1 y - Translate

စလင်းမြို့နယ်၊ တောင်ဘိုရွာသို့ စစ်တပ်က စစ်ကြောင်းဝင်ရောက်လာမှုကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ရွာလုံးကျွတ် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဧပြီ ၇
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုရွာကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက် ပွဲဖြစ်ပြီး စစ်တပ်က တောင်ဘိုရွာရှိ ပြည်သူ့နေအိမ် ၂၁ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗမာ့တပ် တော် အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးရုံး၊ ကွပ်ကဲရေးမှူး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ အင်အား ၇၀ ကျော် ပါ စစ်ကောင် စီစစ်ကြောင်းသည် နယ်တမယ်၊ နတ်စင်ကျေးရွာတို့ဘက်မှ တဆင့် စလင်းမြို့နယ်၊ တောင်ဘိုကျေးရွာဘက်ကို ဝင်ရောက်လာသဖြင့် ဒေါင်းစစ်အောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက် ဗမာ့တပ်တော်အပါအဝင် မဟာမိတ်တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများက တောင်ဘိုကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ ဖျက်ဆီးကာ ပြန်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ဝင်လာတော့ ဒေါင်းစစ်အောင်နဲ့ အရင်ဆုံးထိတွေ့မှုဖြစ်တယ်။ ထိတွေ့မှုဖြစ်ပြီးကာမှ တောင် ဘို ရွာထဲကို ပစ်ပြီးတော့ ဝင်လာတာ။ အဲဒါကြောင့် ကျနော်တို့လည်း ပူးပေါင်းပြီးတော့ လက်နက် ကြီး နဲ့ ပစ်ကူပေးတယ်။ အဲဒီလိုပစ်တဲ့အချိန်မှာ သူတို့က ရွာကို မီးရှို့ပြီးတော့ ပြန်ထွက်သွားတာ။ အကုန်လုံး တော့မဟုတ်ပါဘူး။ ရွာလုံးကျွတ်တော့မဟုတ်ဘူး။ ဟိုနေရာရှို့၊ ဒီနေရာရှို့ ရှို့သွားတာ။ တိုက်ပွဲမှာ တော့ ခွေးသေထိခိုက်မှုမသိရသေးဘူး။ ကျနော်တို့ဘက်ကလည်း တာဝေးပစ်နဲ့လှမ်း ပြီးတော့ ပစ်တာ ဆိုတော့၊ သူတို့ကလည်း ထပ်ပြီးတော့ မဝင်ပဲနဲ့ သူတို့ရောက်တဲ့ နေရာမှာပဲ မီးရှို့ပြီး ပြန်ထွက်သွားကြ တာ” ဟု ဗမာ့တပ်တော် ၊အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးရုံး၊ ကွပ်ကဲရေးမှူး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက်မှုကြောင့် တောင်ဘို ကျေးရွာနေ အမျိုးသား ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၁ လုံး မီးလောင် ဆုံးရှုံးခဲ့ ကြောင်း၊ ထို့အပြင် စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တောင်ဘိုကျေးရွာ ဆားတော ကျေးရွာ၊ ညောင်ကုန်းရွာ စသည့်ကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ယခုအခါ စစ်တပ်က နယ်တမယ်ကျေးရွာတွင် ရောက်ရှိတပ်စွဲ နေကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ကျေးရွာတစ်ခုကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

