2 yrs - Translate

Tattoo Idea

image
image
image
image
image
2 yrs - Translate

အုန်းနို့ သာကူ ကျောက်ကျောလုပ်နည်
******************
ကျောက်ကျောလုပ်ရတာ ဝါသနာမပါပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ်ထဲမှာ အုန်းနို့ သာကူကျောက်ကျော ဆိုပြီး တွေ့တာနဲ့ သာကူဆို ကြိုက်တာမို့ မနေနိုင်လို့ စမ်းကြည့်မယ်ဆိုပြီး စမ်းရင်းနဲ့ လုပ်ဖြစ်သွားပါတယ် ။ fri တို့ရေ ...လုပ်ပြီးတော့ အတော်လေးစားကောင်းတာနဲ့ အတောမသတ်ဖြစ်သွားပါတယ် !!!

ပါဝင်ပစ္စည်း
********
သာကူ---၅ ကျပ်သား
ကျောက်ကျောမှုန့်(AGAR AGAR တံဆိပ်)1ထုပ်
သကြား---၁၀ကျပ်သား
အုန်းနို့ Cream ---ဘူးသေး ၁ ဘူး
ဆား---မန်ကျည်းစေ့ခန့်
ဆွမ်းမွှေးရွက် ---၅ရွက်
ရေ---နို့ဆီဘူး ၂ဘူး

ပြုလုပ်ပုံ
******
၁ ။ ဆွမ်းမွှေးရွက်ကို ကြိတ်ခြေပါ ရေနဲနဲ စိမ်ထားပြီး အရည်စစ်ယူပါ။ အဖတ်ကို ထုပ်ပြစ်ပါ ။

၂ ။ သကြား ဆား ရေ ကျောက်ကျောမှုန့်ကို ဖျော်ပါမယ် ။ ဖျော်ပြီးသား ၃ပုံ ၁ပုံ ကို ဆွမ်းမွှေးရည်ထည့်ကျိုပါ ။ ကျိုပြီး ၁၀မိနစ်လောက်ကြာရင် ပြစ်လာပါတယ် ။ ပြစ်လာတာနဲ့ ထည့်မဲ့ ပုံစံခွက်ထဲ လောင်းထည့် အအေးခံထားပါ။

၃ ။ ကျန် ၂ပုံကို ကျိုပါ ။ဆူပြီး ခဏ နေရင်အုန်းနို့ ထည့်ပြီးကျိုပါ ။ ၁၀မိနစ်လောက်ကြာလို့ပြစ်လာရင် ဇလုံ တစ်လုံးထဲမှာ ရေနွေးထည့်ပြီး အပေါ််ကအိုးကို တင်ပြီးချ ထားပါ (အေးရင်ခဲသွားမှာစိုးလို့ပါ)

၄ ။ သာကူကိုသပ်သပ် အိုးတစ်လုံးနဲ့ ရေ နို့ဆီဘူးနှစ်ဘူးထည့်ပြီးပြုပ်ပါ။အစေ့ပြောက်ရင် ရေသွန်ပြစ်ပြီး သာကူကို အုန်းနို့ရေကျိုပြီးသားထဲ လောင်းထည့်မွှေပေးပြီး ပထမဆွမ်းမွှေး ကျောက်ကျော ရည်ထည့်ထားတဲ့ ခွက်ရဲ့ မျက်နှာပြင်တင်းလာတဲ့ အတွက် အပေါ်ကို်ကိုအသာလေး လောင်းထည့်ပါ ။
ခဏကြာ အအေးခံပြီး အေးရင် ရေခဲသေတ္တာထဲထည့် လိုသလိုလှီးဖြတ်စားသုံးနိုင်ပါတယ် ။
မွှေးပြီးအရသာရှိတဲ့ ကျောက်ကျောလေးပါ ။

၅ ။ ဆွမ်းမွှေးရွက် မရှိလို့ အောက်ခံ အရောင်လှလှလေးလိုချင်ရင်တော့ အစာသုံးဆိုးဆေး(ကြိုက်တဲ့ အရောင်) အရည်တစ်စက် (သို့)အမှုန့် ငရုတ်ကောင်းစေ့ တစ်စေ့စာ ရေနဲ့ ဖျော်ပြီး ဆွမ်းမွှေးရွက်အစား ထည့်ပါ ။
အရောင်နဲ့ ကျောက်ကျောရည် ပထမ ၃ပုံ ၁ပုံ ထည့်ပြီး အအေးခံထားတဲ့မျက်နှာပြင်မတင်းသေးဘဲ လောင်းထည့် လိုက်ရင်လည်း ရပါတယ် ။ အရောင်ကျားကျားလေး ဖြစ်သွားပေါ့ တစ်မျိုးအမြင်ဆန်းပါတယ် ။
အရသာရှိစွာ ပြုလုပ်စားသုံးနိုင်ကြပါစေ ။

image
2 yrs - Translate

တရုတ်စံကားပန်း(Plumeria) လေးရဲ့အဓိပ္ပာယ်က ....

"မင်းနဲ့ဆုံတွေ့ခွင့်ရလို့ ကံကောင်းပါတယ်"တဲ့ 💛

Thank you for choosing.💛

image
2 yrs - Translate

တရုတ်စံကားပန်း(Plumeria) လေးရဲ့အဓိပ္ပာယ်က ....

"မင်းနဲ့ဆုံတွေ့ခွင့်ရလို့ ကံကောင်းပါတယ်"တဲ့ 💛

Thank you for choosing.💛

image
2 yrs - Translate

တရုတ်စံကားပန်း(Plumeria) လေးရဲ့အဓိပ္ပာယ်က ....

