1 y - Translate

❝ သူ့အပေါ်မှာ အကောင်းဆုံးလက်စားချေနည်းဟာ သူ့ကိုခွင့်လွှတ်လိုက်တဲ့နည်းလမ်းပဲ
ညိုလေးရေ...

သူပြုခဲ့တဲ့ အမှားတွေအပြစ်တွေကို ခွင့်လွှတ်တာဟာ အကောင်းဆုံးလက်စားချေနည်းပဲ ၊ဒီတော့ မင်းလဲ အစ်မခိုင်းတာကို လုပ်မယ်ဆိုရင် သူ့ကို ခွင့်လွှတ်လိုက်ဖို့ပဲ ❞

#နွံထဲကကြာ

image
1 y - Translate

စိတ်လုံခြုံမှုတဲ့ ဟုတ်လား "
တစ်ဖက်စောင်းနင်းပြောတဲ့ မင်းတို့‌လေးတွေရဲ့
စကားတွေကိုလည်း ငါကြားရဖန်များလို့
နားရည်ဝပါပြီ
စိတ်လုံခြုံမှုပေးနိုင်မှ ရေရှည်အဆင်ပြေနိုင်တာတဲ့လေ
အဲ့တော့ မေးပါရစေဦး
မင်းတို့လိုချင်နေတဲ့ စိတ်လုံခြုံမှုက ဘယ်လိုရည်ညွှန်း
ချက်နဲ့ တည်ရှိနေတာလဲ
မင်းတို့လေးတွေ လုပ်ချင်ရာလုပ်နေချိန်
ငါတို့က မင်းတို့ပုံသွင်းထားသလိုအမြဲတမ်းနေပေး
နိုင်နေရမယ်ဆိုတဲ့ အတွေးအပေါ်အခြေခံပြီး
ရှိနေတာလား ဒါမှမဟုတ်
ငါတို့ကအမြဲလိုက်နာတတ်သူတွေဖြစ်ရမယ်
မင်းတို့ကို အမြဲအနွံတာခံပြီး ကောင်းကောင်းဆိုးဆိုး
လက်ခံပေးရမယ်ဆိုတဲ့ ယူဆချက်တစ်ခုလား
အပူအပင်အများကြီးရှိနေတဲ့ကြားက
ကိုယ့်ကိုကိုယ်ထိန်းကွပ်တည့်မတ်ပေးနိုင်အောင်
လုပ်ရတာ လွယ်တဲ့ကိစ္စတစ်ခုလို့ မင်းတို့လေးတွေ
ထင်တာလား ၊ မလွယ်တဲ့ကြားက ကြိုးစားနေခဲ့တဲ့
လက်တွေကိုမှ ပုတ်ထုတ်ချင်တာကိုကျ
မင်းတို့နှုတ်ဆိတ်နေကြတာ ဘယ်လိုမျိူးကြောင့်လဲ
ငါတို့မှာ ထုတ်ဖော်ပြောခွင့်ရတဲ့ အခွင့်အရေးအတော်
နည်းတယ် ၊ ဒါကြောင့်တချို့အချိန်တွေမှာ
တစ်ယောက်တည်း ဒေါသပေါက်ကွဲပြီး အန်ထုတ်
ရတယ် ၊ တစ်ခါတစ်ခါ မူးရူးလိုက်မှ အဆင်ပြေ
သွားတယ်
ယောင်္ကျားသားမို့ မျက်ရည်မကျရဘူးဆိုတဲ့
ပဝေသဏီအယူအဆတစ်ခုကြား လူစုံချိန်အရက်ခွက်
ထဲကို ကျတဲ့ ပူလောင်လောင်အရည်တွေက
မင်းတို့လေးတွေပေးတဲ့ စိတ်လုံခြုံမှုလား
" စိတ်ဆိုးချိန်လုပ်ချင်ရာလုပ်လိုက်မယ် "
ဒါပေမဲ့ မင်းတို့လေးတွေ လုပ်ချင်ရာလုပ်တဲ့အပေါ်
ငါတို့မှာ ခေါင်းငုံ့လက်ခံထားရမယ်
အခါမလပ်တောင်းပန်နေရမယ် ဒါကရော
မင်းတို့လေးတွေရဲ့ စိတ်ဆာလောင်မှုပဲလား
ငါ့သူငယ်ချင်း လူရိုးကြီး အရက်သမားလုံးလုံး
ဖြစ်သွားတယ် ၊ ငါ့‌လမ်းထဲက ဦးလေးကြီးမိန်းမ
တစ်ယောက်အတွက် ဘုံဆိုင်မှာနေ့တိုင်းအချိန်ကုန်
နေတာ ငါတွေ့တယ် ၊ ငါ့သူငယ်ချင်းတစ်စု
ဂိမ်းဆော့ရင်း ကောင်မလေးကတားလို့ အကြီးအကျယ်
ရန်ဖြစ်ပြီး ပြတ်ဆဲလိုက်ရတယ် ၊ ဒါတွေကရော
မင်းတို့ပေးတဲ့ နားလည်မှုလား
ငါမြင်မိတာကတော့ ငါတို့အပေါ်ထားတဲ့
