33 w - Translate

လူတွေက ခေတ်ရှိတုန်းမှာ ကားတွေရဲ့ Design ကွန့်မြူးမှုကို အသိမှတ်ပြုဖို့အားနည်းပါတယ်၊ ဟိုးအရင် Aston Martin Lagonda ဆိုရင်လဲ ကားကြီးက အဲဒီခေတ်မှာ Super car ကိုမှ 4 door design မျိုးပါ၊ ကွန်းကော့ လေယာဉ်ကြီးလိုပါပဲ၊ လူတွေက ရုပ်ဆိုးတယ်ဘာညာနဲ့ ခုခေတ်မှ သာကြိုက်နေကြတာပါ။ Lexus LS 500 ဆိုလဲ သူ့ design ပိုင်းမှာ Cedric လိုပဲ စွန့်စားထားတာတွေ အများကြီးပါ၊ တခြား German ကားတွေလို ရိုးရိုး ပြိုင်ဖို့ဆို အကွေးအကောက်တွေ ထည့်မနေနဲ့ Lexus ES သာသာ ကိုပဲ လိုင်းအဖြောင့်တွေနဲ့ အကြီးစား အရှည်စားကြီး ထုတ်ပစ်လိုက်ရုံ ပါပဲ။ LS500 ရဲ့ စွန့်စားထားတာတွေကို လူတွေက သတိမပြုမိပါဘူး၊ ကျတော့်လိုပဲ နောင် ၁၅ ကျော်ကြာ အချိန်လွန်မှ သတိပြုမိနိုင်တယ့် တခြားကားတွေ အများကြီးလဲ ရှိပါသေးတယ်။ နောက်ရတဲ့ သင်ခန်းစာတခုကတော့ လူတွေအဆင်သင့် မဖြစ်သေးတဲ့အရာတွေကို အချိန်မတန်သေးခင် မိတ်ဆက်ပေးခြင်းဟာ စီးပွားရေးအရတော်တော်စွန့်စားရပါတယ်၊ Tesla သာ 2000 ခုနှစ်လောက်ပေါ်လာရင် ဒီနေ့လိုမအောင်မြင်ပါဘူး၊ ဘာလို့လဲ ဆိုတော့ အဲဒီခေတ်က လူတွေက Environmental Awareness နည်းသေးသလို Social pressure တွေ၊ Regulation pressure တွေ သိပ်မရှိသေးပါဘူး။ Nissan Cedric ကတော့ 2004 ခုနှစ်မှာ နှစ်ပေါင်းများစွာ ထုတ်လုပ်ခဲ့တဲ့ Cedric တံဆိပ်ကို ရပ်ခဲ့ပြီး Nissan Fuga နဲ့အစားထိုးခဲ့ပါတယ်၊ ခုနောက်ဆုံးပေါ် Fuga ကလဲ Design တော့ကြာနေပြီပေမယ့် တော်တော်လေးကို အကွေ့အကောက်တွေနဲ့ သေချာလှအောင်ဖန်တီးထားတာပါ၊ သိပ်တော့ မအောင်မြင်ပါဘူး။ လှတာတော့ တော်တော်လှပါတယ်၊

image

imageimage
33 w - Translate

“တစ်ယောက်ယောက်လာမှ
လက်ဖက်ရည်သောက်မလို့
တစ်ယောက်တစ်ဝက်
နှစ်ယောက်တစ်ခွက်ပေါ့” ။
#အောင်ချိမ့်

image

#မုန့်ဆပ်သဖူးလုပ်နည်း

အုန်းယိုပြုလုပ်ရန်

အုန်းသီးတစ်ဝက်ကိုခြစ်ပါ

နှမ်း အနည်းငယ်

ထန်းလျက်

ပထမဆုံးဒယ်အိုးပူအောင်လုပ်ပါ

ပူလာပြီးဆိုရင်ခြစ်ထားတဲ့အုန်းသီးကိုထည့်ပါ

ထန်းလျက်ရည်ထည့်ပြီးထန်းလျက်နဲ့အုန်သီးဖက်ရောသွားတဲ့အထိစိတ်ရှည်ရှည်နဲ့ထိုးပေးရပါမယ်

