2 yrs - Youtube

Like
2 yrs - Translate

Good food good mood

image
Like
2 yrs - Translate

ရုံတင်ငွေ ကန်ဒေါ်လာ သန်း၈၀ နဲ့အဖွင့်လှခဲ့တဲ့ 'Godzilla x Kong: The New Empire' ဇာတ်ကား

မကြာသေးခင်ကမှ ရုံတင်ပြသနေတဲ့ 'Godzilla x Kong: The New Empire' ဇာတ်ကားဟာဆိုရင် ပထမအပတ်မှာတင် ရုံတင်ငွေ ကန်ဒေါ်လာ သန်း ၈၀ အထိ ရောက်ရှိသွားခဲ့ပါပြီ။ အကောင်ကြီး နှစ်ကောင်ပေါင်းစည်းကြမယ့် ဒီဇာတ်ကားက အဖွင့်လှခဲ့ပြီး Box Office ရဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က နံပါတ် ၁ ဖြစ်ခဲ့တဲ့ “ Ghostbusters: Frozen Empire”က နှစ်ပတ်အတွင်း ရုံတင်ငွေကန်ဒေါ်လာ ၇၃.၄ သန်းနဲ့ ဒုတိယနေရာရောက်ရှိသွားခဲ့ပါတယ်။ "Dune Part Two" ကတော့ ၅ ပတ်မြောက်မှာ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။

၂၀၂၁ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Godzilla x Kong ဇာတ်ကားတော့ အဖွင့်ရက်သတ္တပတ်မှာ ကန်ဒေါ်လာ ၄၈.၅ သန်းပဲရရှိခဲ့တာပါ။ လက်ရှိပြသနေတဲ့ Godzilla x Kong: The New Empire' မှာ Godzilla နဲ့ Kong တို့နှစ်ကောင်ပေါင်းပြီး လူသားမျိုးနွယ်ကိုသာမက သူတို့ဖြစ်တည်မှုကိုပါ အန္တရာယ်ပေးလာနိုင်အောင် ကြီးမားကြမ်းတမ်းတဲ့ ရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ကြပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref: 'Godzilla x Kong: The New Empire' roars to $80M opening

image
Like
2 yrs - Translate

ဖာလူဒါ_ပြုလုပ်နည်း

ဖာလူဒါအတွက် ကြိုတင်ပြုလုပ်ထားရမည့် ပစ္စည်းများမှာ
၁။ ပူတင်းပေါင်းထားရမည်။
၂။ သာကူစေ့ ပြုတ်ထားရမည်။
၃။ မျှော့ချောင်း ပြုတ်ထားရမည်။
၁။ ရေခဲမုန့် ၁လုံး
၂။ ပူတင်း ၁ဇွန်း(ထမင်းစားဇွန်း)
၃။ နို့ဆီ ၁ဇွန်း(ထမင်းစားဇွန်း)
၄။ သကြားရည် ၃ဇွန်း(ထမင်းစားဇွန်း)
၅။ နွားနို့ ၃ဇွန်း(ထမင်းစားဇွန်း)
၆။ သာကူစေ့ပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၇။ မျှော့ချောင်းပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၈။ ကျောက်ဖရုံယိုအတုံးလေးများ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၉။ သင်္ဘောယို ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၀။ စပျစ်ခြောက် ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၁။ ဇီးဖျော်ရည်အဆီ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၂။ ရေသန့်ရေခဲ ၃တုံး
၁၃။ ကျောက်ကျော အနည်းငယ်
ပြုလုပ်ပုံ
- ပါ၀င်ပစ္စည်းများကို ဖန်ခွက်အတွင်းသို့ အဆင်ပြေသလိုထည့်ပါ။ ပုံမှာပါတဲ့အတိုင်းလေး ပေါ့နော်။

လေးစားလျှက်...
Credit

image
Like
2 yrs - Translate

ပုဂံလောကနန္ဒာဘုရားကနေလှမ်းမြင်နေရတဲ့

မြစ်ဧရာနှင့်တန့်ကြည်တောင်ရှုခင်းအလှ🍂

Photo-Tin Htay (Magway)

image
Like
2 yrs - Translate

🌙 ဆိတ်ဖလူးပန်း(Night flowering jasmine)🌙

နေကြာပန်းတွေက နေမင်းကိုချစ်လို့ နေမင်းကိုပဲကြည့်ပြီး ရှင်သန်တယ်ဆိုရင် ဆိတ်ဖလူးပန်းတွေကတော့ နေမင်းကိုချစ်လို့ နေမင်းကိုမကြည့်နိုင်တော့တဲ့ ပန်းတွေပဲဖြစ်မယ်။ လောကမှာ ဘယ်အရာမဆိုလွန်ကဲလာတဲ့အခါ မကောင်းတဲ့သဘောကိုဆောင်သွားတတ်တယ်။ လူတွေပြောကြသလို ချစ်လွန်းလို့ရူးတော့မယ်ဆိုတာမျိုးပေါ့။ ဒီနေ့တော့ ဂရေ့က ဒီသဘောတရားနည်းနည်း ပျော်၀င်နေတဲ့ ပန်းလေးတစ်မျိုးအကြောင်းပြောပြပါမယ်။ ဆိတ်ဖလူးပန်းလို့ခေါ်ကြတဲ့ ပန်းလေးပါ။ ရိုးတံလိမ္မော်ရောင်လေးနဲ့ စံပါယ်ပန်းနဲ့ခပ်ဆင်ဆင်ပန်းလေးပေါ့။ Parijat flowerလို့ခေါ်ကြပြီး Night flowering Jasmineလို့လည်း လူသိများပါတယ်။
(ဗဟုသုတအနေနဲ့ ညမွှေးပန်းကို Night Blooming Jasmineလို့ခေါ်ပါတယ်။)

