Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
GTR တို့ရဲ့ ဘိုးအေကြီး "Hakosuka" GTR အပြီး ဒုတိယမြောက်မျိုးဆက်မှာ ကံဆိုးစွာနဲ့ oil crisis အရေးပေါ်ပေါက်လာတာကြောင့် Nissan က Skyline GTR "Kenmeri" ကို 1972-73 တစ်နှစ်အတွင်း အစီးရေ 200 လောက်သာထုတ်ပြီး Production ကိုရပ်ဆိုင်းခဲ့ရပါတယ်
ဆယ်စုနှစ်တစ်စုကြာပြီးတဲ့အထိ GTR တွေကိုဆက်လက်ထုတ်လုပ်ခြင်းမရှိပဲ ရပ်နားထားခဲ့ပေမယ့် 1989 မှာတော့ R32 နဲ့အတူ sports car လောကထဲကိုတစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပါတယ် Nissan က အဲဒီအချိန် Group A Racing မှာ ပြိုင်ဆိုင်နေတဲ့ Skyline GTS-R Coupe နေရာမှာ အစားထိုးချင်တာဖြစ်ပါတယ် အဲ့ဒီအတွက် R32 ကို Development phase မှာကတည်းက Group A Racing မှာ ပီပီပြင်ပြင်ပြိုင်ဆိုင်ဖို့ကို အဓိကရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ သူ့ခေတ်သူ့အခါနဲ့ယှဉ်ရင် သိပ်ကိုမှ ခေတ်ရှေ့ပြေးတဲ့ Nissan ရဲ့နည်းပညာတွေ R32 မှာပါပါတယ် (ကောမန့်ကပို့စ်ထဲမှာ အသေးစိတ်ဖတ်နိုင်ပါတယ်) GT-R ရယ်လို့ line up တစ်ခု သီးသီးသန့်သန့် စခဲ့တာဟာလည်း R32 ပါပဲ
အဲဒီလိုနဲ့ GTR 32 ရဲ့ Production ကို 1989 မှာစတင်ခဲ့ပြီး 1990 မှာတော့ Group A 4000cc class အတွက် Engine, Aerodynamic စတာတွေကို အဆင့်မြှင့်တင်ထားတဲ့ Homologation Special GTR "Nismo" အစီး 500 ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်
(32 Nismo ဟာ ပုံမှာပါတဲ့ Gun Grey Metallic ဆိုတဲ့အရောင်တစ်မျိုးတည်းနဲ့သာလာပါတယ်)
Power Output ကလည်း 300 hp ကနေ 600 လောက်အထိတက်လာခဲ့သလို နာမည်ကျော် ATTESA ET-S AWD System ပါပါနေတာ Nissan က 32 အပေါ်မှာ တော်တော်လေး ယုံကြည်ချက်ရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်
အဲဒီလိုနဲ့ 1990 မှာ Japanese Touring Car Championship JTCC မှာ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် 1990 ကစလို့ 1993 ခုနှစ်အတွင်း ပြိုင်ခဲ့သမျှ ပြိုင်ပွဲ 29 ပွဲမှာ 29 ပွဲလုံးကို အနိုင်ရပြီး R32 ဟာလည်း ထင်ထားတာထက်ကို အောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ Legendary Race car တစ်စီးဖြစ်လာပါတော့တယ်
တစ်ဖက်မှာ Nissan အနေနဲ့ 1980 ကျော်ကတည်းက ပြိုင်ဆိုင်နေခဲ့တဲ့ Australian Touring Car Championship မှာလည်း Ford Sierra RS500 Cosworth, BMW M3, Mercedes 190E Evo II တို့က စိုးမိုးထားတာကြောင့် ဆယ်စုနှစ်တစ်စုကျော်လာတဲ့အထိ ရုန်းကန်နေခဲ့ရပါတယ် 1990 မှာတော့ Nissan ရဲ့ Factory Racing Team "Gibson Motorsports" ကနေ 32 Group A Race car ကို Australia အထိပါ ခေါ်လာခဲ့ပြီးဆရာကြီးတွေကို အပီအပြင် ပညာပြပါတော့တယ်
E30 M3, 190E EVO II တို့က ဝိတ်ပေါ့ပေမယ့် Underpowered ဖြစ်နေပြီး Sierra ကလည်း တောက်လျှောက်ဗိုလ်ဆွဲထားပေမယ့် RWD ဖြစ်နေတဲ့ အားနည်းချက်ရှိနေပြန်ပါတယ်
