Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။
ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ဖြစ်လာပြီး ဖြေသိမ့်နိုင်ဖို့ နည်းလမ်းတွေ ရှာပါတော့တယ်။
အဲဒီလိုနဲ့ တနေ့မှာတော့ သူ့အမျိုးသားကို ပြန်ရှာတွေ့မလား.. ဘာလို့ ပျောက်သွားရတယ်ဆိုတဲ့အကြောင်းရင်းကို သိသွားမလားဆိုတာကိုတော့ ဇာတ်ကားထဲက သရုပ်ဆောင်တွေတင်မဟုက်ဘဲ ကြည့်ရှူသူ ပရိတ်သတ်တွေပါ လိုက်ပြီး တွေးတောကြရမှာပါ။
ဒီဇာတ်ကားဟာ Fangoria Chainsaw Award ၊ Sonoma Valley Film Festival Award တို့အပါအဝင် winner ဆု ၁၄ ခု ၊ တင်သွင်းခံရတဲ့အဆင့် တစ်ခါ( Fright Meter Awards) စတဲ့ ဆုတွေ တစ်သီကြီးကို ရရှိထားပြီး horror စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတင် ဆုရတာမဟုက်ဘဲ ဒီဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ် ၊ ဇာတ်ညွှန်းရေးသူလည်း ဖြစ်တဲ့ Mike Flanagan က အကောင်းဆုံးဇာတ်ကားဆု ၊ ဇာတ်ညွှန်းဆု စတာတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Katie Parker ကလည်း အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ၊ Dave Levine ကလည်း အကောင်းဆုံးသရုပ်ဆောင်မင်းသာဆု ၊ Morgan Peter Brown က အကောင်းဆုံး ဇာတ်ပို့ဆု စသဖြင့်ဆုတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ကြပါတယ်။ IMDb rating 5.8 ကိုလည်း ရရှိထားပါတယ်။ ဒါကြောင့် Horror ပရိတ်သတ်တွေအနေနဲ့ ဖြစ်စေ ၊ စဥ်းစားရတဲ့ ဇာတ်လမ်းတွေသဘောကျ ကြတဲ့သူတွေအနေနဲ့ ဖြစ်စေ ဒီဇာတ်ကားကိုတော့ ကြည့်ဖူးသင့်တယ်လို့ ဆိုချင်ပါတယ်။
Absentia 2011
ဇာတ်ကားလင့်
https://t.me/c/2222390798/81
Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1
အသုံးချသွားကြတဲ့အခါ
============
စေတနာကို
စော်ကားသွားကြတဲ့အခါ
ကိုယ့်စေတနာနဲ့ကိုယ် ဒေါသမဖြစ်ပါနဲ့
ယုံကြည်မှုကို
အလွဲသုံးစားလုပ်ကြတဲ့အခါ
ကိုယ့်ယုံကြည်မှုနဲ့ကိုယ် စိတ်မနာပါနဲ့
ရိုးသားခြင်းကို
အသုံးချသွားကြတဲ့အခါ
ကိုယ့်ရိုးသားခြင်းနဲ့ကိုယ် မပျက်စီးပါနဲ့
တစ်ချို့သော လူတွေကြောင့်
ကိုယ့်က ပေးဆပ်လိုက်သမျှတွေဟာ
