1 နှစ် - ဘာသာပြန်ပါ။

Finding solace in the arm of nature🌳

image
1 နှစ် - ဘာသာပြန်ပါ။

Finding solace in the arm of nature🌳

image
1 နှစ် - ဘာသာပြန်ပါ။

Finding solace in the arm of nature🌳

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

Good Morning 🤍

image
1 နှစ် - ဘာသာပြန်ပါ။

ရှင်သန်လိုစိတ်--"

မရှိတော့တဲ့အခါတိုင်း ပြုံးပါ🙂💙

image
1 နှစ် - ဘာသာပြန်ပါ။

“Happy Labour Day”

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို နှစ်စဉ် မေလ ၀၁ ရက်နေ့တွင် ကျင်းပကြပါတယ်။

အလုပ်သမားများအရေးပါမှုနှင့် လူ့အဖွဲ့အစည်းတည်ဆောက်ရာတွင် သူတို့ရဲ့ ပံ့ပိုးကူညီမှုများ၏ အရေးပါမှုကို မီးမောင်းထိုးပြသည့် ဂုဏ်ပြုတဲ့ပွဲလည်းဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သည် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းနှင့် လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးဆောင်ခြင်းအတွက် အလုပ်သမားများ၏ ပံ့ပိုးကူညီမှုကို ဂုဏ်ပြုအသိအမှတ်ပြုတဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။

History of International Labour Day(May Day)

အလုပ်သမားများနေ့စတင်ဖြစ်ပေါ်လာတဲ့ ကနဦးအစကတော့ ဟေးမားကတ် အဓိကရုဏ်းတွင် အလုပ်သမားများနှင့် ရဲများကြား ပြင်းထန်စွာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် ၁၈၈၆ ခုနှစ်ကစတင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။

ထောင်ပေါင်းများစွာသော အလုပ်သမားများသည် ချီကာဂိုမြို့၏ လမ်းမများပေါ်တွင် ချီတက်ခဲ့ကြပြီး အလုပ်ချိန် ၈ နာရီ ထားရှိရန်ရှိရန် တောင်းဆိုခဲ့ကြသည်။

၁၈၈၉ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ဆိုရှယ်လစ်နှင့် အလုပ်သမားပါတီများဖြစ်သော Second International မှ မေလ 01 ရက်နေ့အား Haymarket ဖြစ်ရပ်ကို အောက်မေ့ပြီး အလုပ်သမားများရဲ့ အခွင့်အရေးများကို မြှင့်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ကြပါတယ်။ ကနေဒါသည် အမေရိကန်ပြည်ထောင်စုမတိုင်မီ ၁၀ နှစ်အတွင်း အလုပ်သမားနေ့ကို စတင်ကျင်းပခဲ့ကြောင်း အစီရင်ခံစာအများအပြားထဲမှာလည်းဖော်ပြထားပါတယ်။

ဒီနေ့ ဝန်ထမ်းအားလုံးအတွက် အားလပ်ရက်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားနေကြတဲ့ အလုပ်သမားများအားလုံး မိမိတို့၏အလုပ်အတွက် စေတနာထားပြီး လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများအတွက် လေးစား အသိအမှတ်ပြုပါတယ်။

ကမ္ဘာတဝှမ်းရှိတဲ့ ဝန်ထမ်းများအားလုံး ပျော်ရွှင်စရာ အလုပ်သမားနေ့ ဖြစ်ပါစေ။

image
1 နှစ် - ဘာသာပြန်ပါ။

Tesla ဟာ လာမယ့်နှစ်ကုန်ပိုင်းမှာ Optimus စက်ရုပ်တွေကို စတင်ရောင်းချနိုင်မယ်လို့ Elon Musk ပြောကြား

Tesla က စက်ရုပ်တွေက လက်ရှိမှာ ဓါတ်ခွဲခန်းမှာ စမ်းသပ်နေဆဲဖြစ်ပေမဲ့ နောက်နှစ်ကုန်ပိုင်းမှာလောက်မှာတော့ ရောင်းချနိုင်ဖို့ အလားအလာရှိနေပြီဖြစ်ကြောင်း Elon Musk က ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် အင်္ဂါနေ့က ပြောလာခဲ့ပါတယ်။

ဘီလီယံနာသူဌေးကြီး Elon Musk ကတော့ Telsa လုပ်ငန်းအတွက် Tesla စက်ရုပ်ရောင်းအားဟာဆိုရင် ၄င်းရဲ့ Tesla ကားထုတ်လုပ်ရေး အပါအဝင် အခြားသော အခန်းကဏ္ဍများထက် ပိုပြီးကြီးမားတဲ့ အစိတ်အပိုင်းဖြစ်လာနိုင်ပြီး

"Tesla ဟာ ဉာဏ်ရည်မြင့်မားတဲ့ စက်ရုပ်တွေကို Quality ပြည့်မီစွာဆောင်ရွက်နိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ Optimus စက်ရုပ်တွေကိုတော့ လက်ရှိ ကုမ္ပဏီအများစုကြုံတွေ့နေရတဲ့ ဝန်ထမ်းရှားပါးလာမှုကို ဖြေရှင်းပေးဖို့အပြင် အန္တရာယ်များပြားစွာ လုပ်ကိုင်ရတဲ့ ကုမ္ပဏီတွေနဲ့ ငြီးငွေ့ဖွယ်ကောင်းလောက်အောင် ထပ်တလဲလဲလုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်တွေမှာ အသုံးပြုရန်အတွက် ကုမ္ပဏီအများစုက ဆန္ဒရှိနေကြပါတယ်။

