ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်မေတ္တာမှာ ညာလို့မရတာဟာ ပူပန်စိတ်ပဲ အကိုရဲ့
ရာသီဥတု ပူတာက စပြီး
မုန်တိုင်းသတင်း ရှိတာအထိ
အကို အဆင်ပြေပါ့မလားလို့ တွေးပူမိတယ်
ဘယ်အရပ်နေနေ ဘယ်သူနဲ့ရှိရှိ
စိတ်ရော ကိုယ်ပါ ချမ်းမြကြည်သာဖို့ မျှော်လင့်ပါတယ်
ဘယ်လိုနည်းနဲ့မှ မထိခိုက်စေလိုတဲ့ ဆန္ဒလေးကတော့
ကျနော်ပေးချင်တဲ့ မေတ္တာပဲ ဆိုပါတော့
#ဖရော်ဆန် 💗
#photo Ah Sai Myat Min 💙
"မဟုတ်ရင်မခံ
ပြန်ပြောတတ်တဲ့ အကျင့်ကို
ဒေါသကြီးတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လို လူမျိုးတွေမှာ
ကောက်ကျစ်တဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။
စိတ်ထဲ မှန်တယ်ထင်ရင်
အပြောဆိုးတတ်တဲ့ အကျင့်ကို
စိတ်ထားပါဆိုးမယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လိုလူမျိုးတွေမှာ
ယုတ်မာတဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။
သည်းမခံနိုင်တဲ့အဆုံး
ပေါက်ကွဲစိတ်နဲ့
ချက်ကျလက်ကျပြောတတ်တဲ့အကျင့်ကို
ရိုင်းစိုင်းတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လို လူမျိုးတွေ စိတ်ထဲ
အငြိုးအတေး မထားတတ်တာ
တစ်ချို့လူတွေ မသိကြဘူး။
ပွင့်ပွင့်လင်းလင်းနဲ့
ဘွင်းဘွင်း နေတတ်တဲ့ အကျင့်ကို
သိက္ခာမရှိဘူးလို့
တစ်ချို့က ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လိုလူမျိုးတွေစိတ်ထဲ
မကောင်းမှု မှန်သမျှ
ရှောင်ကျဉ်တတ်တာ
တစ်ချို့လူတွေ မသိကြဘူး။
တစ်ဦး တစ်ယောက်တည်း
နေတတ် သွားတတ်တဲ့အကျင့်ကို
မာနထားတယ်လို့
တစ်ချို့လူတွေက ထင်တတ်ကြတယ်။
ဒါပေမဲ့
အဲ့လိုလူမျိုးတွေ စိတ်ထဲ
လူညစ်တွေ ပေးတဲ့ သင်ခန်းစာတွေ
ကြောင့် လူတွေကို
ရှောင်ကျဉ်တတ်တာ
တစ်ချို့လူတွေ မသိကြဘူး။
ဒါ့ကြောင့်
တစ်ချို့လူတွေကို
အပေါ်ယံကြည့်ပြီး မဝေဖန်ကြဖို့၊
တစ်ချို့လူတွေ
အကြောင်း ခရေစေ့တွင်းကျ
မသိဘဲ
အထင်မကြီး
အထင်မသေးတတ်ဖို့၊
တစ်ချို့လူတွေ မသိကြပြန်ဘူးလေ။"
Credit To Original writer
မည်သူ့ကိုမှ အပူမပေးခြင်းဖြင့်
ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးနေထိုင်ပါတယ်
စိတ်ပင်ပန်းမှုတွေကို မုန်းတဲ့သူမို့
အပူပေးတဲ့သူတွေကို တတ်နိုင်သမျှရှောင်ပါတယ်
ကိုယ့်စိတ်အေးချမ်းစေတဲ့ အတိုင်းပဲနေတာမို့
မေတ္တာပေးနိုင်ရင် ပေးမယ်
မပေးနိုင်ရင် တိတ်ဆိတ်မှုတွေ ပေးလိုက်မယ်
ကိုယ်ကလေ
လူတစ်ယောက်ကို ဘဝထဲခေါ်မယ်အစား
စာအုပ်တွေကိုပဲ ပိုစုဆောင်းဖြစ်လာတော့တယ်...🖤
#ဖားစည်ရည်ကျော်