သဲထဲရေသွန်သလို အလဟဿ တန်ဖိုးမဲ့သွားတဲ့အခါ
ကျေအောင်ပြန်ပေးဆပ်လိုက်ရတဲ့ ဝဋ်ကြွေးတွေလို့
သွေးအေးအေးလေးနဲ့ ခံယူနေရမှာဖြစ်တယ်
လောကမှာ
လူဆိုတာ ကိုယ့်ဘဝတန်ဖိုးကို ကိုယ်တိုင်မြှင့်နေသလို
ကိုယ့်ဘဝတန်ဖိုးကို ကိုယ်တိုင်သာနိမ့်ကျနေအောင်
ပြုလုပ်နေကြတာပါပဲ သင့်ဘဝမှာ ဘယ်လိုလူတွေက
အသုံးချသွားကြတဲ့အခါ ဒေါသမဖြစ်ပါနဲ့ စိတ်မနာပါနဲ့
သင့်ဘဝကိုယ်သင် သင်ကိုယ်တိုင် ပျက်စီးအောင်
မဖျက်ဆီးမိပါစေနဲ့ ချစ်ခြင်းမုန်းခြင်း အဆိုးအကောင်းတွေနဲ့
တွေ့ဆုံကြုံနေရမယ့် ရေစက်ရှိတဲ့လူတိုင်းအပေါ်
စေတနာထားပါ ယုံကြည်နားလည်ပေးလိုက်ပါ
ရိုးသားစွာရှင်သန်လိုက်ပါ သင်ဟာ လောကထဲမှာ
လူပီသတဲ့လူသားတစ်ယောက်သာ ဖြစ်တည်နေပါလိမ့်မယ်။
ဦးလွှမ်းမိုး သီချင်းထဲက နီနီညိုညို ညီအစ်မနှစ်ယောက်
#rgyichannel #crd_to_owner_with_respect #knowledgesharing #myanmar #လွှမ်းမိုး
နှစ်ထပ်အုန်းနို့ကျောက်ကျော လုပ်နည်း
ပါဝင်ပစ္စည်း
-ကျောက်ကျောမှုန့် ၁ထုပ်( 25g)
-သကြား ၂၅ကျပ်သား
-ရေ 1လီတာ(ရေသန့်ဘူးတစ်ဘူး)
-အုန်းနို့ 500ml(ရေသန့်ဘူးတစ်ဝက်)
(ရယ်ဒီမိတ်အုန်းနို့ဗူးကိုမသုံးပဲ
အုန်းသီးကို အသုံးပြုမယ်ဆိုရင် အုန်းသီး2လုံးခန့် ခြစ်ပြီးခပ်ပျစ်ပျစ်လေး ညှစ်ပြီးထည့်လို့ရပါတယ်ရှင့်)
-ဆား အနည်းငယ်
-ပထမဆုံးကျိုမည့်အိုးထဲသို့ သကြား ရေသန့် ကျောက်ကျောမှူန့် ဆားတို့ ထည့်ပြီး အရင်မွှေပါ
-ပြီးရင် မီးဖိုပေါ်မှာဆူပွက်လာသည်အထိ ဆက်တိုက်မွှေပေးပါ
(ခန့်မှန်း ၁၅/၂၀မိနစ်)
-ဆူပွက်လာပြီဆိုမှ အုန်းနို့ထည့်ပါ
အုန်းနို့ထည့်ပြီး(၅မိနစ်/၁၀မိနစ်အကြာ) ဆူလာပြီဆို မီးဖို့ပေါ်ကချပြီး ကျောက်ကျောလုပ်မယ့်ဗန်းထဲသို့လောင်းထည့်ပြီး အအေးခံပါ။
🙅(မခဲမချင်းကျောက်ကျောဗန်းကိုလုံးဝနေရာမရွေ့ရဘူးနော်)
-၂/၃နာရီလောက်အအေးခံပြီးရင်တော့ နှစ်ထပ်အုန်းနို့ကျောက်ကျောလေးရပါပြီနော်
ဗီယက်နမ်ရဲ့ ရွာလေးတစ်ရွာမှာ မိဘတွေကသူတို့ကလေးတွေကို ကျောင်းပို့ဖို့အတွက် ပလတ်စတစ်အိတ်ထဲထည့်ပြီး မြစ်ကိုဖြတ်ကူးကြတယ်တဲ့
ဘာလို့ဆို အဲ့လိုလုပ်မှ ရေမစိုဘဲ အဆင်ပြေပြေ
စာသင်နိုင်ကြပါတယ်တဲ့
တစ်နေ့တာအတွက်ပြည့်စုံပါတယ်တဲ့ဗျာ🖤
#crd
