2 yrs - Translate

Comfort zone ဆိုတာ
နေလို့တော့ကောင်းတယ်
ဒါပေမယ့်မတိုးတက်ဘူး

ပုန်းအောင်းအနားယူ
နေရမယ့်နေရာထက်

ခရီးတစ်ထောက်နားတဲ့
မှတ်တိုင်နဲ့ ပိုတူတယ်

သူမတူအောင် ကြိုးစားအားထုတ်
ပြီးရင် အနားယူ

အဲ့မှာတင်သာယာမနေပဲ
ဒီထက်ပိုကောင်းတဲ့ နေရာရဖို့

လိုအပ်ရင် ဘုရင်နောင်
ဖောင်ဖျက်သလို

Comfort Zone ကို ပြန်လမ်းမဲ့
နေရာဖြစ်သွားအောင် ဖောက်ထွက်

ပိုကောင်းတာကိုလိုချင်ရင်
ရှိတာလေးနဲ့တင်းတိမ်နေလို့မရဘူး

မရဘူးသေးတာတွေလိုချင်ရင်
အရင်အကွက်တွေ အကျင့်တွေနဲ့မရဘူး

အကျင့်ဟောင်းတွေ
comfort zone တွေက

ဖောက်ထွက်ပြီး
ပိုကောင်းတဲ့ နေရာကို
အရောက်လှမ်းပါမိတ်ဆွေ

I know you can do this 🙌🏻

2 yrs - Translate

(၇)နှစ်အရွယ်သားကိုဘောလုံးခေါင်းတိုက်မကစားဖို့ တားမြစ်ထားလိုက်တဲ့ ယူနိုက်က်နောက်ခံလူ ဗာရန်းရဲ့ အင်တာဗျူး

''ကျွန်တော့်ရဲ့(၇)နှစ်အရွယ်သားဖြစ်သူက ဘောလုံးကစားပါတယ်။ကျွန်တော်သူ့ကို ဘောလုံးကို ခေါင်းနဲ့တိုက်ပြီး မကစားဖို့ အကြံပေးတားမြစ်ထားပါတယ်။ဘောလုံးကို ခေါင်းနဲ့တိုက်လို့ ချက်ချင်းလက်ငင်းကြီးဒဏ်ရာပြင်းပြင်းထန်ထန်မရနိုင်ဘူးဆိုရင်တောင် ရေရှည်မှာ ဒါက အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ကြိမ်ဖန်များစွာ ဒါကို ပြုလုပ်ရင် ထိခိုက်မှုအကျိုးဆက်ကို ခံစားရပါလိမ့်မယ်။ကျွန်တော့်အနေနဲ့ အသက်(၁၀၀)နှစ်အထိတောင်နေရပါ့မလားဆိုတာ မသေချာပါဘူး။ဒါပေမယ့် သေချာတာကတော့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးထားတာတွေ ရှိနေပါတယ်။ဒါကြောင့် အပျော်တမ်းဘောလုံးလောကနဲ့ လူငယ်တွေကို ခေါင်းတိုက်ခြင်းရဲ့ဆိုးကျိုးတွေကို ပညာပေးသင်ကြားထားသင့်ပါတယ် ''

■ ပြင်သစ်လက်ရွေးစင်အသင်းနောက်ခံလူဗာရန်းက အကြိမ်ကြိမ်အခါခါခေါင်းတိုက်ခြင်းများကြောင့် သူ၏ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးနေပြီဟု ပြောကြားခဲ့ပြီး တစ်ချိန်က ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲတွင် အသိစိတ် ခဏလွတ်ပြီး (လေယာဉ်ကို Autopilot စနစ်ဖြင့် သူ့အလိုလိုမောင်းနေသလို) ကစားခဲ့ဖူးသည်ဟု ဖွင့်ဟ ဝန်ခံခဲ့သည်။

2 yrs - Translate

သိမှတ်သင့်သော ကျန်မာရေး လျှို့ဝှက်ချက်တစ်ချို့

(၁) ဖုန်းပြောရင် ဘယ်ဘက်နားက ပြောပါ။

(၂) အရမ်းအေးတဲ့ ရေတွေကို မသောက်ပါနှင့်။

(၃) လူကို ဝစေမည့် အရေများ သောက်ခြင်းကို ရှောင်ကြင်ပါ။

(၄) ညနေ ၅ နာရီကျော်လျှင် အစားအသောက်များကို လျော့စားပါ။

(၅) မနက်ခင်းမှာ ရေကို များများသောက်ပြီး ညနေမှာ လျော့သောက်ပါ။

(၆) ည ၁၀ နာရီနှင့် မနက် ၄ နာရီဟာ အိပ်စက်ရန်အတွက် အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

(၇) မှန်ကန်သော ဆေးဝါးများကို မှီဝဲပါ။

(၈) ကင်ဆာရောဂါ မဖြစ်အောင် နေထိုင်စားသောက်ပါ။

(၉) နေ့စဉ် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ။

(၁၀) စိတ်ချမ်းသာအောင် နေထိုင်ပါ။

(၁၁) အသီးအရွက် များများ စားဖြစ်ပါစေ။

2 yrs - Translate

ကဗျာဝကမ်းခြေ

2 yrs - Translate

😅😅

2 yrs - Translate

ငှယ် အဘိုးရေ ဒီမှာ ဒီမှာ

2 yrs - Translate

ငါကောပဲ

2 yrs - Translate

So cute hair Style

2 yrs - Translate

လက်ဖက်သုပ်
#yummy

2 yrs - Translate

❌ အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
-------------------------------------------

အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ အရောင်ရွေးချယ်မှုက အဓိကကျပါတယ် ✔️
လတ်ဆတ်ပြီး စိတ်ခံစားမှုကို ပြောင်းပေးနိုင်တဲ့ အိမ်သုတ်ဆေးအရောင်တွေဟာ
သင့်အခန်းရဲ့ ဒီဇိုင်းနဲ့ သင့် Mood ကိုပါ လုံးဝအသစ် ဖြစ်သွားစေမှာပါ 💁🏻‍♀️💁🏻‍♀️

⚠️ ကိုယ့်အိမ်ထဲက အခန်းတွေ ဆေးသုတ်ဖို့ စဉ်းစားနေရင် ဒီဆေးရောင်တွေကို ဒီအခန်းတွေမှာ မသုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ် ⚠️

❌ အိပ်ခန်းကို အနီနဲ့ ခရမ်းရောင်ဆေး မသုံးပါနဲ့

⛔️ အနီရောင်ကို ကြိုက်တယ်ဆိုရင်တောင် သင့်အိပ်ခန်းနံရံကို အနီရောင် မသုတ်ပါနဲ့လို့ House Wire တည်ထောင်သူ ဂျီနီဗာ အာရွန်က ပြောပါတယ်။လူ့ဦးနှောက်ဟာ အနီရောင်ကို သွေးလို့ မှတ်ယူထားပြီး အန္တရာယ်နဲ့ တွဲမှတ်ထားတာပါ။

ဒီတော့ အခန်းထဲမှာ အနီရောင်ကို မြင်ရခြင်းဟာ
နှလုံးခုန်နှုန်းကို မြန်စေပြီး အိပ်လို့မရဖြစ်စေပါတယ်။

❌ ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းမှာ အိပ်သူတွေဟာ ပျမ်းမျှ တစ်နေ့ကို ၅ နာရီ ၅၆ မိနစ်ပဲ အိပ်ပျော်တယ်လို့ လေ့လာချက်တွေက ပြောပါတယ်။ နောက်တစ်ခုက ခရမ်းရောင်ခန်းထဲမှာ အိပ်ခြင်းဟာ အိပ်မက်ဆိုးတွေလည်း မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

⛔️ ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ

နံရံဖြူဖြူတွေဟာ ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။
အဖြူရောင်ဟာ ကြည့်လိုက်ရင် အသစ်စက်စက်လို့ မြင်စေရပေမယ့် နံရံဖြူတွေဟာ အစွန်းပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။
သိပ်ပြီး ရေချိုးခန်းကို ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင် အဖြူမသုံးသင့်ပါဘူး။

❌ အိမ်ကို ရုံးလုပ်နေရသူတွေအတွက် စိတ်ပိုပြီး
သက်တောင့်သက်သာ ရှိချင်ရင် အလုပ်လုပ်နေတဲ့
အခန်းနံရံကို အဖြူဆေးမသုတ်ဖို့ MyRoofingPal ရဲ့
လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ကော်တနီကီးန်က ဆိုပါတယ်။

အဖြူက မျက်လုံးကြိမ်းပြီး ဒဏ်ဖြစ်စေလို့ ကွန်ပျူတာနဲ့တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းဘူးလို့ သူမက ပြောတာပါ။

🛑 အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုမသုံးနဲ့

The Golden ရဲ့ အိမ်ဒီဇိုင်းကျွမ်းကျင်သူနဲ့ အယ်ဒီတာ ဆန်ဝစ်တိတ်ကာကတော့ သင့်အိမ်ပြင်ပနံရံမှာ
အညိုဆေး ဘယ်တော့မှ မသုံးဖို့ ဆိုပါတယ်။ အညိုရောင်ဟာ ထိုင်းမှိုင်းတဲ့ အသွင် ဖြစ်စေပြီး သင့်အိမ်ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး တစ်ဆင့်ပြန်ရောင်းရင် ဈေးကောင်းမရ ဖြစ်တတ်လို့ပါတဲ့။

ဧည့်ခန်းမှာ အနက်ရောင်ပြေးတို့ အညိုတို့ကို မသုံးသင့်တာက အခန်းကို ကျဉ်းသွားတယ်ထင်စေလို့ပါ။
နဂိုကတည်းက ဧည့်ခန်းသေးရင် ပိုပြီး သေးသွားတယ်လို့တောင် ထင်စေရနိုင်လို့ ဖြစ်ပါတယ်။

❌ မီးဖိုချောင်မှာ မီးခိုးရောင် အရင့်ပြေး ရှောင်ပါ

မီးခိုရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့
မဖော်ရွေခြင်းတွေ ဖြစ်စေတဲ့ အရောင်လို့ ဆိုပါတယ် ။ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်သေးသေးတွေဆို
မီးခိုးရောင် သုတ်ထားရင် ပိုပြီး စိတ်ကျဉ်းကြပ်စေနိုင်ပါတယ်။

🛑 ဘယ်အခန်းမှာမှ အစိမ်းနဲ့ အညိုစပ် မသုံးနဲ့

အရောင်အစပ်အဟပ်ကလည်း အရေးကြီးပါတယ်။
အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့
Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှမသုံးသင့်တဲ့ အရောင်လို့ ဆိုပါတယ်။ ဒီအရောင်ကိုရုပ်အဆိုးဆုံးအရောင်လို့တောင် ခေါ်ကြလို့ ဖြစ်ပါတယ်။

အိမ်အပြင်ဘက် နံရံတွေမှာ မသုံးဘဲ ရှောင်သင့်တဲ့
အရောင်က အဝါရောင်ဖြစ်ပြီး အိမ်ကို တန်ဖိုးလျော့စေတာကြောင့်လို့ ဆိုပါတယ်။
#knowledge