုင်ရင် မသောက်ပါနဲ့)
ဝမ်းချုပ်တာ သိသိသာသာ သက်သာသွားပါလိမ့်မယ်...
ဆီးချိုရှိတဲ့သူတွေကတော့ မန်ကျည်းသီးမှည့်ကို ထညက်စစ်စစ်ကို အနည်းငယ်ပဲသုံးပြီး‌ဖျော်ပါ သို့မဟုတ် ဆီးချိုသကြားသုံးပါ။
#ဝမ်းချုပ်ခြင်းကင်းကြပါစေ

image