#topicnews
Incredibles 2 (2018)
ပါးမိသားစုဝင်တွေဖြစ်တဲ့ ဘော့ဘ်၊ ဟယ်လန်၊ ဒက်ရှ်၊ ဗိုင်အိုလက်နဲ့ ဂျက်ဂျက်တို့ဟာ သူတို့ရဲ့ စူပါဟီးရိုးဝိသေသ The Incredibles အဖြစ်နဲ့ ဆက်ပြီးရှိ နေခဲ့ပါတယ်။ မက်ထရီဗစ်လီ ဘဏ်ဓားပြတိုက်မှုကို မကာကွယ်နိုင်တဲ့နောက်မှာတော့ အာဏာ ပိုင်တွေဟာ စူပါဟီးရိုးတွေအပေါ် ယုံကြည်မှုတွေ နည်းပါးလာတာ မို့ ကမ္ဘာအနှံ့မှာရှိနေတဲ့ စူပါဟီး ရိုးတွေဟာ မထင်မရှားနေခဲ့ရပါ တယ်။
တစ်ရက်မှာတော့ ဘော့ဘ်၊ ဟယ်လန်နဲ့ သူတို့ရဲ့ မိတ်ဆွေ လူစီရက်စ်ဘက်စ် (စူပါဟီးရိုး Forzone) ဆီကို စူပါဟီးရိုးတွေ ကို သဘောကျတဲ့ ဆက်သွယ်ရေး လုပ်ငန်းရှင်၊ DEVTECH ပိုင်ရှင် ဝင်စတန်ဒီဗာက ဆက်သွယ်လာ ခဲ့ပါတယ်။ စူပါတွေ လူထုရဲ့ အားပေးမှုပြန်ရအောင်လို့ စတန့် အစီအစဉ်တွေပါဝင်ဖို့ ကမ်းလှမ်း တာလည်း ဖြစ်ပါတယ်။
အဲဒါနဲ့ ဟယ်လန်ဟာ Elastigirl ဆိုတဲ့ စူပါဟီးရိုးနာမည် ဟောင်းနဲ့ပဲ ပါဝင်ဖို့ လက်ခံခဲ့ပါ တယ်။ ဝင်စတန်က ပါးမိသားစု အိမ်သစ်အထောက်ပံ့ပေးခဲ့ပြီး ဟယ်လန်စတန့်အစီအစဉ်အ တွက် သွားနေရင် အိမ်မှာကလေး တွေ ကြည့်ဖို့တာဝန်ကို ဘော့ဘ် က ယူခဲ့ရပါတယ်။
ကလေးတွေနဲ့ နေရင်း ဘော့ဘ်ဟာ အငယ်ဆုံးလေးဂျက် ဂျက်ဆီမှာ စူပါပါဝါမျိုးစုံရှိနေ တယ်ဆိုတာ သတိထားမိခဲ့ပါ တယ်။ ဘော့ဘ်ဟာ ဂျက်ဂျက်ကို စူပါဟီးရိုးအဝတ်အစားဒီဇိုင်နာ အက်ဒ်နာဆီ ခေါ်သွားခဲ့ပြီး ဂျက် ဂျက်ရဲ့ အစွမ်းတွေကို ကြည့်ရှုစေ ခဲ့ပါတယ်။
ဟယ်လန်ဟာ ဝင်စတန်ရဲ့ စူပါစတန့်အစီအစဉ်မှာ ပါဝင်နေ ရင်း မသင်္ကာစရာအခြေအနေ တစ်ခုကို သတိထားမိခဲ့ပါတယ်။ စူပါဟီးရိုးတွေကို အသုံးချပြီး ပြည်သူတွေကို အယူအဆလွဲမှား အောင် လုပ်နေတာမို့ လူထုကို သတိပေးဖို့ လုပ်နေတုန်း ဝင် စတန်ရဲ့ ညီမဖြစ်တဲ့ အီဗလင်းက ဟယ်လန်ကို ဒုက္ခပေးသလို ဘော့ဘ်နဲ့ လူစီရက်စ်တို့ကိုလည်း ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပါ တော့တယ်။
