ကိုဗစ်-၁၉ ချေးငွေများကို အတိုး၊ အရင်း လုံးဝမပေးသည့် ကုမ္ပဏီ ၅၀၀ နီးပါးရှိနေ

ဖေဖော်ဝါရီ ၂၆

ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ချေးထားသည့် ချေးငွေများကို အတိုး၊ အရင်းလုံးဝမပေးသည့် ကုမ္ပဏီ ၅၀၀ နီးပါးရှိနေကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေး ကြေညာထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက် တမ်း ၁ နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ပြီး ချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက် ကျော်လွန်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကုမ္ပဏီ၊ လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ပြီးခဲ့သည့် ဇွန်လ ၆ ရက်တွင်အသိပေး ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက် ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်း တို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ‌ကော်မတီအနေဖြင့် နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ၊ လုပ်ငန်း (၄၈၆)ခုအား ကုမ္ပဏီ၊ လုပ်ငန်းအမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာအပြည်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း အဆိုပါကော်မတီက အသိပေးထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
48 w - Translate

earplug 2pairs
ပြန်လည်အသုံးပြုနိုင်သော ဆီလီကွန်နားကြပ်များ (Reusable Silicone Ear Plugs)
စျေးနုန်း ၁၀၀၀၀ကျပ်။
ဒီနားကြပ်လေးတွေဟာ သင့်ရဲ့နေ့စဉ်ဘဝကို ပိုမိုတိတ်ဆိတ်စေပြီး နားကို အကာအကွယ်ပေးမှာပါ။ အခုပဲ ဝယ်ယူပြီး စိတ်ချမ်းသာစွာ အိပ်စက်ခြင်း၊ ရေကူးခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို ခံစားလိုက်ပါ။
အိပ်စက်ခြင်း၊ ရေကူးခြင်း၊ ဟောက်ခြင်း၊ မော်တော်ဆိုင်ကယ်စီးခြင်း၊ အလုပ်လုပ်ခြင်း စသည့် အသံဆူညံမှုများကို ကာကွယ်ပေးမည့် နားကြပ်များ။ လူကြီးများနှင့် ကလေးများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

ထုပ်ပိုးမှုတွင် ပါဝင်သောပစ္စည်း:
1 စုံ- နူးညံ့သော ဆီလီကွန်နားကြပ်
1 စုံ- နူးညံ့သော ဖော့နားကြပ်
1 ခု- သိမ်းဆည်းရန် အိတ်ကလေး

⭐ အဆင့်မြင့် အသံလျှော့ချမှု: NRR 32 (Noise Reduction Rating) ဖြင့် အသံဆူညံမှုကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ရေထဲနှင့် အသံကျယ်သောနေရာများတွင် နားကို အကာအကွယ်ပေးပါတယ်။
⭐ အဆင်ပြေချောမွေ့မှု- နူးညံ့သော ဆီလီကွန်နှင့် ဖော့ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး နားအတွင်းပိုင်းကို နာကျင်မှုမရှိဘဲ ကောင်းစွာကိုက်ညီပါတယ်။
⭐ အသံအမျိုးမျိုးအတွက်- ဂီတပွဲတော်များ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အသံကို လျှော့ချပေးပြီး ရေကူးခြင်း၊ လေယာဉ်စီးခြင်းစသည့် လှုပ်ရှားမှုများတွင်လည်း နားကို အကာအကွယ်ပေးပါတယ်။
⭐ ဘေးကင်းလုံခြုံမှု: BPA မပါဝင်ဘဲ ဓာတ်မတည့်မှုမရှိသော ပစ္စည်းဖြင့် ပြုလုပ်ထားပါတယ်။ အသားကို မထိခိုက်စေဘဲ ရေစိုခံနိုင်ပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။
⭐ သယ်ဆောင်ရလွယ်ကူသော အိတ်ကလေး: နားကြပ်နှစ်စုံကို သိမ်းဆည်းရန် အိတ်ကလေးပါဝင်ပါတယ်။

ဘယ်လိုအသုံးပြုမလဲ?
နားကြပ်ကို နားအတွင်းပိုင်းသို့ ညင်သာစွာထည့်ပြီး အသံဆူညံမှုများကို ကာကွယ်ပါ။ အသုံးပြုပြီးနောက် ရေဖြင့်ဆေးကြောကာ ပြန်လည်အသုံးပြုနိုင်ပါတယ်။
ဘာကြောင့် ဒီနားကြပ်ကို ရွေးချယ်သင့်တာလဲ?
အသံဆူညံမှုကို အထိရောက်ဆုံး ကာကွယ်ပေးခြင်း
နူးညံ့ပြီး နားကို နာကျင်မှုမရှိခြင်း
ရေစိုခံနိုင်ပြီး ပြန်လည်အသုံးပြုနိုင်ခြင်း
လုံခြုံစိတ်ချရသော ပစ္စည်းဖြင့် ပြုလုပ်ထားခြင်း
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i123678003.html?s