ခပ်ညံ့ညံ့အတ္တတွေပဲ
တချို့အရာတွေဟာ တစ်ဖက်ကပဲ ကြိုးစားပေးနေလို့
မဖြစ်နိုင်ဘူးတဲ့ မင်းတို့ပြောသေးတယ်
ဒီစကားသိပ်မှန်လို့ ငါထောက်ခံပါတယ်
ငါတို့ဘယ်လောက်ကြိုးစားကြိုးစား
မင်းတို့မမြင်ဘူးလေ ငါတို့မှာ ကြိုစားနေရတာတွေ
သိပ်များတယ် ၊ မိသားစုအတွက် မင်းတို့အတွက်
ငါတို့ရှေ့ဆက်လျှောက်ရမယ့်လမ်းတွေအတွက်
စိတ်ထွက်ပေါက်ရဖို့
တစ်ခါတစ်ခါ တစ်ယောက်တည်းအပြင်သွားမိရင်ပဲ
မင်းတို့မိုးမီးလောင်ပြီ ၊ ဂိမ်းလေးပြေးဆော့မိ
ဘောလုံးပွဲလေးပြေးကြည့်မိပြီး စိတ်ဖိအားတွေကို
ဖွင့်ချဖို့ကြိုးစားရင်လည်း မင်းတို့သေမလိုဖြစ်ကြတယ်
တစ်ယောက်တည်းခဏလောက်နေချင်တယ်ဆိုလည်း
ငါတို့မှာ နေခွင့်မရှိတာများတယ်
အဲ့လိုနေမိရင် မင်းတို့လေးတွေ တစ်ဖက်မှာ
သာယာမိသွားမှာကိုလည်း စိုးရိမ်ရတယ်
ညဘက်တွေ အိပ်မယ်ပြောပြီး မအိပ်ခဲ့တဲ့ရက်တွေ
ဘာလို့လဲ ငါတို့တွေမမေးခဲ့ဘူး
Reply တွေ ဘာလို့ကြာနေလဲ ငါတို့အတွေးနဲ့ပဲ
နှစ်သိမ့်ခဲ့ရတယ် , Line Busy တွေကိုလည်း
စိတ်ထဲပဲ သိမ်းထားခဲ့ပေမဲ့ ဒါတွေကို မင်းတို့
မျက်ကွယ်ပြုခဲ့တယ်
ကိုယ်တွဲထားတဲ့လက်ကလေး တစ်ပါးသူလက်ကို
လှမ်းမဆွဲမိအောင် အသေအလဲဖက်တွယ်ထားရတာ
သိပ်ခက်တယ်
ငါတို့ပခုံးပေါ်မှာ ထမ်းပိုးထားရတာ အများကြီး
လူတန်းစေ့မှုဖိအားတွေလည်း အုံးလိုက်ကျင်းလိုက်
ပတ်ဝန်းကျင်ထိုးနှက်ချက်တွေကလည်း
ဧရာဝတီမြစ်ထဲကရေးစီးတွေလိုပဲ အလျင်မပြတ်
ဒီ့အတွက် ငါတို့မှာ စိတ်လုံခြုံနိုင်စွမ်းတွေလည်း
အခါမလပ်ပြန်ပြန်ဖြည့်တင်းရတာတွေက
သိပ်များတယ်
မင်းတို့လေးတွေကို လှစေချင်တယ်
သူများတွေပေးနိုင်သလို ငါတို့ပေးနိုင်ဖို့ကြိုးစား
ရတယ် ၊ တစ်ခါတစ်ခါ လက်ထဲတစ်ပြားမှမရှိချိန်
ချေးငှားပြီး ပျော်အောင်ထားတယ် ဒါတွေကို
ငါတို့ထုတ်ပြောနိုင်စွမ်းမရှိခဲ့တာပဲဖြစ်ကြမယ်
ဒါကလည်း အစွမ်းအစမရှိတဲ့လူလို့ မင်းတို့မြင်လာရင်
မင်းတို့လိုချင်တော့မယ် အပုပ်ကောင်ကြီးအဖြစ်
ဆက်ရှိနိုင်တော့မှာ မဟုတ်လို့ပဲ
ယောင်္ကျားတစ်ယောက်ဘာလို့ ‌စီးကရက်မဖြတ်နိုင်လဲ
ဘာလို့အရက်အိုးထဲခေါင်းစိုက်နေလဲ
ဘာလို့ အခါမလပ်သူငယ်ချင်းတွေနဲ့ ဖြတ်သန်း
ပြီး ပျော်အောင်နေနေရလဲ
ဘာလို့အသဲအသန်အလုပ်ပဲဖိလုပ်နေလဲ
အခွင့်အရေးရရင် ထုတ်မေးကြည့်လိုက်
ငါတို့ပေးနိုင်အောင်ကြိုးစားနေတဲ့
စိတ်လုံခြုံမှုဆိုတဲ့ ခေါင်းစဉ်အောက်က
ငါတို့မရနေတဲ့ စိတ်လုံခြုံမှုတွေအကြောင်း
မင်းတို့လေးတွေ သဲ့သဲ့လေးကြားရလိမ့်မယ်