အဲဒါနဲ့ အက်ရှ်၊ ဗိုင်အိုလက် နဲ့ ဂျက်ဂျက်တို့ မောင်နှမသုံး ယောက်ကို အက်ဒ်နာက စူပါဟီး ရိုးဝတ်စုံတွေ စီစဉ်ပေးခဲ့ပြီး သူတို့ အဖေနဲ့ အမေကို ကယ်တင်ဖို့ ဒက်ရှ်တို့တစ်တွေ ကြိုးပမ်းခဲ့ပါ တယ်။ စူပါဟီးရိုးပေါက်စသုံး ယောက်က သူ့မိဘတွေကို ဘယ် လိုနည်းလမ်းတွေနဲ့ ကယ်တင်မှာ လဲ၊ Incredibles မိသားစုအနေနဲ့ အီဗလင်းတို့ရဲ့ အဖျက်အမှောင့် အကြံအစည်ကို ဘယ်လိုတွေတုံ့ ပြန်မှာလဲ၊ စူပါဟီးရိုးတွေရဲ့ ဂုဏ် ပုဒ်ကို ပြန်အဖတ်ဆယ်နိုင်ပါ့ မလားဆိုတာတော့ ဆက်ကြည့် လိုက်ဦးနော်။
ကလေး၊ လူကြီး ပရိသတ် အရွယ်စုံသဘောကျမယ့် ဒီဇာတ် ကားလေးမှာ အသံသရုပ်ဆောင် ပေးထားသူတွေက ခရစ်ဂ်တီ နယ်လ်ဆင်၊ ဟိုလီဟန်တာ၊ ဆာ ရာဗောင်းဝဲလ်၊ ဟက်ခ်မစ်လ်နာ၊ ဆမ်မြူရယ်အယ်လ်ဂျက်ဆင်၊ ဘရတ်ဘတ်၊ ဘော့ဘ်အိုဒန်ကစ်၊ ကက်သရင်းကီနာ စသူတွေပဲ ဖြစ် ပါတယ်။
ဇာတ်ကားလင့်
https://t.me/c/2186686827/104
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
နော်ဝေး ဟာ လောင်စာဆီ ကား လုံးဝ မသုံးတဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံ ဖြစ်လာနိုင်
=============================================
နော်ဝေးဟာ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေပြီး ၂၀၃၀ ခုနှစ်မှာ ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ၅၅ ရာခိုင်နှုန်းကို လျှော့ချဖို့ ရည်မှန်းထားပါတယ်။ အဲဒီအတွက် လျှပ်စစ်ကားတွေကို ပိုမို ဝယ်ယူအောင် ပံ့ပိုးပေးနေပြီး အခွန်နဲ့ ဈေးနှုန်း လျှော့ချပေးနေပါတယ်။
နော်ဝေး ဟာ စက်တင်ဘာလမှာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ လောင်စာဆီ ကားထက် လျှပ်စစ်ကား ပိုများတဲ့ နိုင်ငံဖြစ်လာပါတယ်။ နော်ဝေးမှာ မှတ်ပုံတင်ထားတဲ့ ကား ၂.၈ သန်း ရှိပြီး လျှပ်စစ်ကားက ၇၅၄,၃၀၃ စီးနဲ့ လောင်စာဆီကား ၇၅၃,၉၀၅ စီး ဖြစ်ပါတယ်။ နော်ဝေးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ရောင်းချခဲ့တဲ့ ကား စုစုပေါင်းရဲ့ ၉၄ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။
နော်ဝေးဟာ လောင်စာဆီ ကားတွေ လုံးဝ မသုံးတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံဖြစ်လာနိုင်တယ်လို့ Bloomberg က ခန့်မှန်းတွက်ချက်ထားပါတယ်။ နော်ဝေး ဟာ ရာသီဥတု အလွန်အေးတဲ့အတွက် လျှပ်စစ်ကားတွေနဲ့ အဆင်မပြေခဲ့ပေမယ့် အခုတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်