image

Wow 💁တကယ့်လေးစားစရာ လက်မှူပညာပဲ❤️‍🩹
#crdphoto

image
1 y - Translate

ညောင်ပင်ပျိုး ပေါင်ကျိုး၊
ညောင်ကိုင်းချိုး ရွှေအိုးရ
( မြန်မာစကားပုံ )
====================
ရှေးသရောအခါက အရပ်လေးမျက်နှာမှ ခရီး သွားများ လာရောက်နားခိုကြရသော ညောင်ပင် ကြီးတစ်ပင်ရှိသည်။ တစ်နေ့တွင် လူတစ်ယောက် သည် ဤညောင်ပင်ကြီး ဝေဝေဆာဆာရှိနေသော ကြောင့် ဤနေရာတွင် လူပေါင်းစုံလာစုနေကြသည်။ လူရှုပ်သည်။ ညောင်ပင်မရှိမှ အေးမည်ဟုဆိုကာ ညောင်ပင်ပေါ်သို့တက်၍ ညောင်ကိုင်းများကို ဓားဖြင့် ခုတ်သည်။ ဤသို့ တက်ခုတ်စဉ် ညောင်ပင်ခွကြားမှ ရွှေဒင်္ဂါးအပြည့်ပါသော ရွှေအိုးတစ်လုံးကိုရလိုက်သောကြောင့် ဆက်မခုတ်တော့ဘဲ ရွှေအိုးပိုက်လျက် ဝမ်းသာအားရ ထွက်ခွာသွားသည်။
အခြားသူတစ်ဦးသည် ဤညောင်ပင်ကြီးကြောင့် လူအများ ချမ်းချမ်းသာသာ နားခိုရသည်။ ညောင်ပင်ကြီး ပို၍ရှင်သန်အောင် လုပ်မည်ဟု ရည်ရွယ်ပြီး ညောင်ပင်အောက်တွင် တံမြက်လှည်းသည်။ ရေဖျန်းသည်။ ညောင်ပင်အခြေကို မြေဖို့ပေးသည်။ ဤသို့ပြုလုပ်စဉ် ဆွေးနေသော ညောင်ကိုင်းတစ်ကိုင်းသည် သူ့အပေါ် တည့်တည့်ကျိုးကျလာရာ ထိုသူမှာ ပေါင်ကျိုးရရှာသည်။
ဤတွင် ဤအကြောင်းအရာနှစ်ခုကို သိကြ သောလူများသည် ညောင်ပင်အောက်တွင် စုဝေးပြီး “လောကကြီးတွင် ကောင်းမှုအကျိုး၊ မကောင်းမှု အပြစ် ဟူသည်မရှိ၊ လောကကြီးက ဖြစ်ချင်သလို ဖြစ်နေသော လောကကြီးပါတကား” ဟု ပြောဆို နေကြလေတော့သည်။
အကြောင်းစုံသိနေသော ညောင်ပင်စောင့်နတ် မှာ “လူအများ အသိအမြင်မှားလျက် အကုသိုလ် များပြုကာ ဒုက္ခရောက်ကြပေတော့မည်” ဟု မနေ သာတော့ဘဲ ကိုယ်ထင်ပြလျက် တရားဟောရပေ တော့သည်။
“အချင်းတို့၊ အယူမမှားကြကုန်လင့်။ စင်စစ် ညောင်ကိုင်းချိုး၍ ရွှေအိုးရသူကား ရှေးဘဝကုသိုလ်ကံကြောင့် ယခုဘဝ ရှင်ဘုရင်ဖြစ်ရမည့်သူပင်တည်း။ သို့သော် သူ၏ညောင်ပင်ကို ဖျက်ဆီးသော အကုသိုလ်ကံကြောင့် ဘုရင်မဖြစ်တော့ဘဲ ရွှေအိုးမျှနှင့် ကျေနပ်လိုက်ရလေတော့သည်။
ညောင်ပင်ပျိုး၍ ပေါင်ကျိုးသောသူကား စင်စစ် ထိုနေ့မှာပင် သေရမည့်သူပင်တည်း။ သို့သော် ညောင်ပင်ပျိုးသော ကုသိုလ်ကံကြောင့် အသက်မသေတော့ဘဲ ပေါင်ကျိုးရုံမျှဖြင့် ပြီးသွားရခြင်းပေတည်း။ လောကတွင် ကံ၊ ကံ၏အကျိုးဟူသည်ကား ဧကန်ရှိသည်။ ကောင်းမှုသည် ကောင်းကျိုးကိုပေးသည်။ မကောင်းမှုသည် မကောင်းကျိုးကိုပေးသည်။ အချင်းတို့၊ အယူမမှားကြကုန်လင့်။”
အယူမှားတော့မည့်လူအများ ညောင်ပင်စောင့် ရုက္ခစိုးကြောင့် အမြင်မှန်ဖြင့် ချမ်းသာခဲ့ကြရသည်။
ကံတရား၏ ဆန်းကြယ်ပုံကို ဖော်ပြသော ဤဖြစ်ရပ်ကိုအကြောင်းပြု၍ “ညောင်ပင်ပျိုး ပေါင်ကျိုး၊ ညောင်ကိုင်းချိုး ရွှေအိုးရ” ဟူသော ဆိုရိုးစကား (စကားပုံ) ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

image

အမ်းမြို

image

အမ်းမြို

image

အမ်းမြို

image

အမ်းမြို

image

အမ်းမြို

image

အမ်းမြို

image

အမ်းမြို

image