Khine Su Zin shared a post  
48 w - Translate

ကြည့်ချင်နေပြီ

48 w

မထွက်ခင်ကတည်းက လူကြိုက်များနေပြီဖြစ်တဲ့ "၂၁ ရာစု တော်ဝင်မင်းသားလေးရဲ့ ဇနီး"
ဇာတ်လမ်းတွဲတခုတည်းနဲ့ တောင်ကိုရီးယား အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမင်းသားဖြစ်သွားတဲ့ Byeon Woo Seok နဲ့ Kpop လောကရဲ့ မင်းသမီးလေး IU တို့ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပြီး ၂၁ ရာစုရဲ့ တော်ဝင် ဘုရင်စနစ်ကို အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတပုဒ်လည်း ဖြစ်ပါတယ်။
ပိုက်ဆံပေါပြီး ဂုဏ်ဒြပ်မရှိတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူ သူဌေးသမီးလေးနဲ့ တော်ဝင် မင်းသားဆိုတဲ့ဂုဏ်ပုဒ်ကလွဲရင် ဘာမှမရှိတဲ့ မင်းသားတို့ကြားက အချစ်ဇာတ်လမ်းတခုကို ပုံဖော်ထားပြီး မော်ဒန် နန်းတွင်းသုံး ဝတ်စုံတွေကို အသုံးပြုထားတာကြောင့် ရိုက်ကူးရေးစရိတ်အနေနဲ့လည်း ဝမ်သန်းချီ အကုန်အကျခံကာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲလေးကို 2025 ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။

#crd
#internationalmovienews

image
image
image

ဦးပိုင်နှင့် Prime Auto တို့ပူးပေါင်းပြီး EV SKD ကားထုတ်မည်ဟု သတင်းထွက်ပေါ်

ဖေဖော်ဝါရီ ၂၆

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Prime Auto တို့ပူးပေါင်းပြီး EV SKD ကားထုတ်မည့် သတင်းထွက်ပေါ်နေကြောင်း ကားလောက အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ပန်းသိင်္ဂီဆိုသောအမည်ဖြင့် လုပ်ငန်းတည်ထောင်မည်ဖြစ်ကြောင်း ကနဦးသိရကာ အဆိုပါ လုပ်ငန်းကို ဦးပိုင်က(၅၁)ရာခိုင်နှုန်း၊ Prime Auto မှ (၄၉)ရာခိုင်နှုန်းပိုင်ဆိုင်မှုဖြင့် သဘောတူညီချက် ရယူပြီး ပူးပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဦးပိုင်က မြေနေရာနှင့် အဆောက်အအုံစိုက်မည်ဖြစ်ပြီး Prime Auto နှင့်‌ပေါင်းကာ BYD အပါအဝင် အခြားကားအမျိုးအစားများကို EV SKD ထုတ်မည်ဖြစ်ကြောင်း သိရသည်။

“မြေနေရာပြရမယ့်ဟာက ဦးပိုင်နဲ့သွားပေါင်းတာ။ ဦးပိုင်က အကုန်အငှားတွေပြတာပေါ့။ ရှယ် ယာလုပ်တာပေါ့။ ဦးပိုင်ကတော့ စီးပွားရေး လုပ်မှာမဟုတ်ဘူး။ မြေနဲ့ အဆောက်အအုံစိုက်မှာပေါ့။ ဦးပိုင်ကတော့ ကျွန်တော်သိသလောက် ပိုက်ဆံထည့် မစိုက်ဘူး။ BYD က သုံးဖွဲ့ဖြစ်တာ သူတစ်ဖွဲ့တည်းမ ဟုတ်ဘူး။ Authorize သုံးယောက်ထုတ်မှာပေါ့။ သုံးယောက်ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ အမှန်က တစ်ခုတည်းပေးပြီး တစ်ခုထဲကပဲကိုင်ရမှာ။ TOYOTA ဆို ဒီဘက်မှာဆို TOYOTA Myanmar ဆိုပြီး တစ် ယောက်ပဲခွဲပေးပြီးတော့မှ TOYOTA Mandalay တို့ဘာတို့ အဲဒီလိုပေးတာ။ အခုက အဲဒီလို မဟုတ်ဘူး မင်းလည်းမင်းဟာမင်းလုပ် ငါလည်း ငါ့ဟာငါလုပ်ဆိုပြီးလုပ်တာ။ အမှန်ကတစ်ယောက်ပဲပေးရမှာ။ တစ်နိုင်ငံမှာကုမ္ပဏီတစ်ခုပဲပေးရမှာ”ဟု ဝါရင့်ကားလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။

