2 နှစ်များ - ဘာသာပြန်ပါ။

ဝါသနာအရ ပြန်ရှယ်ပြစေနော် 😍
သင်္ကြန်အတွက်ပါ😍
လူ ၂၀ စာ အတွက် သာကူကျိုနည်း
***************
သာကူစေ့ 👉 ၅၀သား (ဇကာဖြင့် သဲပြာထား)
ထညက် 👉 ၅၀သား (ကျို၍ သဲစစ်ထား)
ကန်စွန်းဥ 👉 ၅၀သား (အတုံးတုံး ရေစိမ်ထား)
အုန်းသီး 👉 ၁ လုံး (ခြစ်ထား)
ဆား 👉 ၁ ဇွန်း ( လဖက်စားဇွန်း )
ရေ 👉 ၄ လီတာ ( ရေသန့်ဗူးကြီး ၄ ဗူး )
💥 ပထမဆုံး ထညက်ရည်ကျိုရပါမယ်။ 💥
*****************************************
အိုးထဲ ရေ ၄ လီတာ ထည့်ပြီး
ထညက်ပျော်လာတဲ့အထိကျိုပါ။
ပြီးရင် အနည်ထိုင်အောင် ထားထားပေးပါ။
အနည်ထိုင်တော့မှ သောက်ရေစစ်နဲ့ စစ်ပါ။
အောက်ခြေမှ အမှုန်များ လုံးဝ မပါပါစေနဲ့။
💥 သာကူ ကျိုပါတော့မယ် 💥
******************************
စစ်ပြီးသား ထညက်ကို ပြန်ကျိုရပါမယ်။
ဗွမ်းဗွမ်းဆူလာရင် သာကူစေ့များ ထည့်လိုက်ပါ။
လက်က မွှေပေးနေရပါမယ်။
၁၀ မိနစ်ခန့်ကြာသော်
ကန်စွန်းဥအတုံးလေးများထည့်ပြီး
၅ မိနစ်ခန့်ကြာသောအခါ
အုန်းသီးလေးများထည့်မွှေပြီး အိုးချလို့ရပါပြီ။
ဒီအချိုးကတော့ အေးရင် ပျစ်သွားပါတယ်။
အေးရင် ပျစ်တာ မကြိုက်သူများကတော့
သာကူစေ့ ၂၅ ကျပ်သားပဲထည့်ပါ။
အုန်းနို့သာကူကြိုက်ပါက
အုန်းနို့ရည်ညှစ်၍ သကြားရည်နဲ့ရောကာ စမ်းစားပါ။
မှတ်ချက်
*********
ကန်စွန်းဥ ကတော့
အတုံးတုံးပြီး ရေစိမ်ထားရပါတယ်။
ရေမစိမ်ထားရင် မဲသွားတတ်ပါတယ်။
သာကူကို သာကူစေ့များများနဲ့ ခပ်ပျစ်ပျစ်စားချင်ပါက
ကျမပြထားတဲ့အချိုးအတိုင်း ကျိုပေးပါ။
မပျစ်မကျဲ စားချင်ရင်တော့
သာကူစေ့ ၂၅ ကျပ်သားပဲထည့်ပါ။
သာကူက မိမိသုံးတဲ့ သာကူစေ့ပေါ် မူတည်ပြီး
ကျိုရတဲ့အချိန် အနည်းအများတော့ ကွာပါလိမ့်မယ်။
အဓိက က သာကူမျက်စေ့လေးများ မပျောက်ခင်
ကန်စွန်းဥ ထည့်ပေးဖို့ပါ။
သာကူမျက်စေ့လေးများ လုံးဝ ပျောက်မှ ကန်စွန်းဥထည့်ရင်
သာကူစေ့တွေ ပျော့စိကုန်ပါလိမ့်မယ်။
ကန်စွန်းဥ ကျက်တာနဲ့
သာကူ မျက်စေ့လေးများ ပျောက်သွားပါလိမ့်မယ်။
အုန်းနို့ကြိုက်ရင် အုန်းနို့ ထည့်စားနိုင်ပါတယ်။
ထညက်ကတော့
စားပွဲတင် ထညက်ဖြစ်စေ
မုန့်လုပ် ထညက်ဖြစ်စေ
မိမိနှစ်သက်ရာ ထညက် သုံးနိုင်ပါတယ်။
သကြားနဲ့ကျိုလည်း နည်းက အတူတူပါပဲ။
#cooking

