51 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်က တန်ဟတ်ထက် အာမိုရင်လက်ထက်မှာ ပိုပြီးဆိုးနေ

ဖေဖော်ဝါရီ ၆

ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အသင်းဟာ နည်းပြဟောင်း အဲရစ်တန်ဟတ် လက်ထက်ကထက် လက်ရှိနည်းပြ အာမိုရင်လက်ထက်မှာ ပိုပြီးဆိုးနေတယ်လို့ ပြောလိုက်ပါတယ်။

ဂယ်ရီနဗီးလ်က “အာမိုရင် ရောက်ရှိလာခဲ့တုန်းက ပိုပြီးကောင်းလာမယ်လို့ ကျနော်ထင်ခဲ့တာပါ။ စိတ်အား ထက်သန်မှုနဲ့ စနစ်သစ်ကိုတွေးခဲ့ပြီး သူတို့ဟာ ကစားသမားတွေ ဝယ်ယူကာ ပြန်လာနိုင်တာကို မြင်တွေ့ရမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အသင်းဟာ ပိုဆိုးရွားလာပြီး အံ့သြ စရာပါပဲ။ ဒီလိုသာ ဆက်သွားရင် ရာသီကုန်ခါနီးမှာ နာကျင်စရာတွေ အများကြီးရှိလာပြီး ထိခိုက်လာနိုင်တယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီအစပိုင်း ရလဒ်ဆိုးရွားမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြသစ်အဖြစ် စပို့တင်းလစ္စဘွန်းအသင်းကို ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ ပေါ်တူဂီ လူမျိုးနည်းပြ အာမိုရင်ကို ခန့်အပ်ခဲ့တာပါ။

မန်ချက်စတာကလပ်က အာမိုရင်ဟာ သူတို့ကို ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ သူတို့ရဲ့စွမ်းဆောင်ရည်ဟာ ကြီးကြီးမားမား ပြောင်းလဲမှုမရှိခဲ့တာ ဖြစ်ပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်အသင်းကို တာဝန်ယူပြီး ကတည်းက ပရီးမီးယားလိဂ် အိမ်ကွင်း ၇ ပွဲ ကိုင်တွယ် ထားတာမှာ ၂ ပွဲသာ အနိုင်ရလဒ် ရယူပေးထားတာပါ။

ယူနိုက်တက်အသင်းဟာ အာမိုရင် လက်ထက်မှာ ပရီးမီးယားလိဂ် နိုင်ပွဲ ၄ ပွဲသာရထားပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဂယ်ရီနဗီးလ်က အာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းဟာ ပိုပြီးဆိုးရွားနေတယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၇ ရက်မှာ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် လက်စတာ အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရှိချန်ပီယံဆုကို ဆက်ထိန်းသိမ်းချင်ရင် အနိုင်ရလဒ် ရယူဖို့လိုအပ်တာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ယူနိုက်တက်အသင်းကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
51 ပတ် - ဘာသာပြန်ပါ။

car hook
Car Hooks Back Seat Headrest Hook Universal Auto Vehicle Headrest Hanger Storage Organizer
စျေးနုန်း ၂၅၀၀ကျပ်။
Type: Car Seat Hook
Material: black.
Type: Dual Hook
Size: 14 x 9 x 3 cm/14 x 8.9 x 3 cm.
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
www.shop.com.mm/shop/zaycho

မြန်မာ့ရွှေကိုဝယ်ယူရန် ပြည်ပနိုင်ငံအချို့က စိတ်ဝင်စားမှုရှိနေ ဟုဆို

ဖေဖော်ဝါရီ ၅

မြန်မာ့ရွှေကိုဝယ်ယူရန် ပြည်ပနိုင်ငံအချို့က စိတ်ဝင်စားမှုရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများက မြန်မာ့ရွှေကိုဝယ်ယူရန် စိတ်ဝင်စားနေပြီး၊ ထိုကဲ့သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