တစ်ဖက်မှာလည်း Honda ကုမ္ပဏီနှင့် Hyundai Motor ရဲ့ Boston Dynamics တို့ပူးပေါင်းပြီး Humanoid စက်ရုပ်များကို နှစ်အတော်ကြာ တီထွင် စမ်းသပ်ထုတ်လုပ်လျက်ရှိနေပါတယ်။

ဒါ့အပြင် ယခုနှစ်ပိုင်းမှာပဲ Microsoft နှင့် Nvidia ကျောထောက်နောက်ခံ startup Figure တို့ဟာ အမေရိကန်မှာရှိတဲ့ ကားထုတ်လုပ်တဲ့ စက်ရုံမှာ စက်ရုပ်များကို အသုံးပြုဖို့ ဂျာမန်ကားများထုတ်လုပ်တဲ့ BMW နှင့် ပူးပေါင်းလက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရပါတယ်။

Tesla ကနေ Optimus စက်ရုပ်ကို အခုမှ ပထမဆုံးထုတ်ပြတာတော့ မဟုတ်ပါဘူး။ Optimus လို့ နာမည်ပေးထားတဲ့ Tesla စက်ရုပ်တွေကိုတော့ ၂၀၂၁ ခုနှစ်မှာ Concept အနေနဲ့ ချပြခဲ့တာဖြစ်ပြီး Optimus စက်ရုပ်ရဲ့ ပထမမျိုးဆက်အဖြစ် Bumblebee နာမည်နဲ့ ၂၀၂၂ စက်တင်ဘာလမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Quebec, Canada ❤❤❤❤

image
1 နှစ် - ဘာသာပြန်ပါ။

ချဉ်မြမြ ပင်မှည့်သီး၏ ကောင်းကျိုးများ

ပင်မှည့်သီးဖျော်ရည်ကို တော်တော် များများ သောက်သုံးဖူးပြီးဖြစ်မှာပါ။ ပုံသဏ္ဍာန်က ကြက်ဥနဲ့ ဆင်ပါတယ်။ အရောင်ကတော့ မင်းကွတ်သီး မှည့်သွားတဲ့အရောင်မျိုးပါ။ အသီးကို အလျားလိုက် ထက်ခြမ်းခွဲ၊ အစေ့ကို စစ်ထုတ်ပြီး၊ အဝါရင့်ရောင်အသားကို အများအားဖြင့် ဖျော်ရည်အဖြစ် သောက်သုံးတတ်ကြပါတယ်။

ပင်မှည့်သီးမှာ မြောက်များလှစွာသော အမျှင်ဓာတ်၊ ဗီတာမင် (A, C, B2, B3, B6)၊ သတ္တုဓာတ်၊ anti-oxidants နှင့် ရေဓာတ်များစွာပါဝင်ပါတယ်။

အမျှင်ဓာတ်က အစာခြေဖျက်မှုစနစ်ကို အထောက်အပံ့ဖြစ်စေပြီး ဝိတ်ချဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ သွေးအတွင်း ဂလူးကို့စ်ဝင်ရောက်မှုကို နှေးကွေးစေသလို ကိုလက်စတရော ပမာဏကိုလည်း လျော့ချပေးသည်။ ကင်ဆာဖြစ်စေသည့် အဆိပ်အတောက် (toxic substances) များကိုလည်း လျော့ကျစေသည်။

ဗီတာမင်ဓာတ်များထဲမှ A, C, B2, B3, B6 ဓာတ်များ ပါဝင်သည်။ အထူးသဖြင့် ဗီတာမင် စီ နှင့် အေ ကြွယ်ဝစွာ ပါဝင်သည်။ ဗီတာမင်စီက ခန္ဓာကိုယ်အတွင် တုပ်ကွေးကဲ့သို့သော ရောဂါပိုးများ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးသည်။ ဗီတာမင်အေက မျက်စိ၊ အရည်ပြား၊ သွား နှင့် အရိုး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ပင်မှည့်သီးတွင် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေသည့် သံဓာတ်၊ magnesium၊ phosphorus၊ ပိုတက်စီယမ် နှင့် copper အစရှိတဲ့ သတ္တုဓာတ်များစွာလည်း ပါဝင်ပါသေးသည်။ ပင်မှည့်သီးတွင် ပါဝင်သည့် သတ္တုဓာတ်များက ခန္ဓာကိုယ်တွင်း ရေဓာတ်နှင့် အက်ဆစ်ဓာတ်ကို ထိန်းညှိပေးသည်။ ထို့အပြင် သွေးဖိအားကိုလည်း ပုံမှန်အတိုင်း လည်ပတ်စေသည့်အတွက် နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေသေးသည်။ ပင်မှည့်သီးက အလှအပအတွက်ကော၊ ကျန်းမာရေးအတွက်ကော ကောင်းမွန်စေတဲ့အတွက် စာဖတ်သူတို့ကို မြည်းစမ်းစေချင်မိပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ဗင်းနစ်ရှပ် ဂျူနီယာဟာ ဆီမီးဖိုင်နယ်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ ဗင်းနစ်ရှပ်ဟာ ချန်ပီယံလိဂ်မှာ ၅ဂိုးသွင်းထားပြီး ပြိုင်ပွဲစုံမှာ ၂၁ဂိုးအထိ သွင်းထားသူလည်းဖြစ်ပါတယ်။

image