ထိုးပြီးရင်အပေါ်ကနေနှမ်းလေးတွေဖြူးပေးပါ

__________________________________

မုန့်ဆပ်သဖူး၅ခုအတွက်
မုန့်အနှစ်

ကောက်ညှင်းအမှုန့် ၅ကျပ်သား
ကိုဆားလက်ဖက်ရည်ဇွန်း၁ဇွန်းထည့်ပါ

ဲပြီးရင်ရေနွေးနွေးလေး၆၀ml
ထည့်ပါ

ရေကိုအများကြီးမထည့်ရပါဘူး
နည်းနည်းလေးလည်းထည့်လို့မရပါဘူး

လက်နဲ့ကောက်ညှင်းကိုအခဲတွေဖြစ်တဲ့အထိနယ်ပေးရပါမယ်

ပြီးရင်လက်နဲ့အခဲတွေကနေအမှုန့်ဖြစ်သွားအောင်ထပ်ချေပေးရပါမယ်

အမှုန့်လေးတွေဖြစ်သွားပြီးဆိုရင်ဇကာတိုက်ပေးရပါမယ်

ဇကာတိုက်ပြီးကောက်ညှင်းအမှုန့်တွေကို
မကပ်တဲ့အိုးပေါ်မှာဖြူးပေးပါ

မီးအပူကိုတအားကြီးမပြင်းပါနဲ့

ကောက်ညှင်းအမှုန့်ကိုဖြူးတဲ့အခါ
အရမ်းကြီးပါးသွားရင်ပေါက်တတ်ပါတယ်
ဒါကြောင့်မထူမပါလေးဖြူးပေးပါ

ပြီးရင်အလယ်မှာချက်ထားတဲ့အုန်းယိုထည့်ပါ

ဘယ်ဘက်ခေါက် ညာဘက်ခေါက်ပြန်ခေါက်ပြီးရင်မုန့်ဆပ်သဖူးရပါပြီး

image
33 w - Translate

မာယာဘုံ - မြသန်းတင့်
မသိန်းရှင်ဆီပို့ပေးပါ စာအုပ်မှာ သိခဲ့ရတဲ့ မှောင်ခိုကုန်သည်တွေရဲ့ ဇာတ်လမ်းအစုံ အကျယ်တဝင့်ကို မာယာဘုံမှာ မြင်တွေ့ရမှာပါ ။
ထန်းလျက်တောင်းလေး မှောင်ခိုကုန်ကူးခဲ့တဲ့
ညိုညို့ ကို သနားခဲ့ရသလို မိသားစုဘဝအတွက်
မှောင်ခိုလောကမှာ ကျင်လည်ခဲ့ရတဲ့ အေးမ ကိုလည်း စာနာမိမှာ အမှန်ပါပဲ ။
အမေဖြစ်သူ မျက်လုံးခွဲစိတ်ဖို့နဲ့ ညီမဖြစ်သူကို ပညာဆုံးခန်းတိုင်စေချင်လို့ မှောင်ခိုလောကထဲ ရောက်လာခဲ့တဲ့ အေးမ ။ ဓားတစ်ချောင်းကို အိတ်ထဲဆောင်ထပြီး တောလမ်းခရီးတွေကို သူစိမ်းယောကျ်ားသားတွေနဲ့ ဖြတ်ကျော်ကုန်ကူးခဲ့တဲ့ အေးမ ။
မှောင်ခိုမလုပ်ရင် ခေတ်မမီဘူးလို့ အပြောခံရတဲ့အထိ မှောင်ခိုလုပ်ငန်းဖြစ်နေခဲ့တဲ့ ကာလတစ်ခု ။
အများမိုးခါးရေသောက်တိုင်း မသောက်ချင်ခဲ့တဲ့
ကိုမြင့် ။ ရိုးရိုးသားသားလုပ်ကိုင်ချင်လို့ အလုပ်ရှာခဲ့တာတောင် ဘယ်မှာမှ အလုပ်မရခဲ့တဲ့
ခေတ်ကြီး ။ ကျွန်တော်အလုပ်တစ်ခုလိုချင်လို့ပါဆိုတာတောင် ကိုမြင့်ကို အလုပ်တစ်ခု မပေးနိုင်တဲ့ နိုင်ငံ ။ ဇာတ်လမ်းထဲမှာ သနားပြီး ချီးကျူးမိတဲ့ ဇာတ်ကောင်ပေါ့ ။
မှောင်ခိုလောကကြီးတစ်ခုလုံးရဲ့ အဓိက ကြိုးကိုင်သူတွေက ဦးမြမင်း နဲ့ ဦးကျင်စိန် ။ သူတို့တွေဟာ တိုက်တစ်လုံးပြီး တစ်လုံး ပိုင်ဆိုင်သွားကြတယ် ။ ကားတစ်စီးပြီး တစ်စီး စီးသွားနိုင်ကြတယ် ။
ဒါပေမဲ့ ဘယ်တော့မှ သူတို့ ဥပဒေရဲ့လက်အောက်ကို မရောက် ။မြို့က လေးစားရတဲ့ ဘုရားဒါယကာ မြို့မျက်နှာဖုံးတွေ ဖြစ်လိုက်ကြသေး ။
ဆင်းရဲတဲ့နွံက မတတ်နိုင်တာတွေကတော့
အေးမတို့လို မှောင်ခိုကူးပေးရတဲ့ ဘဝတွေ ။
လမ်းမပေါ်က အနင်းပြားခံ ကျောက်စရစ်ခဲလေးတွေ ။
စာအုပ်ကို ဖတ်ရင်း ခေတ်ကို စိတ်ပျက်မိမလား
စနစ်ကို စိတ်ပျက်မိမလား ဒါမှမဟုတ်
ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့
လူတွေကို စိတ်ပျက်မိမလား မပြောတတ်ပေ ။
ခေတ်တစ်ခေတ်ရဲ့ မှောင်ခိုလောကအကြောင်း နဲ့
ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ပုံတွေကိုပါ
စိတ်ဝင်တစားဖတ်ရှုရမဲ့ စာအုပ်ပါ ။
#မာယာဘုံ #မြသန်းတင့်

