2 နှစ်များ - ဘာသာပြန်ပါ။

ဘိုင်ယန်မြူးနစ် ပြိုလဲချက်ကြီးက ကြောက်ဖို့ ကောင်းတယ်

ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်အင်ပါယာရဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်သလို ၊ အမှတ်ပေးဖလားကို (၃၂) ကြိမ်အထိ သိမ်းပိုက်ထားတဲ့ အသင်းကြီးတစ်သင်း။ ၂၀၁၂-၁၃ ရာသီကစလို့ ၂၀၂၂-၂၃ ရာသီအထိ (၁၁) ရာသီဆက်တိုက် အမှတ်ပေးဖလားကို သိမ်းလာတာဗျာ ၊ ဘယ်အသင်းက အဲ့လိုလုပ်နိုင်မှာတုန်း။ ဘွန်ဒက်လီဂါမှာ သူကဆရာပဲ၊ တာပေါ်ရေကျော်လို့ မရဘူး။

ဘယ်အသင်းက ကစားသမားကောင်းထွက်တယ်ဆိုရင် သေချာတယ်၊ အဲ့ဒီကစားသမားက နောက်နှစ် ဒါမှမဟုတ်ရင် သိပ်မကြာခင် ဘိုင်ယန်ကို အလကားနီးနီး စျေးနှုန်းနဲ့ ပြောင်းသွားပြီ။ နည်းပြကောင်းရင် နည်းပြကို ခေါ်မယ် ၊ ဒါရိုက်တာ တော်ရင် အဲ့ ဒါရိုက်တာကို ခေါ်မယ်၊ ကစားသမားကောင်းရင် ငွေပေးပြီး ခေါ်မယ်။ ဘယ်သူမှ ခေါင်းမထောင်နိုင်အောင် ချိုးထားတဲ့သဘော။

ဒီလောက်လုပ်နေတော့ (၁၁) ရာသီဆက်တိုက် အမှတ်ပေးဖလား သိမ်းပိုက်နိုင်တာ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် ထူးဆန်းတာတစ်ခုတော့ ရှိတယ်ဗျ၊ အဲ့ဒါက အခုနှစ်မှာ ဘိုင်ယန်မြူးနစ်က ဘာဖြစ်သွားလဲမသိဘူး ၊ ပုံမှန်ရနေကြ အမှတ်ပေးဖလားတောင် ဆုံးရှုံးဖို့ ရာနှုန်းပြည့်နီးပါး သေချာနေပြီ။ ဒါတင်မကသေးဘူး ၊ ပုံမှန်လိုလို ယူနေတဲ့ ဂျာမန်လိဂ်ဖလားလေးတောင် နပ်မမှန်ဘူး ဖြစ်သွားတယ်။

ပြည်တွင်းလိဂ်ဖလားတွေ မရနိုင်တော့ဘူးဆိုတော့ ချန်ပီယံလိဂ်ဖလား သိမ်းမယ်လို့ စိတ်ကူးကြည့်တော့လည်း ၊ မကြာခင်တွေ့ရမယ့် အသင်းက ဇောင်းကြွနေတဲ့ အာတီတာရဲ့ အာဆင်နယ်။ ကဲ ငယ်နိုင်မို့ အာဆင်နယ်ကို ကျော်ဖြတ်နိုင်တယ်ထားအုံး ၊ နောက်တဆင့်မှာ တွေ့ရမယ့်အသင်းက မန်စီးတီး မဟုတ်ရင် ရီးရဲလ်။ ညက ဟိုက်ဒင်ဟိမ်းကို ကစားသွားတဲ့ ခြေစွမ်းနဲ့ဆိုရင် ငယ်နိုင်လေး အာဆင်နယ်ကိုတောင် ကျော်ဖြတ်ဖို့ မလွယ်ဘူး။

ကစားသမားတွေချည်း လန်ပျံနေအောင် ကောင်းနေရုံနဲ့ အသင်းကောင်းတစ်သင်း ဖြစ်တာမှမဟုတ်တာ၊ မန်နေဂျာ ၊ အားကစားဒါရိုက်တာ ၊ CEO ၊ အစရှိတဲ့ အဆင့်ဆင့် ကောင်းမှ အသင်းတစ်သင်းက ရေဖြန်းထားတဲ့ ပန်းလေးလို လန်းနေမှာလေ။ ဘိုင်ယန်မြူးနစ် အခုလို ကျရှုံးမှုက ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက စတယ်လို့ အကြမ်းဖျင်းပြောလို့ ရမယ်။ ပြီးခဲ့တဲ့ ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်ရဲ့ အပြောင်းအရွှေ့ ကိစ္စအဝဝကို တာဝန်ယူထားတဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဒစ် နှုတ်ထွက်သွားလို ၊ အိုလီဗာခမ်းကလည်း CEO ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတယ်။

