#cute

Like
35 w - Translate

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ အသိပေးထား
ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ ငလျင်ဒဏ် အပြင်းအထန် ခံစားနေရသည့် စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့် ပြည်နယ် အားလုံးတွင် မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘင်္ဂလားပင်လယ်အော် အခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ယနေ့ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ် ကြောင်း သိရသည်။
နေပြည်တော် ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အရ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ကြောင်း သိရသည်။
နောက် (၂) ရက်အတွက်ခန့်မှန်းချက်အနေဖြင့်နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ကြေညာထားသည်။

image
Like
35 w - Translate

မဟာမုနိဘုရားကြီးထီးတော်တင်ပွဲ(1899)
By a German photographer Kurt Boek. Description: View down from the platform of the scaffolding onto the fairground; the hti, decorated with four small parasols, is still at the lower end of the inclined plane

#crd

image
Like
35 w - Translate

ကျနော် နဲ့ ခင်မင်တဲ့ လူငယ် တွေကို အမြဲ သတိပေးတယ်
ပါးစပ်စည်းကမ်း ရှိပါလို့
လုပ်ငန်းခွင် မှာ ပြသနာ တက်ပြီဆိုရင် ပါးစပ် စည်းကမ်း မရှိလို့ က စတာပဲ
သူများမကောင်းကြောင်း ကို ရှေ့မှာလည်း မပြောနဲ့ ကွယ်ရာမှာ လည်း မပြောနဲ့ ဒေါသ နဲ့လည်း စကားမပြောပါ နဲ့ လို့ အမြဲ သတိပေးတယ်
ကျနော် ငယ်စဉ် လုပ်ငန်းခွင် မှာ ပါးစပ် စည်းကမ်းမရှိခဲ့လို့ အခွင့်အရေးများစွာ ဆုံးရှုံး ခဲ့ဖူးတယ် - မျက်စိထဲ အဆင်မပြေရင် နားထဲ အဆင်မပြေရင် ပြောလိုက်ရမှ ကျေနပ်တယ် ဒါကို ပြောရဲ ဆိုရဲ ရှိတယ် ဆိုပြီး တော့ လည်း ဂုဏ်ယူခဲ့တယ်
အမှန်တော့ ဒါက ပညာဉာဏ်မရှိ သတိမရှိတဲ့ သူတွေရဲ့ စရိုက်လက္ခာဏာ တွေပါပဲ
အချို့ ပညာအရည်အချင်းအားဖြင့် သိပ်မရှိလှဘူး လုပ်ငန်းမှာ စွမ်းဆောင်ရည်သိပ်မရှိဘူး သို့သော် အေးအေးချမ်းချမ်း နဲ့ အဆင်ပြေတယ် ဘာကြောင့်လည်းဆို ပါးစပ်စည်းကမ်း ရှိလို့
မကြာသေးမီအချိန်က ကျနော့် Unit ထဲကို ဝန်ထမ်းတစ်ယောက် အသစ်ရောက်လာတယ် လူငယ်တစ်ယောက်ပါ ဘာလူမျိုးလည်းတော့မသိဘူး
သူ့ရဲ့ အဓိကအရည်အချင်းက ဘယ်သူ့ကိုမှ အရိပ်အယောင် အားဖြင့်တောင် အပြစ်တင်စကား မဆိုဘူး သူများ ကွန်ပြူတာ Screen ကို မကြည့်ဘူး သူ့ကိုပြောလိုက်တဲ့ စကားကို သေချာနားထောင်ပြီး အပြုသဘောဆောင်တဲ့ စကားကို ပြန်ပြောတတ်တယ်
သူက အလုပ်ထဲရောက်တာ မကြာသေးခင်အချိန်မှာပဲ အခြားဌာန က ပရိုမိုးရှင်းနဲ့ ခေါ်လို့ ပြောင်းသွားတယ် သူက ပညာ လည်းတတ်တယ်
သူ ကျနော်တို့ အလုပ်ကနေ ပြောင်း သွားတော့ သူ့ရဲ့ လုပ်ရည်ကိုင်ရည် တွေ ကို ကျန်ခဲ့တဲ့ ဝန်ထမ်းတွေက ပြောစမှတ်ပြုရတဲ့ အထိ ဖြစ်ခဲ့တယ် အဓိကကတော့ သူ့မှာ ပါးစပ်စည်းကမ်း ရှိလို့ပါ
လူငယ်တစ်ယောက် ကြိုးစားပြီး အရည်အချင်းရှိလာရင် မာန က မသိမသာ ကပ်ပါလာတတ်တယ် ပါလာတဲ့ အဲ့ဒီမာန ကြောင့် ပါးစပ် စည်းကမ်း မထားတော့ပဲ နှုတ်လန်ထိုး ပြောဆိုတတ်လာတယ်
သူများအကြောင်း မဖြစ်မနေ ပြောရမယ်ဆိုရင် ကောင်းတဲ့ အကြောင်းကိုသာ ရွေးပြောရပါတယ် မကောင်းတဲ့ အကြောင်းကို မပြောမိအောင် အထူးသတိပြုရပါတယ်
ပညာတွေ ဘယ်လောက်တတ်ပါစေ လုပ်ငန်း အတွေ့အကြံု ဘယ်လောက်များပါစေ ပါးစပ်စည်းကမ်း မရှိသူက လုပ်ငန်းမှာ မအောင်မြင်နိုင်ပါဘူး
သတိ တစ်ခါလွတိပြီး ပါးစပ် စည်းကမ်းမရှိ တစ်ခါ ပြောမိရင် ဆက်တိုက်ပြောလေ့ရှိတယ်
ပါးစပ်စည်းကမ်း မရှိသူက ရန်လည်းများတတ်တယ်
ပါးစပ်စည်းကမ်း ရှိပြီး တည်တည်ကြည်ကြည် နဲ့ ပြောဆိုတတိသူကို အထက်လူကြီး ကလည်း လေးစားပါတယ်
လုပ်ငန်းခွင်မှာ အဆင်ပြေ ပြီး အောင်မြင်မှု့တွေ ရအောင် ပါးစပ်စည်းကမ်း ရှိပါလို့

image
Like

#hairstyle

Like

Loilem

image
Like

Loilem

image
Like

Loilem

image
Like

Loilem

image
Like

Loilem

image
Like