Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🙏 စိတ်ထားလေးပဲ ပြင်လိုက်ပါ 🙏
ကုသိုလ် , အကုသိုလ် ဆိုတာ
ဖြစ်ဖို့ သိပ်လွယ်ပါတယ် …
ကိုယ့်ရဲ့စိတ်ထားလေးပဲ
ပြင်ဖို့ လိုပါတယ် …
- ဘယ်နေရာမှာပဲ ဖြစ်ဖြစ်
- ဘယ်အချိန်ပဲ ဖြစ်ဖြစ်
- ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်
ကိုယ့် စိတ်ထားလေးသာ
နှလုံးသွင်း မှန်မယ် ဆိုရင် ...
- နေရာတိုင်းမှာ ကုသိုလ် ရှိပါတယ်
- အချိန်တိုင်းမှာ ကုသိုလ် ရှိပါတယ်
- လူတိုင်းမှာ ကုသိုလ် ရှိပါတယ်
စိတ်ထားသာတတ်မယ် ဆိုရင်
ကိုယ့် စီးပွားကိုယ်လုပ်နေရင်းလည်း
ကုသိုလ်ဖြစ်နေ …
ကိုယ့်အိမ် သန့်ရှင်းရေး လုပ်နေရင်းလည်း
ကုသိုလ် ဖြစ်နေတတ်တာပါ …
နှလုံးသွင်း မမှန်လို့ကတော့
ကုသိုလ် လုပ်ရင်းလည်း
အကုသိုလ် ဖြစ်နေတတ်သလို …
တရားနာရင်းလည်း အတွေးတွေနဲ့
အကုသိုလ် ဖြစ်နေတတ်ပါတယ် …
အရင်းစစ်တော့
ကိုယ့်အတွေးနဲ့ ကိုယ့်စိတ်ထားဟာ
ကိုယ့်ဘဝကို ပုံဖော်ပေးနေတဲ့
အဓိက အကြောင်းတရားပဲ ဖြစ်ပါတယ် …
ကိုယ်လုပ်တဲ့ လုပ်ရပ်တိုင်းမှာ
ကိုယ့် စိတ်ထားလေးကိုသာ
ပြင်နိုင်ကြမယ် ဆိုရင် ကုသိုလ်ဖြစ်ဖို့
လွယ်နေမှာဖြစ်ပြီး …
ကုသိုလ်ရှိတဲ့ ဘဝဟာ
တန်ဘိုးရှိတဲ့ ဘဝပဲဖြစ်ပါတယ် …
မနာပ_ဒါယီ_အရှင်ဝိစိတ္တ
သီလမလုံ လူမျိုးအစုံ
ကပ်ကြီးသုံးပါး ဖိလိမ့်မယ်
အဖေနဲ့သားမကယ်နိုင် ညား
အပြိုင်ပြိုင်မြေခ သေကြမည်
ရောဂါကပ်ကြီး ပြီးခါနီး
အငတ်ဘေးကြီး ဆိုက်လိမ့်မည်
ကပ်ကြီးပြီးနောက် နောက်တစ်ခေါက်
စစ်မီး တောက်လိမ့်မည်
ထိုစစ်မီးလည်း များစွာနွဲ
ညက်ညက်ကြေလိမ့်မည်
ကမ္ဘာမြေဆီ
မိုးနဲ့မြေကြီးညပ်ဆော်တီး
ကပ်ကျော်ပြီးမှအေးလိမ့်မယ်
အေးသောအခါ ဗုဒ္ဓရာဇာ
အမှန်ပေါ်လာမည်
ပေါ်သောအခါ ကမ္ဘာမှာမြန်မာ
ထိပ်ဆုံးရောက်လိမ့်မည်
သာသနာတစ်ဝက်ရောင်ခြည်ထွက်
လင်း၍လက်ဦးမည်
ကမ္ဘာတခွင် လူအကုန်ပင်
ထေရဝါဒဖြစ်လိမ့်မည်
သာသနာထီးဆောင်း
အာဏာညောင်း မြန်မာက
ဘုရင်ဖြစ်လိမ့်မည်
ဖြစ်သောအခါ ဤကမ္ဘာ အဆိုးကုန်လို့
အေးချမ်းမည်
ရာသီ ပထဝီ ကမ္ဘာတွင်
ပြန်လည် သာယာမည်
အတိတ်တဘောင် နိမိတ်ဆောင်
ကျမ်းကုန်မှန်လိမ့်မည်
သရဏဂုံတရား
မေတ္တာပွား ဒါမှအေးတော့မည်
သိလေသောသူ အကျင့်တူ
အပူငြိမ်းလိမ့်မည်
မမြင်အပ်ရာ မမြင်အပ်သလိုပ၊ မထင်အပ်ရာ မထင်အပ်ရပေဘူး၊
အသွင်မလှ အဆင်မပြေ။
တရားမကြိုက်သူတို့က အမှားစရိုက်ကယ်နှင့်၊ ငါးနှိုက်ရာ မြွေကိုစမ်းသည့်နှယ်၊ ဖမ်းမိပုံသွင်။