အကြီးပိုင်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်တာတွေ ၊ ဘာစီလိုနာကို ပြောင်းသွားတဲ့ လီဝန်ဒေါစကီးနေရာ အစားမထိုးနိုင်တာရယ်ကြောင့် ဆာလီဟာမစ်ဒစ်နဲ့ အိုလီဗာခမ်းတို့ အထုတ်ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြကြတယ်။ နောက်ပြီး လက်ရှိ နည်းပြ တူချယ်လ်နဲ့လည်း ရာသီကုန်ရင် လမ်းခွဲမှာ ဖြစ်လို့ နည်းပြသစ်ရှာပုံတော် ဖွင့်နေရတယ်။ နည်းပြသစ်ပေါ်မူတည်ပြီး အသင်းမှာ ဆက်ကစားမယ် ၊ မကစားဘူးဆိုတဲ့ ကစားသမားတွေလည်း ရှိနေတယ်။ ပြောရရင် စီမံခန့်ခွဲမှု အားကောင်းတဲ့ အသင်းတစ်သင်းက ဘာတွေ လွဲချော်မှုတွေ ပြုလုပ်ခဲ့လို့ အသင်းမှာ ဒီလိုမျိုး "ဦးနင်းပဲ့ထောင်" အကွက်တွေ ဖြစ်နေတာလဲ?

လောလောဆယ် သေချာတာတစ်ခုကတော့ ဘိုင်ယန်မြူးနစ်ရဲ့ လက်ရှိရာသီမှာ မယ်မယ်ရရ အောင်မြင်မှုမရပဲ ဇာတ်သိမ်းဖို့က ရာနှုန်းပြည့်နီးပါးပဲ။ တချိန်တုန်းက "ဘီလူးကြီး" လို့ တင်စားခံရတဲ့ အသင်းကြီးတစ်သင်းက အခုလိုမျိုး "မှင်စာ"သာသာ ဖြစ်သွားတော့ စိတ်မကောင်းစရာပါပဲ။ အနာနဲ့ဆေးတည့်ပြီး အမြန်ဆုံး လမ်းကြောင်း မှန်ပေါ်ပြန်တက်လာပါစေဗျာ။

#crd
#sportsvillage

image
2 နှစ်များ - ဘာသာပြန်ပါ။

🚨 BIG MATCHES TONIGHT! 🏟

🔴 အာဆင်နယ် Vs ဘိုင်ယန်မြူးနစ်

ရီးရဲလ်မက်ဒရစ် Vs မန်စီးတီး 🔵

🕜 မြန်မာစံတော်ချိန် မနက် ၁:၃၀

အာကြီးနဲ့ စီးတီးကို အားပေးဖို့ ရယ်ဒီပဲလား ကိုယ့်လူတို့ 🤝

image
2 နှစ်များ - ဘာသာပြန်ပါ။

ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ လျှပ်စစ်သန့်ရှင်းရေးကား

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ လျှပ်စစ်သန့်ရှင်းရေးကားကို တီထွင်ထုတ်လုပ်လိုက်ပါပြီ။ WeRide ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီကားကို Robosweeper S1လို့ အမည်ပေးထားပြီး Air ၊ Pro ၊ Max ဆိုတဲ့ ဗားရှင်း ၃ မျိုး ဝယ်ယူရရှိနိုင်မှာပါ။

အဲဒီကားမှာ လီတာ ၄၀၀ ဆံ့ ရေကန်နဲ့ လီတာ ၂၄၀ ဆံ့ အမှိုက်ကန် ပါရှိမှာဖြစ်ပြီး တစ်ကြိမ် အားသွင်းရုံနဲ့ စတုရန်းမီတာ ၁၂၀၀၀၀ အကျယ်အဝန်းရှိတဲ့နေရာကို သန့်ရှင်းရေးလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပန်းခြံတွေ၊ စင်္ကြံလမ်းတွေ၊ စက်ဘီးလမ်းတွေ၊ ယာဉ်မဝင်ရ လမ်းတွေကို သန့်ရှင်းရေးလုပ်ဖို့ အထူးသင့်တော်တယ်လို့ ဆိုပါတယ်။

Ref:WeRide Robosweeper S1

Dahlia ပန်းလေးရဲ့ပန်းစကားက " မကြာခင်ဆုံတွေ့ကြရအောင် " ဆိုလိုပါတယ်တဲ့ ✨✨✨✨

Photos credit from Instagram
( Dahlia Society )