အဲဒီလို ဟာကွက်တွေဟာ R32 ရဲ့ Powerful ဖြစ်လွန်းတဲ့ RB26DETT ၊ Traction အတွက်ကောင်းကောင်းကြီး အထောက်အကူပေးတဲ့ ATTESA ET-S ၊ ကွေ့တွေ့မှာ သိသိသာသာပိုမြန်စေတဲ့ Super HICAS All wheel Steering တို့နဲ့ တွေ့တဲ့အခါမှာတော့ ယှဉ်လို့မရတော့ပဲ နောက်ကျကျန်ခဲ့ရပြီး 32 ကပဲ 1991 1992 နှစ်နှစ်ဆက်တိုက် ATCC ၊ Bathurst 1000 ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ် အဲဒီလို တခြား manufacturer တွေအနေနဲ့ ဘယ်လိုမှမယှဉ်နိုင်တော့တဲ့အခါ "32 ကအရမ်းအားသာနေပြီး ပြိုင်ပွဲက မမျှတ တော့ဘူး" လို့ဆိုတာကြောင့် 1993 မှာတော့ "V8 Engine ဖြစ်ရမယ်"ဆိုတဲ့ စည်းကမ်းအသစ်ကို သတ်မှတ်လိုက်ပြီး R32 ကိုသွယ်ဝိုက်သောနည်းနဲ့ ဘန်းပစ်ခဲ့ပါတော့တယ်
အဲဒီလို R32 ကတဟုန်ထိုးအောင်မြင်နေပြီး Nissan က Win on Sunday, Sell on Monday လုပ်နိုင်နေခဲ့တဲ့ အချိန်မှာ Australian Local Magazine တစ်ခုဖြစ်တဲ့ "Wheels" ကနေ "ဂျပန်ပြည်မှ ဂေါ်ဇီလာတစ်ကောင် သို့မဟုတ် Skyline Supercar " ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် တင်စားရေးသားခဲ့ရာကစလို့ Godzilla ဆိုတာဟာ R35 အထိ Nissan GTR တို့ရဲ့ ကမ္ဘာကျော် နာမည်ပြောင် "Nickname" တစ်ခုဖြစ်လာခဲ့ပါတော့တယ်ခင်ဗျား
ကိုးကား The Car Addicts
Oh My School! (2023)
IMDb - 6.9/10
Genre - Fantasy, Comedy
သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကိုနှစ်သက်တဲ့သူတွေအတွက် ကာတွန်းကားကောင်းလေး ကြည်ရှုလိုရပါပြီ….ကျောင်းမှာ အဆိုးဆုံးအတန်းလိုနာမည်ကြီးတဲ့အတန်းက အဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်း
ကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး….ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီး ထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကိုအရမ်းလိုချင်လိုကြိုးစားနေသူဆရာမတစ်ယောက်…ဆိုးသွမ်းတဲ့ ဝမ်ချန်တိုအဖွဲနဲ့ ဆရာမရှီးကတော့ အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။တစ်နေ့ သူတိုနှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်….ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ…ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား…ခန္ဓာကိုယ်လဲသွားလိုဖြစ်လာတဲ့ပြသာနာတွေကိုရောဘယ်လိုရင်ဆိုင်မလဲ…ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား
ကြည့်ရှု့ရမှာဖြစ်ပါတယ်
olkswagen ကို Beetle နဲ့ Golf လောက်သာသိပြီး ငမြောက်ငခြောက်လို့ထင်နေရင်တော့ ကိုယ့်လူမှားသွားပါလိမ့်မယ်။ Audi, Porsche, Bentley နဲ့ Lambo တို့လိုကောင်တွေကိုတောင် VW Group က ပိုင်ပြီး Ducati နဲ့ Trucks ကားတွေထုတ်တဲ့ MAN တို့ Scania တို့ဆိုတာလည်း သူ့လက်အောက်မှာပဲ ရှိပါတယ်။
Urus နဲ့ Q8 ကို MLB Evo platform တစ်ခုတည်းအပေါ်မှာ တည်ဆောက်ထားတာတို့၊ Taycan နဲ့ e-tron GT မှာ VW ရဲ့ J1 electric platform ကိုသာ သုံးပေးထားတာတို့၊ နောက်ဆုံးဗျာ Ducati Diavel 1260 Lamborghini edition တို့ဆိုတာ အကောင်းဆုံးအဖြေတွေပါပဲ။