ကိုက်ပြန်တော့ တပေပေ၊ အဆိပ်သင့်ပြန်တော့ ထိပ်ထက်၌ ဝေတေတေ၊ မ ဖြေနိုင် ဖိစီး။
သတင်းရယ် ပြောင်၊ မင်းခေါင်ကို အထင်မမှားကြနဲ့၊
သတ္တဝါ ရင်ဝယ်သားလိုပ၊ အခါခါ ကယ်ဆယ်တာ များလှပေါ့၊
အပါယ်ရွာ အလည်မသွားရအောင်၊ ထား သတိကြီး။
ရွက်လှေကိုဆင်၊ လိုက်ချင်သူ ပဉ္စသီမြဲရင်ဖြင့်၊ အေးဖို့သာပြင်။
ကြိုးစားကြ များလူရှင်၊ ပေါ်လွင်မည့် ခေတ်ကြီး။
အအိပ် မကြီးကြလေနှင့်၊ စိပ်ပုတီး လက်မှာကိုင်လို့၊
မြဂုဏ်ရောင် နေ့စဉ်ပွားလျှင်ဖြင့်၊
အသက်ရှည် ရွှေငွေ မရှားပါဘု၊ ဘိုးတော်က မှာကြား။
Credit to Aungpersay
သဘာဝဘေးအန္တရာယ်တွေ စောင့်ကြည့်လို့ရမယ့် Weather App ၂ ခု
Weather App တွေ Website တွေဆိုတာ ပုံမှန်ဆို သာမန်ကာလျှံကာ App တွေရယ်လို့ ထင်ကြမယ်ဆိုပေမဲ့ တကယ်တမ်းကြုံတွေ့လာတဲ့အခါမှ ရှိထားဖို့ လိုအပ်မှန်း အရေးကြီးကြမှန်း သိကြတာပါ။
မကြာသေးခင်က ဖြစ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲသတင်းအချက်အလက်တွေကို စောင့်ကြည့်ဖို့နဲ့ လာမယ့်မိုးရာသီမှာလည်း ရာသီဥတု သဘာဝဘေးအန္တရာယ်တွေကို စောင့်ကြည့်နိုင်ဖို့ နာမည်ကြီးတဲ့ App နှစ်ခုကို ဖော်ပြပေးချင်ပါတယ်။
My Earthquake Alert : ဒီ App ကတော့ လောလောဆယ် လူတိုင်းရဲ့ဖုန်းထဲမှာ ရှိနှင့်နေပြီးပြီလို့တောင် ထင်ပါတယ်။ အခုအချိန်မှာ လိုအပ်တယ်ဆိုပေမဲ့ နောက်ပိုင်း အခြေအနေပြန်ငြိမ်သွားရင် မလိုအပ်တော့ဘူးဆိုပြီး Uninstall ပြန်မလုပ်လိုက်ပါနဲ့။ ထည့်ကို ထည့်ထားပါ။
ငလျင်လှုပ်တာနဲ့ ချက်ချင်တော့ Alert တော့မပေးနိုင်ပေမဲ့ အတက်နိုင်ဆုံး စက္ကန့်ပိုင်းအတွင်း (အင်တာနက်ပေါ်မူတည်ပြီး အကြာဆုံး ၁၀ မိနစ်) လှုပ်နေတဲ့အကြောင်း Alert ပေးပါတယ်။ Aftershock တွေကိုလည်း စောင့်ကြည့်လို့ရတယ်။ Pro Version ရှိပြီး Por Version က ပိုပြီး Alert မြန်တယ်လို့လည်း ပြောကြပါတယ်။
(ပုံစံတူ App ဆို LastQuake နဲ့ Earthquake Tracker တွေကိုလည်း စမ်းကြည့်ပါ)
Windy : 2023 မိုခါမုန်တိုင်းနောက်ပိုင်း အသုံးအများဆုံး Weather Website ပါ။ App လည်း ရှိပါတယ်။ မကြာခင် မိုးရာသီရောက်တော့မှာမို့ ပိုလိုအပ်ပါတယ်။ အွန်လိုင်းပေါ်မှာ မုန်တိုင်းကြီးတွေ လာမယ် ဘာညာတွေ ပစ်မယုံလိုက်ပါနဲ့ ကိုယ်တိုင်လည်း App တို့ Website တို့မှာ ကြည့်နိုင်ပါတယ်။ Windy က ရာသီဥတုအပူချိန်၊ မိုးရွာမှုနှုန်းတွေ၊ ပင်လယ်ရေလှိုင်းအမြင့်တွေနဲ့ မုန်တိုင်းဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြည့်လို့ရပါတယ်။ နောက်ပြီး သူက ၁၀ ရက်အတွင်း မိုးလေဝသအခြေအနေကို ဖြစ်နိုင်ခြေအရှိဆုံး ပြသပေးထားပါသေးတယ်။ Premium Version ဆိုရင် ၁၅ ရက်အထိတောင် ကြည့်နိုင်ပါတယ်။ Display 46 ခုထိ ရှိတာမို့ ကိုယ်ကြည့်ချင်တဲ့ ပုံစံနဲ့လည်း ရွေးကြည့်နိုင်ပါသေးတယ်။
Weather Website နဲ့ App တွေတိုင်းကို Intsall လုပ်ထားရမယ်လို့ မဆိုလိုပါဘူး။ လိုအပ်တဲ့ App တစ်ခု နှစ်ခုလောက်ကို Install လုပ်ထားပြီး Alert လေးတွေ On ထားတာနဲ့တင် လုံလောက်ပါတယ်။ ဖုန်းထဲက Weather Widget တွေလည်း အမြဲ Home ပေါ် တင်ထားပြီး မနက်ဆိုတာနဲ့ တစ်ချက် Check လုပ်ပေးပါ။
ငလျင်လိုမျိုး မခန့်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက်ဆိုရင်လည်း ကြုံတွေ့ခဲ့ရရင် ဘယ်လိုမျိုးတွေ လုပ်ဆောင်သင့်လဲ ၊ အကာအကွယ်ယူသင့်လဲဆိုတာတွေကို App တွေကနေ လေ့လာထားတာလည်း ပိုအဆင်ပြေစေပါတယ်။

Trump ဆီက 75 ရက်ထပ်မံခွင့်ပြုချက်ရခဲ့တဲ့ TikTok
ဧပြီ ၆ ရက်နေ့ဟာ TikTok ကို ရောင်းချဖို့ ပိတ်သိမ်းဖို့ ဆိုင်းငံ့ကာလနောက်ဆုံးဖြစ်ပေမဲ့လည်း Donald Trump ကနေ TikTok ကို နောက်ထပ် 75 ရက် အချိန်ထပ်တိုးပေးဖို့ ကြေညာလိုက်ပါတယ်။
အကြောင်းအရင်းကတော့ TikTok နဲ့ပတ်သတ်ပြီး အစိုးရအဖွဲ့အနေနဲ့ လိုအပ်တဲ့အချက်များကို ကြိုးစားနေခဲ့တဲ့အပြင် တိုးတက်မှုတွေလည်း ရှိခဲ့တယ်ဆိုပေမဲ့ တိုးတက်မှုအချို့နဲ့ လိုအပ်တဲ့ခွင့်ပြုချက်တွေကို လက်မှတ်ရေးထိုးဖို့ နောက်ထပ်လုပ်ဆောင်မှုတွေအတွက် အချိန်အနည်းငယ်လိုအပ်နေတယ်လို့ ဆိုခဲ့ပါတယ်။
Amazon အပါအဝင် ကုမ္ပဏီကြီးများနဲ့ အဖွဲ့အစည်းအများစုက TikTok ကို ဝယ်ယူဖို့ စိတ်ဝင်စားမှုပြသခဲ့ပေမဲ့လည်း အမေရိကန်အစိုးရ၊ ByteDance (TikTok ၏ ပိုင်ရှင်) နဲ့ တရုတ်အစိုးရတို့ကို ကျေနပ်စေမယ့် သဘောတူညီချက်တွေ မပေးနိုင်တာကြောင့်လည်း နှောင့်နှေးနေတာလည်း ဖြစ်ပါတယ်။
ဒီဆိုင်းငံ့ 75 ရက်အတွင်းမှာလည်း TikTok ကို ဝယ်ချင်တဲ့ ကုမ္ပဏီတွေပဲ ထပ်ပေါ်လာမလား။ Trump နဲ့ တရုတ်အစိုးရကြား ByteDance အနေနဲ့ရော ဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲဆိုတာကတော့.... ဒါမှမဟုတ် 75 ရက်ပဲ ထပ်ထပ်တိုးသွားမလား....