image

ပထမ တျောက်တော့ ကြိုက်တယ္ လက်မြန်ထာ
😂

1 y - Translate

ကျွန်တော်သိပါတယ် ။
ကျွန်တော်က ဒီတစ်ဘဝလုံးစာအတွက်
လုံလုံလောက်လောက် နောက်ကျခဲ့တဲ့သူတစ်ယောက်ပါ ။
သံသရာဆိုတာ တစ်ကယ်ရှိခဲ့ရင်
ဘဝတစ်ခုခုမှာတော့ ကျွန်တော့်ကိုအရင်ဆုံးရှာတွေ့စေချင်တယ် ။ အကြိုက်ဆုံးအရာလေး ၊
အမြတ်နိုးဆုံးအရာလေး ဒါမှမဟုတ် ချစ်မြတ်နိုးရတဲ့ သက်ရှိလေးတစ်ယောက် အနေနဲ့ပေါ့ ။
#မယ်ညို
#သူ့ကိုချစ်မိအပြစ်ရှိ၏

image
1 y - Translate

တစ်ယောက်ယောက်ကိုမေ့ပစ်ဖို့အတွက်
ဖြတ်လမ်းဆိုတာ မရှိပါဘူး
သူ့အလိုလိုမေ့သွားတဲ့ တစ်နေ့နေ့ဆိုတာတော့ ရှိလိမ့်မယ်။
အဲ့ဒီမတိုင်ခင်ထိတော့ (ကျနော်တို့မှာ)
နေ့တိုင်းသတိရနေရတာပါပဲ ။
#မိုးနေ့

image
1 y - Translate

"ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ"ဂျူး(Rating-🌟🌟🌟🌟🌟🌟)
လွန်ခဲ့တဲ့3လလောက်က လိုင်းပေါ်အရမ်းHotနေလို့ဝယ်လိုက်မိတဲ့စာအုပ်
အဲ့တုန်းကဝယ်ပြီးမဖတ်ဖြစ်ဘူး🤧
ဘာလို့လည်းဆိုတော့ဆရာမဂျူးရေးတဲ့ဇာတ်ကောင်မင်းသမီးတွေရဲ့စရိုက်ကအရမ်းအတ္တဆန်တာများလို့လေ🥲
အခုဒီစာအုပ်လေးမှာတော့ဇာတ်လိုက်ဖြစ်တဲ့ရတနာကအတ္တဆန်ပေမဲ့လည်း
နေသန်ကပိုပြီအတ္တဆန်တယ်ပြောရမယ်ဗျ
ရတနာဟာနေသန်အတွက်သူ့မာန သူ့အတ္တတွေကိုအကုန်ချိုးနှိမ်ခဲ့ပေမဲ့နေသန်ကတော့အချိန်အလွန်တိကျပြီးသူ့အချစ်ဟာအရမ်းအတ္တဆန်လွန်းခဲ့တယ်
နောက်ဆုံးအခန်းမှာနေသန် ရတနာကိုပြောခဲ့တဲ့စကားလုံးတွေဟာ ရတနာတင်မဟုတ်ဘဲ ဖတ်နေတဲ့ကိုယ်ပါ ပြိုလဲသွားချင်တဲ့အထိရင်ထဲဆူးတွေနဲ့ထိုးနေသလိုခံစားသွားရတယ်🥺❤️‍🩹
အခုချိန်ထိနေသန်ကိုစိတ်အရမ်းတိုမိနေတုန်းဘဲ😮‍💨
နောက်ဆုံးအချိန်ထိတောင်
တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ပြောဖို့ကိုမာနတွေရှေ့တန်းတင်ပြီးမပြောဖြစ်ခဲ့ကြဘူး💔
နောက်ထပ်ဆရာမဟာ
ပန်းချီအနုပညာကိုအမြည်းကျွေးထားပြီး
ပန်းချီတွေကိုချစ်တတ်လာအောင်လည်းဆွဲဆောင်ထားပါသေးတယ်ဗျ💜
ပန်းချီပုံလေးတွေလည်းပါပြီးတစ်ခန်းချင်းစီကိုလည်းခေါင်းစဉ်တစ်ခုစီပေးထားပါသေးတယ်ဗျ💜

