2 နှစ်များ - ဘာသာပြန်ပါ။

ထာဝရအကောင်းဆုံး ရေကူးသမားဖြစ်လာဖို့ ၅ နှစ်တိုင်တိုင် တစ်ရက်မှ လေ့ကျင့်မှုမပျက်ကွက်ခဲ့တဲ့ မိုက်ကယ်ဖဲလ်

အမေရိကန် ရေကူးသမားဟောင်း မိုက်ကယ်ဖဲလ်ဆိုတာ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အိုလံပစ်ရေကူးသမားဖြစ်ပြီး ဆုတံဆိပ် ၂၈ ဆု ဆွတ်ခူးနိုင်ခဲ့သူပါ။ အိုလံပစ်ရွှေတံဆိပ်ဆု ၂၃ ခု ဆွတ်ခူးနိုင်ခဲ့ပြီး စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ကတော့ ၅ နှစ်ဆက်တိုက် နေ့စဉ်နေ့တိုင်း မပျက်မကွက် လေ့ကျင့်ခဲ့တာပါပဲ။

'' ၅ နှစ်အတွင်း ကျွန်တော် တစ်ရက်မပျက်မကွက် လေ့ကျင့်ခဲ့တယ်။ ၃၆၅ ရက်လုံးလုံးပေါ့။ ရေကူးအားကစားလောကမှာ လေ့ကျင့်မှု တစ်ရက်ပျက်တာနဲ့ ၂ ရက် နောက်ကျသွားမယ်။ အဲဒီတော့ ကျွန်တော် နေ့တိုင်း လေ့ကျင့်ရတာပေါ့။ တစ်ခါတလေ လေ့ကျင့်မှု မလုပ်ချင်တဲ့ အချိန်တွေရှိတယ်။ အဲဒီလိုနေ့မျိုး လူတိုင်းကြုံဖူးမှာပါ။ ဒါပေမဲ့ အဲဒီလိုနေ့မျိုးမှာ လေ့ကျင့်မှုမပျက်မှ တိုးတက်မှာပါ'' လို့ မိုက်ကယ်ဖဲလ်က ဆိုပါတယ်။

Ref: Michael Phelps fearlessly trained every single day for 5 straight years

image
2 နှစ်များ - ဘာသာပြန်ပါ။

Golden shower tree 💛💛💛

image
2 နှစ်များ - ဘာသာပြန်ပါ။

Golden shower tree 💛💛💛

image
2 နှစ်များ - ဘာသာပြန်ပါ။

Golden shower tree 💛💛💛

image
2 နှစ်များ - ဘာသာပြန်ပါ။

Golden shower tree 💛💛💛

image
2 နှစ်များ - ဘာသာပြန်ပါ။

Golden shower tree 💛💛💛

image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

နည်းပညာမြင့်မားပြီး လုံခြုံရေးထူထပ်တဲ့ ငွေသိမ်းစက်ထဲကနေ ဒေါ်လာ သန်း ၃၀ ပျောက်ဆုံးမှု

အီစတာပွဲတော် ကျရောက်တဲ့ တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၊ ဆယ်လ်မာရပ်ကွက်မှာ နည်းပညာမြင့်ပြီး လုံခြုံရေးထူထပ်စွာ ချထားတဲ့ ငွေသိမ်းစက်ထဲကနေ ဒေါ်လာ သန်း ၃၀ ပျောက်ဆုံးသွားမှုကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ကနေဒါလုံခြုံရေးကုမ္ပဏီ GardaWorld က (သူတို့ ကာစတန်မာတွေရဲ့ ပိုက်ဆံတွေကို) ဘဏ်မှာ မအပ်ခင် (သို့မဟုတ်) သုံးစွဲမှုမလုပ်ခင် သူတို့ရဲ့ ငွေသိမ်းစက်တွေထဲမှာ သိမ်းဆည်းပေးထားပြီး ညွှန်ကြားတဲ့အတိုင်း ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုမျိုး ပေးနေတာပါ။ GardaWorld ကုမ္ပဏီရဲ့ ငွေသိမ်းစက်တွေမှာ အချက်ပြစက်၊ တုန်ခါမှု အာရုံခံကိရိယာ၊ နည်းပညာမြင့် စောင့်ကြည့်ကိရိယာတွေ တပ်ဆင်ထားတဲ့အပြင် လုံခြုံရေးအစောင့်အကြပ်လည်း ထူထပ်စွာ ချထားလေ့ရှိပါတယ်။

အဲဒါကြောင့် တော်ရုံတန်ရုံ ဖောက်ထွင်းသူတွေက GardaWorld ရဲ့ ငွေသိမ်းစက်တွေကို လက်ရှောင်တတ်ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ GardaWorld ငွေသိမ်းစက် ဖောက်ထွင်းခံခဲ့ရပြီး ဒေါ်လာ သန်း ၃၀ ခိုးယူခံခဲ့ရပေမဲ့ ဒီအကြောင်းကို နောက်တစ်ရက်ကြာမှ ရိပ်မိခဲ့ကြတာပါ။ ဒါဟာ လော့စ်အိန်ဂျလိစ်မြို့သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖောက်ထွင်းမှု ဖြစ်ပါတယ်။

အချက်ပြသံ မမြည်သလို မီးခံသေတ္တာကို လက်ရာခြေရာမကျန်ဘဲ ဖောက်ထွင်းသွားတဲ့ ဒီဖြစ်ရပ်ကြောင့် လူအများ အံ့အားသင့်စရာ ဖြစ်ခဲ့ရပြီး လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့နဲ့ အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးနေဆဲပါပဲ။ ဒါပေမဲ့ ဖောက်ထွင်းသူတွေက GardaWorld ငွေသိမ်းစက်ထားရာ အဆောက်အအုံကို ဘယ်လို ဝင်ရောက်လာသလဲဆိုတာ ဘယ်သူမှ သဲလွန်စ မရကြသေးပါဘူး။

ငွေသား ဒေါ်လာ သန်း ၃၀ ခိုးယူသွားတယ်ဆိုတာ တကယ့်ကို စိန်ခေါ်မှုကြီးမားတဲ့ ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ ဒေါ်လာ ၁၀၀ တန် ငွေသား ၁ သန်းဟာ ၂၂ ပေါင် အလေးချိန်ရှိပြီး ငွေအကြွေတွေပါ ပါတယ်ဆိုရင် ငွေသား ဒေါ်လာ ၁ သန်း ရဲ့ အလေးချိန်က ၂၅၀ ပေါင်အထိ ရှိနိုင်ပါတယ်။ ဒီအတွက် ငွေသားဒေါ်လာ သန်း ၃၀ ဆိုရင် အလေးချိန် ပေါင် ၇၅၀၀ အထိ ရှိနိုင်ပြီး ဒီငွေတွေကို ဘယ်သူမှ မရိပ်မိအောင် ဘယ်လိုသယ်ထုတ်သွားလဲဆိုတာ အံ့အားသင့်စရာ ဖြစ်နေဆဲပါ။

Ref:$30 Million Cash Storage Facility Heist Leaves Everyone Baffled

image
2 နှစ်များ - ဘာသာပြန်ပါ။

😅😅

image
2 နှစ်များ - ဘာသာပြန်ပါ။

နော်ဘူဘောဆုတောင်းတောင် ⛪️

ကရင်ပြည်နယ် ၊ သံတောင်ကြီး
⛰️🏕️

Photo credit

image