"ပြည်တွင်းကထွက်တဲ့ရွှေတွေကို ကမ္ဘာ့နိုင်ငံတွေက စိတ်ဝင်စားမှုရှိတယ်။ ပြောရရင် မြန်မာ့ရွှေက ပြည်ပဈေးကွက်မရှိဘူး။ နိုင်ငံတကာကပြုလုပ်တဲ့ပြပွဲတွေမှာ ပြသရောင်းချရတာပေါ့။ ပြည်ပဈေးကွက်ရတော့ ကောင်းတာပေါ့။ အ ခုတော့ တင်ပို့နိုင်အောင်ကြိုးစားနေတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးကို ကမ္ဘာ့ဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းအပေါ်မူတည်ပြီး ကမ္ဘာ့ရွှေတစ်အောင်စကို ဗဟိုဘဏ်ထုတ်ပြနသည့် AD လိုင် စင်ရဘဏ်များ၏ ငွေလဲနှုန်းနှင့်မြှောက်ကာ ၁.၉၀၄၇ ဖြင့်စားပြီးတွက်ချက်ထုတ် ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

YGEA အနေဖြင့် ရွှေဓာတ်ခွဲခန်းဖွင့်လှစ်ရန် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိအောင် ဆောင်ရွက်နေပြီး နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့များက လည်း လာရောက်စစ်ဆေးရန်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
51 ပတ် - ဘာသာပြန်ပါ။

နယ်စပ်ရှိ မြန်မာဒုက္ခသည်များကိုပါ ဆေးကုသရန်ခိုင်းစေလာလျှင် အလုပ်မှထွက်မည်ဟု မဲဆောက်မြို့ရှိ ဆရာဝန်တစ်ဦးက ခြိမ်းခြောက်

ဖေဖော်ဝါရီ ၅

ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့မှာရှိတဲ့ အမျိုးသမီးဆရာဝန်တစ်ဦးက တကယ်လို့ သူ့ကို မဲဆောက်ခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုက ဒုက္ခသည်တွေကို ပါသွားရောက်ကုသပေးဖို့ ခိုင်းစေလာရင် အလုပ်က ထွက်ရလိမ့်မယ်လို့ ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။

Dr Nuttagarn Cheunchom က ကူးစက်ရောဂါအထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး သူ့ရဲ့ခြိမ်းခြောက်ရေးသားထားတဲ့ပို့စ်ကို လူမှုကွန်ရက်မှာတင်ခဲ့တာပါ။ Nuttagarn ကဆေးရုံမှာ ဆရာဝန်လုံလောက်မှု မရှိတဲ့အတွက် ခက်ခက်ခဲခဲရုန်းကန်နေရချိန်မှာ စောင့်ဆိုင်းနေတဲ့ ဒေသခံလူနာတွေကိုပစ်ပြီး ဒုက္ခသည်စခန်းကို ဆေးသွားကုရဦးမယ်ဆိုတာက မမျှတတာဘဲလို့ ဆိုခဲ့ပါတယ်။

Nuttagarn က သူ့ရဲ့ ပို့စ်မှာ သူ့ကို တီဘီရောဂါနဲ့ HIV ဗိုင်းရပ်ကူးစက်ခံရသူတွေအတွက် နယ်စပ်ဒုက္ခသည်စခန်းတစ်ခုက လူနာတွေကို သွားရောက်ကုသပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ဒုက္ခသည်တွေ ထောင်နဲ့ချီလို့ကျန်းမာရေးဆောင်ရွက်ပေးနေတဲ့ စခန်းတွေပိတ်ခဲ့ပြီးနောက် Nuttagarn ကို ဒီလိုညွှန်ကြားလာတာပါ။