imageimage
Like
2 yrs - Translate

အလုပ်ခွင်မှာ အရေးပါတဲ့ Adaptability နဲ့ Flexibility

Adaptability ဆိုတာက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိဖို့ ကိုယ်တိုင် ပြောင်းလဲ ပြုပြင်တတ်တဲ့ သဘာဝကို ရည်ညွှန်းပါတယ်။ အလွယ်ပြောရရင် မီးစင်ကြည့် ကတတ်မှုပေါ့။ အလုပ်ခွင်မှာဆိုလည်း ဝန်ထမ်းတစ်ယောက်က အပြောင်းအလဲအသစ်နဲ့ စိတ်ကူးအသစ်တွေကို လက်ခံနိုင်ပြီး

တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဆောင်ရွက်တတ်တာကို ဆိုလိုပါတယ်။ ဝယ်သူတွေရဲ့ လိုအပ်ချက်၊ နည်းပညာရဲ့ အပြောင်းအလဲကို မျက်ခြေမပြတ်လိုက်နိုင်တဲ့ ဝန်ထမ်းမျိုးက အလုပ်မှာ တိုးတက်နှုန်း မြန်ပါတယ်။ အလုပ်ရှင်ရှာဖွေနေတဲ့ ဝန်ထမ်းမျိုးကလည်း ဒီလို EQ ပိုင်ဆိုင်ထားသူကိုပါပဲ။

အလုပ်ခွင်နဲ့ အသားကျနေတတ်ပြီး နေ့စဉ်ကြုံတွေ့လာမယ့် အပြောင်းအလဲတွေကို ကြိုတင်မှန်းဆကာ ဆီလျော်အောင် ဆောင်ရွက်နိုင်တဲ့ ဝန်ထမ်းမျိုးကိုပဲ အလုပ်ရှင်က လိုချင်ပါတယ်။ ဒီလိုလူမျိုးက အခြေအနေနဲ့ အချိန်အခါလိုက် ဆောင်ရွက်တတ်သလို ပြဿနာတစ်ခုကို ရှုထောင့်အမျိုးမျိုးက မြင်အောင်ကြည့်ပြီး အဖြေရှာနိုင်သူတွေ ဖြစ်လို့ပါပဲ။

နောက်တစ်ခုက flexibility ပါ။ ပြောင်းလွယ်ပြင်လွယ်ရှိမှုပေါ့။ ဥပမာ – ဝန်ထမ်းတစ်ယောက်က အလုပ်ဝင်ပြီဆိုရင် အခြေအနေကို သုံးသပ်ပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ ရာထူးနဲ့တာဝန်ကို ကိုက်ညီအောင် ဆောင်ရွက်သွားတာမျိုးကို ဆိုလိုပါတယ်။ ဈေးကွက်စီးပွားရေးအပြောင်းအလဲကြောင့် ကုမ္ပဏီကြီးတွေမှာ အချိန်တိုတိုနဲ့ အကျိုးများ ထိရောက်တဲ့ လုပ်ငန်းစဉ်နည်းပညာကို သုံးလာကြချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား flexible ဖြစ်ဖို့က အရေးကြီးပါတယ်။

ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဝန်ထမ်းတွေက ပြောင်းလဲမှုတွေကို ခံနိုင်ရည်ရှိပြီး ဖိအားတွေအောက် အလုပ်လုပ်နိုင်ပါတယ်။ ပြောင်းလဲမှုတွေကို လက်ခံနိုင်တဲ့အတွက် အခြားသူရဲ့ အမြင်ကိုလည်း လေးစားတန်ဖိုးထားပြီး သင်ယူလေ့လာချင်စိတ် ထက်သန်သူတွေ ဖြစ်ပါတယ်။ မိသားစုနဲ့ အလုပ်ကြားမှာ မျှတစွာ အချိန်ပေးနိုင်သူတွေ ဖြစ်တဲ့အပြင် အကောင်းမြင်စိတ်ရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေ ဖြစ်ကြပါတယ်။

အလုပ်ရှင်နဲ့အလုပ်သမားကြား ပြေလည်မှုရပြီး လုပ်ငန်းခွင် တိုးတက်ချင်တယ်ဆိုရင်တော့ flexibility နဲ့ adaptability ရှိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

Ref: wisesteps.com “Importance of Adaptability & Flexibility at Workplace”

image
Like

image
Like