အစိုးရ၏သတ်မှတ်ချက်အရ EV Brand တစ်ခုထုတ်လုပ်နိုင်ရန် မြေသုံးဧကရှိရန်လိုအပ်သည့် အတွက် ဦးပိုင်၌ရှိသည့် မြေအကျယ်အဝန်းပေါ်တွင် မူတည်ပြီး EV ကားအမျိုးအစားများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ Prime Auto အနေဖြင့် ဦးပိုင်နှင့် ပေါင်း၍ကားထုတ်သည့်အတွက် လုပ်ပိုင်ခွင့်များပိုမိုရရှိနိုင်မည့် အပြင် ကားအစီးရေများလည်း ပိုထုတ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ဦးပိုင်နဲ့လုပ်တာက တကယ်တော့ ပြဿနာတော့ရှိတယ်။ ဦးပိုင်က ဆရာများတယ်။ ဒီလူနဲ့ လုပ်လိုက်ပြီး နောက်လူကျရင် နောက်တစ်မျိုး လာဦးမှာ။ အရင်တည်းက ဦးပိုင်က သူတစ်ယောက်တည်း နဲ့ လုပ်တာမဟုတ်ဘူး။ SWM ဆိုတာရှိတယ်။ အဲဒါက ကားတွေထုတ်တောင်ထုတ်နေပြီ။ ဦးပိုင်ဆီက မြေ ငှားတာပေါ့။ အပြတ်ငှားလိုက်ရင်တစ်မျိုးပေါ့။ ဦးပိုင်ပါတဲ့အတွက် လုပ်ပိုင်ခွင့်တို့ အစီးရေတို့ကတော့ အ များကြီး ပိုရမှာပေါ့။ သံတိုဘာတို့ဆိုလည်း အများကြီးရမှာလေ။ သူတို့နဲ့ပတ်သက်တဲ့ကုမ္ပဏီက အများ ကြီးရတာပေါ့။ ပုံမှန်ကုမ္ပဏီ ထက်စာရင်တော့ လုပ်ပိုင်ခွင့်တော့ အများကြီးပိုတာပေါ့။ အလကား ပေါင်း တာတော့မဟုတ်ဘူ။ အစီးရေတို့လုပ်ပိုင်ခွင့်တို့ ပိုချင်လို့။ အဲဒီသဘောတော့ရှိတယ်” ဟု အထက်ပါ ဝါရင့်ကားလုပ်ငန်းရှင်ကြီးက ဆိုသည်။

လက်ရှိတွင် ကားဈေးကွက်အတွင်း အရောင်းအဝယ်အလွန်အေးနေပြီး ဝယ်သူထက် ရောင်းသူ ကပိုများလျက်ရှိရာ ဈေးအမြင့်ပိုင်းတွင်သာ ခေါ်ဈေးရှိနေသော်လည်း လက်ရှိတွင် ယခင်ဈေးထက်(၅)ပုံ (၁)ပုံခန့် ဈေးကျနေကြောင်း သိရသည်။ ထို့ကြောင့် ငွေကျပ်သိန်း(၉၀ဝ)တန် Brand New ကားတစ်စီး လျှင် ဈေးကွက်အတွင်း၌ သိန်း(၇၅၀)အထိ ဈေးချရောင်းနေရပြီး တစ်ပတ်ရစ်ကားများကိုလည်း တစ်စီးလျှင် ငွေကျပ်သိန်း (၁၀ဝ)အထိ ဈေးချရောင်းနေရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

孟休市(မိုင်းရှူးမြို) 山上的云海

image

孟休市(မိုင်းရှူးမြို) 山上的云海

image

孟休市(မိုင်းရှူးမြို) 山上的云海

image

孟休市(မိုင်းရှူးမြို) 山上的云海

image

孟休市(မိုင်းရှူးမြို) 山上的云海

image

孟休市(မိုင်းရှူးမြို) 山上的云海

image