အပြည်ပြည်ဆိုင်ရာဒုက္ခသည်ကော်မတီ(ICRC) ကဒီကျန်းမာရေးစခန်းတွေကို အမေရိကန်ရဲ့ထောက်ပံ့မှုကို ပေးနေတာဖြစ်ပြီး အခုအခါ ဇန်နဝါရီလကုန်နောက်ဆုံးထားပိတ်ဖို့ ICRC က ညွှန်ကြားခဲ့တာပါ။ ဒီနောက်မှာတော့ တက်ခ်ပြည်နယ်အတွင်း ဆေးရုံငါးရုံက ဆရာဝန်တွေကို နယ်စပ်ဒုက္ခသည်စခန်းသုံးခုမှာရှိတဲ့ လူနာတွေကို အလှည့်ကျသွားကုသပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားလာတာပါ။

Nuttagarn က ဒီအမိန့်ကို ရုပ်သိမ်းခြင်းမပြုရင် ဖေဖော်ဝါရီ ၃ ရက်မှာ အလုပ်ကထွက်မယ်လို့ ခြိမ်း ခြောက်ခဲ့တာပါ။ ဒါပေမယ့် ဖေဖော်ဝါရီလ ၄ ရက်ထိ Nuttagarn က နုတ်ထွက်စာမတင်သေးပါဘူး။

Ref- Nation Thailand

#centralnewsnaypyitaw

image

မကြီးယွန်း... <br>#crd

51 ပတ် - ဘာသာပြန်ပါ။

ခွင့်လွှတ်ခြင်း

"ကိုယ်အလုပ်နိုင်ဆုံး အရာတစ်ခုကိုပြောပါဆိုရင်
လူတွေကိုနည်းလမ်းအမျိုးမျိုးနဲ့ ခွင့်လွှတ်နိုင်တာပါပဲ။"

ပြောရက်လိုက်တာ၊ လုပ်ရက်လိုက်တာဆိုပြီး ဝမ်းနည်းလို့ငိုမိတာပဲ ရှိချင်ရှိမယ်။
မှတ်ထားတာတွေ၊ နာကျင်အောင်ပြန်လုပ်တာတွေ၊ ရန်ပြန်လုပ်တာတွေ၊ အခွင့်အရေးကို အရယူပြီးအောက်ဖဲလှန်တာတွေ ကိုယ့်မှာတစ်ကယ်မရှိခဲ့ဘူး။

ဘယ်အရာမှမမြဲတဲ့ လောကကြီးမှာ ကောင်းခြင်း၊ဆိုးခြင်းတွေဟာ ကိုယ့်လုပ်ရပ်နဲ့သာဆိုင်တယ်။
အရာအားလုံးဟာလဲ ခဏဘဲလို့ကိုယ်သိထားတယ်။

ဒီတော့ဉီးစွာ ခွင့်လွှတ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုအေးချမ်းစေပါတယ်။
ဘာမှ မတုံ့ပြန်ခြင်းဖြင့် မီးဟူသမျှအပူတွေကို ငြိမ်းအေးစေပါတယ်။

ဒီတော့ ခွင့်လွှတ်ခြင်းကတောင်းပန်ခြင်းထက် ပိုပြီးမြတ်တယ်။
ဘာလို့ဆို ကိုကိုယ်တိုင်ဘာဆက်လုပ်ရမလဲဆိုတာအသိဆုံးမို့ဖြစ်တယ်။
#aungsitt

image
51 ပတ် - ဘာသာပြန်ပါ။

Bar chair
price = 95000ks
ရန်ကုန်မြို့တွင်း ပို့ဆောင်ခ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
51 ပတ် - ဘာသာပြန်ပါ။

Bar chair
price = 95000ks
ရန်ကုန်မြို့တွင်း ပို့ဆောင်ခ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
51 ပတ် - ဘာသာပြန်ပါ။

Bar chair
price = 95000ks
ရန်ကုန်မြို့တွင်း ပို့ဆောင်ခ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
51 ပတ် - ဘာသာပြန်ပါ။

Bar chair
price = 95000ks
ရန်ကုန်မြို့တွင်း ပို့ဆောင်ခ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image