image
2 နှစ်များ - ဘာသာပြန်ပါ။

ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့
carbohydrate metabolism ကစီဓာတ်၊ဂလူးကိုစ့်ဓာတ်၊ထမင်းဓာတ် ဇီဝရုပ်ဖြစ်ပျက်ခြင်း
protein metabolism အသားဓာတ် ဇီဝရုပ်ဖြစ်ပျက်ခြင်း
lipid metabolism အဆီဓာတ် ဇီဝရုပ်ဖြစ်ပျက်ခြင်း
nucleic acid metabolism နယူကလီးယပ်စ်အထဲရှိ ပစ္စည်းများ ဇီဝရုပ်ဖြစ်ပျက်ခြင်း
တို့ရဲ့ ဆက်သွယ်မှုပြမြေပုံဖြစ်ပါတယ်။

ဒီမြေပုံက ခန္ဓာထဲမှာရှိတာလေးကို လေ့လာလို့ရတာလေးပဲပြထားတာ။
ဆေးသိပ္ပံပညာဆိုတာ ရူပဗေဒနဲ့ယှဉ်လိုက်ရင် နှမ်းစေ့နဲ့ ဟိမဝန္တာတောင်တန်းလောက်ကွာပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘီလျံနာဖြစ်လာတဲ့ တေလာဆွဖ်

ဂီတလောကမှာ ၁၇ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက်မှာတော့ အမေရိကန်အဆိုတော် တေလာဆွဖ်က ဘီလျံနာ ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ Forbes မဂ္ဂဇင်းက ၂၀၂၄ ခုနှစ်အတွက် ဘီလျံနာစာရင်း ထုတ်ပြန်ကြေညာရာမှာ တေလာဆွဖ်က ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံရှိပြီး အဆင့် ၁၄ နေရာကို တက်လှမ်းလာခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ်ရှိတဲ့ တေလာဆွဖ်ဟာ ပထမဆုံး ထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ် ၆ ခွေကနေ ဝင်ငွေအများအပြား ရရှိခဲ့သလို ဂီတဖျော်ဖြေရေး သမိုင်းတစ်လျှောက် အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တဲ့ ပထမဆုံး ဂီတဖျော်ဖြေပွဲဖြစ်တဲ့ Eras tour ကနေ ဝင်ငွေရရှိမှု၊ သူ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေ ဈေးတက်လာမှု အစရှိတဲ့ ဝင်ငွေတွေကြောင့် ဘီလျံနာစာရင်းမှာ ပါဝင်လာခဲ့တာပါ။

Ref:Taylor Swift is declared a BILLIONAIRE by Forbes as she joins the list for the first time following Eras Tour success

image
2 နှစ်များ - ဘာသာပြန်ပါ။

ကြက်ကင်လုပ်နည်း

ပါဝင်ပစ္စည်းများ.. .

ကြက် - ၁ ကီလို တစ်ကောင်
နံနံပင်အမြစ် - ၄ ခု
ကြက်သွန်ဖြူ - ၈ မွှာ
စပါးလင် - ၁ ချောင်း
ငရုပ်ကောင်းစေ့ - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
သကြားအညို - ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငံပြာရည် Soy-sauce - ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငါးငံပြာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပဲငံပြာရည်အပျစ် - ၁ ဇွန်း (စားပွဲတင်ဇွန်း)....တို့ပဲဖြစ်ကြပါတယ်။

ပထမဆုံး ကြက်ကို ပုံတွင်ပြထားသည့်အတိုင်း ရင်ဘက်မှခြမ်းကာ ရေဖြင့်အတွင်းအပြင် သန့်ရှင်းစွာဆေးပြီး ရေစစ်ထားပါ။

ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (နံနံပင်အမြစ် + ကြက်သွန်ဖြူ + စပါးလင်)တို့ကို ခပ်ပါးပါးလှီးထားပါ။ နံနံပင်၏အောက်ပိုင်း လက်နှစ်လုံးလောက်ကဖြတ်ထားသည့် အမြစ်ကိုသာအသုံးပြုပါမည်။ အပေါ်ကအရွက်များကို အသုံးမပြုပါဘူး။ ထို့နောက်....ပါဝင်ပစ္စည်းများအားလုံးကို ငရုပ်ဆုံထဲသို့ထည့်၍ ညက်နေအောင်ထောင်းပါ။ငရုပ်ကောင်းစေ့များပါထည့်၍ထောင်းပါ။အနည်းငယ်ညက်လာပါက ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပြီး ငံပြာရည်- Soy sauce + ငါးငံပြာရည် + ပဲငံပြာရည် တို့ကိုပါဝင်အချိုး အစားအတိုင်းထည့်ပြီးရောမွှေပေးပါ။ (ပဲငံပြာရည်အပျစ်သည် အရောင်အတွက်ထည့်ခြင်းဖြစ်ပါသည် မထည့်လျှင်လည်းရပါသည်) ဆော့ အနည်းငယ်ပျစ်နေပါက ။ ရေအနည်းငယ်မျှထည့်ပြီးမွှေပေးပါ....

ကြက်တစ်ကောင်လုံးကို ဓားဖြင့်အနည်းငယ်မွှန်းပြီး ဖျော်ထားသည့်ဆော့ဖြင့်နှံ့အောင်ရောနှယ်ပေးကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄-နာရီကြာမျှထည့်ထားရပါမည်။ ကြာကြာထားနိုင်ပါက တစ်ညသိပ်ထားလျှင်ပိုကောင်းပါသည်။ထို့နောက်....ပုံတွင်ပြထားသည့်အတိုင်း ကြက်ကို ဝါးညှပ်ဖြင့်ညှပ်ကာ မီးသွေးမီးဖို မီးအေးအေးဖြင့် တစ်ဖက်ဆီလှန်ကာ ဖြေးညှင်းစွာဖြင့်ကင်ပေးရပါမည်။ ကြက်အသားများရဲလာပြီး အနံ့မွှေးလာပါက အရသာရှိစွာ အသင့်စားသုံးနိုင်ပါသည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

စစ်ကိုင်း မင်းကွန်းကားလမ်းဘေးမှ ဝင်သွားလျှင်ရောက်တဲ့ 🚗

တရုတ်စကားပင်ကြီးတွေရှိတဲ့
ရတနာထွဋ်ခေါင်ကျောင်း 🌲🌲🌲
.
.
.

📍တည်နေရာ
စစ်ကိုင်း မင်းကွန်းကားလမ်းဘေး ခိုတောင်ရွာမရောက်ခင် မင်းဇော် (မြန်မာမှု)ဆိုင်းဘုတ်ရှိတဲ့ ဘယ်ဘက်ခြမ်းထဲကို ဝင်သွားရတာပါ

.

Photo credit - TMZ (BEAUTY ZONE)

image
2 နှစ်များ - ဘာသာပြန်ပါ။

တရုတ်ကားကုမ္ပဏီ Geely Auto က ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုနည်းပညာသုံး မောင်းသူမဲ့ကားကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာသုံး မောင်းသူမဲ့ကားဟာ ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူတွေလို ရေခဲပြင်မှာ drift ဆွဲနိုင်တယ်ဆိုတာ Weibo လူမှုကွန်ရက်ပေါ် တင်ထားတဲ့ စမ်းသပ်မောင်းနှင်မှု ဗီဒီယိုမှာ ပြသထားပါတယ်။

ဒါဟာ မောင်းသူမဲ့နည်းပညာ သိသိသာသာ တိုးတက်လာတာဖြစ်သလို Geely Auto ကုမ္ပဏီကလည်း ဉာဏ်ရည်တုနည်းပညာကို မောင်းသူမဲ့စနစ်မှာ ကောင်းမွန်စွာ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့တာပါ။

Ref: China reveals world's first AI-powered driverless drifting car

image
2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာရှိတဲ့ သဘာဝ ရေအိုးလေးပေါ်က စိမ်းစိုနေတဲ့ moss လေးတွေ။

သဘာဝက သိပ်ကို ချစ်ဖို့ကောင်းတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာရှိတဲ့ သဘာဝ ရေအိုးလေးပေါ်က စိမ်းစိုနေတဲ့ moss လေးတွေ။

သဘာဝက သိပ်ကို ချစ်ဖို့ကောင်းတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာရှိတဲ့ သဘာဝ ရေအိုးလေးပေါ်က စိမ်းစိုနေတဲ့ moss လေးတွေ။

သဘာဝက သိပ်ကို ချစ်ဖို့ကောင်းတယ်။

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

နှင်းဆီနီတွေကပြောတယ်
" ကိုယ်မင်းကို ချစ်တယ် " 🌹🌹

image