image
33 w - Translate

အချစ်ရေ
ငါတို့ အတူနေမယ်ဆိုတဲ့ အိမ်လေးဟာလေ
ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင်
ဝေးကွာလွန်းလှချည်ရဲ့ကွယ်။ ။
#စိုင်းဝင်းမြင့်

image
33 w - Translate

"ကိုကိုသည် ရေတစ်ပုံးဖြင့် သူ့ချစ်ဇနီး မြိုင်ကို
စိုအောင်ရွှဲရွှဲလောင်းသည် "
"ကိုကို ဘာလုပ်တာလဲ သင်္ကြန်တက်ပြီးပြီ..."
မြိုင်သည် ဒေါသမထွက်ဘဲ စိတ်ဆိုးဟန်နှင့်
အော်၏။ ကိုကိုက တဟဲဟဲရယ်ရင်း ဖြေသည်။
"သိကြားမင်း ဆေးတံ မေ့ကျန်ရစ်လို့ သင်္ကြန်ပြန်
ကျတာ"
အားလုံး ရယ်နေခိုက် ကိုကိုက ပုံးတွင်း ကျန်နေ
သော ရေများဖြင့် ကြိုင့်ကို လောင်းသည်။
ကြိုင်က ဘာမျှ ပြန်မပြော။ ချမ်း၍လော...
ဘာ၍လောမသိ၊ မျက်နှာ၌ သွေးတို့ ရဲနေ၏။
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်

image
33 w - Translate

ငါလည်း ထိလွယ်ရှလွယ်ပါပဲ
ဖယောင်းလို လျော့နည်းမသွားချင်လို့
သစ်ပင်ဖြစ်အောင် နေခဲ့တယ်
ကုန်ဆုံးရမယ်ဆိုရင်တောင်
တစ်ရွက်ချင်းပေါ့ ဘေဘီရယ် ။
#မြကျေး

image
33 w - Translate

King Tweety (2022)

Bugs Bunnyတို့ Daffy Duckတို့ Road Runnerတို့ Tweetyတို့ရဲ့ Looney Tunesကာတွန်းတွေကို ငယ်ငယ်က အားလုံးကြိုက်ဖူးကြမှာပါ။
လူနဲ့ရောရိုက်တာတွေရော ဂိမ်းတွေရော အများကြီးထွက်ထားတဲ့ နာမည်ကြီး ကာတွန်းစီးရီးပါပဲ။ ဒီနှစ်မှာတော့ ဖန်တွေအတွက် Tweetyရဲ့ အန်နီမေးရှင်း ရုပ်ရှင်အသစ် ထွက်လာပါတယ်။
ကနေရီငှက်ကလေးတွေနဲ့ ခွေးတွေ ယှဉ်တွဲနေတဲ့ ကနေရီကျွန်းက ဘုရင်မ ကနေရီငှက်ကလေး ပျောက်ချင်းမလှပျောက်သွားပြီးနောက် Tweetyဟာ ကနေရီကျွန်းရဲ့ ပျောက်ဆုံးနေတဲ့ တော်၀င်မျိုးဆက်လို့ ပြောလို့ရတဲ့ အချက်တွေရှိနေတာကြောင့် ကနေရီကျွန်းရဲ့ ဘုရင်ဖြစ်လာပါတယ် ။
ကျွန်းကို သွားပြီးတဲ့နောက် အရင်ဘုရင်မ ဘာလို့ပျောက်သွားသလဲနဲ့ ဘုရင်ဖြစ်ဖို့ Tweetyတစ်ယောက် ဘာအန္တရာယ်တွေနဲ့ ကြုံရမလဲ အသည်းတအေးအေးနဲ့ ကြည့်ရမှာပါ။
90 ခုနှစ်တွေကို ပြန်လွမ်းမောဖို့ကောင်းတဲ့ 90ခုနှစ်က နာမည်ကြီးကာတွန်းဇာတ်ကောင်ရဲ့ ကားအသစ်မို့ ကလေးလေးတွေရော ကလေးကြီးတွေရော ကြည့်လို့ အဆင်ပြေကြမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/141

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
33 w - Translate

3m ·
(၂၇.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၉၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၂၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၄၅၀ ကျပ်(ရောင်း)

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၁၅ ကျပ်
Octane 95 - ၃၂၇၀ ကျ​ပ်
Premium Diesel - ၃၄၂၅ ကျပ်
Diesel - ၂၇၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image