"မင်းနဲ့ဆုံတွေ့ခွင့်ရလို့ ကံကောင်းပါတယ်"တဲ့ 💛

Thank you for choosing.💛

image
2 yrs - Translate

တရုတ်စံကားပန်း(Plumeria) လေးရဲ့အဓိပ္ပာယ်က ....

"မင်းနဲ့ဆုံတွေ့ခွင့်ရလို့ ကံကောင်းပါတယ်"တဲ့ 💛

Thank you for choosing.💛

image
image
image
2 yrs - Translate

လီဗာပူးအသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် မိုင်နူးဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် လီဗာပူးအသင်းဘက်ကို အသက်အငယ်ဆုံး ( ၁၈ နှစ် , ၃၅၄ ရက် )ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

image
2 yrs - Translate

ငလျင်လှုပ်ခတ်မှုအတွင်း Taipei 101 မိုးမျှော်တိုက်မှာ ဒီဇိုင်းဆင်ထားတဲ့ စတီးလုံးကြီးက မိုးမျှော်တိုက်မလှုပ်ခါသွားအောင် အကာအကွယ်ပေးခဲ့

ဧပြီ ၃ ရက်နေ့က ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၇.၉ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အချိန် ငလျင်ဗဟိုချက်အနီးက အဆောက်အအုံအများအပြားပြိုကျခဲ့ပါတယ်။ ဒါဟာ ၂၅ နှစ်အတွင်း ထိုင်ဝမ်မှာ အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့ပေမဲ့ အမြင့် ၅၀၈ မီတာရှိတဲ့ Taipei 101 မိုးမျှော်တိုက်ကတော့ ဒီအတိုင်းဆက်လက်တည်ရှိခဲ့ပါတယ်။ အဲ့ဒီမိုးမျှော်တိုက်မှာ ဒီဇိုင်းဆင်ထားတဲ့ လှုပ်ရမ်းနေတဲ့ အဝါရောင်စတီးလုံး (“Tuned Mass Damper”( (TMD)လို့ လူသိများ) က မိုးမျှော်တိုက်လှုပ်ရမ်းသွားမယ့်အခြေအနေကို လျှော့ချဖို့ အကာအကွယ်ပေးခဲ့တာဖြစ်ပါတယ်။

အလွှာ ၄၁ ခုပါတဲ့ ၁၂.၅ စင်တီမီတာစတီးလုံးကြီးက ခန့်မှန်းခြေအားဖြင့် ၅.၅ မီတာအချင်းရှိပြီး အလေးချိန် ၆၆၀၀၀၀ ကီလိုဂရမ်ရှိပါတယ်။ ဒီစတီးလုံးကို Taipei 101 ရဲ့ထိပ်ပိုင်းက အထပ်တော်တော်များများကြား ကေဘယ်လ်ကြိုး ၉၂ ခုနဲ့တွယ်ဆိုင်းထားတာပါ။ စတီးကြိုးက ၂၀၀၀ ကျော်ပါတဲ့ ‌ကေဘယ်လ်ကြိုးတစ်ခုစီက အချင်း ၈.၉ စင်တီမီတာနဲ့ အရှည် ၄၂ မီတာရှိပါတယ်။

ငလျင်လှုပ်ခတ်စဉ် Taipei 101 စတင်လှုပ်လာတဲ့အချိန် စတီးလုံးက မိုးမျှော်တိုက်ကို စတီးကြိုးတွေနဲ့ ပြန်ဆွဲထားမှာဖြစ်ပါတယ်။ စတီးလုံးကလည်း ဆန့်ကျင်ဘက်ဦးတည်ရာကို ရွေ့လျားခြင်းဖြင့် Taipei 101 မလှုပ်ခါသွားအောင် ကူညီပေးတာဖြစ်ပါတယ်။ စတီးလုံးက မိုးမျှော်တိုက်ရဲ့လှုပ်ရှားမှုကို ၄၀ ရာခိုင်နှုန်းအထိ တားဆီးနိုင်ခဲ့တယ်လို့ Taipei 101 အရ သိရပါတယ်။

Ref: Swinging steel ball in Taipei 101 skyscraper protected it during magnitude 7.2 earthquake

image
2 yrs - Translate

ကျိုက်ထိုမြို့ မှ
ဥာဏ်တော် ၂၅၅ ပေရှိ
ကမ္ဘာ့ အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီး

image
2 yrs - Translate

💚 ငယ်ငယ်က အဖေအလုပ်ပြန်ရင်ဝယ်လာတတ်တဲ့ ခေါက်ဆွဲကြော်လေးကို သတိရနေတဲ့ သူတွေရှိကြလား?😍

အဖေအလုပ်က ပြန်ရောက်လာတိုင်း..အဖေဝယ်လာတဲ့ ခေါက်ဆွဲကြော် လေးကို မိသားစုမောင်နှမတွေနဲ့ စုံစုံညီညီ အလုအယက်စားသောက်ခဲ့ကြတာတွေက မေ့မရနိုင်တော့မဲ့ အမှတ်တရတွေပါဘဲ...။

ဒီလိုအမှတ်တရကောင်းတွေကို ပြန်လည်ခံစားဖို့အတွက် YGN Sport Pub ရဲ့ "၁၉၆၁ ရန်ကုန်ခေါက်ဆွဲကြော် " ကသင့်အတွက် ငယ်ဘဝအချိန်တွေကို အမှတ်ရစေမှာပါ....

image