image
1 y - Translate

ဘာပဲဖြစ်ဖြစ် ရှင်သန်နေတဲ့
ဒီနေ့တစ်ရက်တော့ ပျော်အောင်နေပါ။
ချစ်ရတဲ့သူတွေကို ဂရုစိုက်ပြီး ချစ်တယ်လို့ပြောပါ
ကိုယ့်ကိုယ်ကိုယ်လည်း ပိုဂရုစိုက်ပါ။
ဘယ်သူကြောင့်မှစိတ်ပင်ပန်းမခံနဲ့
အတွေးမလွန်နဲ့ စာအုပ်ဖတ်ပြီးကမ္ဘာတွေပတ်
ခေတ်ဟောင်းသီချင်းတွေနားထောင်ပြီး
ဘဝကို ပေါ့ပါးစွာ ဖြတ်သန်းပါ။
သွားချင်တဲ့ နေရာဒေသတွေကို
ငယ်ရွယ်တုန်းလေး သွားနိုင်အောင်ကြိုးစား
လူငယ်ပဲမို့
ရုန်းကန်လိုက်၊ပျော်လိုက်ပေါ့။
ဘယ်ဆက်ဆံရေးပဲဖြစ်ဖြစ် ကံပါသလောက်တွေးထား
ဘယ်အရာတွေပဲကြုံလာကြုံလာ ခဏလေးလို့တွေးထား
အဲလိုတွေးနိုင်တဲ့အခါ
ဘဝကို ရှင်သန်ရတာ ပိုပြီး အေးချမ်းလိမ့်မယ်။
လူတစ်ယောက်ကိုချစ်လို့ရတယ်
ဒါပေမယ့်
ကိုယ့်တန်ဖိုးတွေအလကားဖြစ်သွားတဲ့အထိ မချစ်နဲ့
မင်းကတန်ဖိုးရှိတဲ့လူမို့
တန်ဖိုးရှိတဲ့ အရပ်မှာဘဲ ရှင်သန်ပါ ..။

image

john wick universe ထဲက baby john wick လို့ပြောတဲ့ ana de armas သရုပ်ဆောင်ထားတဲ့ Bellerina

1 y - Translate

❝ အိမ်ဆိုတာ ကျွန်တော်တို့လူသားတွေ အားလုံးအတွက် အမြဲတမ်း မျက်နှာမူရာ အရပ်လေ။
သံလိုက်အိမ်မြှောင်မှာ လက်တံတစ်ခုက မြောက်အရပ်ကို အမြဲညွှန်ပြနေသလိုမျိုး၊ ကျွန်တော်တို့ရဲ့ အသိစိတ်တွေကလည်း ဘယ်နေရာရောက်ရောက် အိမ်ရှိရာအရပ်ကို ညွှန်ပြနေကြတာပါ။
ဒါပေမယ့် ဒီကမ္ဘာလောကထဲမှာပဲ အိမ်မပြန်နိုင်တဲ့ ခြေထောက်တွေ ဘယ်လောက်ရှိခဲ့ပြီလဲ။ ❞
▪️မိုးကျော်ဇင်
(ငါးဖမ်းသမားစာအုပ်မှ…)

image
1 y - Translate

🔸 Haikyu!! ကတော့ သူရဲ့ Final Movie 2 ကို ဒီနေ့မှာပဲ Movie Title ရယ် Teaser Trailer နဲ့ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။
🔸 ဒီ Movie ရဲ့ Title ကတော့ Haikyu!!: VS The Little Giant လို့အမည်ရပြီး ဒီ Movie မှာဆိုရင် Karasuno နဲ့ Kamomedai တို့ကြားကယှဉ်ပြိုင်မှုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
🔸 နောက်ပြီး ဒီ Movie အပြင်ကိုမှ နောက်ထပ် Short Tv Anime ဖြစ်တဲ့ The Place Where Monsters Go ဆိုတဲ့ဟာကိုလည်း ထွက်ဖို့ကြေညာသွားပါတယ်။
🔸 ဒီထဲမှာဆိုရင် Fukurodani နဲ့ Mujinazaka တို့ရဲ့ ယှဉ်ပြိုင်မှုကို ပြထားတာဖြစ်ပါတယ်။

image