ရန်ကုန်နှင့် ကရင်တွင် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူမှုများ အကြီးအကျယ်ဖြစ်နေပြန်
ရန်ကုန်၊ ဧပြီ ၈
ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ်နေပြီး မဲပေါက်သူများက စစ်မှုမထမ်းလိုလျှင်သော်လည်းကောင်း၊ ရွှေ့ဆိုင်းလိုလျှင်သော်လည်းကောင်း ၁ ဦးလျှင် ငွေကျပ် ၁၅ သိန်းပေးရကြောင်း ငွေကြေးပေးဆောင်ခဲ့ရသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ် အမှတ် ၁၁ ရပ်ကွက်တွင် စစ်တပ်က ခန့်အပ်ထားသော ရပ်ကွက် အုပ် ချုပ် ရေး အဖွဲ့က လူငယ်များကို တစ်အိမ်တက်ဆင်း လိုက်လံ မဲနှိုက်ခိုင်းခြင်းဖြစ်ကြောင်း၊ ထိုသို့ မဲနှိုက်ခိုင်းစဉ် မဲပေါက်သည့် လူငယ်များကို စစ်မှုမထမ်းလိုပါက တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းပေးရပြီး မဲမပေါက်သည့် လူငယ်များကို တစ်ဦးလျှင် ငွေကျပ် ၈ သောင်း တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းရန် မဲပေါက်သူများနှင့် မဲမပေါက်သည့် လူငယ်များထံမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့က ပိုက်ဆံ တိုက်ရိုက် တောင်းယူခြင်းမဟုတ်ဘဲ ကိုယ်စားလှယ်များစေလွှတ်၍ ပိုက်ဆံများ လိုက်လံ ကောက်ခံခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
"အခုက သူတို့ အုပ်ချုပ်ရေးမှူး မပါဘဲ ရပ်မိရပ်ဖ ၁၀ ဦးအဖွဲ့ နဲ့လာတာ အရှေ့ဒဂုံ ၁၁ ရပ်ကွက်မှာပါ။ ၂ ဦး မဲပေါက် သွားတယ်လို့သိရတယ်။ တစ်ယောက်က တပင်ရွှေထီး လမ်းက နောက်တစ်ယောက်က ဧရာဝတီလမ်းက လို့ သိရတယ်။ မဲပေါက်လို့ စစ်ထဲ မလိုက်ချင်ရင် ၁ ဦးကို ၁၅ သိန်းပေးရတယ်။ မဲမပေါက်တဲ့ အိမ်တွေက ၈ သောင်းပေးရတယ်။ ပိုက်ဆံ လိုက်ကောက်တော့ သူတို့မလာဘဲနဲ့လမ်းမှူး မိန်းမတွေကို လိုက်ကောက်ခိုင်းတယ်။ ရပ်မိရပ်ဖ အဖွဲ့ဆိုပြီးတော့လေ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် သာကေတမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က စစ်မှုထမ်းရန် အကြုံးဝင်သော လူငယ်များကို အမည်စာရင်း တင်သွင်းရန် ဆင့်ခေါ်စာများ ပေးပို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ သာကေတမြို့နယ် အတွင်းရှိ စစ်မှုထမ်းရန် လူငယ်များ၏ အမည်စာရင်းကို တောင်းခံထားခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက လိုက်လံ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့က စတင်ကာ ဘားအံမြို့ပေါ်ရှိ အမှတ် ၁ ရပ်ကွက်တွင် ရဲပြုတ် အုပ်ချုပ်ရေးမှူး စိုးမြင့် ဦး ဆောင်ကာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
"ဘားအံမြို့ပေါ် ရပ်ကွက် ၉ ခု ရှိပါတယ်။ အခု ဧပြီလ ၆ ရက်နေ့က စပြီး ဘားအံမြို့ အမှတ် ၁ ရပ်ကွက်မှာစပြီး မဲနှိုက်နေပါတယ်။ ပြေးရင် အိမ်ကို ချိတ်ပိတ်မယ်။ ထောင် ၃ နှစ်ချမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စိုးမြင့် ဦးဆောင်ပြီး လုပ်နေတာ ဘားအံမှာ သူပဲ အဓိက စလုပ်တာပါ။ အုပ်ကြီးက မဘသ အမာခံပါ။ မဲနှိုက်တဲ့နေရာမှာ မျှတမှုမရှိပါဘူး။ အုပ်ကြီး၊ ရာအိမ်မှူးတွေနဲ့ မတည့်တဲ့ သူတွေ ကိုသာ လူရွေးပြီး နှိုက်ခိုင်းပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။